Saturday, January 24, 2015

“နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အတွက်တုန့်ပြန်ဆွေးနွေးချက်များ”



2013 သြဂုတ်လ 23 ရက်မှာ အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာမှာ “အဓိကအားဖြင့် ဘင်္ဂါလီ အရေးနှင့် မူဆလင်များအား အကြမ်း ဖက်မှုဆိုသည့် ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်” လို့ 2013 သြဂုတ်လ 15ရက်၊ တနင်္ဂနွေနေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ “ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန် မူဆလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန်” စသည်ဖြင့် မြန်မာအစိုးရကို အကြံပေးထား တယ်လို့ ဆိုပါတယ်။
အကြံပေးထားတယ်ဆိုတာထက် ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ ပြောနိုင်ပါတယ်။

ဘင်္ဂါလီများနှင့်ပတ်သက်၍ နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ မျှတသော အဖြေတစ်ခုမရခဲ့လျှင် 2015 ရွေးကောက်ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို ထည့်သွင်းဖော်ပြခဲ့သည်။ထို့အပြင် မူဆလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန် အောင်မြင်သော ဖက်ဒရယ် စနစ်တစ်ခု ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ပြုရန် မူဆလင် ဆန့်ကျင်ရေးပြုလုပ်ပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့ပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရတာဝန်ရှိသူများအား အမေရိကန်မှ နာမည်စာရင်းတစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်လို့ Daily Eleven သတင်း စာမှာ ဖတ်လိုက်ရပါတယ်။
ဘာသာရေးဆိုင်ရာ အစီရင်ခံစာသက်သက်မျှသာမဟုတ်ဘဲ နိုင်ငံရေးတောင်းဆိုမှုတွေ ပါလာတာလည်း တွေ့ရပါတယ်။ 2015 ရွေးကောက်ပွဲ မျှမျှတတ ကျင်းပရေး အောင်မြင်သော ဖက်ဒရယ် စနစ်တစ်ခု ဖော်ဆောင်ရေး၊ အပစ်အခတ် ရပ်စဲရေးစတဲ့ နိုင်ငံရေးအကြောင်းအရာတွေဟာ ကျွန်တော်တို့ဆန္ဒနဲ့ ထပ်တူ ထပ်မျှ ဖြစ်တဲ့အတွက် ကန့်ကွက်စရာမရှိ၊ ကျေးဇူးတင်ကြောင်းပင် ပြောလိုပါတယ်။
ဒါပေမယ့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ရဲ့ အကြံပေးတောင်းဆို ဖိအားပေးမှုတွေအပေါ် တုန့်ပြန်ဆွေးနွေးချင်ပါတယ်။
ဘင်္ဂါလီနဲ့ မူဆလင်တွေကို အကြမ်းဖက်မှုဆိုတာက ဗုဒ္ဓဘာသာဝင် အိမ်ရှင်နိုင်ငံသားတွေဘတ်က ခုခံကာကွယ် ခဲ့ခြင်းသာ ဖြစ်တယ်။ (ဥပဒေအရလည်း ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်) သို့သော် ရာဇဝတ်ပြစ်မှု မြောက်သွားတယ် ဆိုရင်တော့ နှစ်ဖက်လုံးကို အရေးယူ အပြစ်ပေးရမှာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ “မျှမျှတတ” ဆိုတဲ့ စကားလုံးတွေ၊ လူကြားကောင်းအောင် သုံးထား ပေးမဲ့ ဒီအစီရင်ခံစာကိုယ်တိုင်က မျှမျှတတ မရှိဘူး။ ဘင်္ဂါလီနဲ့ မူဆလင်တွေဘတ်က တစ်ဖက်သက် တစ်ဖက်သက် ပြောဆိုနေတာ ထင်ရှားပါတယ်။
“မူဆလင်များအား အကြမ်းဖက်မှု” ဆိုတာ တိုင်းမ် မဂ္ဂဇင်းမှာ ဟန်နာဘိခ်ျ ရေးခဲ့တာကို ပဲ့တင်လိုက်တာ ဖြစ်ပါတယ်။ ဟန်နာဘိခ်ျကို တပြည်လုံးက ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်ဆန့်ကျင်ခဲ့တာကို အရှိအမှန်အတိုင်း သတိပြုစေလိုပါတယ်။ မိတ္ထီလာအရေးအခင်းကြီးမှာ မူဆလင်တွေရဲ့ ဘေးရန်ကို သံဃာတော်များက ကယ်တင်စောင့်ရှောက်ခဲ့တဲ့ သာဓုခေါ်ဖွယ် ဖြစ်ရပ်အမှန်ကို ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ...?။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ရယ်လို့ ကြီးကြီးကျယ်ကျယ် နာမည်ပေးထားပြီး သမိုင်း ဖြစ်ရပ် မှန်တွေကို ဘာဖြစ်လို့ ဖုန်းကွယ်ချင်ရတာလဲ...? 1942 က ရခိုင်တွေ သောင်းချီအသတ်ခံရတဲ့ အတိတ် သမိုင်းကြောင်းကို မဆိုထားနဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ ခေတ်ပြိုင်သမိုင်းကိုတောင် ပြောင်းပြန်ရေးချင်နေ ကြပြီး။
ပြဿနာတွေ ငြိမ်းအေးသွားအောင် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ကြိုးပမ်းနေချိန်မှာ ဒီလိုမျိုး မြှောက်ထိုးပင့်ကော် သွေးထိုးလှုံဆော်ပေးတဲ့ တစ်ဖက်သက် စွပ်စွဲချက်တွေကို ကျွန်တော်တို့ လုံးဝ ဆန်ကျင် ကန့်ကွက်ပါတယ်။
ယခု သြဂုတ်လထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာပြည်ရောက်လာတယ်။ ရခိုင်ကိုသွားတယ် ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေဆီ သွားတယ် လို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ်။ ဒါကြောင့်လည်း စစ်တွေကို ရောက်ရောက်ခြင်းဆိုသလို ကင်တားနားရဲ့ ကြံစည်ပြောဆို လုပ်ဆောင်မှုတွေကို ရခိုင်လူမျိုးများက ကန့်ကွက် ဆန္ဒပြကြတာဖြစ်တယ်။
ဘင်္ဂါလီတွေ မူဆလင်တွေကို ခွဲခြားဆက်ဆံနေတယ်လို့ မဟုတ်မမှန် လုပ်ကြံပြီး စွပ်စွဲနေတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီး ကင်တားနားကိုယ်တိုင်က ဘင်္ဂါလီတွေဘက်က ရပ်တည်ပြီး ရခိုင် ဗုဒ္ဓဘာသာတွေ အပေါ် ခွဲခြားဆက်ဆံသွားတာဖြစ်တယ်။ ဒါ အခုမှ မဟုတ်ဘူး။ ကင်တားနား ရောက်လာတိုင်း ဒီလို တစ်ဖက်သက်၊ ဘတ်လိုက် ခွဲခြားဆက်ဆံခဲ့တာဖြစ်တယ်။ ကင်တားနားလို့ လူမျိုးကြောင့် ကုလသမဂ္ဂအဖွဲ့ ကြီးရော လူ့အခွင့်အရေး အဖွဲ့ အသီးသီးရော အင်မတန် ဂုဏ်သိက္ခာမဲ့ပြီး နာမည်ပျက်စရာ ဖြစ်သွားရတော့တယ်။
အစ္စလာမ်ဘာသာဝင် ကင်တားနားဟာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဒူးတုပ်လျက် တွေ့ဆုံပြီး ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် သံဃာတော်များကိုတော့ မရိုမသေ မလေးမစား ဆက်ဆံခဲ့ပါတယ်။ ဘုန်းတော်ကြီး က ပြဿနာတွေရဲ့ ဇစ်မြစ်ကို သမိုင်းကြောင်း သိသာယုံမျှ ရှင်းပြတာကို လက်မခံဘဲ သမိုင်းကြောင်းတွေ ပြောမနေပါနဲ့ဆိုပြီး ပိတ်ပင်ဟန့်တားခဲ့တယ်။
ဒီလိုပိတ်ပင် ဟန့်တားပိုင်ခွင့် လုံးဝ မရှိပါဘူး။ ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေးရှင်းချင်တယ်ဆိုရင် သမိုင်းကြောင်း မသိလို့ မရပါဘူး။ ပြီးတော့ ကိုယ်စားလှယ်တစ်ဦးအနေ နဲ့ဖြစ်စေ သံတမန်တစ်ဦးအနေနဲ့ဖြစ်စေ တစ်ဖက်လူရဲ့ ပြောစကားကို လေးလေးစားစား နားထောင်ရပါတယ်။ ကင်တားနားကိုပြောနေသူဟာ ကလေကချေ ကလေကဝမဟုတ်ဘဲ အများကြည်ညိုလေးစားတဲ့ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် ဆရာတော်ကြီးတစ်ပါးဆိုတာလည်း သတိထားသင့်ပါတယ်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီးကိုယ်တိုင်က လူ့အခွင့်အရေးကို အထူးချိုးဖောက်ပြီး ဘင်္ဂါလီတွေ ဘက်က တစ်ဖက်သက် ရပ်တည်နေတာ ထင်ရှားတဲ့အတွက် သူ့ရဲ့ ခရီးစဉ် မိတ္ထီလာအရောက်မှာ ဆန္ဒပြ ကန့်ကွက် ပြလိုက်တာဖြစ်တယ်။ မှတ်ပလား ကင်တားနား......။
ကင်တားနားမှာ ဂုဏ်သိက္ခာဆိုတာ ကုန်းကောက်စရာမကျန်တော့လောက်အောင် ဖြစ်ပွားပြီး၊ မိတ္ထီလာမှာ အကြမ်းဖက်ခံရပါတယ်ဆိုပြီး ဘာဘာညာညာ ပလီပလာ လိမ်ညာပြီး ပြောတော့တယ်။ ကုလသမဂ္ဂကိုလည်း မုသာဝါဒ အစီရင်ခံစာ တင်သွင်းလိမ့်ဦးမယ်။ တကယ်တော့ ကင်တားနားကို လူ့အခွင့်အရေး ချိုးဖောက်ပြီး ခွဲခြား ဆက်ဆံတတ်တဲ့ လူမျိုးကို လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ရွေးချယ်စေလွှတ်ခဲ့တာကိုက ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မူလအမှားဖြစ်ပါတယ်။
မူလက မှားတဲ့အတွက် မူလီလာလုပ်တဲ့ ကင်တားနားလည်း မှားပြီးရင်း မှားတာ မဆန်းတော့ပေဘူးပေါ့။
လူ့အခွင့်အရေးဘန်းပြပြီး နိုင်ငံငယ်တွေအပေါ် ဘယ်လောက်ထိ ဝင်ရောက် စွက်ဖက် စော်ကားခဲ့သလဲဆိုတာ ကိုယ့်ဟာကို ပြန်ပြီး စစ်တမ်းထုတ်ကြည့်စေချင်တယ်။
အခုလည်း လာပြန်ပြီး နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်တဲ့။ မူဆလင်များအား အကြမ်းဖက်မှု ရန်မှ အကာအကွယ်ပေးရန်....တဲ့။
လောလောဆယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ မူဆလင်အစွန်းရောက်တွေက ဗုံးခွဲမယ်ဆိုလို့ မြိတ်မှာ၊ ဘူးသီးတောင် မောင်တောမှာ လုံခြုံရေးတိုးမြှင့်ထားလိုက်ရပြီ။ အမေရိကန်တွေရော လုံခြုံရေးမတိုးမြှင့်ရဘူး လား။ သူတို့ကြတော့ စူပါပါဝါဆိုပြီး ကြောက်တတ်လိုက်တာ။ မူဆလင်က ဘာမှ မလုပ်ရသေးဘူး။ သံရုံးတွေ ပိတ်ပြီး ပြေးလို့ပြေးနဲ့။ ဂျီ(ချေ) အီးဂျီးလန့် ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။
ဒီမှာဖြင့် ဟောဒီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာဖြင့် အစွန်းရောက် မူဆလင်တွေက အကြမ်းဖက်မယ် ဆိုလို့၊ ဗုံးခွဲတိုက်ခိုက်မယ်ဆိုလို့ သံဃာတော်တွေမှာ ဆွမ်းခံတောင် မထွက်ရဲတော့ပါ။ နှစ်စဉ် ဝါတွင်းကာလ ရောက်တိုင်း အာရုံဆွမ်းခံပြီး ဒကာ၊ ဒကာမတွေကို ကုသိုလ်ကောင်းမှုတွေ တိုးပွားစေခဲ့တဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ဟာ ဒီနှစ်မှာ ဒီဝါတွင်းကာလမှာ ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါပြီ။
ဒါတွေကို အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘာဖြစ်လို့ မဖော်ပြတာလဲ...? ဗုဒ္ဓဘာသာဝင်များ ဘက်က ဆွမ်းလောင်းခွင့် ဆုံးရှုံးလိုက်ခြင်းဟာ လူ့အခွင့်အရေးထက်မကသော တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုတွေ ဆုံးရှုံးလိုက်ရတာပါဘဲ။
ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို သာမက ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်ပြည်ကြီး မဆုံးရှုံးရလေ့အောင် ကျွန်တော်တို့ အပြင်းအထန် ရုန်းကန်နေရတယ်ဆိုတာကိုလည်း အားလုံးကို သိစေအပ်ပါတယ်။
ကင်တားနားက ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်မှုကို တောင်းဆိုခဲ့သလိုပဲ။ အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ကလည်း ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန်ဆိုပြီး တွန်းအားပေးထား ပါတယ်။ အဖြေကရှင်းပါတယ်။ 1982 နိုင်ငံသား ဥပဒေအတိုင်းပါပဲ။
ဒီမှာလာပြီး အခြေချနေတဲ့ ဘင်္ဂါလီများ အတွက် တတိယမျိုးဆက်ဟာ နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်။ ဒီလောက် လိုက်လျောထားတဲ့ ဥပဒေကို ပြင်ပေးပါ။ ဘာညာပြောနေတဲ့ ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေဟာ သူခိုးဓားရိုးကမ်းသလို ဖြစ်နေတာ သတိထား ဆင်ခြင်စရာဖြစ်ပါတယ်။
ဒီမှာဖြင့် ဘင်္ဂါလီများအပါအဝင် နိုင်ငံသားမဟုတ်တဲ့ White Card ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပေးထားတယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရ မရှိနိုင်တဲ့ အထူးအခွင့်အရေးကြီး ပေးထားပါတယ်။ နိုင်ငံသားမဟုတ်သူတွေကို “နိုင်ငံသားဖြစ်ခြင်း” နဲ့ အစားထိုးဖို့ ဒေါက်တာအေးမောင်က ဥပဒေကြမ်း တင်သွင်းရာမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ ပါသတဲ့။ 23.8.2013 က အမျိုးသားလွှတ်တော်မှာ ဖြစ်ခဲ့တာ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း ဘင်္ဂါလီတွေဘက်က ပါလားလို့ မှတ်ချက်ချရုံမှတစ်ပါး အခြား မရှိပါပြီ။
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က မူဆလင် ဆန့်ကျင်ရေးလုပ်ပြီး ခွဲခြား ဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့ အပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူ များအား အမေရိကန်မှာ နာမည်စာရင်းတစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အသည်းထဲမှာ စွဲနေအောင် မှတ်တမ်းတင်ထားလိုက်ပါ။ ငါတို့ဟာ အမျိုးဘာသာ သာသနာကို ဘယ်တော့မှ အပျောက်မခံဘူးဆိုတာ ကောင်းကောင်းကြီး မှတ်တမ်းပြုစုထားလိုက်ပါ။
ကျွန်တော်တို့ကလည်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အမျိုးဖျက်မှန်သမျှကို ခွေးသားရေးနဲ့လုပ်ထားတဲ့ ပုရပိုက်ပေါ်မှာ ထင်ထင်ရှားရှားကြီး မှတ်တမ်းရေးထိုးထားပါကြောင်း သိစေအပ်ပါတယ်။
ကျွန်တော်တို့လုပ်နေတာ မူဆလင်ဆန့်ကျင်ရေးမဟုတ်၊ အကြမ်းဖက်ဆန့်ကျင်ရေးဖြစ်တယ်။ အမျိုးဖျက် အန္တရာယ် ကာကွယ်ရေးဖြစ်တယ်။ မူဆလင်ကို ခွဲခြားမဆက်ဆံ၊ လူဆိုးလူကောင်းကို ခွဲခြားဆက်ဆံတာ ဖြစ်တယ်။ ခွေးရူးနဲ့ခွေးကောင်းကို ခွဲခြားဆက်ဆံသလို ဖြစ်တယ်ဆိုတာလောက်တော့ သဘောပေါက်စေချင် ကြောင်းပါဗျ။
မောင်သွေးချွန်။
Reporter ဂျာနယ်

စစ်တွေတွင် အသက် ၁၅ နှစ်အောက် ဘင်္ဂလီကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀၀ ကျော်ရှိ



စစ်တွေမြို့နယ်အတွင်း အသက်၁၅ နှစ်အောက် ဘင်္ဂါလီကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀၀ ကျော်ရှိ သော်လည်း ရခိုင်အမျိုးသမီးကိုယ်ဝန်ဆောင်တစ်ဦးမှ မရှိဟု ကာကွယ်ဆေးထိုးရန်
ကောက်ခံသော စာရင်းများအရ သိရှိ ရ ကြောင်း ECC အဖွဲ့ဝင်တစ်ဦးထံမှသိရှိရသည်။


ထိုသို့ ဖြစ်ပေါ်နေခြင်းကြောင့် လူဦးရေ တိုးပွားနုန်းကို ထိန်းချုပ်သင့်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်း ရင်းသားများပျောက်ကွယ်သွားမည့်အရေးကို စိုးရိမ်ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသသည် တိုင်းရင်းသားလူဦးရေ နှင့် တိုင်းရင်းသားမဟုတ်သူလူဦးရေ မျှတမှုများဖြစ်ပေါ်နေသဖြင့် စိုးရိမ်ရသောအနေ အထား တွင် ရှိကြောင်း
လည်း ဒေသခံများက ပြောဆိုကြသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက 
“ရခိုင်ပြည်နယ်မှာတိုင်းရင်းသားမဟုတ်သူ တွေရဲ့ လူဦးရေ တိုးပွား နုန်းက ကြောက်စရာကောင်းလောက်အောင် များနေတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ နှစ် ကုန်ပိုင်းက ကာကွယ်ဆေးထိုးဖို့ ကောက်တဲ့စာရင်းအရ ဆိုရင် စစ်တွေမြို့နယ် တစ်ခုတည်းမှာတောင် အသက် ၁၅ နှစ်အောက် ဘင်္ဂါလီကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀၀ ကျော်ရှိတယ်ဆိုတာကို သိခဲ့ရတယ်။ မြောက်ပိုင်းမှာဆို ဘယ်လောက်ရှိ နေ မလဲမသိဘူး။ ဒါပေမယ့် အသက် ၁၅ နှစ်အောက် တိုင်းရင်းသူကိုယ်ဝန်ဆောင်တစ်ဦးမှ ရှိမနေဘူးဆိုတာကို လည်းတွေ့ရှိရတယ်။ လူဦးရေတိုးပွားနုန်းဘယ်လောက် မြင့်မားလာသလဲဆိုတာကို ခွဲခြားသိရှိတဲ့အချက်တွေဖြစ် နေတယ်။ ဒါကို ထိန်းချုပ်ဖို့လိုမယ်။ ရခိုင်ပြည်နယ်ကို လူဦးရေ အရ ၀ါးမျိုးခံရတာမျိုးလုံးဝ အဖြစ်မခံနိုင်ဘူး။ ရခိုင်လူ မျိုးပျောက်ကွယ်သွားမယ့်အဖြစ်ကို လုံးဝလက်ခံမှာမဟုတ်ဘူး”ဟုပြောကြားခဲ့ပါသည်။

စစ်တွေမျြိ့နယ်အတွင်း အသက် ၁၅ နှစ်အောက် တိုင်းရင်းသားလူမျိုး ၄ သောင်းကျော်ရှိပြီး တိုင်းရင်းသားမဟုတ်သူ အရေအတွက် ၇ သောင်းကျော် ရှိနေကြောင်း၊ လူဦးရေတိုးပွားမှုပမာဏသည် အကန့်အသတ်မဲ့ဖြစ်လာပြီး ယင်းကို စနစ်တကျထိန်းချုပ်နိုင်မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုကို ရရှိလာမည်ဖြစ်ကြောင်းလည်းဒေသခံများ က သုံး သပ် ပြောဆိုကြပါသည်။

“ရခိုင်ပြည်နယ်မှာ ၂၀၁၂ကဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ လူဦးရေ တိုးပွားမှုကြောင့် နယ်မြေလုတဲ့ဖြစ်ရပ်လို့သုံးသပ်မိတယ်။ ဒါကြောင့် အခုလိုမျိုးအဆမတန် တိုးပွားနေတဲ့လူဦးရေကို ကြည့်မယ်ဆိုရင် ဒီလိုမျိုးနောက်တစ်ကြိမ် မဖြစ် လာနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ လူဦးရေတိုးပွားနုန်း၊ ကလေးမွေးဖွား နုန်းတွေကို ဥပဒေအရ ထိန်းချုပ်ဖို့လိုမယ်လို့ မြင်ပါ တယ်”ဟုလည်း စစ်တွေဒေသခံ တစ်ဦးဖြစ်သူ ဦးမိုးကျော်ကသုံးသပ်ပြောဆိုခဲ့ပါသည်။

ယင်းသို့ အသက် ၁၅ နှစ်အောက်မိန့်ကလေးများ ကလေးမွေးဖွားနေမှုနှင့် ပတ်သက်ပြီး ကုလလူ့အခွင့်အရေးကိုယ် စားလှယ် ယန်ဟီလီစစ်တွေမြို့သို့ လာရောက်စဉ် ဒေသခံများက ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကုလအနေဖြင့် လူ့အခွင့်အရေးတစ်ခုတည်းပြော
ဆိုနေခြင်းမှာ ဒေသခံတိုင်းရင်းသားများ၏ ခံစားချက်ကိုလစ်လျူရှုခြင်းသာဖြစ်သည် ဟုလည်း ဒေသခံများ
က ပြောဆို ခဲ့ကြောင်းသိရသည်။

ထို့အပြင် အသက် ၁၈ နှစ်မပြည့်မီအိမ်ထောင်ပြုခြင်းများသည် ဥပဒေအရ လက်ခံနိုင်မှုအတိုင်း
အတာမည်မျှရှိသည်ကို လေ့လာ သုံးသပ်သင့်ကြောင်း လည်း ပြောဆိုကြသည်။

By - ကို သန်းလှိုင်။ ချစ်တတ်သူ

လွှတ်တော် ဥက္ကဌ ရိုးသားပါရဲ့လား



၆ ပွင့်ဆိုင်တွေ့ဆုံမှုအပေါ် သမ္မတကြီးပေးပို့တဲ့ အပိုဒ် ၇ ပိုဒ် ပါတဲ့ သ၀ဏ်လွှာဟာ အကျိုးအကြောင်း ဆီလျှော်မှု ရှိတယ်လို့ ယူဆမိတယ်။ အပိုဒ် ၇ ပိုဒ် ထဲမှာ အဓိကအနှစ်ချုပ် အပိုဒ်ကတော့ နောက်ဆုံးအပိုဒ်။နောက်ဆုံးအပိုဒ် မှာ သမ္မတရဲ့ ပြောချင်တဲ့စကားတွေ ဘာပါလဲဆိုတော့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုဟာ ကောင်းမွန်ပါတယ်။ဒါပေမယ့်.....ကိုယ်စားပြုမှု ၊ မူဘောင် တွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြပြီးမှ တွေ့ဆုံဆွေးနွေးတာဟာ ပိုထိရောက်အောင်မြင်မှု ရှိမယ်ဆိုတာရယ်
ပြည်သူလူထုရဲ့သဘောထားများကိုလျစ်လျူရှုလို့မရဘူးဆိုတာရယ်ကို ထောက်ပြထားတယ်။တွေ့ဆုံဆွေးနွေး
မှုမှာ ကိုယ်စားပြုမှု ဆိုတာ အတော်လေး တာသွားတယ်။

အခုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကိုပဲဖြစ်ဖြစ် ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေပဲ ဖြစ်ဖြစ် အားလုံးကို ကြည့်လိုက်ရင် ကိုယ်စားပြုမှုဟာ ဇဝေဇ၀ါ မရေမရာ။ သမ္မတဟာ အစိုးရ အဖွဲ့ကို ကိုယ်စားပြုတယ်။ကာချုပ်က တပ်မတော်ကို ကိုယ်စားပြုတယ်။လွှတ်တော် ဥက္ကှဌ နှစ်ဦးကလွှတ်တော် ကိုယ်စားပြုတယ်ဆိုတော့..ဒေါ်အောင်ဆန်းစုကြည် က ဘာကို ကိုယ်စားပြုသလဲ။ ပါတီတွေကို ကိုယ်စားပြုသလား ??? လူထု ကို ကိုယ်စားပြုသလား ???ဒီမှာသေချာတာတော့ NLD ပါတီဟာ ပါတီအားလုံးကို ကိုယ်စားမပြုဘူးဆိုတာပဲ။NLD ပါတီကို အားလုံးက ကြိုက်တယ် ထောက်ခံတယ် ကိုယ်စားပြုတယ် ဆိုရင်...ပါတီပေါင်း ၆၀ ကျော်ထပ်ရှိနေစရာ အကြောင်းကို မရှိဘူး။

ဟုတ်ပြီ။ ပါတီတွေ အားလုံးကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုရင် သန်း ၅၀ ကျော်လူထုကို ကိုယ်စားပြုသလား ဆိုတော့လည်း ပြန်လည်ဆန်းစစ်ကြည့်စရာပဲ။၂၀၁၄ အလယ်ပိုင်း လောက်မှာ ၄၃၆ ပြင်ဆင်ရေးကိုတစ်နိုင်ငံလုံး အထင်ကရ မြို့ကြီးတွေမှာ လိုက်လံ ကောက်ခံတာတောင် လူဦးရေ သန်း ၅၀ ကျော်မှာ လက်မှတ်ဟာ ၅ သန်းကျော်ပဲရတယ်ဆိုတော့ ၁၀/၁ရာခိုင်နှုန်းပဲရှိနေပြန်တယ်။ ဒီတော့ လူထု ကို ကိုယ်စားပြုတယ် ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။လူထု ခေါင်းဆောင် ဆိုတာတော့ ဘယ်သူ တင်မြောက်ပြီးချီးမြှင့်ထားတဲ့ ဘွဲ့တံဆိပ်တော်လဲမသိဘူး။သူလူထုထဲမှာ ကျွန်တော် မပါတာတော့ ကျိန်းသေတယ်။(ဒီကောက်ခံရတဲ့လက်မှတ်၅ သန်းထဲမှာ မှတ်ပုံတင်နံပါတ်မရှိသူတွေ၊ စင်္ကာပူမှာနိုင်ငံသားခံထားပြီး ရူးသလိုလိုကြောင်သလိုလိုနဲ့ နာမည်စာရင်းသွင်းထားသူတွေ၊ နာမည်တွေ ၂ခါ ၃ ခါ ထပ်နေသူတွေ ပါသေးတယ်။-ဤကားစကားချပ်)

ကျွန်တော် တို့ က လူမျိုးရေး အစွန်းရောက် တွေ မဟုတ်ပါဘူး။ an 24, 2015


မြန်မာပြည်မှာ ဘယ်သူမှ လူမျိုးမတူ တာနဲ့ မမုန်းပါဘူ။ (သူ့ နိုင်ငံ မှာပဲ သူနေရင်ပေါ့။) ဘာသာ မတူတာလဲ မမုန်းပါဘူး။ (သူ့ဘာသာ သူ ကိုးကွယ်နေ ရင်ပေါ့။) ဒါပေမဲ့ ကိုယ်နိုင်ငံ ထဲ ကို တိုင်းတပါး သားတွေ ကျူးကျော် လာရင်၊ ကိုယ့် ဘာသာ ထဲ တခြားဘာသာ အယူ ၀ါဒတွေ သွပ်သွင်း ၀ါဒဖြန့်လာရင်။ ကိုယ်နိုင်ငံ ထဲ မှာ နေပြီး ကိုယ့် မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို လက်မခံပဲ တသီးတခြား တိုင်းတပါး ယဉ်ကျေမှု တွေ ပေါ်ပေါ်ထင်ထင် တင်သွင်း လာရင် မုန်းမုန်း၊ မမုန်းမုန်း (လူများစုက) လက်မခံ နိုင်ကြပါဘူး။ ဒါ ကိုယ်က ရန်လိုတာ လဲ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည်ကို၊ ကိုယ့် ဘာသာ တရားကို၊ ကိုယ့် ယဉ်ကျေးမှု ကို ရန်စ ခံရတာပါ။
ကျွန်တော် တို့ က လူမျိုးရေး အစွန်းရောက် တွေ မဟုတ်ပါဘူး။ အကြမ်းဘက် ခြင်း ကိုလဲ အားမပေးပါဘူး။ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ကိုလဲ လိုလားပါတယ်။ ဒါပေမဲ့ ဘင်္ဂလီ ကိုတော့ တိုင်းရင်းသားအဖြစ် လုံးဝ လက်မခံနိုင် ပါဘူး။
မြန်မာ အချင်းချင်း ငြင်းကောင်းတုန်း ဘင်္ဂလီ အတွက် အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံသား အမည်ခံ (မြန်မာ နိုင်ငံသား ကဒ် ရပြီး အစ္စလာမ် ဘာသာဝင်) မွတ်စလင်တွေ က ကမ္ဘာပတ် ပြီး မြန်မာ တိုင်းရင်းသား နဲ့ မြန်မာလူမျိုး ပျောက်ပြီး ဘင်္ဂလီ (ရိုဟင်ဂျာ) နိုင်ငံ ထူထောင်ဘို့ ကြိုးစား နေကြပါပြီ။
ဒီတော့ ဗုဒ္မဘာသာ တွေကလဲ (ဗုဒ္မံ၊ ဓမ္မံ၊ သံဃံ အစား) ၉၆၉ ရေး တာ၊ ၉၆၉ ကို အားပေးဘို့ စည်းရုံးတာ တွေ ရှိလာတယ်။ အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင်ရွက် နိုင်ပါသည်။ ၉၆၉ ကို လက်မခံသူ များ လက်မခံ ပိုင်ခွင့် ရှိပါသည်။ လက်ခံသူများ လက်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် ၉၆၉ သည် (အခြား ဘာသာဝင် များအား) အကြမ်း ဖက်ရန် လှုံဆော်ခြင်း မဟုတ်ပါ။ (အကြမ်း ဘက် လို သူ များ သည် မည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ အကြမ်းဖက် လိုစိတ် များ ရင်တွင်း ကိန်းအောင်းနေ သူများ ဖြစ် ပါသည်။) ၉၆၉ ကို အကြမ်းဖက် မှုနဲ့ ပေါင်း မြင် တာ၊ ပေါင်း ပြောတာ ဟာ ဥာဏ်မမီ တဲ့သူတွေပါ။ ဘင်္ဂလီ လော်ဘီတွေနဲ့ သူတို့ သွေးထိုးမှုကို ယုံကြည်နေ တဲ့ ဥာဏ်မမှီ သူတွေပါ။
လူတိုင်း လွတ်လပ် စွာ ရွေးချယ် ပိုင်ခွင့် ရှိပါသည်။ ကျွန်တော့ သဘောထား က အခြားသူ၏ ယုံကြည် ကိုးကွယ်မှုကို မထိပါးပဲ မိမိ တို့၏ အမျိုး ဘာသာ သာသနာ တိုး တက်အောင် လူတိုင်း လွပ်လပ် စွာ ဆောင် ရွက် ခြင်း ကို ထောက်ခံ ပါသည်။


မိုးဟိန်းကျော်

OppositEye မှ

အမျိုးသားဝတ်စုံ အမြဲဝတ်၊ အင်္ဂလိပ်စကားမပြော၊ ထောင်မကျဖူးသော သိရီလင်္ကာနိုင်ငံသမ္မတ မိုင်းသီရိပါလ သီရိသေန- ဘုန်းမြင့်ဆွေ


““မိုင်းသီရိပါလ သီရိသေန””သည် ယနေ့ အသက် ၆၃ နှစ်ရှိနေပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘို မြောက်ပိုင်း ယာဂို ဒါရွာတွင် မွေးဖွားခဲ့သည်။ ၁၉၅၀ပြည့်နှစ်များတွင် အစိုးရ၏ လယ်ယာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်း အရ မိသားစုနှင့်အတူ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း တိုးတက်ဖြစ်ထွန်းသည့် ပိုလွန်နာရူးဝါး ခရိုင်သို့ ပြောင်းရွှေ့လာခဲ့ သည်။

သူ့ရဲ့မျိုးနွယ်စုကတော့ သီရိလင်္ကာနိုင်ငံ၏ အဓိကလူမျိုးစုဖြစ်သည့် ဗုဒ္ဓဘာသာ Sinhala အုပ်စုမှ မျိုးရိုးအရ ဆင်းသက်လာသူဖြစ်သည်။ သီရိသေနသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး သူ့မှာအရွယ်ရောက်ပြီး သမီး နှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားထားသည်။

ပညာအရည်အချင်းကတော့ ၁၉၇၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ Kandy စိုက်ပျိုးရေးပညာသင်ကျောင်းမှ စိုက် ပျိုးရေး ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှာတော့ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မက္ကဇင် ဂေါ်ကီ အကယ် ဒမီမှ နိုင်ငံရေးသိပ္ပံဒီပလို မာဘွဲ့ရရှိခဲ့သည်။…

ဒေါ် အောင် ဆန်း စု ကြည် သ မ္မ တ မ ဖြစ် သင့် ပါ ဘူး အဘယ့်ကြောင့်ဆိုသော်


၁။ ဒေါ် အောင် ဆန်း စု ကြည် သ မ္မ တ ဖြစ် ဖို့ အ တွက် ဆို ရင် မြန် မာ နိုင် ငံ ရဲ့ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပုဒ် မ တွေ ထဲ က အ ရေး ကြီး တဲ့ ပုဒ် မ တွေ ပြင် ပေး ရ နိုင် ဖွယ် ပါ တယ်။ ပြင် ခဲ့ မယ် ဆို ရင် အ ခြား ပုဒ် မ တွေ ကို ထိ ခိုက် နိုင် ဖွယ် ရှိ နေ ပါ တယ်။လက် ရှိ အ ခြေ အ နေ မှာ ဒေါ်အောင် ဆန်း စု ကြည် သ မ္မ တ ဖြစ် လာ ဖို့ ခြေ / ဥ ပုဒ် မ
( ၅၉ - ဃ ၊ စ ) တွေ ကို ပယ် ဖျက် ဖို့ ဆ န္ဒ ပြ နေ တာ ကို တွေ့ မြင် နေ ရ ပါ တယ်။
ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပုဒ် မ ( ၅၇ ) မှာ နိုင် ငံ တော် သ မ္မ တ နှင့် ဒု တိ ယ သ မ္မ တ များ သည် နိုင် ငံ တော် ကို ကိုယ် စား ပြု သည် ဟု ပြ ဆို ထား ပါ တယ်။သ မ္မ တ တစ် ဦး တည်း သာ နိုင် ငံ တော် ကို ကိုယ် စား ပြု ပြီး ကြင် ယာ တော် နှင့် မိ သား စု သည် နိုင် ငံ ခြား သြ ဇာ ခံ များ ဖြစ် နေ မည် ဆို ပါ က ပုဒ် မ ( ၅၇ ) ဟာ အ ဓိ ပ္ပါယ် ရှိ နိုင် ပါ့ မ လား။
ဥ ပ မာ --- မြန် မာ နိုင် ငံ ရဲ့ ပုံ ရိပ် ကို ထင် ဟပ် စေ တဲ့ SEA GAME လို ပွဲ မျိုး မှာ တက် ရောက် ရ တဲ့ သ မ္မ တ သည် တိုင်း ရင်း သား ဖြစ် ပြီး ကြင် ယာ တော် နှင့် မိ သား စု သည် နိုင် ငံ ခြား သြ ဇာ ခံ များ ဖြစ် နေ မည် ဆို ပါ က မြန် မာ နိုင် ငံ ရဲ့ သ မ္မ တ သည် နိုင် ငံ ကို ကိုယ် စား ပြု သည် ဟု မှတ် ယူ လို့ ရ နိုင် ပါ မည် လား။
ပုဒ် မ ( ၅၉ - စ ) ကို ရေး ဆွဲ ထား ခြင်း ဖြင့် သ မ္မ တ ကြင် ယာ တော် နဲ့ မိ သား စု က လည်း သွယ် ၀ိုက် ပြီး နိုင် ငံ တော် ကို ကိုယ် စား ပြု နေ တယ် လို့ ဆို နိုင် ပါ တယ်။
ခြေ / ဥ ပုဒ် မ ( ၅၇ ) ကို ပုဒ် မ ( ၅၉ - စ ) က အ ထောက် အ ပံ့ ဖြစ် စေ ပါ တယ်။
ဒါ ကြောင့် ( ပုဒ် မ ၅၉ - စ ) ကို ပယ် ဖျက် လိုက် ရင် ပုဒ် မ ( ၅၇ ) ဟာ အ ဓိ ပ္ပါယ် ကင်း မဲ့ သွား နိုင် ပါ တယ်။
ရေ ရှည် အ တွက် စဉ်း စား မယ် ဆို ရင် တစ် ဦး တစ် ယောက် တည်း ကို သ မ္မ တ ဖြစ် စေ ချင် ရုံ မျှ ဖြင့် နိုင် ငံ တော် အ တွက် အ ရေး ကြီး တဲ့ ပုဒ် မ တွေ ကို ထိ ခိုက် စေ မည် ဆို ပါ က ဖြစ် သင့် ပါ သ လား။
၂။ ဒေါ် အောင် ဆန်း စု ကြည် ဟာ မြန် မာ နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို လေး စား ခြင်း မ ရှိ ပါ ဘူး။
ဒေါ် စု ဟာ ဖိတ် ကြား ချက် များ အ ရ နိုင် ငံ တ ကာ ကို သွား ရောက် လေ့ ရှိ ပါ တယ်။
နိုင် ငံ တ ကာ ကို ရောက် တဲ့ အ ခါ မှာ ကိုယ့် နိုင် ငံ ရဲ့ ပြည် တွင်း ရေး ကိစ္စ တွေ ဖြစ် တဲ့ ဥ ပ ဒေ ပြင် ဆင် ရေး ကိ စ္စ တွေ ကို ၀င် ရောက် စွက် ဖက် ခိုင်း နေ တာ မျိုး တွေ အ မြဲ ပြု လုပ် လေ့ ရှိ ပါ တယ်။
ဒါ ဟာ ကိုယ့် နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို မ လေး စား ခြင်း ၊ စော် ကား ခြင်း ပဲ ဖြစ် ပါ တယ်။ သာ မန် ပြည် သူ တစ် ယောက် အ နေ နဲ့ ဆို ရင် တောင် မှ ကိုယ့် နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို လေး လေး စား စား ရှိ ရ မှာ ပါ။
နိုင် ငံ့ ခေါင်း ဆောင် တွေ အ နေ နဲ့ ဆို ရင် တစ် ခြား နိုင် ငံ တွေ က ကိုယ့် အ ချုပ် အ ခြာ အာ ဏာ ကို စော် ကား လာ ခဲ့ တဲ့ အ ခါ ၊ ပြည် တွင်း ရေး ကို ၀င် ရောက် စွက် ဖက် လာ တဲ့ အ ခါ မှာ ကိုယ့် အ ချုပ် အ ခြာ အာ ဏာ ကို ကာ ကွယ် ပေး ဖို့ တာ ၀န် အ ရှိ ဆုံး သူ တွေ ပါ။ ခေါင်း ဆောင် တစ် ယောက် အ နေ နဲ့ မိ မိ နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို မ လေး စား ရုံ တင် မ က ဘဲ သူ များ နိုင် ငံ တွေ က ပါ မိ မိ တိုင်း ပြည် ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို စော် ကား ဖို့ ၊ ထိ ပါး ဖို့ ၊ စွက် ဖက် ဖို့ တောင်း ဆို နေ တာ ဟာ မျိုး ဟာ လုံး ၀ မ ဖြစ် သင့် ပါ ဘူး။
UN Charter မှာ ရော နိုင် ငံ တ ကာ ဆက် ဆံ ရေး နယ် ပယ် မှာ ရော နိုင် ငံ တစ် နိုင် ငံ ရဲ့ အ ချုပ် အ ခြာ အာ ဏာ ကို လေး စား ကြ ဖို့ အ တိ အ လင်း ပြ ဆို နေ ကြ ပေ မယ့် သူ မ က တော့ ကိုယ့် နိုင် ငံ က ဥ ပ ဒေ ပြင် ဆင် ရေး ကိစ္စ တွေ မှာ နိုင် ငံ တ ကာ ကို အ ကူ အ ညီ တောင်း ခံ နေ တာ ကို တွေ့ ရ ပါ တယ်။ အ ချုပ် အ ခြာ အာ ဏာ ကို မ လေး စား တဲ့ သူ တစ် ယောက် အ နေ နဲ့ နိုင် ငံ ရဲ့ သ မ္မ တ တစ် ယောက် မ ဖြစ် သင့် ပါ ဘူး။
၃။ ဒေါ် အောင် ဆန်း စု ကြည် ဟာ နိုင် ငံ အ တွက် အ ရေး ကြီး ကိစ္စ တွေ ကြုံ တွေ့ လာ တဲ့ အ ခါ မှာ နိုင် ငံ အ တွက် ပြတ် သား စွာ ရပ် တည် ပေး ခြင်း မ ရှိ ခဲ့ ပါ ဘူး။ ရ ရှိ ထား တဲ့ ဆု တံ ဆိပ် တွေ ကို ငဲ့ ကွက် နေ ရ တာ တွေ တွေ့ လာ ရ ပါ တယ်။
Two children limit policy ကိစ္စ မှာ လူ့ အ ခွင့် အ ရေး ကို ကိုင် စွဲ ခဲ့ ပါ တယ်။ 1982 နိုင် ငံ သား ဥ ပ ဒေ ကို နိုင် ငံ တ ကာ စံ ချိန် စံ ညွှန်း များ နှင့် အ ညီ ပြု ပြင် ခိုင်း ခဲ့ ပါ တယ်။ နောက် ပြီး မြန် မာ နိုင် ငံ မှာ ဖြစ် ပွား ခဲ့ တဲ့ အ ဓိ က ရုဏ်း တွေ မှာ ပ ဋိ ပ က္ခ ကို ပ ဋိ ပ က္ခ တစ် ခု အ ဖြစ် မ ရှု မြင် ဘဲ သူ မ အ နေ နဲ့ လူ နည်း စု လို့ ရှု မြင် သူ များ ဘက် က ပဲ ရပ် တည် ပေး ခဲ့ ပါ တယ်။
နှစ် ဘက် စ လုံး မှာ မျှ တ စွာ ရပ် တည် ပေး ခဲ့ မယ် ဆို ရင် တောင် နား လည် ပေး နိုင် မယ့် တစ် ဘက် သတ် ရပ် တည် ပြ ခဲ့ ပါ တယ်။ဒီ လို ရပ် တည် ပေး ခဲ့ ပေ မယ့် မ လေး ရှား မှာ မြန် မာ နိုင် ငံ သား တွေ အ သတ် ခံ ရ တဲ့ အ ခါ မှာ ရေ ငုံ နှုတ် ပိတ် နေ ခဲ့ ပြန် ပါ တယ်။ အ စိုး ရ မှာ အ ပြည့် အ ၀ တာ ၀န် ရှိ တယ် ဆို ပေ မယ့် က မ္ဘာ သိ ခေါင်း ဆောင် တစ် ယောက် အ နေ နဲ့ မ လေး ရှား အ စိုး ရ အ ပေါ် မှာ ထိ ရောက် တဲ့ စုံ စမ်း စစ် ဆေး မှု တွေ ပြု လုပ် ဖို့ တောင်း ဆို ခြင်း မျိုး မ ရှိ ခဲ့ ပါ ဘူး။
နောက် က မ္ဘာ ကျော် TIME မ ဂ္ဂ ဇင်း က ဗု ဒ္ဓ ဘာ သာ ကို အ ကြီး အ ကျယ် စော် ကား နေ တဲ့ အ ချိန် မှာ လည်း ဘာ တုံ့ ပြန် မှု မှ မ ပြု လုပ် ခဲ့ ပါ ဘူး။ အဲ ဒီ အ ချိန် မှာ နိုင် ငံ ရေး ပါ တီ အ တော် များ များ နှင့် အ စိုး ရ က TIME မ ဂ္ဂ ဇင်း ရဲ့ ဖော် ပြ မှု ကို ကန့် ကွက် ခဲ့ ပါ တယ်။ ဒါ ပေ မယ့် ဒေါ် အောင် ဆန်း စု ကြည် နဲ့ NLD ပါ တီ ဟာ တစ် စုံ တစ် ခု ပြော ဖို့ ပျက် ကွက် ခဲ့ ပါ တယ်။
ဒါ တွေ ဟာ ဆု တံ ဆိပ် တွေ ရဲ့ ဖိ အား နဲ့ နိုင် ငံ့ အ ကျိုး နဲ့ ရွေး ချယ် စ ရာ ဖြစ် လာ ရင် နိုင် ငံ ရဲ့ အ ကျိုး ကို မျက် ကွယ် ပြု နေ သ လို ဖြစ် နေ ပါ တယ်။
အဲ ဒီ အ ကြောင်း အ ရာ တွေ ကြောင့် ပဲ မျိုး ချစ် စိတ် ပြင်း ထန် ကြ သူ များ က သူ မ အ ပေါ် မှာ ထောက် ခံ မှု မ ရှိ ကြ တော့ တာ ပဲ ဖြစ် ပါ တယ်။အ ထက် ပါ လုပ် ရပ် များ ကို ကြည့် ပြီး သူ မ ဟာ အ ရေး ကြီး တဲ့ အ ချိန် မှာ သွေး မ နီး ကြောင်း သိ နိုင် ပါ တယ်။ ဒါ တွေ ဟာ အ ကြောင်း ကြောင်း ကြောင့် လဲ ဖြစ် နိုင် သ လို ပင် ကိုယ် သ ဘော ထား လဲ ဖြစ် နိုင် ပေ မယ့် ရ လဒ် က တော့ သွေး မ နီး ဘူး လို့ ခံ စား လိုက် ရ ပါ တယ်။
အောင်ရဲစိုး(ဥပဒေ)

Friday, January 23, 2015

ဦးယဉ်ကျေး၏ အပြင်းစား ဒဿသ နများ

ဒီကနေ့ ဘိလပ်မှာ အနှစ် ၂၀ ကျော်လောက်နေပြီး ၊ မြန်မာပြည်ကို ခဏပြန်လာတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ တွေ့ဆုံ စကားပြောဖြစ်တယ် ။ နိုင်ငံခြား -သား တစ်ယောက်လည်း ခရီးသွားဖော်အဖြစ် ပါလာတယ် ။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်းနှင့် ရခိုင်ပြည်နယ်က ဇယား အရှုပ်ထုပ်တွေ အကြောင်းကို ရောက်သွားတယ် ။
သူက - ပြောတယ် " ရိုဟင်ဂါ " တဲ့ ။ ချက်ချင်း ဆိုသလို ကျွန်တော်က ပြန်ပြောလိုက်တယ် " ရိုဟင်ဂါ " လည်း မဟုတ်ပါ ။ " ရိုဟင်ဂျာ လည်း မဟုတ်ဘူး ၊ သူတို့ကို သူတို့ကင်ပွန်းတပ်ပြီး ကမ္ဘာကို လိမ်နေကြတဲ့ " ဘင်္ဂါလီတွေ"
ပါ ။ အကယ်၍ ဘင်္ဂါလီတွေအကြောင်းကို ခင်ဗျား ပြည်ပမှာပြောချင် ဆိုချင်တယ်ဆိုရင် အဲဒီ " ရိုဟင်ဂါ " စကားလုံးရဲ့ရှေ့မှာ So Call ဆိုတာလေး ကိမြန်မာတစ်ယောက်အနေနဲ့ မဖြစ်မနေ ထည့်ပြီး ပြောစေချင်တယ်လို့ ပြောမိလိုက်တယ် ။ ဘိလပ်မှာ အနေကြာပြီး မြန်မာပြည်နဲ့ အနေစိမ်းနေသူ တစ်ဦးအတွက် အနည်းငယ် နားရှုပ်သွားပုံရတယ် ။ နောက် သတင်းဆိုတာကို ခရီး
သွားဟန်လွှဲလောက်သာ စိတ်ဝင်စားမှုရှိတဲ့ လူတစ်ယောက် အနေနှင့်လည်းရခိုင်ပြည် အရေးအခင်းနှင့် ပါတ်သက်ပြီး သူတို့တွေထံမှာ အတွေ့ရများနေတဲ့ သတင်းတွေက ဘင်္ဂါလီတွေရဲ့" ရိုလိမ်ညာ " ဆိုတဲ့ နာမည်နှင့် လံကြုတ်ထားတဲ့ သတင်းတွေဖြစ်နေတော့ ကျွန်တော် ပြောလိုက်တာကို အံ့အားသင့်သွားတာလည်း ဖြစ်နိုင်တယ် ။ ဒီတော့ သူကထပ်ပြီးတော့ မေးတယ် ။
ဘိလပ်မှာ ရှိတဲ့ ထွန်းခင်နဲ့ ဝေနှင်းပွင့်သုန်တို့ အုပ်စုထောင်ထားတဲ့ လုပ်စားတောင်းစား အဖွဲ့အစည်းတို့ , ဘီဘီစီတို့ , အယ်ဂျာဇီးယားတို့မှာ ဖော်ပြနေတဲ့ သတင်းတွေ , အင်တာဗျူးတွေမှာ မြန်မာစကား ပြောနေတဲ့ ကောင်တွေက ဘင်္ဂါလီတွေလား ? " ရိုလိမ်ညာ " တွေလား ? တဲ့ ။ သူနဲ့ အတူ ပါလာတဲ့နိုင်ငံခြားသား မိတ်ဆွေကလည်း အဲဒီအကြောင်းကို စိတ်ဝင်စားမယ့် ပုံရှိလို့မင်း သိသလောက် ရှင်းပြပေးပါလားတဲ့ ။ ဒီတော့ ကျွန်တော် ဆက်ပြောရပါတော့တယ် ။
ဖြေရမှာတော့ အတော်ရှည်တယ်ကွာ မင်းတို့ အကြမ်းဖျင်းသိရအောင်တော့အတတ်နိုင်ဆုံး ဖြေပေးပါ့မယ် ,ဆိုပြီး စကားစ ရတယ် ။ ဒီ ဘင်္ဂါလီတွေ အကြောင်းကို, စပြော ရရင် ဘင်္ဂလားဒေ့ရှ် ကပဲ စပြောရလိမ့်မယ် ။ ရခိုင်ပြည်မှာရှိတဲ့ ဒုက္ခသည်ဆိုတဲ့ ဘင်္ဂလီတွေ အများစုက ဘင်္ဂလားဒေ့ရှ်က ခိုးဝင်ပြီးလာတဲ့ ကောင်တွေချည်းပဲ ။ အဲဒီကောင်တွေကို မင်းတို့ သိထားတဲ့ "ရိုလိမ်ညာ"ဆိုတဲ့အမည်ပေးကင်ပွန်းတပ်ထားပြီး တတိယ နိုင်ငံကို ရောက်နေတဲ့ကလိမ် ကုလားတွေက ၊ ဟိုဘက် နိုင်ငံတွေမှာ ထောက်ပံ့ကြေးရပြီး ဝင်ငွေဖြောင့်အောင် တိုက်ပွဲဝင်သလိုလို ၊ အခွင့်အရေး တောင်းပေးနေ သလိုလိုနဲ့မြန်မာပြည်တွင်းမှာ ရှိနေတဲ့ မွတ်စလင်တွေနဲ့ ပေါင်းပြီး လုပ်စား ဝါဒဖြန့်နေကြတာပါ ။ နောက်တစ်ခု က မြန်မာပြည်မှာရှိတဲ့ , မွတ်စလင်တွေက မွတ်စလင် မီဒီယာတွေက ဖြန့်တဲ့ သတင်းတွေကိုမှ အမှန်ထင်နေ,အဟုတ်ထင်ပြီးမွတ်စလင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူမျိုးရေး ၊ ဘာသာရေးနှိပ်ကွပ်မှုအဖြစ်ပုံစံဖော်လို့ မသိမသာ , သိသိသာသာ ဘင်္ဂါလီတွေရဲ့(၎င်းတို့ အခေါ်) "ရိုလိမ်ညာ" တွေရဲ့ နိုင်ငံသား ဖြစ်မှုထက်ပိုတဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်သတ်မှတ်ပေးဖို့အထိကို ပူးပေါင်းပါဝင်နေကြတယ်ဆိုတော့ မင်းတို့ပြောတဲ့ မြန်မာစကားပြောပြီး မတရား နှိပ်ကွပ်ခံ နေရတယ် အကြမ်းဖက်ခံနေရတယ်ဆိုတဲ့ အင်တာဗျူးတွေက အားလုံး နီးပါး ဒီက မွတ် ကုလားတွေလိမ် ညာပြောဆိုနေတဲ့ သတင်းတွေပဲ ဖြစ်တယ် ။ တကယ်တမ်း ဒုက္ခသည်ဆိုပြီးငါတို့နိုင်ငံမှာ လာရောက်ခိုကပ်နေတဲ့ ကောင်တွေက မြန်မာစကားကို လုံးဝပြောတတ်တဲ့ ၊ နားလည်တတ်တဲ့ကောင် မရှိသလောက်ပါပဲ ။
ဒီလို ဘင်္ဂလီတွေရဲ့ အနောက်မှာ ပြည်တွင်းနေ နိုင်ငံသားဖြစ်ပြီးသား မွတ်စလင်တွေရဲ့ မရိုးသားမှု ၊ စိတ်ဓါတ်သိမ်ဖျင်းမှု ၊ မြန်မာနိုင်ငံ အပေါ်သစ္စာမရှိ မကောင်းကြံစည်ပြီး ရသမျှ အခွင့်အရေးလိုချင်တပ်မက်မှုတွေကြောင့် မွတ်စလင်တွေကို မြန်မာတွေရဲ့ ဆန့်ကျင်မှုက ပိုမို လာခဲ့တာပဲ ဖြစ်တယ် ။ဘယ်လို လူမျိုးရေး , ဘာသာရေး ခွဲခြားဆက်ဆံမှုကြောင့်မှ မဟုတ်ပဲ ၎င်းတို့ရဲ့တစ်ဖက်ပိတ် အောက်တန်းကျမှုကို ဆန့်ကျင်နေကြတာပဲ ဖြစ်တယ် ။ဒီထက်အသေးစိတ်တဲ့ အကြောင်းအရာတွေကို သိချင်တယ် ဆိုလျှင်တော့တစ်နေ့ တစ်ရက်လောက်နဲ့ ပြောလို့ ကုန်မယ့် အကြောင်းတွေ မဟုတ်လေတော့ အကယ်၍ မင်းကို တစ်ဦးတစ်ယောက်က" ရိုလိမ်ညာ " ဆိုတဲ့ လူမျိုးဟာ မြန်မာနိုင်ငံ မှာ ရှိနေတယ် လို့ ပြောလာခဲ့ရင်တော့ ရဲရဲကြီးသာ ငြင်းဆန်လိုက်ပါ သူငယ်ချင်း ။
မြန်မာနိုင်ငံမှာ ရိုလိမ်ညာ ဆိုတဲ့ လူမျိုးဆိုတာ ၎င်းတို့ ကိုယ်ကို ၎င်းတို့ ခေါ်ဝေါ်နေကြတဲ့ ဘင်္ဂါလီလူမျိုး မွတ်စလင်တွေသာ ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ ငြင်းလို့ရတယ် ဆိုတာလောက်သာ မှတ်ထားလိုက်ပါကွာ ။ လို့ ဆိုပြီးကျွန်တော် စကားစကို ဖြတ်လိုက်ပါတယ် ။
ထို့နောက် သူအဖော်ဖြစ်တဲ့ နိုင်ငံခြားသားကို ကျွန်တော်ပြောပြတဲ့အချက်တွေ အခြေခံကိုးကားပြီး ရှင်းလင်းပြောဆိုပါတော့တယ် ။
သူပြောတဲ့ အကြောင်းအရာတွေရဲ့အထဲမှာတော့ So Call ရိုလိမ်ညာ ကိုတော်တော်များများ , ရဲရဲကြီး ပြောဆိုသွားတာကို ကျွန်တော် ကျေနပ်မိပါတော့တယ် ။ ပြီးတော့မှ ကျွန်တော့်ကို သူ့အဖော်က ပြောခိုင်းပါသတဲ့ ။
ဒီမြန်မာပြည်ကိုရောက်လာကတည်းက ပြည်ပမှာပြန့်နှံ့နေတဲ့ သတင်းတွေနဲ့ အတော်လေးကွာခြားမှုတွေကို တွေ့မြင်ရတာရယ် ၊ မြန်မာတွေရဲ့ ဖော်ရွေမှုကို ကိုယ်တွေ့ခံစားရတာတွေရယ်ကြောင့် စိတ်ဝင်စားမိလို့ မေးခိုင်းကြည့်တာပါတဲ့ ။ သူ့စိတ်ထဲ ဘဝင်မကျ ဖြစ်နေတာကို , သိလိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဘာညာပေါ့ ။ သူ တတ်နိုင် သလောက်လည်း၊မြန်မာပြည်ရဲ့ ကောင်းကြောင်းတွေကို ကိုယ်တွေ့အမှန် အတိုင်း သူ့မိတ်ဆွေတွေထံကို ဖြန့်ဝေပေးပါ့မယ်လို့လည်း ပြောပါသေးရဲ့ ။
အဲဒီနောက်မှာတော့ တစ်ခု ဝမ်းနည်းမိတာက ကျွန်တော်တို့ မြန်မာပြည်ကိုခုတုံးလုပ် လူမျိုးရေး ဘာသာရေး ပဋိပက္ခ အဖြစ် ပုံစံဖော် ဝါဒဖြန့်ပြီးနေတဲ့ပြည်တွင်းပြည်ပ မွတ်ကုလားတွေရဲ့မီဒီယာတွေကို ရဲရဲဝံ့ဝံ့ တုန့်ပြန်ဖြေရှင်းနိုင်တဲ့ မီဒီယာ အင်အားတစ်ရပ် တည်ဆောက်ဖို့ လိုအပ် နေသေးတာတွေ၊ညီညွတ်ကြဖို့ လိုအပ်နေကြသေးတာတွေကိုတော့ စိတ်မသက်မသာ ဖြစ်မိတာတော့ အမှန်ပါပဲ ခင်ဗျာ ။
ဦးယဉ်ကျေး ။ ။
၃၀၊၁၂၊၂၀၁၃

((( မင်းသားကြီး ဦးရွှီဘန်း ၊ ဒေးဝန်း အောင်ကျော်ရွှီ ၊ မြို့သူကြီး အောင်ကျော်ဇံ ( သို့ ) ရက္ခိုင့် သွီးမော်ကွန်းရှင်များ )))

ရခိုင့်တော်လှန်ရီးခေါင်းဆောင် ဗိုလ်ချင်းပြန် ကျဆုံးလားရေနောက်ပိုင်းမှာ ရက္ခိုင်ပြည် ပြန်ပနာ ရဟိဖို့အတွက် တော်လှန်ရီးကို လက်ဆင့်ကမ်းယူခဂတ်တေ မျိုးဆက်ခေါင်းဆောင်တိမှာ . . . မင်းသားကြီး ဦးရွှီဘန်း ၊ ဒေးဝန်း အောင်ကျော်ရွှီ ( ဗိုလ်ချင်းပြန်၏ ယောက်ဖ ) ၊ မြို့သူကြီး အောင်ကျော်ဇံရို့က ရက္ခိုင့်တော်လှန်ရီးကို ဦးဆောင်ခဂတ်တေ ။
ယင်း တော်လှန်ရီးခေါင်းဆောင်သုံးယောက်သည် အေဒီ ၁၈၂၄ ခုနှစ်မှာ ရက္ခိုင်ပြည်ကို ကျွန်ပြုထားရေ အမရပူရ ဗမာ့တပ်တိကို ရက္ခိုင်မြီက တိုက်ထုတ်ဖို့အတွက် အင်္ဂလိပ်အစိုးရနန့် ဆွေးနွေးပနာ အချက် ( ၁၀ ) ချက်ပါရှိရေ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဂတ်တေ ။
( ၁ ) ရက္ခိုင်နှင့်အင်္ဂလိပ်တို့ပူးပေါင်း၍ ဗမာတပ်များကို ရခိုင်မြေမှ တိုက်ထုတ်ရန် ။
( ၂ ) အင်္ဂလိပ်တို့ထံမှ လိုအပ်သော စစ်သုံးလက်နက်နှင့် စစ်အင်အား တစ်ချို့တစ်ဝက်ကို ကူညီပေးရန် ။
( ၃ ) စစ်ကာလအတွင်း စစ်အသုံးစရိတ်ဟူသမျှကို အင်္ဂလိပ်တို့ထံမှ ကျခံရန် ။
( ၄ ) ဗမာတပ်များကို ရက္ခိုင်ပြည်တွင်းမှ တိုက်ထုတ်ပြီးလျှင် ရက္ခိုင်မင်းသားများလက်သို့ ပြန်လည်အပ်နှံရန် ။
( ၅ ) စစ်ပြီးဆုံးသည့်အခါ စစ်အတွင်း ကုန်ကျစရိတ်များထက် ( ၂ ) ဆကို ရက္ခိုင်ပြည်သူလူထုများမှ ပြန်လည်ပေးဆပ်ရန် ။
( ၆ ) အင်္ဂလိပ်တို့အနေဖြင့် ရက္ခိုင်ပြည်သူများအား ဖိနှိပ်ဆက်ဆံခြင်းမပြုရန် ။
( ၇ ) စစ်ပြီးလျှင်ပြီးချင်း အင်္ဂလိပ်တို့သည် ရက္ခိုင်ပြည် နယ်နမိတ်ထဲမှ လုံးဝထွက်ခွါပေးရန် ။
( ၈ ) စစ်တိုက်ရာ၌ ရက္ခိုင်အမျိုးသားများက ဦးဆောင်လမ်းညွှန်ပြုရန် ။
( ၉ ) ကြည့်တပ် ရေတပ် နှစ်တပ်စလုံး၌ နှစ်ဖက်တပ်များက ညီညာတက်ကြွစွာ တာဝန်ယူကြရန် ။
( ၁၀ ) စစ်ကာလအတွင်း စားနပ်ရိက္ခာပိုင်းဆိုင်ရာများကို ရက္ခိုင်အမျိုးသားများက ထောက်ပံ့ရန် ဟူသော အချက် ( ၁၀ ) ချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြသည် ။
အေဒီ ၁၈၂၄ ခု ၊ ဇန်နဝါရီလမှာပင် စစ်ဆင်ရီးစတင်ခဂတ်တေ ။ အင်္ဂလိပ်ဖက်က စစ်ဦးစီးချုပ်အနီနန့် ဗိုလ်ချုပ်ကြီး မော်ရီဆင် ဦးစီးပြီးဂေ ၊ ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် မက်ဘိန်း ။ ရီတပ်ပိုင်းဆိုင်ရာကို ကွန်မန်ဒို ဂွန်ဟေးလ်က ဦးစီးကွပ်ကဲသည် ။ စစ်သည်အင်အားက ကိုးထောင်ကျော်ပါဝင်သည် ။
ပထမ ဗမာခံတပ်ဖြစ်တေ မောင်တောမြို့ကို အေဒီ ၁၈၂၅ ခု ဇန်နဝါရီလ ( ၃၁ ) ရက်နိ့ စစ်ချီခဂတ်တေ ။ စစ်တပ်ကို နှစ်တပ်ခွဲပနာ တစ်တပ်ကို ဗိုလ်ချုပ်ကြီး မော်ရီဆင်က ဦးစီးတိုက်သည် ။ ယင်းအချိန်မှာပင် ရက္ခိုင်အတွက် ကံဆိုးမိုးမှောင်ကျလာရေကိန်းနန့် ကြုံခလီရေ ။ အင်္ဂလိပ် - မြန်မာ ပထမစစ်ကို ရန္တပိုစာချုပ်နန့် စစ်ပြေငြိမ်းခဂတ်တေ ။
ရက္ခိုင်ပြည်နန့် တနင်္သာရီဒေသကို ဗမာက အင်္ဂလိပ်အစိုးရလက်ကို ပီးလိုက်ရရေ ။ စစ်ပြေငြိမ်းလို့ ကြားကာလရောက်တေခါ အင်္ဂလိပ်အစိုးရက ရှိစကား နောက်စကားမညီဘဲ စစ်မပြေငြိမ်းခင်ကပင် ချုပ်ဆိုခဂတ်တေ ဂတိကဝတ်စာချုပ်ကို မျက်ကွယ်ပြုပနာ ဦးအောင်ကျော်ဇံကို မြို့သူကြီးရာထူး ရုပ်ပြပီးပနာ ရက္ခိုင်ပြည်သူတိကို ဒုက္ခပီးလာရေ ။ ရက်စက်ယုတ်မာမှုတိကား ပြင်ပေါ်လာပြန်ရေ ။ 

ယင်းပိုင်နန့် အင်္ဂလိပ်တိ လူမဆန်ရေလုပ်ရပ်ကို အတိအလင်းသိလာရရေခါ ရက္ခိုင်မင်းမျိုးမင်းနွယ်တိဦးစီးရေ မင်းသားကြီး ဦးရွှီဘန်း ၊ ဒေးဝန်းကြီး ဦးအောင်ကျော်ရွှီ ၊ မြို့သူကြီး ဦးအောင်ကျော်ဇံရို့ ဦးဆောင်ပနာ ရက္ခိုင့်မျိုးချစ်တော်လှန်ရီးသမားတိနန့် ဆွေးနွေးပူးပေါင်းပြီးဂေ အင်္ဂလိပ်နန့်ယှဉ်ပြိုင်ဖက်ဖြစ်တေ ပြင်သစ်တပ် အကူအညီနန့် အင်္ဂလိပ်တိကို အဖရက္ခိုင်ပြည်က အပြီးအပိုင်နှင်ထုတ်ဖို့အတွက် စစ်ရီးအရ မဟာဗျူဟာတစ်ရပ်ကို စီစဉ်ရီးဆွဲခဂတ်တေ ။
တော်လှန်ရီးလုပ်ငန်း စတင်လုပ်ကိုင်လို့ များမကြာခင်မှာပင် ဒုတိယအကြိမ် အဖျက်အမှောင့်ဝင်လာပြန်ရေ ။ တစ်သက်စာကို တစ်ထပ်စာထင် ခွီးအမြင်ရာဟိရေ အမျိုးသားသစ္စာဖေါက် "" စံရဖွေ ၊ အောင်ကုလား "" ခေါင်းဆောင်ရေ သစ္စာဖေါက် ( ၁၆ ) ယောက်ရို့ကြောင့် ရက္ခိုင့်အမျိုးသားတော်လှန်ရီးကဏ္ဍလည်း ရီတိမ်နစ်ခလီရေ ။
သစ္စာဖေါက် စံရဖွေ ၊ အောင်ကုလားရို့ကြောင့် မင်းသားကြီး ဦးရွှီဘန်း ၊ ဒေးဝန်းကြီး ဦးအောင်ကျော်ရွှီ ၊ မြို့သူကြီး ဦးအောင်ကျော်ဇံရို့ကို အင်္ဂလိပ်အစိုးရက လက်ဦးမှုရ ဖမ်းဆီးပနာ ကာလကတ္တားထောင်မှာ အကျဉ်းချထားလီရေ ။ ယင်းအမှုကို "" Lord Maccaniey Chief Court of Calcutta "" ရုံးမှာ အကျဉ်းချစစ်ဆေးပြီး လိုပြသက်သီ သစ္စာဖေါက်စံရဖွေပါ ( ၁၆ ) ယောက်၏ နှုတ်ထွက်သက်သီကို အတည်ပြုပနာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရလီရေ ။
မင်းသားကြီး ဦးရွှီဘန်း အကျဉ်းကျခံအချိန်ကနီ အစာငတ်ခံ ဆန္ဒပြသည် ။ သီအောင်ထိ အစာငတ်ခံ ဆန္ဒပြမည်ဟု ဆုံးဖြတ်လိုက်ပြီးခါ ရက္ခိုင်ပြည်သူပြည်သား သွီးသားတိအတွက် နောက်ဆုံးအနီနန့် ပြောချင် မှာချင်ခရေ စကားကို လက်မောင်းသွီးဖေါက်ပနာ ထောင်နံရံမှာ သွီးနန့်ရွှီးလို့ သီတမ်းစာနန့် သွီးသစ္စာပြုခလီရေ ။ အစာငတ်ခံ ဆန္ဒပြရေနိ့ကပင် ( ၄၁ ) ရက်မြောက်နိ့မှာ ဘဝတစ်ပါးကို ကူးပြောင်းလားလီရေ ။
စာရှည်လားဖို့အတွက် ဖတ်ရှု့ရသူအပေါင်း ငြီးငွိ့လားပါမည် ။ အကျဉ်းချုပ်လောက်ရာ တင်ပြပါမည် ။ မင်းသားကြီး ဦးရွှီဘန်း ကျဆုံးလားခစော် နှစ်ပေါင်း နှစ်ရာကျော် ရှိလာဂေလေ့ ရက္ခိုင်ပြည်သူရို့၏ နှလုံးသားထဲမှာ ကမ္ဘာမကျီနိုင်ရေ သွီးမော်ကွန်းတစ်ခု ခင်ကျန်ခရလီရေ ။
မင်းသားကြီး ဦးရွှီဘန်း၏ ရုပ်အလောင်ကို ရက္ခိုင်ပြည်ကို ယူလာပြီးဂေ ကုလားတန်မြစ်ဝ အရှိဖက်ကမ်း ဝဖြီးချပ်တောင်တန်းအနား ပွဲကြည့်တောင်လို့ခေါ်ရေ "" မုတ်ဆိတ်တော်ဓါတ် "" တည်ဟိရေ တောင်ထိပ်မှာပင် မီးသဂြိင်္ုဟ်ပနာ အရိုးအိုးကို ဂူတည်ထားခလီရေ ။
ခိုင်ဖွား ( ပြောင်းဆိပ် ) ၏
ရက္ခိုင့်ထီးနန်း နေညိုပျောက်ကွယ်ချိန်နှင့် နှစ် ( ၂၃၀ ) သွေးမော်ကွန်းအား ရက္ခိုင်လေယူလေသိမ်းဖြင့် ပြန်ဆိုပါသည် ။

နန်းတွင်းမိညို

ဦးဝီရသူ အပေါ် အရေးယူနိုင်ဖွယ်မရှိကြောင်း သမ္မတရုံး ပြောဆို

un-protest-ygn-305.jpg
မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူက မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အပေါ် ရိုင်းပြကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန် တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ် လို့ မြန်မာ အစိုးရဘက်က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူ လို့တော့ ရနိုင်ဖွယ်မရှိကြောင်း အရိပ် အမြွက်ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက  ဒီကိစ္စနဲ့ပတ်သက် ပြီး မေးမြန်းစုံစမ်းဖို့ သာသနာရေးဝန်ကြီးဌာနကို ညွှန် ကြားထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် တရားဝင် တိုင်တန်းချက် မရရှိသေးပါဘူး၊ ပြီးတော့ ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတာမို့၊ မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင် တွယ်လို့ မရပါဘူးလို့ပြောကြားခဲ့ကြောင်း AFP သတင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ ဝေါဟာရတွေသုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဦးဝီရသူကို AFP က မေးမြန်းခဲ့ရာမှာ ဦးဝီရသူက ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ အဲဒီ့ အတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စရန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံးမရှိကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
RFA

ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး


မြန်မာနိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စု တခုဖြစ်သော ကယန်း(ပဒေါင်) တို့၏ ရိုးရာဓလေ့တခုဖြစ်သော အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများ ၀တ်ဆင်မှုကို ခုံမင်အားကျ၍ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှ ဆစ်ဒနီအမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦးကလည်း ကြေးကွင်းများ ၀တ်ဆင်ခဲ့ရာ ယခုအခါ ၁၆ ကွင်းရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့်သူမ၏ လည်ပင်းမှာ ၅ လက်မအထိ ရှည်လာခဲ့ပြီ ဖြစ်သည်။ ဆစ်ဒနီသည် တနှစ်လျှင် ထိုကြေးကွင်းများအား နှစ်ကြိမ်သာ ဖြုတ်၍ လည်ပင်းကို သုတ်သင်ဆေးကြောသည်။

သူမက လည်ပင်းအရှည် ၁ ပေအထိ ရှိချင်သည် ဖြစ်ရာ နောက် ၈ လက်မလိုအပ်နေ၍ ကြေးကွင်းများ ထပ်မံဝတ်ဆင်သွားအုံးမည် ဖြစ်ကြောင်း သိရသည်။ ဆရာဝန်များက အန္တရာယ်များကြောင်း သတိပေးထားသော်လည်း သူမက ထပ်စွပ်သွားရန် စီစဉ်လျက်ရှိသည်။

နောက်ထပ် ၈ လက်မအထိ ရှိလာရန် ကြေးကွင်းပေါင်းများစွာ ထပ်မံဝတ်ဆင်သွားရအုံးမည် ဖြစ်သည်။ သူမက ထိုကြေးကွင်းများကို ကန်ဒေါ်လာ ၁၀၀၀ အထိ အကုန်အကျခံ၍ အထူးပြုလုပ် ၀တ်ဆင်ခဲ့သည်။

ဦးခေါင်း၏ လှုပ်ရှားနိုင်မှုမှာ အကန့်အသတ်ရှိနေ၍ ကားမောင်းသည့်အခါ၊ ပါကင်ထိုးသည့် အခါများတွင် အခက်ကြုံရကြောင်း သူမက ၀န်ခံသကဲ့သို့ အစာစားသည့် ပုံစံကိုလည်း အပြောင်းအလဲလုပ်ရန် လိုအပ်လာကြောင်း ဖွင့်ဟသည်။

ဆရာဝန်က အကြံပေးသော်လည်း သူမကမူ ထိုကြေးကွင်းများကို ဖြုတ်ပစ်ရန် ငြင်းဆိုင်လိုက်ပြီး နောက်ထပ် ၅ နှစ်မပြည့်အခြား ကြေးကွင်းများ ထပ်မံဝတ်ဆင်ခြင်း ပြုအုံးမည် မဟုတ်ဟု သဘောတူခဲ့သည်။

ကယန်း(ပဒေါင်) လူမျိုးများသည် အသက် ခုနစ်နှစ်အရွယ်တွင် ကြေးကွင်း ၁ဝကွင်း စတင် ဝတ်ဆင်ကာ ငါးနှစ်သို့မဟုတ် ဆယ်နှစ်လျှင် တစ်ကြိမ် ကြေးကွင်းများကို ထပ်တိုး ဝတ်ဆင်လေ့ရှိပြီး အများဆုံး ၂၄ကွင်းအထိ ဝတ်ဆင်ကြသည်။

အဆိုပါ ကြေးကွင်းများကို ရှေးယခင်က ရွှေဖြင့် ပြုလုပ်ကြသော်လည်း ယခုခေတ်တွင် ငွေကြေး မတတ်နိုင် ကြသောကြောင့် ကြေးနှင့် ခဲများကိုသာ အသုံးပြု လာကြသည်ဟု ကယန်း (ပဒေါင်) လူမျိုးများထံမှ သိရသည်။

ဆစ်ဒနီသည် ထိုကြေးကွင်းများကို ချွတ်၍ ဓာတ်ပုံအရိုက်ခံရန် ငြင်းဆိုခဲ့သည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal