Wednesday, December 31, 2014

ကရင်ရွာမှ ပဟေဠိလူသား

အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။
ပလ္လင်ပေါ်မှပုဂ္ဂိုလ်က ၎င်း၏ရှေ့ အနီးဆုံးနေရာတွင် လက်အုပ်ချီထားသည့် ဆေးပိုက်တန်းလန်းနှင့် လူနာအဘွားအို၏ ခန္ဓာကိုယ်ကို လက်ဖြင့်လှမ်းထိကာ စူးရှနက်ပြာသောအသံဖြင့် ကရင်ဘာသာစကားအချို့ အော်ပြောနေပြီး ကျန်သူများက သူပြောသည့်အတိုင်း တိုင်မင်ကိုက် လိုက်ပြောကြသည်။ သုံးမိနစ်ခန့်အကြာတွင် ပလ္လင်ပေါ်မှထ၍ ပြန်ရန်ဟန်ပြင်ချိန်၌ အိမ်ရှင်က အသေအချာ စည်းနှောင်ထားခြင်းမရှိသည့် ငါးသောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းရသည့် တစ်ထောင်တန်အထုပ်တစ်ထုပ်ကို လက်အုပ်ချီလျက်ဖြင့် ၎င်းပုဂ္ဂိုလ်ထံပေးလိုက်သည်။ အိမ်ရှင်နည်းတူ ဒေသခံအချို့ကလည်း လက်အုပ်ချီလျက် ငွေစက္ကူအချို့ လှူဒါန်းကြသည်။ ထို့နောက် အဆိုပါအိမ်ကလေးမှ ၎င်းပုဂ္ဂိုလ် ထွက်ခွာသွားသည်။

၂၀၁၄ ခုနှစ်အကယ်ဒမီပေးပွဲ၏ ထူးခြားချက်များ



၁။ အကယ်ဒမီရမည့်သူစာရင်း အတိအကျကြိုပေါက်ခြင်း။

၂။ အကယ်ဒမီပွဲတွင် Miss ရွေးပွဲမှ မော်ဒယ်လမ်းလျှောက်ခန်း ထည့်သွင်းခြင်း။


၃။ စန္ဒရားတင်ဝင်းလှိုင်၏ ထူးခြားသော အကယ်ဒမီကျေးဇူးတင်စကား။

၎။ စန္ဒရားတင်ဝင်းလှိုင် ဆုယူစင်မြင့်သို့ရေသန့်ဘူး တက်ပေးသူ။

၅။ အဓိက အမျိုးသမီးဇာတ်ဆောင်ဆုရှင် ဝတ်မှုန်ရွှေရည်၏ အိမ်သာထဲမှ အပြေးလာယူသော အကယ်ဒမီ။

အကယ်ဒမီကမောက်ကမများ



၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမအလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။

စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေးကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။ တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ပြီးတော့အခမ်းအနားမှူးအဖြစ် ပါဝင်တဲ့အကယ်ဒမီများရှင်ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။
ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က
ဖေးကူသွားတာကို သတိပြုမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ကို နားမလည်



ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင် ပါတယ်ဆိုတဲ့ အတိုက်အခံတွေနဲ့ ဒေါ်စုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမှန်တကယ် ရောနားလည် ပါသလား?

ဒီနေ့ ရန်ကုန် NLD ပါတီရုံးချုပ်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး
မေးခွန်းတွေ မေးတဲ့အချိန် ဖြေသွားတာကတော့ လတ်တလော စစ်တမ်းကောက်ယူနေတဲ့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြ ဘာလို့မကောက်လဲလို့ ဒေါ်စုကပြန်ဖြေသွားတယ်။

တော်တော်များများ ဒေါ်စုရဲ့ မီဒီယာတွေ့ဆုံပွဲတွေမှာ သူမဖြေနိုင်တော့တဲ့မေးခွန်း ဆိုရင် မေးခွန်းထဲ က စာသားကိုဘဲ အဖြေပြန်ပြန်လုပ်တာ ခွန်းဆင့်မေးခွန်းနဲ့ သတင်းထောက်ကိုပြန်မေးတာတွေ ကို လေ့လာတွေ့ရပါတယ်။


တကယ်တမ်း ဘာဖြစ်လို့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြ ဘာလို့မကောက်လဲ ဆိုတဲ့ အကြောင်း အရင်းကို ဒေါ်စု မသိပါဘူး... ဘာလို့မသိတာလဲ ဆိုရင်... သူ သမ္မတ ဖြစ်ဖို့ ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်လို့ ပဲဖြစ်ပါတယ် ဆိုတာ ပေါ်လွင်နေပါတယ်.....

Monday, December 29, 2014

မလေးရှားတွင် မြန်မာနိုင်ငံသားတစ်ဦး လည်လှီးအသတ်ခံရပြန်



ဒီဇင်ဘာ ၂၈၊ဝ၂၀၁၄ 

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ၊ အမ်ပန်း လွတ်အောက်ပွိုင့်ရှိ ကားပါကင်၌ မြန်မာနိုင်ငံသားတစ်ဦး လည်လှီးခံရသောဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။ 

အလောင်းကို စနေ(ဒီဇင်ဘာ ၂၇)နေ့ မနက်ခင်း ၁၀ နာရီ ခွဲခန့်က သံတိုသံစလိုက်ကောက်သည့် လမ်းသွားလမ်းလာတစ်ဦးက ကားပါကင်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမ်ပန်း ဂျာယာ ခရိုင် လက်ထောက်ရဲမင်းကြီး ခီယာရူဒင် ဆာအတ်ဒ်က ပြောကြားသည်။ 

ထိုသူမှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက အခင်းဖြစ်ပွားရာနေရာ၌ပင် အသတ်ခံလိုက်ရသည်ဟု ယုံကြည်ရကြောင်း ခီယာရူဒင်က ပြောကြားသည်။ 

"စာရွက်စာတမ်းတွေအရကတော့ သေဆုံးသူက အသက် ၃၀ အရွယ် မြန်မာနိုင်ငံသား ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 


မျိုးမင်းသန့်
http://www.straitstimes.com/news/asia/south-east-asia/story/another-myanmar-national-found-murdered-malaysia-20141228

ဆယ်ကျော်သက်အရွယ် အမေရိကန် ကျောင်းသူတစ်ဦး လူခုနစ်ဦး၏ ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခံရ



အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ဦး ကို ပြန်ပေးဆွဲ အဓမ္မပြုကျင့်ခဲ့တဲ့ သားအဖနှစ်ဦးနဲ့ အပေါင်းပါငါးဦးတို့ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်က အရေးယူဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါအခင်းဖြစ်ပွားမှုမှာ အဓိကပြစ်မှု ကျူးလွန်သူမှာ သားအဖနှစ်ဦးဖြစ်ပြီး အသက်၄၃နှစ် အရွယ် စီနီယာ ဒါးရစ်ခ်ျပေါဝဲလ်နဲ့ သားဖြစ်သူ ဂျူ နီယာ ဒါးရစ်ခ်ျပေါဝဲလ်တို့ပဲဖြစ်ပါတယ်။

Friday, September 26, 2014

အလိမ်ပေါ်သွားလို့ ရှက်ရမ်းရမ်းသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်

((( မြေပုံ နိုင်ငံသားစီစစ်ရေးအဖွဲ့လည်း အလိမ်ခံ ၊ မြို့နယ်လဝကအချို့ကို ဟန်ပြအပြောင်းအရွေ့လုပ် ၊ ကြိုဆိုမယ့်သူမရှိ၍ မာန်တက်ကာ ရှက်ကိုးရှက်ကန်းနဲ့ ပေါက်ကွဲမှုဖြစ် )))



မြေပုံမြို့နယ်ရှိ ခိုးဝင်ဘင်္ဂလီများအား ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်/ပြုခွင့် စီစစ်ခွင့်ပြုသည်ဆိုရာ၌ အဆင်းလေးဆင့်သတ်မှတ်ကာ / ပဏာမပြည့်စုံရမည့် အချက်လေးချက် ပြည့်စုံမှသာလျှင် နိုင်ဖြစ်/နိုင်ပြု လက်ခံနိုင်မည်ဟု အစိုးရနဲ့ရထိုင်လူထုများ သဘောတူခဲ့ကြပါသည် 
အဆိုပါ ကိစ္စရပ်များအား သဘောတူအဆင့်ဆိုသော်လည်း နိုင်ဖြစ်/နိုင်ပြု၏ အဓိကပြည့်စုံရမည့် အချက်များနှင့် သက်သေအထောက်အထားများ မပြနိုင်သည့်အပြင် ထိုအချက်လေးချက်ဆိုရာ၌ . . . တိုင်းရင်းသားစကားပြောတတ်ခြင်း / အသက် ( ၁၈ ) နှစ်ပြည့်ပြီးသူဖြစ်ခြင်း / မိဘ ( ဘိုးဘွားအမည် ) ကို ပြောပြနိုင်ခြင်း ( ဗဟိုစစ် ) / ၁၉၄၈ ခုနှစ်ကပင် နေထိုင်ခဲ့မှု သက်သေ အထောက်အထားပြဆိုခြင်းဟု သတ်မှတ်ထားခဲ့ပါသည် ။
သို့သော်လည်း မြို့နယ်စီစစ်ရေးကော်မရှင် / ခရိုင် / ပြည်နယ်နှင့် ဗဟိုစီစစ်ရေးကော်မရှင်တို့၏ အဆင့်ဆင့်စီစစ်ပြီးမှသာ လက်ခံရမည်ဟု ပါရှိပေမယ့် မြို့နယ်အဆင့်မှ အတည်မပြုသည့် အချက်အလက်ပါ မှတ်ချက်များကို ဗဟိုကော်မရှင်က စီစစ်ပြီးလက်မှတ်ထိုးလိုက်သယောင်ယောင် ပြုလုပ်ကာ ဗဟိုအဆင့်၏ ဆန္ဒသဘောထားနစ်ခုတည်းဖြင့် ခွင့်ပြုရာ ရောက်နေပါတော့သည် ။
အစကနဦးကပင် လိမ်လည်အကွက်ရိုက်ချင်သည့်အတွက် သုံးထပ်သားဝက်သားကို ဒလှိမ့်ထိုးစားရသလိုမျိုး ရေကန်အသင့် ကြာအသင့်ဖြစ်သွားခဲ့သည် ။ အမှုကိစ္စတစ်ခုကို ကျွမ်းကျင်ရာလိမ်မာဆိုရာ၌ မပြုမီကပင် ဖြစ်ပေါ်လာမည့်ကောင်း/ဆိုးကို တွက်ခြေကိုက်အောင် ချင့်ချိန်ဖို့လိုအပ်ပါသည် ။ ယခုကဲ့သို့ စီစစ်ရေးလုပ်ငန်းများ အလိမ်အတွတ်များမှုကြောင့် မြို့မိမြို့ဖနှင့် မြေပုံမြို့ခံများ မကျေမနပ်ဖြစ်ကြပြီး ဦးမောင်မောင်အုန်းနဲ့အစိုးရအဖွဲ့ကို ကြိုဆိုမည့်သူပင်မရှိပါဘဲ တစ်မြို့လုံး အိမ်တံခါးပိတ် ဆန္ဒပြခဲ့ကြသည် ။
၎င်းကို ဒေါမာန်ပွကာ အစိုးရနဲ့ထိပ်တိုက်တွေ့မည်ကို ရှောင်ရှားကြရန် ဦးမောင်မောင်အုန်းက သတိပေးစကားပြောလိုက်ပြီး သူတို့ ကလဖန်ထိုးလိုက်သော အလိမ်ပေါ်လာတော့သောကြောင့် မြို့နယ်လဝကဦးစီးမှူးကို သူရောက်လာခါစဖြစ်၍ ဘာမှနားမလည်ဘူးဟုဆိုကာ အပြောင်းအရွေ့လုပ်ပြီး လဝကခေါင်းပေါ်ကို ပုံချလိုက်လေသည် ။ မြို့နယ်စီစစ်ရေးအဖွဲ့နှင့် ဗဟိုအဆင့်ကြားတွင် နားလည်မှုလွဲမှား၍မဟုတ်ပါ ။
မြို့နယ်အဆင့်မှ အတည်မပြုရသေးသော စီစစ်ချက်များကို ဗဟိုအဆင့်က ( စီစစ်/အတည်ပြုပြီး ) ဟု လက်မှတ်ထိုးထားသော မူလစာရွက်စာတမ်းများကို နိုင်ဖြစ်ခွင့် / ပြုခွင့် စီစစ်အတည်ပြုဆိုပြီး ပြောင်းလဲကာ ဉာဏ်နီဉာဏ်နက်နဲ့ လှည့်စားခွင့်ပြုလိုက်ခြင်းဖြစ်သည် ။ ဤနေရာ၌ မြို့နယ်စီစစ်ရေးကော်မရှင်များအနေနဲ့ ဘာမှမတတ်နိုင်တော့ပဲ ရေငုံနှုတ်ပိတ် နေလိုက်ရခြင်းပါ ။
အဆိုပါကိစ္စရပ်အား မြို့နယ်အဆင့်က အတည်မပြုလိုက်ပါဘဲ ဗဟိုအဆင့်က စိတ်ထင်ရာလျှောက်လုပ်လိုက်ခြင်းသာဖြစ်နေသောကြောင့် နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ တင်ရာ၌ ချေပစာနဲ့တကွ တင်ပြသွားဖို့ လုပ်ဆောင်နေကြပါသည် ။ ကျွန်မအနေနဲ့ သုံးသပ်ရရင်တော့ အဆိုပါချေပလွှာကို နိုင်ငံတော်က လက်ခံပါမည်လော ။ သမ္မတမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်သို့ တိုက်ရိုက်လွှဲပြောင်းပေးထားခဲ့သော အမိန့်အာဏာဖြစ်၍ အဆိုပါကိစ္စရပ်များအား နိုင်ငံတော်မှ မြေပုံကိစ္စအား အားလုံးအတည်ပြုပြီးသားဖြစ်နေအောင် ကြံရွယ်လုပ်ဆောင်ထားသောကြောင့်ပင်တည်း ။
နောက်တစ်ခုက ယခုကဲ့သို့ အငိုက်မိသွားသည့်ကိစ္စအား ပြည်နယ်အတွင်း၌ မည်သို့လုပ်ဆောင်ကြမည်ကို အဖြေရှာသင့်ပါသည် ။ အလိမ်ခံရတာကို နောက်နောင်အလိမ်မခံရအောင် သတိထားဆောင်ရွက်ခြင်းထက် ယခုလိမ်လည်မှုကိုပင်လျှင် အဓိကထားပြီး ရခိုင်အဖွဲ့အစည်းများနဲ့တိုင်ပင်ဆွေးနွေး အဖြေရှာ လုပ်ဆောင်သင့်သည်ဟု ရှု့မြင်ပါသည် ။
နန်းတွင်းမိညို

မြေပုံမှ ၁၉၈၂ ဥပဒေဒအရ ဘင်္ဂလီများကို နိုင်ငံသားအဖြစ် လက်ခံ ပုံကို ရှင်းလင်း တင်ပြခြင်း

ျ

ဓာတ်ပုံမှာ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်၌ မြေပုံမြို့ရှိဘင်္ဂလီများအား ၁၉၈၂ဥပဒေနှင့်အညီ နှိင်ငံသားဖြစ်ခွင့် ရှိ/မရှိ စိစစ်ရေးလုပ်ငန်းတွင် ရခိုင်လူထုကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရသူ ဦးမောင်ရေချမ်းနှင့် ဦးဖေညွန့်တို့၏ ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။
နှိင်ငံသားစိစစ်ရေးလုပ်ဆောင်ရာ၌ အဓိကအချက်(၄)ချက်ကို အခြေခံပါသည်။၎င်းတို့မှာ…………
(1)အသက် ၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(2)ရူးသွပ်သူ မဖြစ်စေရ။
(3)အချက်အလက်ပြည့်စုံရမည်။
(၁၉၈၂ဥပဒေ စာအုပ်ပါအတိုင်းဖြစ်၏။၎င်းတွင် အလွယ်ဆုံးနည်း ဥပမာတစ်ရပ်အဖြစ် စစ်ဆေးခံသူ ဘင်္ဂလီသည် သူ၏မိဘနှင့် ဘိုးဘွားများ၏ အမည် နေရပ်လိပ်စာ စသည့်ဇာတ်မြစ်တို့ကို ပြောပြနှိင်ရမည်။သိရှိနေရမည်တို့ ပါပါသည်)
(4)တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို တတ်မြောက်နေရမည်။
(ရခိုင် ဗမာ ချင်း ဘာမဆိုရသည်)
အထက်ပါအချက် လေးရပ်မှ `တစ်ခုခုဖြင့်မပြည့်စုံက´ နှိင်ငံသားလည်း မဖြစ်သလို နှိင်ငံသားပြုခွင့်လည်း မရတော့ပါ။ဤသည်မှာ မြန်မာနှိင်ငံအစိုးရ ထုတ်ပြန်ထားသည့် ဥပဒေဖြစ်ပါသည်။
မြေပုံတွင် ဤလေးချက်ကို အခြေခံ၍ စစ်ဆေးနေကြတော့ ဘင်္ဂလီများမှာ လေးချက်စလုံးနှင့် ပြည့်စုံသူမရှိသလောက် နည်းလေသည်။လေး/ငါးဦးမျှသာ လေးချက်စလုံးနှင့် ခြွင်းချက်မရှိ ကိုက်ညီပါသတဲ့။စစ်ဆေးရာတွင် လူပုဂ္ဂိုလ် ခုနှစ်ဦးပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးပါသည်။၎င်းတို့မှာ ဥက္ကဌက (1)မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်ကာ အတွင်းရေးမှုးက (2)လဝက (နေပြည်တော်)မှဖြစ်သည်။(3)(4)ရခိုင်လူထုကိုယ်စားလှယ်နှစ်ဦးနှင့် (5)ဘင်္ဂလီလူထုကိုယ်စားလှယ် ဘင်္ဂလီတစ်ဦးတို့ ပါဝင်သည်။ကျန်တာတွေက (6)(7)ရဲနှင့် မြို့နယ်ဥပဒေအရာရှိ တို့ဖြစ်သည်။သို့သော် စစ်ဆေးခံဘင်္ဂလီများ၏ အချက်အလက်ပြုစုခြင်းကို အမှတ်တောက်၍ သင်္ကေတပြု စာရင်းလုပ်ရသူက `လဝကဌာန´ တစ်ခုတည်း တစ်ဦးတည်းမှဖြစ်၏။
ဤသို့ဖြင့် လဝကသည် စိစစ်တွေ့ရှိချက်များကို သင်္ကေတအမှတ်ခြစ်၍ စာရင်းပြုလုပ်ထားသည်ကို `ရခိုင်လူထုကိုယ်စားလှယ်´ များကိုလည်း သေချာကျနစွာ ဖော်ပြခြင်းမရှိဘဲ သိမ်းဆည်းထားလေသည်။ပြည်နယ်ကို စာရင်းတင်ရတော့မည်ဟု အချိန်ကျမှ `လက်မှတ်ထိုးပေးပါ´ဟု ပြောလာလေ၏။ရခိုင်လူထု ကိုယ်စားလှယ်နှစ်ဦးကလည်း ဘာမှန်းသေချာမသိ၍ `လက်မှတ်မထိုးနှိင်´ဟု ပြောလေသည်။ထိုအခါ လဝကမှ ``ကျွန်တော်တို့… ခင်ဗျားတို့က မြို့နယ်အဆင့်မှ စိစစ်တွေ့ရှိတာတွေကို တင်ပြရုံအဆင့်ပါ။နှိင်ငံသား ဖြစ်/မဖြစ် ပြုခွင့်ရ/မရကို ဆုံးဖြတ်မှာက ပြည်နယ်ကလူတွေပါ။ဒါကြောင့် ယခုခင်ဗျားတို့ရဲ့ လက်မှတ်က မြို့နယ်ရဲ့ အချက်အလက်ပြုစုရတဲ့… စိစစ်တွေ့ရှိရတဲ့… အရာတွေကို `မှတ်ချက်လေးပေးတဲ့´ လက်မှတ်အဆင့်သာ ဖြစ်ပါတယ်ဟု ပြောဆိုလေသည်။
ထို့ကြောင့် မြေပုံမြို့မှ ရခိုင်လူထု ကိုယ်စားလှယ်နှစ်ဦးသည်လည်း မြို့နယ်အဆင့်စီစစ်ရာ၌ လက်မှတ်ထိုးလိုက်ကြလေသည်။ ကိုယ့်ဘာသာဝင် ကိုယ့်မြန်မာနှိင်ငံသားဆိုတော့ အလွန်တရာ ယုတ်ညံ့စွာလည်း လိမ်မည်ဟုမထင်တာကို။
ပြည်နယ်ကိုရောက်တော့ အဆိုပါ လက်မှတ်များ၏ `အဓိပ္ပာယ်မှာ´ ပူးတွဲတင်ပြထားသည့် ဘင်္ဂလီများအား ``နိုင်ငံသားဖြစ်ခွင့်၊ပြုခွင့်ကို ထောက်ခံသည့်လက်မှတ်´´ မျိုး ဖြစ်သွားပါသည်။ထို့ပြင် စီစစ်ခံဘင်္ဂလီတစ်ဦးချင်းစီကို အမှတ်တောက် စာရင်းပြုစုထားသည်ကို ပြည်နယ်သို့ မတင်ပြဘဲ သိမ်းဆည်းထားခဲ့လေသည်။
ပြည်နယ်ကလူများလည်း ဘာမှမတတ်နှိင်တော့သဖြင့် ဗဟိုကို ဤစာရင်းအတိုင်းတင်ပြကာ ဗဟိုကလည်း တင်ပြသည့်အတိုင်း စစ်ဆေးမှု `အပြ´ ပြုလုပ်၍ ဘင်္ဂလီများကို နှိင်ငံသားဖြစ်ခွင့်၄၀ဦး၊ နှိင်ငံသားပြုခွင့် ၁၆၉ဦးဟု ချမှတ်လိုက်တော့သည်။
စာရင်းထွက်ပေါ်လာတော့ ရခိုင်လူထု ကိုယ်စားလှယ်နှစ်ဦးမှာ မျောက်မီးခဲကိုင်သလို ဖြစ်နေရကာ… ငါတို့စီစစ်တုန်းကတော့ သတ်မှတ်အချက်(၄)ချက်နဲ့ မပြည့်စုံတဲ့ ဘင်္ဂလီတွေ ဒီလောက်တွေ့နေရဲ့သားနဲ့ ဘာကြောင့် ဒီပမာဏမျှအထိ နှိင်ငံသား ဖြစ်ခွင့် ပြုခွင့် ရရှိသွားတာလဲဟု ပြည်နယ်ကို သတင်းမေးလေသည်။
ထိုအခါ ပြည်နယ်က `မင်းတို့ကိုယ်တိုင်က ဒီလူတွေကို နှိင်ငံသား ဖြစ်ထိုက် ပြုထိုက်ပါတယ်လို့ လက်မှတ်ထိုး တင်ပြထားတာကို ငါတို့က ဘာများတတ်နှိင်မှာလဲကွ´ဟု ဖြစ်လာရလေသည်။ဒီအခါမှာ မြေပုံမြို့နယ်မှ ရခိုင်လူထု ကိုယ်စားလှယ်နှစ်ဦးသည် သူတို့ရေးထိုးလိုက်သည့် လက်မှတ်မှာ မြေပုံမှ စစ်တွေသို့ အသွားခရီးစဉ်မှာပင် အဓိပ္ပာယ်တစ်မျိုး ပြောင်းသွားသည်ကို သိရှိရပါတော့သည်။
ထို့ကြောင့် ဤအကြောင်းကို မြေပုံမြို့သူ/သားများအားလည်း ရှင်းလင်းတင်ပြရာ ဤသို့ နေပြည်တော်မှ ရောက်ရှိလာကြသည့် လဝကဌာနမှ ဝန်ထမ်းများ၏ မတော်မတရား ပြုလုပ်သည်ကို လက်မခံနှိင်သဖြင့် ရခိုင်ပြည်ဝန်ကြီးချုပ် မြေပုံသို့ရောက်လာပြီး ဘင်္ဂလီများကို ကဒ်ထုတ်ပေးမည်ကို အိမ်တံခါးပိတ်ကာ ဆန္ဒပြကြလေတော့သည်။
ဒါကို ဝန်ကြီးချုပ်နှင့် ရပ်ဝေးနေ မြန်မာပြည်သူအချို့က မြေပုံမြို့ရှိ ရခိုင်တွေက ဘင်္ဂလီတွေကို နှိင်ငံသားစီစစ်ပါလို့ ပြောတုန်းကလည်း သူတို့… ယခု ဥပဒေအတိုင်း နှိင်ငံသား ဖြစ်ခွင့် ပြုခွင့် ရသူတွေကို ကဒ်ထုတ်ပေးမယ်ဖြစ်တော့ ကန့်ကွက်တာလည်း သူတို့ဟု မှတ်ယူကာ အပုတ်ချ အပြစ်မြင်လာခဲ့ပြန်သည်။
အမှန်မှာက ကဒ်ထုတ်ပေးတာကို ဆန့်ကျင်ကန့်ကွက်တာမဟုတ်… ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ မရိုးမသား လက်မှတ်များကို ပြောဆိုရေးထိုးခိုင်းခဲ့သော နေပြည်တော်မှ လဝကဝန်ထမ်းများ၏ လုပ်ရပ်ကြောင့် အချက်လေးချက်နှင့် မညီညွတ်ဘဲ နှိင်ငံသားဖြစ်လာမည့် ပြုခွင့်ရလာမည့် ဘင်္ဂလီများကို ကဒ်ထုတ်ပေးခြင်းကိုသာ ဆန့်ကျင့်ဆန္ဒပြခြင်းသာဖြစ်သည်။
ယခုလ၂၄ရက်နေ့တွင် အဆိုပါမြေပုံအဖွဲ့သည် စစ်တွေသို့ရောက်လာကာ စစ်တွေမြို့မိ/ဖများနှင့် ပူးပေါင်း၍ ဝန်ကြီးချုပ်ထံ အထက်ပါဖြစ်ရပ်များကို ဖြစ်ကြောင်းကုန်စင် ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်သည် အစပထမ၌ သူ့အားမြေပုံမြို့မှ အိမ်တံခါးပိတ် ဆန္ဒပြသည်ကို ကြီးစွာအရှက်ရ၍ မကျေမနပ်ဖြစ်နေခဲ့သည်။ သို့သော် ဝန်ကြီးချုပ်ထက် ပို၍ဒေါသထွက်ပြနေသူများက ချင်းတိုင်းရင်းသားဝန်ကြီး ဦးကိုကိုနိုင်နှင့် မြေပုံမြို့သား ဥပဒေရေးရာချုပ် ဦးလှသိန်းတို့သာ ဖြစ်ပါသတဲ့။ခင်ဗျားတို့ကို ဘယ်ပုဒ်မနဲ့ ဘယ်လိုတရားစွဲကာ ဘယ်လိုလုပ်လိုက်လို့ရတယ် စသဖြင့် ခြိမ်းခြောက်နေ၍ ဝန်ကြီးချုပ်ကတောင် အစည်းအဝေးလုပ်တာက ခေါ်ဆူနေသလို ဖြစ်နေကြပြီ။တော်ပြီဟု ဟန့်တားရပါသတဲ့။
အထက်ဖော်ပြပါ ကိစ္စရပ်များကို ဝန်ကြီးချုပ်သည် အကြောင်းစုံသိရှိရသည့်အခါ………
``ဒီလိုမှန်းသိရင် မြေပုံကို ကဒ်ထုတ်ပေးဖို့ ကျုပ်မလာပါ။ဒီလိုမှန်း မသိလို့ လာခဲ့တာ။ဒါတွေကို စနစ်တကျ စာရင်းပြုစုလို့ တင်ပေးပါ။ကျွန်တော် ဝန်ကြီးချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့အညီ လုပ်နှိင်သမျှ ဆောင်ရွက်ပါမယ်။နေပြည်တော်မှ လဝကကိုလည်း သက်သေထင်ရှားက အရေးယူပါ့မယ်။ရခိုင်ပြည်အရေးမှာ သမ္မတပြီးရင် ကျွန်တော်ဘဲ။ကျွန်တော်က ရခိုင်ပြည်နဲ့ပက်သက်လို့ သမ္မတရဲ့ သြဇာအာဏာ ထက်ဝက်လောက်ထိ သုံးစွဲနှိင်ပါသည်´´ စသဖြင့် ပြောဆိုပါသတဲ့။သူ့ကိုမြေပုံက ဆန္ဒပြခြင်း သဘောကိုလည်း နားလည်ကျေနပ်ခဲ့ပါသတဲ့။
နောက်တစ်ခုက ဆွေးနွေးပွဲမှာရှိနေတဲ့ လဝက ပြည်နယ်ဦးစီးမှုးဟာ အသစ်ရောက်လာသူပါ။ ဘာမှမသိပါဘူး။ဇာတ်လမ်းမှာပါခဲ့ သိခဲ့တဲ့ ရခိုင်ပြည်နယ် လဝကပြည်နယ်မှုးကို ပြောင်းလိုက်ပါပြီ။တိုက်ဆိုက်လိုက်တာက အဆိုတော် `ဗဒင်´တောင် သေရာကနေပြန်ထပြီး သီချင်းဆိုပြရမဲ့အဖြစ်ပါ။
ဒါနဲ့ ယခုမြေပုံကိစ္စမှာ ဘင်္ဂလီတွေကို စီစစ်မှုအားလုံး မပြီးသေးမှီ နှိင်ငံသားဖြစ်ခွင့် ပြုခွင့်တွေ ပေးနေတာကို တွေ့ရှိရမှာပါ။
ဒါဟာ ဘာကြောင့်လဲဆိုတော့ သမ္မတကြီး ဥရောပခရီးစဉ်အမှီ မျက်နှာပန်းလှအောင် ခါတော်မှီ ပြုလုပ်ရခြင်းပါတဲ့ ခင်ဗျ။ဒါကြောင့် နေပြည်တော်မှ ဆင်းလာတဲ့ လဝကတွေကလည်း သမ္မတအကြိုက် လိုက်ပွဲတွေ ပေးလိုက်တာ ဖြစ်ပါမယ်။
ဝန်ကြီးချုပ်က ဒီဖြစ်ရပ်တွေကို သေချာကျနစွာ စာတင်ပါဆိုသော်လည်း အမှားအယွင်းနဲ့ ပေးထားပြီဖြစ်တဲ့ ကဒ်တွေကို ပြန်လည်စီစစ်ကာ ပြန်သိမ်းမယ်အထိ သေချာတိကျစွာ မပြောထားပါဘူး။အမှန်က ၁၉၈၂ဥပဒေမှာ နိုင်ငံသားဖြစ်ခွင့် ပြုခွင့်ကို မှားယွင်းစွာ မရိုးမဖြောင့်စွာ ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်ပေးခဲ့သည့် ကဒ်တွေကို ပြန်သိမ်းခွင့်ရှိသလို ထုတ်ပေးတဲ့ လဝကကိုပါ ထောင်ချနှိင်ပါတယ်။
ဒါတွေကို ပြီး…ပြီးရော။ဒီတစ်ခါတော့ ရှိစေတော့။
နောက်မဖြစ်အောင်လုပ်ဟု သတ်မှတ်၍မရပါ။ အစိမ်းရော အမှည့်ပါ ကြွေချင်တာကြွေ လောင်ချင်တာလောင်ပါစေ ပြုလုပ်ရပါမည်။
မြေပုံတွင် နှိင်ငံသားစီစစ်နေစဉ် ကာလတစ်လျှောက် ကိုယ့်မြန်မာလူမျိုးတွေ ကိုယ့်ဘာဝင်တွေဘဲဟု သဘောမှတ်ကာ လဝကများကို `ကာဗာ´များစွာ ပြုလုပ်ခဲ့ကြသည်။ဖုံးဖိခဲ့ကြသည်။ယခုတော့ ဤမျက်နှာများပင် မထောက်ဘဲ လဝကသည် ပြန်၍တစ်ဖန် ကလိမ်ကကျစ် ပြုလုပ်ခဲ့သည်။
ဤတစ်ခါတော့ သနားနေ၍ မရတော့ဟု ဝန်ကြီးချုပ်ထံ ဖြစ်ကြောင်းကုန်စင် ပြောရန်တက်လာတော့ ပြည်နယ်လဝကဦးစီးက အသစ်ဖြစ်နေသည်။ဤမျှတိုက်ဆိုင်နေခြင်း… ဤကာလ၌ပင် လဝကသည် ဤမျှအထိ လုပ်ရဲနေခြင်းများကို ထောက်ရှူဆင်ခြင်ကြည့်က သူတို့နောက်မှ ပြည်ထောင်စုအစိုးရနှင့် ဦးခင်ရီတို့ ရှိနေ၍ဖြစ်မည်။ဒါကြောင့် ရခိုင်ပြည်ဝန်ကြီးချုပ်ကို နေပြည်တော်မှ ဆင်းလာသည့် လဝကများက မကြောက်။
ဤဖြစ်စဉ်များတွင် မြေပုံမြို့ရှိ လူမှုအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်မှု ကွန်ယက်ချိတ်ဆက်မှု အားနည်းချက်များကလည်း လိုအပ်ခဲ့သည်။ဆန္ဒပြချိန်ရောက်မှ မြေပုံပြဿနာသတင်းက တက်လာသည်။ယခင်ကတော့ သေချာစွာ ဘာမှမသိရ။ထို့ကြောင့်ယခုမူ ခံရသည့်သတင်းကိုတောင် အဆိုးကိုချေဖျက်၍သာ တင်ပြမှုစတင်နေရသည်။
ဤဖြစ်စဉ်များကို ကြည့်ရှူဆင်ခြင်၍ နောက်ဖြစ်လာမည့် နှိင်ငံသားစီစစ်ရေးများတွင် `မြို့နယ်သည်သာအခရာ´ ဆိုသည်ကိုလည်း သတိထားမိကြပါစေ၊ သတင်းပြန်ကြားမှုများကို နေ့အလိုက် ဖြစ်စဉ်အလိုက် တိကျစွာ သတင်းထုတ်ပြန်နှိင်ရန် ကြိုးစားဆောင်ရွက်နှိင်ကြပါစေဟု တိုက်တွန်းရင်း………။

HA DA YA

Wednesday, September 24, 2014

ဲပြည်နယ်ဝန်ကြီးချုပ်မဖြစ်ခင် လေသံနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး လေသံ ခြားနားချက်ကို သိမြင်လောက်ပါပြီ

Written by  ကေဇူး
ရန်ကုန်(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် ဘင်္ဂလီများကို နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုကတ်များကို ထုတ်ပေးမှုကို ဒေသခံများက ပြည်နယ်အစိုးရအား ဆန္ဒထုတ်ဖော်မှုများရှိနေရာ အစိုးရ နှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သတိပေးလိုက်သည်။
Kaman-1
နိုင်ငံသားဖြစ်ခွင့်ရသည့် ဘင်္ဂလီလူမျိုးများကို ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်က မှတ်ပုံတင်ကတ် ထုတ်ပေးပြီး ကျန်းကြိမ်စဉ်။ (ဓာတ်ပုံ - EPA)
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်ပြည်နယ် စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ၊မြို့မိမြို့ဖများများနှင့် စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်ဟု  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးလှဟန်က မဇ္ဈိမကို ပြောသည်။
၎င်းက “အစိုးရအနေနဲ့ စိစစ်ပြီးမှ ထုတ်ပေးတာဖြစ်တယ်၊ ဒီဖြစ်စဉ်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်၊ ရခိုင်ဒေသခံတွေအနေနဲ့ ပျော့ပြောင်းမှုရှိဖို့ လိုတယ်ဆိုတာကိုတော့ သတိပေးသွားတယ်” မဇ္ဈိမကို ပြောသည်။
စက်တင်ဘာ ၂၂ ရက်က မြေပုံမြို့နယ်ရှိ ဘင်္ဂလီ ၄၀ ဦးကို နိုင်ငံသားဖြစ်ခွင့် အသိအမှတ်ပြုကဒ်များတွင် ကမန်လူမျိုး အမည်ဖြင့် ထုတ်ပေးသဖြင့်  အိမ်ခြေ ၄၀၀၀ ကျော် ရှိသည့် မြေပုံမြို့ တစ်မြို့လုံးနီးပါးရှိ ဒေသခံများက ဝန်ကြီးချုပ်ရောက်ရှိစဉ် ဈေးဆိုင်များ၊ နေအိမ်တံခါးများကို ပိတ်၍ အသံတိတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

Tuesday, September 23, 2014

ကမန် တိုင်းရင်းသားအမည်ဖြင့် မှတ်ပုံတင်ထုတ်မပေးရန် အစိုးရကိုတောင်းဆိုမည်

Written by  ကေဇူး
    ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြေပုံ ဒုက္ခသည် စခန်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် မှတ်ပုံတင်ကဒ်များ မထုတ်ပေးရန် လူဝင်မှုကြည်းကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာသို့ ဒေသခံများက တင်ပြသွားမည်ဟု မြေပုံမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မဇ္ဈိမကိုပြောသည်။
Kaman
စစ်တွေမြို့၊ ဘုမေကျေးရွာရှိ ကမန်တိုင်းရင်းသားလူမျိုး တစ်မျိုးအိမ်တွင် သန်းခေါင်စာရင်း ကောက်ယူနေစဉ်။ (ဓာတ်ပုံ-မြတ်ကျော်သူ၊ မဇ္ဈိမ)
စက်တင်ဘာ ၂၂ ရက်က ဘင်္ဂလီ ၄၀ ကို နိုင်ငံသားဖြစ်ခွင့်ရသူ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစေကာ ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် နိုင်ငံသားကဒ်များ ထုတ်ပေးပြီးဖြစ်သည်။ ယင်း ကျမ်းသစ္စာ ကျိန်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသော ပြည်နယ်ဝန်ကြီးချုပ်ကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။