Tuesday, January 6, 2015

သစ်တင်ယာဉ် ၄၃၆စီး နဲ့  .... တရုတ်နိုင်ငံသား ၁၀၂ ဦး ဆိုမှတော့ ဘာကျန်သေးလို့လဲ







ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်....ဆဒုံး - ကန်ပိုက်တီး ဒေသအတွင်းရှိ ....တရားမ၀င် သစ်ထုတ်လုပ်ရေးစခန်းတစ်ခုအား ....လေကြောင်း ကင်းထောက်မှုအရ သိရှိရသဖြင့် ....တပ်မတော် စစ်ကြောင်းများမှ ....ဇန်န၀ါရီ ၂ ရက်မှ ၄ ရက်အထိ ....
နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါသည် ...

ထိုစခန်းမှ ....တရားမ၀င်သစ်ထုတ်ရာတွင် အသုံးပြုသော ....ဒိုဇာ ၁စီး၊ ပါဂျဲရိုး ၄စီး၊ ပီကင်းဂျစ် ၄စီး ...၀န်ဆွဲယာဉ် ၃စီး၊ နှစ်ခန်း တွဲယာဉ် ၂စီး ....တုန်ဖုန်း ၊ ဒေါင်ဖန်းယာဉ် ၃စီး၊ ကရိန်း ၂စီး၊ သစ်တင်ယာဉ် ၄၃၆စီး (၁၄စီးသစ်ပါရှိ)....
စုစုပေါင်း ယာဉ် ၄၅၅ စီး နှင့် ဆိုင်ကယ် ၉စီး...

လက်ပံတန်းတောင်ပဲ တောင်ပျေက်တာ မဟုတ်ဖူး ကချင်ဒေသမှာလဲ တောင်တွေ ပျောက်ကွယ်စပြုလာပြီ






ဖွေးဖွေးဖြူနေတဲ့ ဒီကျောက်တုံးတွေဟာ ရေခဲတုံးလို့ခေါ်တဲ့
သက်နုကျောက်စိမ်းတုံးတွေ ဖြစ်ပါတယ် ..
ရေနဲ့ထိရင် ကျောက်ကြောတွေက စိမ်းတက်လာပါတယ် ..
နောက်ထပ် နှစ် ၂၀၀ နဲ့ ၃၀၀ အတွင်းမှာ ထိပ်တန်းအရည်အသွေး
ကျောက်စိမ်းတုံးများ ဖြစ်လာနိုင်တဲ့ သက်နုကျောက်စိမ်းတွေပါ ..
အာရပ်ကမ္ဘာနဲ့ အပူပိုင်းရပ်ဝန်းက နိုင်ငံများက သူဌေးအများစုက
ဒီကျောက်စိမ်းတုံးတွေကို ဈေးကြီးကြီးပေးဝယ်ပြီး အိမ်မှာ
အလှဆင်ကြပါသတဲ့ .. ဒါပေမယ့် ဒီအကျိုးအမြတ်တွေကို
တကယ်ခံစားရသူက ကြားကရောင်းပေးတဲ့ တရုတ်ပါ ..
ကေအိုင်အေက ပုံမှာ မြင်ရတဲ့အတိုင်း သက်နုကျောက်စိမ်းတွေကို
တောင်လိုက် ဖြိုချပြီး တရုတ်ကို ဈေးပေါပေါနဲ့ ရောင်းနေပါတယ် ..

Monday, January 5, 2015

ထိုင်းနိုင်ငံ ၂၀၁၅ ချင်းမိုင်အလှမယ်ဆု သျှမ်းမလေး ဆွတ်ခူးရရှိ



ဂျန္နဝါရီလ ၅ ရက် ၂၀၁၅

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော ဆောင်းရာသီ ပွဲတော်၏ ချင်းမိုင်အလှမယ် ပြိုင်ပွဲ တွင် ဖှန်မြို့နယ်မှ သျှမ်းမလေးက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု ပါဟင့်ရွာနေ စိုင်းအေး နန်းခမ်းယုံတို့၏သမီး နန်းနောင့်အွန် (နန်းဆောဝ် အားရိဆာ ဆန်တိထမ်း) အသက် ၁၈ နှစ် ဖြစ်ပါသည်။

ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၄ မှ ဂျန္နဝါရီလ ၂ ရက် ၂၀၁၅ အထိ ချင်းမိုင်မြို့တွင် ကျင်းပ သည့် ဆောင်းရာသီပွဲတော်တွင် ချင်းမိုင်အလှမယ်ပြိုင်ပွဲလည်းကျင်းပရာ နောင့်အွန်မှ ချင်းမိုင်အလှမယ် (၂၀၁၅) ဆု ၊ ဓါတ်ပုံဆု ၃- ကာယအလှဆု ၊ ဝတ်စားဆင်ယင်မှုဆု ၊ သင့်လျော်မှန်ကန်ဖြေဆိုတတ်မှုဆု - ဟူသော ဆု ၅ ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း မိခင် ဖြစ်သူက ပြောဆိုပါသည်။

သွေးဆာနေသည့် ဘာသာနှင့် မေတ္တာ တရား ရှေ့ထားသည့် ဘာသာ မိုးနဲ့မြေပမာ ကွာပါသည်။

မူဆလင်ညီနောင်များအဖွဲ့ခေါင်းဆောင်မှ အလ္လာဟ်မှတစ်ပါး အခြားဘုရားမရှိ၊ ဗုဒ္ဓသည် အလ္လာဟ်၏ တမန်တော်ဖြစ်သည်ဟု ကြေငြာ

Jan 5, 2015

မူဆလင်ညီနောင်များအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထင်ရှားသော မူဆလင်သာသနာပြု တာရက် အယ်လ်ဆူဝေဒန် (Tareq Al-Suwaidan) က မူဆလင်များအား 'ဗုဒ္ဓကို အလ္လာဟ်၏ တမန်တော်တစ်ဦး' အဖြစ် ယုံကြည်ကြရန် ဆော်သြလိုက်သည်။ 

ဖော့ဘ်စ်မဂ္ဂဇင်း၏ အဆိုအရ အယ်လ်ဆူဝေဒန်သည် မူဆလင်ကမ္ဘာ၌ ဒုတိယမြောက် နှစ်ပတ်လည် ဝင်ငွေအမြင့်ဆုံး အစ္စလမ္မစ်တရားဟောဆရာဖြစ်သည်။ ၎င်းသည် ရုပ်သံ၌လည်း ထင်ရှားသူတစ်ဦးဖြစ်ကာ များစွာသော အစ္စလမ္မစ်ရုပ်သံများအတွက် အစ္စလမ္မစ် ဘာသာရပ်များကို အစီအစဉ်တင်ဆက်ခဲ့ဖူးသည်။ မြင့်မြတ်သော ကုရ်အာန်ကျမ်းအကြောင်းမှသည် တမန်တော်မြတ်၏ ဇာတ်ကြောင်း၊ မှတ်သားဖွယ် အမျိုးသမီးများ နှင့် အန်ဒယ်လူရှန်း သမိုင်းတို့ကို အသံလွှင့်ခဲ့ဖူးသည်။ ၎င်း၏ပြောဆိုမှုများကို ကူဝိတ်ရုပ်မြင်သံကြား၊ ဖာ့စ် ချန်နယ် နှင့် MBC တို့၌ ထုတ်လွှင့်ခဲ့သည်။ 

အယ်လ်ဆူဝေဒန်သည် ယခင်က ဆော်ဒီစီးပွားရေးသမား မင်းသား အယ်လ်ဝါလိဒ် ဘင် တာလယ်လ်၏ အာဘော် အယ်လ်ရီဆာလာ ရုပ်သံ၏ အထွေထွေမန်နေဂျာ ဖြစ်သည်။ သို့သော် အယ်လ်ဆူဝေဒန်သည် ကူဝိတ်မူဆလင်ညီနောင်များအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည့်အတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် မင်းသား တာလယ်လ်မှ ၎င်းကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ တာရက်ခ် အယ်လ်ဆူဝေဒန်သည် "မူဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့်" ၎င်းကို ထုတ်ပယ်လိုက်သည်ဟု မင်းသားတာလယ်လ်မှ ၎င်း၏တွစ်တာအကောင့်၌ ရေးသားခဲ့သည်။ 

လုပ်ကြံခံရဲအရာရှိ Liu ကို ရဲတပ်ဖွဲ့ဝင် ထောင်ချီ ဂုဏ်ပြု


5 January 2015 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရည်ရွယ်တိုက်ခိုက် ပစ်သတ်ခံခဲ့ရတဲ့ နယူးယောက်မြို့က ရဲအရာရှိ Wenjian Liu ရဲ့ ဈာပနအခမ်းအနားမှာ ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်ထောင်စု တ၀ှမ်းက ရဲတပ်ဖွဲ့ဝင်တွေ စုဝေးတက်ရောက် အလေးပြုခဲ့ကြပါတယ်။

ဈာပနအခမ်းအနားမှာ ဒီဇင်ဘာလကုန်ပိုင်းက တာဝန်ချိန်မှာ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တဦးနဲ့အတူ ကင်းလှည့်နေတဲ့ကားအတွင်းမှာ ပစ်သတ်ခံခဲ့ရတဲ့ ရဲအရာရှိကို နယူးယောက်မြို့တော်ဝန် Bill de Blasio နဲ့ မိသားစုဝင်တွေက ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။

Sunday, January 4, 2015

ISIS အဖွဲ့ဝင်များ ကို အလာဟု အရှင်မြတ်က စတင် ချီးမြှောက်မှုပြုနေပြီ



ISIS အဖွဲ့ဝင်များ အီဘိုလာရောဂါ ကူးစက်ခံနေရ

မိုဆူးလ်၊ ဇန်န၀ါရီ ၂

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး စစ်သွေးကြွအဖွဲ့ (ISIS) အဖွဲ့ဝင်အချို့ အီဘိုလိုရောဂါ ကူးစက်ခံထားရပြီး အီရတ်ရှိ ဆေးရုံတခုသို့ တက်ရောက် ဆေးကုသမှု ခံယူနေပုံကို သတင်းဖော်ပြချက်များ ပေါ်ပေါက်လာ ပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်သည်။

အရေအတွက် ဖော်ပြခြင်း မရှိသော်လည်း ISIS အဖွဲ့ သိမ်းပိုက်ထားသည့် ဘဂ္ဂဒတ်မြောက်ပိုင်းမှ မိုဆူးလ်မြို့ရှိ ဆေးရုံတခုတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသော စစ်သွေးကြွများအနက် အီဘိုလာရောဂါလက္ခဏာများ တွေ့ရကြောင်း မီဒီယာ သုံးခုတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ယမ်းဖောက်ခွဲဖို့ ကျေးရွာတွေကို အသိပေး


စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဇန်နဝါရီလ အတွင်းမှာ ပြန်လည်လုပ်ကိုင်မှာ ဖြစ်တဲ့ အတွက် ယမ်းဖောက်ခွဲဖို့ဆိုပြီး သတ်မှတ်ချိန် အတွင်းမှာ ရွာသားတွေကို အပြင်မထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက မနေ့က ရွာသားတွေကို အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ယမ်းဖောက်ခွဲမှုမပြုခင် သံရှည်ဥသြဆွဲပြီး သတိပေးမယ်လို့ အဲဒီ့အကြောင်းကြားစာထဲမှာ ပါတယ်လို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"မိုင်းခွဲမယ်ဆိုလို့ရှိရင်လည်း နေ့လယ် ၁၂ နာရီကနေပြီးတော့ ၁၂ ခွဲပေါ့၊ ညနေကျရင်လည်း ၃ နာရီကနေ ၃ နာရီခွဲ ယမ်းခွဲချိန်သူတို့ သတ်မှတ်ထားတယ်၊ အဲ့အချိန်ကျလို့ရှိရင် ဘယ်နေရာကိုမှ ဖြတ်သန်းမသွားဖို့ပေါ့၊ အဲ့လိုမျိုး သူတို့စာရွက်တွေ ပို့ပေးထားတယ်၊ သူတို့စာရွက်ထဲမှာပါတာကတော့ ယမ်းခွဲမယ်ဆိုရင် မခွဲခင် ၁၅ မိနစ်ကြိုတင်ပြီး သံရှည်ဥသြနှစ်ကြိမ်ဆွဲမယ်ဆိုတာ ပါတယ်ပေါ့နော်"

Al-Qaida သံသယရှိသူ တရားရုံးမတင်ခင် ကွယ်လွန်

တရားရုံးမတင်ခင် ကွယ်လွန်သွားသူ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖြစ်သံသယရှိသူ Abu Anas al-Libi
၁၉၉၈ က အာဖရိကတိုက်က အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သံသယရှိထားတဲ့ လစ်ဗျား အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တစ်ဦးဟာ ခုံရုံးတက်ဖို့ ရက်ပိုင်းအလိုမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီ အယ်လ်ကိုင်ဒါအဖွဲ့ဝင် Abu Anas al-Libi ရဲ့ ရှေ့နေက Libi အနေနဲ့ နယူးယောက်မှာ လုပ်မဲ့ ခုံရုံးမတက်ခင်လေးမှာ နယူးယောက် ဆေးရုံတခုမှာ အသည်းရောင် အသားဝါ-စီပိုးနဲ့ အသည်းကင်ဆာ ရောဂါကြောင့် သောကြာနေ့မှာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

Libi နဲ့ ဆော်ဒီလူမျိုး Khalid al-Fawwaz တို့ ၂ ဦးဟာ လူပေါင်း ၂၀၀ ကျော်သေခဲ့ရတဲ့ ကင်ညာနဲ့တန်ဇန်းနီးယား တိုက်ခိုက်မှုတွေအတွက် ရှေ့သီတင်းပတ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ခုံရုံးတက်ရမှာဖြစ်ပါတယ်။

မလှိုင်မြို့ ပြည်သူ့ ဆေးရုံဝင်း အတွင်းမှ ခြောက်တန်းကျောင်းသူ လူသတ်မှု


မလှိုင်မြို့နယ် ဒေသခံ ပြည်သူများ စိတ်ဝင်စားနေသည့် ခြောက်တန်း ကျောင်းသူ လူသတ်မှုအား မြို့နယ်ရဲ တပ်ဖွဲ့က ၂၄ နာရီ အတွင်း ဖော်ထုတ်ဖမ်းဆီး

မလှိုင် ဇန်နဝါရီ ၃

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာ ခရိုင် မလှိုင်မြို့ ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ဇန်နဝါရီ ၁ ရက်ည ၂ နာရီ က ခြောက်တန်း ကျောင်းသူ တစ်ဦး အသတ်ခံ ရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့ ပြည်သူ့ ဆေးရုံဝင်းအတွင်း နေထိုင်သူ မယွန်းပိုးအိ(၁၂ နှစ်) ခြောက်တန်းကျောင်း သူသည် မိခင် ဒေါ်စန်းစန်းအေး (အထက်တန်း သူနာပြု)နှင့် အတူ နေ ထိုင်ပြီး ဒီဇင်ဘာ ၃၁ ရက် ည ၉ နာရီကျော်ခန့်က မိခင်ဖြစ်သူမှာ တာဝန်ပြီးဆုံး၍ နေအိမ်လိုင်းခန်းသို့ ပြန်လာကာ သမီးဖြစ်သူနှင့်အတူ စကားပြောပြီး သံဃာဆောင်ဘက် သို့ ထွက်လာရာ နေအိမ်တွင် သမီး တစ်ဦးတည်း ကျန်ရှိနေခဲ့သည်။

ယမန်နေ့ည ပခုက္ကူမြို့နယ်၌ ကုလား ဗမာ အဓိကရုံး ဖြစ်

ယနေ့ည ပခုက္ကူမြို့နယ် မြစ်ခြေ မြို့ မှာ ဖြစ်ပွါးခဲ့သော ကုလား ဗမာ အဓိကရုံး ဖြစ်စဉ်မှာ
အိမ်ရှင် လဲဖြစ် အလုပ်ရှင်လဲ ဖြစ် မွတ်ဆလင် ကုလား မိုးဝင်း ထံ အိုင်ရှည်ရွာသူ ကောင်မလေး မှ ပိုက်ဆံသွားတောင်ရာ ကောင်မလေးကို မိုးဝင်း ၏ အမျိုးသမီးမှ စတင် ပါးနားတို့ကို ရိုက်နှက်ခြင်းဖြစ်ပြီး မိုးဝင်းမှ အိမ်ထဲ ဆွဲခေါ်လာခဲ့ ဟု ခိုင်းစေသဖြင့် အိမ်ထဲရောက်မှ တစ်မိသားစုလုံး ဝိုင်း နှိပ်စက်ကြသဖြင့်
ကောင်မလေး မခံမရပ်နိုင်ပဲ ကယ်တော်မူ ပါ အော်လို့ ပါတ်ဝန်းကျင်မှ လူများ ရောက်ရှိလာပြီး ကောင်မလေးကို ခေါ်ထုတ်ကယ်တင်လိုက်ရတာပါ