၆ ပွင့်ဆိုင်တွေ့ဆုံမှုအပေါ် သမ္မတကြီးပေးပို့တဲ့ အပိုဒ် ၇ ပိုဒ် ပါတဲ့ သ၀ဏ်လွှာဟာ အကျိုးအကြောင်း ဆီလျှော်မှု ရှိတယ်လို့ ယူဆမိတယ်။ အပိုဒ် ၇ ပိုဒ် ထဲမှာ အဓိကအနှစ်ချုပ် အပိုဒ်ကတော့ နောက်ဆုံးအပိုဒ်။နောက်ဆုံးအပိုဒ် မှာ သမ္မတရဲ့ ပြောချင်တဲ့စကားတွေ ဘာပါလဲဆိုတော့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုဟာ ကောင်းမွန်ပါတယ်။ဒါပေမယ့်.....ကိုယ်စားပြုမှု ၊ မူဘောင် တွေကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြပြီးမှ တွေ့ဆုံဆွေးနွေးတာဟာ ပိုထိရောက်အောင်မြင်မှု ရှိမယ်ဆိုတာရယ်
ပြည်သူလူထုရဲ့သဘောထားများကိုလျစ်လျူရှုလို့မရဘူးဆိုတာရယ်ကို ထောက်ပြထားတယ်။တွေ့ဆုံဆွေးနွေး
မှုမှာ ကိုယ်စားပြုမှု ဆိုတာ အတော်လေး တာသွားတယ်။
အခုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကိုပဲဖြစ်ဖြစ် ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေပဲ ဖြစ်ဖြစ် အားလုံးကို ကြည့်လိုက်ရင် ကိုယ်စားပြုမှုဟာ ဇဝေဇ၀ါ မရေမရာ။ သမ္မတဟာ အစိုးရ အဖွဲ့ကို ကိုယ်စားပြုတယ်။ကာချုပ်က တပ်မတော်ကို ကိုယ်စားပြုတယ်။လွှတ်တော် ဥက္ကှဌ နှစ်ဦးကလွှတ်တော် ကိုယ်စားပြုတယ်ဆိုတော့..ဒေါ်အောင်ဆန်းစုကြည် က ဘာကို ကိုယ်စားပြုသလဲ။ ပါတီတွေကို ကိုယ်စားပြုသလား ??? လူထု ကို ကိုယ်စားပြုသလား ???ဒီမှာသေချာတာတော့ NLD ပါတီဟာ ပါတီအားလုံးကို ကိုယ်စားမပြုဘူးဆိုတာပဲ။NLD ပါတီကို အားလုံးက ကြိုက်တယ် ထောက်ခံတယ် ကိုယ်စားပြုတယ် ဆိုရင်...ပါတီပေါင်း ၆၀ ကျော်ထပ်ရှိနေစရာ အကြောင်းကို မရှိဘူး။
ဟုတ်ပြီ။ ပါတီတွေ အားလုံးကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုရင် သန်း ၅၀ ကျော်လူထုကို ကိုယ်စားပြုသလား ဆိုတော့လည်း ပြန်လည်ဆန်းစစ်ကြည့်စရာပဲ။၂၀၁၄ အလယ်ပိုင်း လောက်မှာ ၄၃၆ ပြင်ဆင်ရေးကိုတစ်နိုင်ငံလုံး အထင်ကရ မြို့ကြီးတွေမှာ လိုက်လံ ကောက်ခံတာတောင် လူဦးရေ သန်း ၅၀ ကျော်မှာ လက်မှတ်ဟာ ၅ သန်းကျော်ပဲရတယ်ဆိုတော့ ၁၀/၁ရာခိုင်နှုန်းပဲရှိနေပြန်တယ်။ ဒီတော့ လူထု ကို ကိုယ်စားပြုတယ် ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။လူထု ခေါင်းဆောင် ဆိုတာတော့ ဘယ်သူ တင်မြောက်ပြီးချီးမြှင့်ထားတဲ့ ဘွဲ့တံဆိပ်တော်လဲမသိဘူး။သူလူထုထဲမှာ ကျွန်တော် မပါတာတော့ ကျိန်းသေတယ်။(ဒီကောက်ခံရတဲ့လက်မှတ်၅ သန်းထဲမှာ မှတ်ပုံတင်နံပါတ်မရှိသူတွေ၊ စင်္ကာပူမှာနိုင်ငံသားခံထားပြီး ရူးသလိုလိုကြောင်သလိုလိုနဲ့ နာမည်စာရင်းသွင်းထားသူတွေ၊ နာမည်တွေ ၂ခါ ၃ ခါ ထပ်နေသူတွေ ပါသေးတယ်။-ဤကားစကားချပ်)
ဒီတော့တွ့ဆုံဆွေးနွေးမှုတွေ အခါ တစ်ထောင် ၊ အခါတစ်သောင်းလုပ်နေလဲ ကိုယ်စားပြုမှုမပါရင် အလကားပဲ။အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း ဒီအတိုင်းပဲ။ တပ်ကိုယ်စားလှယ်တွေပါတယ် တပ်ကိုကိုယ်စားပြုထားတယ်။ လက်နက်ကိုင်အဖွဲ့တွေက ဦးခွန်ဥက္ကာတို့ဆို သူ့ကို ပအိုစ့်အဖွဲ့ကလည်း ကိုယ်စားမပြုဘူးလို့ တရားဝင်ထုတ်ပြန်ထားတယ်။ နောက် ဂွမ်မော်။ အပစ်ရပ်ဆွေးနွေးပွဲတက်နေရင်းနဲ့ သူလက်အောက်ခံတပ်တွေက ဆက်ကြေးကောက် မိုင်းထောင်လုပ်နေတုန်းပဲ ၊ ပစ်ခတ်မှုတွေရှိနေတုန်းပဲ၊
ရွာသားတွေကို ဖမ်းဆီးမှုတွေရှိနေဆဲပဲ။နောက်ပြီးရင်တော့ လက်အောက်ခံတပ်တွေကလုပ်တာပါ။ ကျွန်တော်တို့ အထက်က မသိရပါဘူးဆိုပြီးလုပ်တယ်။ဒီလက်အောက်ခံတပ်တွေကို မထိန်းနိုင်ပဲနဲ့ ၊ ကိုယ့်အဖွဲ့မှာ သြဇာမညောင်းပဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မိန့်မိန့်ကြီးထိုင်နေကြတာ အလကားပဲ။ အချိန်ကုန် ၊ ငွေကုန် လူပန်းတယ်။အခုလည်း ဒီ ၆ ပွင့်ဆိုင်မှာ ကိုယ်စားပြုမှု ဆိုတာသမ္မတ က ထောက်ပြထားတယ်။ကိုယ်စားပြုမှု ၊ မူဘောင်တွေ တိတိကျကျ မပါရင် ဒီ ၆ပွင့်ဆိုင်ဟာ အလကားပဲ။ဘာဆွေးနွေးမှု မှ မဟုတ်ဘူး။ ထိပ်သီးအရေးပါသူတွေကိုတပြိုင်တည်းခေါ်ပြီး အတိုက်အခံက လိုချင်တာတွေ တောင်းမယ့်ပွဲပဲ။ဒါကို ၆ ပွင့်ဆိုင်တွေ့ဆုံရေးလို့ ခေါင်းစဉ် လှအောင် တပ်ထားတာ။
တကယ်က နိုင်ငံရေးအမြတ်ထုတ်ပွဲ။ဘာဘူ ကို ကိုမောင်လှလို့ နာမည်ပြောင်းမှည့်ထားသလိုပဲ။
အခု သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာပါ အချက်တွေကို ထောက်ရှုစဉ်းစားခြင်းမပြုပဲ လျစ်လျူရှုပြီး ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတဆီကို ၆ ပွင့်ဆိုင်တွေ့ဆုံရေးကိုအမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးဆိုတာချည်း ထပ်ပြောနေတယ်ဆိုတော့..လွှတ်တော်ဥက္ကဌ ရိုးသားရဲ့လား မေးချင်စရာပဲ။
ဦးစစ်မင်း's Facebook

No comments:
Post a Comment