5 January 2015
ဈာပနအခမ်းအနားမှာ ဒီဇင်ဘာလကုန်ပိုင်းက တာဝန်ချိန်မှာ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တဦးနဲ့အတူ ကင်းလှည့်နေတဲ့ကားအတွင်းမှာ ပစ်သတ်ခံခဲ့ရတဲ့ ရဲအရာရှိကို နယူးယောက်မြို့တော်ဝန် Bill de Blasio နဲ့ မိသားစုဝင်တွေက ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။
အခမ်းအနားမှာ ရဲအရာရှိ Liu နဲ့ အိမ်ထောင် သက်တမ်း ၂ လသာ ပေါင်းသင်းရသေးတဲ့ သူ့ရဲ့ဇနီးသည်ဟာ သူမရဲ့ခင်ပွန်းသည် အကြောင်းပြောရင်း ဆို့နင့်သွားခဲ့ရှာပါတယ်။
ပစ်ခတ်မှုကို ကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် Ismaaiyl Brinsley ဆိုသူဟာ ရဲအရာရှိ Liu နဲ့ ရဲအရာရှိ Rafael Ramos တို့ကို ပစ်ခတ်ပြီးနောက် မြေအောက်ရထားဘူတာတခုအနီးမှာ သူ့ကိုယ်သူပစ်သတ်ပြီး သေဆုံးသွားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/thousands-of-nourn-slain-nypd-officer-/2585664.html

No comments:
Post a Comment