Thursday, February 19, 2015

မပြီးပြတ်သေးသော ၀ှိုက်ကဒ်၏ နောက်ဆက်တွဲပြသနာများ

ခိုင်အောင်ကျော် ( နယူးယောက် )
မြန်မာနိုင်ငံ လူဝင်မှူကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ- ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင် - သံအမတ်ကြီးဟောင်း ဦးလှမောင်နင့် သမတအကြံပေး ဦးစစ်အေးတို့ ၏ ၀ှိုက်ကဒ်နှင့် ပတ်သက်၍ ဖြေကြားချက်များကို ဖတ်ရသည် ။ သူတို့ တွေ၏ ဖြေကြားချက်များကို ဖတ်ပြီးသောအခါ ဤမျှလောက် လွယ်သော လူဝင်မှူပြသနာများနှင့် လာဘ်စားမှု အများဆုံးဖြစ်သော ခိုးဝင်မှူပြသနာ - နိုင်ငံရေးယုတ်မာမှူများတို့ သည် မြန်မာနိုင်ငံ၏ ပကတိကံကြမ္မာကို ဖျက်ဆီးယိုယွင်းအောင် ပြုလုပ်လေမည် မထင်ရချေ ။ သူတို့ တွေ၏ ဖြေဆိုချက်များသည်ကား အမှန်ပင်စင်းလုံးချောများဖြစ်သည် ။ ကြားရသူအပေါင်းတို့ က လက်ခမောင်းခတ်ကာ ချီးကြူး သြဘာသံများ တဖြောင်းဖြောင်းဖြင့် ပေးကြကုန်နိုင်သည် ။
ခုတော့ လက်ရှိမျက်မှောက်ကာလတွင်ကား သူတို့ တွေ၏ အပြောလွယ်သလောက် ပြီးပြတ်သွားမည့် ပြသနာမဟုတ် ။ ၀ှိုက်ကဒ်ကို တရားမ၀င်တော့ဟု ဆိုထားသည် ။ သို့ သော် မည်သည့်နေ့ ရက်တွင် လာရောက်အပ်နှံရမည် - ပြီးလျှင် စစ်ဆေးပြီး ကဒ်အသစ်တခု ထုတ်ပေးမည်ဟု ဆိုသောအခါ ဤအကြောင်းအရာကို ယထာဘူကျ တွေးတောကြည့်ရန်လိုသည် ။ မြန်မာနိုင်ငံသားတိုင်းက ၀ှိုက်ကဒ်သည် နိုင်ငံသားမဟုတ်ကြောင်းကို လက်ခံအသိအမှတ်ပြု ထားကြသည် ။ မူဆလင်ဘာသာဝင် ကုလားလူမျိုးတို့ ကမူ ၀ှိုက်ကဒ်ကို တရားမ၀င်ဟု သိမ်းဆည်းလျှင် နိုင်ငံသားကဒ် ထုတ်ပေးရမည်ဟု -NLD-မှ ကုလားမောင်ကိုနီက ထုတ်ဖေါ်ပြောနေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ ဘာကို လိုချင်တောင်းဆိုနေသနည်းဆိုသည်ကို နားလည်သဘောရန်လိုသည် ။ နိုင်ငံသားမဟုတ်၍ ယာယီပေးထားသည်ကို နိုင်ငံသားကဒ် ထုတ်ပေးရမည်ဟု ပြောဆိုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ဥပဒေရေးရာ ကျွမ်းကျင်သူ ကုလားမောင်ကိုနီကား အံ့ သြစရာဖြစ်သည် ။
ထို့ ကြောင့် မိုးပွင့်စီမံချက်သည် တော်တော်ကြီးကို အခက်အခဲများစွာနှင့် ဖြတ်သန်းတွေ့ ကြုံမည်ဖြစ်သည် ။ မလွယ်လှချေ ။ အကြောင်းမှာ သူတို့ အား ပြန်လည်စစ်ဆေးရမည်မို့  ၄င်းစစ်ဆေးမည့် အချက်ကို ခိုးဝင်သောမူဆလင်ဘာသာဝင် ကုလာလူမျိုးတို့ က လက်ခံပေးပါမည်လား ။ ၁၉၈၂-ခုနှစ် နိုင်ငံသားစီစစ်ရေးလုပ်ငန်းကို မောင်တောမြို့ နယ်နှင့် ဘူးသီးတောင်မြို့ နယ်တွင် ရာဂဏန်းပင် မပြည့်သောခိုးဝင်းဘင်္ဂလီကုလားလူမျိုးတို့ က လာရောက်အစစ်ဆေးမခံသည်ကို ၀န်ကြီးဦးခင်ရီ-ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်-သံအမတ်ကြီး ဦးလှမောင်နှင့် သမတအကြံပေး ဦးစစ်အေးတို့ က တစိုးတစိမျှ မလေ့လာခဲ့ လေသလားဟု စောကြောနေမိသည် ။ မောင်တောမြို့ နယ်နှင့် ဘူးသီးတောင်မြို့ နယ်တွင် ဘင်္ဂလီကုလားလူမျိုးများသည် သိန်းနှင့်ချီ၍ ရှိသော်လည်း အဘယ့်ကြောင့် ရဂဏန်းမပြည့်တပြည့် နိုင်ငံသားစီစစ်ဆေးတွင် လာရောက်မှတ်ပုံတင် ပြုလုပ်ကြလေသနည်း ။
ဝှိုက်ကဒ်ကို စနစ်တကျ မိုးပွင့် စီမံချက်ဖြင့် စစ်ဆေးရန်အတွက် အထူးအဖွဲ့ တခု ဖွဲ့ စည်းပေးမည်ဟုလည်း နိုင်ငံတော်မှ စီမံချက်တခုကို ချပြထားသည်ကိုလည်း ကြားရသည် ။ မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတော်၏ ပေါ်လီစီမူဝါဒရေးရာများကို အကောင်အထည် ဖေါ်ဆောင်သည့်အခါ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချူပ်ပုံပါ အခြေခံဥပဒေအတိုင်း ကျင့်သုံးရန်လိုသည် ။ လာမည့်-၂၀၁၅-ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် နိုင်ငံသားလူဦးရေစာရင်းကို အတိအကျ ထုတ်ပြန်ပေးရန်အတွက် ယခုကတည်းပင် မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း လေ့လာခန့် မှန်း၍ရသည် ။ ထို့  ကြောင့် နိုင်ငံသားများ၏ လူဦးရေစာရင်းကို အတိအကျ ဖေါ်ပြနိုင်ရန်အတွက် ပြည်သူတရပ်လုံးက ၀ိုင်းဝန်းပါဝင်ကြရန်လိုသည် ။
အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရဟန်းရှင်လူ ပြည်သူတရပ်လုံးမှာ ယခုအချိန်ထိ ၀ှိုက်ကဒ်အရေးနှင့် ပတ်သက်၍ တိကျသော အဖွဲ့ အစည်း တခုကို ဖွဲ့ စည်းနိုင်ခြင်း မရှိသေးချေ ။ ရန်ကုန်တိုင်းရှိ ရခိုင်အမျိုးသားပါတီသည် ရန်ကုန်ရောက်ရခိုင်လူမျိုးများအား ဦးဆောင်ဦးရွက်ပြုရမည့် နိုင်ငံရေးပါတီဖြစ်သည် ။ သို့ သော် ကုန်ဆုံးခဲ့သော ၀ှိုက်ကဒ်အကြောင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ၀န်ကြီး ဦးဇေါ်အေးမောင် နှင့် ရခိုင်အမျိုးသားကွန်ယက်မှ ဦးတင်ထူးအောင်တို့ ၏ လှုပ်ရှားဆောင်ရွက်မှုများကိုသာ တွေ့ မြင်ရသည် ။ ထူးခြားစွာပင် ရခိုင်အမျိုးသားပါတီရုံးမှ ဥက္ကဋ္ဌမှအစ အဖွဲ့ ဝင်များအထိ မည်သူကမျှ ဦးဆောင်လှူပ်ရှား ဆောင်ရွက်သူများကို မတွေ့ မမြင်ရချေ ။ ဤသည်မှာ ရခိုင်နိုင်ငံရေးပါတီကြီး တခု၏ အင်မတန်အားနည်းချက် တခုဖြစ်သည် ။ ၀မ်းနည်းဘွယ်ကောင်းသည် ။ ရခိုင်အမျိုးသားပါတီသည် ရန်ကုန်ရောက် ရခိုင်လူမျိုးးများကို စည်းရုံးရေးကောင်းကောင်းနှင့် ဖြစ်စေချင်သည် ။
ရခိုင်ပြည်နယ်ဖက်မှာမူ မြို့ နယ်ပေါင်းစုံ ရခိုင်အမျိုးသားပါတီမှ ၀ှိုက်ကဒ်အရေးနှင့် ပတ်သက်၍ ပြည်သူတရပ်လုံးနှင့်အတူ ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်နေသည်ကို မြင်ရသည် ။ အားရစရာကောင်းလှသည် ။ အထူးသဖြင့် ၀ှိုက်ကဒ်အရေးသည် မနေ့ ကထိ လမ်းပေါ်ထွက် ဆန္ဒပြပွဲကြီး လုပ်ခဲ့ ပြီး နောက်အပါတ်တွင် ဆက်လုပ်စရာ မလိုအပ်တော့ဟု သဘောသတ်မှတ်၍ မရသေးသောအခြေအနေများစွာ ရှိနေဆဲဖြစ်သည် ။ နိုင်ငံတော်ခုံရုံးမှ နိုင်ငံသားမဟုတ်သူကို မဲပေးခွင့် မပြု ရဟု ဆုံးဖြတ်ချက်ကို ချပေးလိုက်ပြီဖြစ်သည် ။ ခုံရုံးတင် ရုံးချိန်းလည် မရှေိတော့ပြီ ။ သို့  သော် လွှတ်တော်တွင် နိုင်ငံတော်အခြေခံဥပဒေများ၌ ကျန်ရှိနေသေးသော ၀ှိုက်ကဒ်ပြသနာများကို ဆွဲယူမလာရအောင် ပယ်ဖျက်ရန် ကျန်သေးသည် ။ ၄င်းအခြေခံဥပဒေမျာကို ပယ်ဖျက်ရန်အတွက် လူထုအင်အားများမှာ တည်တန့် ခိုင်မြဲစွာ ရှိရန်လိုနေဆဲဖြစ်သည်။
ဤအခါ ရခိုင်လူထုတို့ မှာ ကြိုတင်ဖွဲ့ စည်းထားသော ကော်မီတီတခုကို ကျစ်လစ်ခိုင်မြဲစွာ လိုအပ်နေပြီဖြစ်သည် ။ မြို့ နယ်တိုင်းမှ ပုဂ္ဂိုလ်များဖြင့် နိုင်ငံရေးအာဏာ ရရှိရန် ကော်မီတီတခုကို အမြန်ဆုံး
ဖွဲ့ စည်းထားရန် လိုနေပြီ ။ ၀ှိုက်ကဒ်ကိစ္စကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရက ကော်မီတီတခုကို ဖွဲ့  စည်းမည်ဖြစ်ရာ ၄င်းအဖွဲ့ အစည်းတွင်လည်း လူရိုသေ ရှင်ရိုသေ ရခိုင်လူမျိုးများ ပါဝင်လာမည်သာဖြစ်သည် ။ သို့ အတူ အစိုးရခန့် သော ကော်မီတီမှာ မပါဝင်သော ရခိုင်လူမျိုး လူရိုသေ ရှင်ရိုသေများကလည်း မိမိတို့  ရခိုင်ပြည်နယ်၏ သေရေးရှင်ရေးတမျှ အရေးကြီးသော ၀ှိုက်ကဒ်ပြသနာတိုက်ပွဲကို အဆုံးစွန်ထိ တပ်ဦးနေရာမှ ဦးဆောင်နေရအုံးမည်ဖြစ်သည် ။
အဘယ့်ကြောင့်ဆိုသော် ၀ှိုက်ကဒ်ကိစ္စသည် ပြောသလောက်နှင့် ပြီးစလွယ်သောလုပ်ငန်း မဟုတ်သည်ကို နားလည်ထားရန်လိုသည် ။ ဤပြသနာသည် ခိုးဝင်ဘင်္ဂလီကုလားတို့ ၏ ပြသနာ-လာဘ်စားသော လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဋ္ဌါန ပြသနာ-နိုင်ငံရေးမဲရလိုမှုကြောင့် မဲလိမ်မဲခိုးပြသနာများနှင့် ဆက်စပ်နေသော ပြသနာကြီးဖြစ်သည် ။ ယခင်က ခိုးဝင်ပြီးနှင့်သော သူများနှင့် ယခုခိုးဝင်ဆဲနေသော သူများပြသနာသည် ၀ှိုက်ကဒ်ကို အကြောင်းပြ၍ သူတို့ ၏ လူဦးရေမှာ-၅-သန်းရှိသည်ဟု ကမ္ဘာကို ကြေညာထားပြီးဖြစ်သည် ။ မြန်မာနိုင်ငံအစိုးရကမူ ၄င်းလူဦးလောက် မရှိဆိုပြီး ထုတ်ပြန်ကြေညာနေသည် ။ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က သူတို့ လူဦးရေ --၅-သန်းရှိသည်ဟု ကြေညာထားပြီး ၄င်းတို့ သာ နိုင်ငံသားဖြစ်လျှင် လက်ရှိသမ္မတ ဦးသိန်းစိန်ကို မဲပေးခိုင်းပြီး သမ္မတဖြစ်စေရန် မဲဆွယ်ပေးမည်ဟု ကြေညာထားသည် ။
မည်သည့်လူဦးရေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိုးပွင့်စီမံချက်သည် မြန်မာနိုင်ငံအစိုးရ၏ ပေါ်လီစီမူဝါဒ ဖြစ်သည် ။ ဤစီမံချက်တွင် အကောင်အထည် ဖေါ်ဆောင်ရာ၌ ခိုးဝင်သောသူများကို မည်သို့ မည်ပုံ အရေးယူဆောင်ရွက်မည်နည်း ဆိုသည်ကို တိကျစွာ ကြေညာဆောင်ရွက်ရန်လိုသည် ။ နိုင်ငံတနိုင်ငံကို ခိုးဝင်သူများအား ဖမ်းဆီးထောင်ချခြင်း -နယ်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ရသည် ။ ၀ှိုက်ကဒ်သည် နိုင်ငံသားမဟုတ်သူများကို ယာယီပေးထားခြင်းသာ ဖြစ်၍ နိုင်ငံသားမဟုတ်ဟု ဆိုထားရာ ၀ှိုက်ကဒ်ကို ခိုးဝင်းသူတိုင်းအား နိုင်ငံသားဖြစ်ေအောင် ပေးရန် ကြံစည်ထားသည်ဆိုလျှင်မူ လူထုအုံကြွမှူများနှင့် ထိပ်တိုက်တိုးရန်သာ ရှိတော့သည် ။ ထို့ ကြောင့် မိုးပွင့်စီမံချက်ကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သည်များကို ၀ိုင်းဝန်းကူညီပေးနိုင်ရန်အတွင် ရခိုင်ပြည်နယ်မှ မြို့ နယ်တိုင်း၏ ပုဂ္ဂိုလ်များက ၀ိုင်းဝန်းပါဝင်ကာ ၀ှိုက်ကဒ်ကော်မီတီတခုကို အမြန်ဆုံးဖွဲ့ စည်းရန်လိုနေပြီ ဖြစ်ပါကြောင်း --------
ခိုင်အောင်ကျော် ( နယူးယောက် )

ယာယီသက်သေခံလက်မှတ်(Temporary Identity Certificate) ကိုင်ဆောင်သူများအား ဆန္ဒမဲပေးခွင့် ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု အခြေခံဥပဒေခုံရုံး အကြောင်းပြန်သော်ငြား---။


Tinhtoo Aung 




အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၅အရ (၁၉၄၉)ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံ
တင်ရေး အက်ဥပဒေပုဒ်မ(၅)၊ပုဒ်မခွဲ(၁)ပါပြဋ္ဌာန်းချက်နှင့် (၁၉၅၁)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်
သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ(၁၃)၊ နည်းဥပဒေခွဲ(၃)ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ ယာယီ
သက်သေခံလက်မှတ် White Card များ ထုတ်ပေးခဲ့သည် ဆိုသော်ငြားလည်း ယခုအခါ မြန်မာနိုင်ငံသား
ဥပဒေအရ နိုင်ငံသားစီစစ်ခြင်း လုပ်ငန်းစဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက် သွားမည်ဟု ပြော
ကြားလာခြင်းအပေါ် လက်ရှိအစိုးရ၏ ပွင့်လင်းမြင်သာမှုတာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းတို့အား အခွင့်
ကောင်းယူ၍ တရားမဝင်ကျူးကျော် ဝင်ရောက်လာသူများမှ မသမာသည့်နည်းလမ်း မျိုးစုံဖြင့် နိုင်ငံသားကဒ် ရယူ
သွားမည်ကို ကျွန်ုပ်တို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိ ပါသည်။
သည့်အပြင် ယာယီသက်သေခံလက်မှတ် White Card ကိုင်ဆောင်သူများသည် (၁၉၅၁)ခုနှစ် ပြည်ထောင်စု
မြန်မာနိုင်ငံအတွင်း နေထိုင်သူများ နည်းဥပဒေအရ နည်းဥပဒေ(၁၃)၊ နည်းဥပဒေခွဲ(၄)ပါ ပြဋ္ဌာန်းချက်နှင့်အညီ
သက်တမ်းကုန်ဆုံးသည့် လက်မှတ်များအပ်နှံခြင်း၊ စီစစ်မှုခံယူခြင်းတို့တွင် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ
အရ ဆောင်ရွက်သော်လည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်လုပ်ငန်းစဉ်ကျွမ်းကျင်မှု တို့မရှိခဲ့လျှင် အဆိုပါအချက်များသည် ကျွန်ုပ်တို့နိုင်ငံသား အားလုံးအတွက် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို စိန်ခေါ်လာနိုင်ခြေများပင် ဖြစ်ပေလိမ့်မည်။
မကြာမှီ (၁၉၈၂)ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အကောင်အထည်ဖော် လာနိုင်သည့် လုပ်ငန်းစဉ်များအပေါ်
စဉ်ဆက်မပြတ် စောင့်ကြည့်ထောက်ပြ နေရမှာဖြစ်သလို အစိုးရဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုများ ရှိလာ
ခဲ့ရင်လည်း ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်အောင် လက်ရှိအစိုးရကို တွန်းအားပေး ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ ဒီလိုပြောဆိုနေတာဟာ အာဃတနှင့် အငြိုးတရားတွေအပေါ် အခြေမခံဘဲ တရားဥပဒေစိုးမိုးရေး
အတွက် ပြောဆိုနေခြင်းဖြစ်လို့ ကျန်သည့်နိုင်ငံသား အားလုံးအနေဖြင့် ယခုထက်ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့
လိုပါတယ်။
သည့်အတွက် (၂၀၁၅)ခုနှစ်၊ မတ်လ(၃၁)ရက်နောက်ပိုင်း လက်ရှိအစိုးရ၏ အကောင်အထည်ဖော်လာမည့်လုပ်
ငန်းစဉ်များအပေါ် ဆက်လက်စောင့်ကြည့်ကာ လိုအပ်သလိုပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်း နိုင်ငံသား
အားလုံးအား အသိပေးနှိုးဆော်အပ်ပါသည်။ ။
အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၅အရ (၁၉၄၉)ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံ
တင်ရေး အက်ဥပဒေပုဒ်မ(၅)၊ပုဒ်မခွဲ(၁)ပါပြဋ္ဌာန်းချက်နှင့် (၁၉၅၁)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်
သူများ မှတ်ပုံတင်ရေးနည်းဥပဒေများ၏ နည်းဥပဒေ(၁၃)၊ နည်းဥပဒေခွဲ(၃)ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ ယာယီ
သက်သေခံလက်မှတ် White Card များ ထုတ်ပေးခဲ့သည် ဆိုသော်ငြားလည်း ယခုအခါ မြန်မာနိုင်ငံသား
ဥပဒေအရ နိုင်ငံသားစီစစ်ခြင်း လုပ်ငန်းစဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့်ဆောင်ရွက် သွားမည်ဟု ပြော
ကြားလာခြင်းအပေါ် လက်ရှိအစိုးရ၏ ပွင့်လင်းမြင်သာမှုတာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းတို့အား အခွင့်
ကောင်းယူ၍ တရားမဝင်ကျူးကျော် ဝင်ရောက်လာသူများမှ မသမာသည့်နည်းလမ်း မျိုးစုံဖြင့် နိုင်ငံသားကဒ် ရယူ
သွားမည်ကို ကျွန်ုပ်တို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိ ပါသည်။
သည့်အပြင် ယာယီသက်သေခံလက်မှတ် White Card ကိုင်ဆောင်သူများသည် (၁၉၅၁)ခုနှစ် ပြည်ထောင်စု
မြန်မာနိုင်ငံအတွင်း နေထိုင်သူများ နည်းဥပဒေအရ နည်းဥပဒေ(၁၃)၊ နည်းဥပဒေခွဲ(၄)ပါ ပြဋ္ဌာန်းချက်နှင့်အညီ
သက်တမ်းကုန်ဆုံးသည့် လက်မှတ်များအပ်နှံခြင်း၊ စီစစ်မှုခံယူခြင်းတို့တွင် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ
အရ ဆောင်ရွက်သော်လည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်လုပ်ငန်းစဉ်ကျွမ်းကျင်မှု တို့မရှိခဲ့လျှင် အဆိုပါအချက်များသည် ကျွန်ုပ်တို့နိုင်ငံသား အားလုံးအတွက် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို စိန်ခေါ်လာနိုင်ခြေများပင် ဖြစ်ပေလိမ့်မည်။
မကြာမှီ (၁၉၈၂)ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အကောင်အထည်ဖော် လာနိုင်သည့် လုပ်ငန်းစဉ်များအပေါ်
စဉ်ဆက်မပြတ် စောင့်ကြည့်ထောက်ပြ နေရမှာဖြစ်သလို အစိုးရဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုများ ရှိလာ
ခဲ့ရင်လည်း ဥပဒေအရအရေးယူ ဆောင်ရွက်နိုင်အောင် လက်ရှိအစိုးရကို တွန်းအားပေး ရပါမယ်။ နောက်ပြီး ကျွန်တော်တို့ ဒီလိုပြောဆိုနေတာဟာ အာဃတနှင့် အငြိုးတရားတွေအပေါ် အခြေမခံဘဲ တရားဥပဒေစိုးမိုးရေး
အတွက် ပြောဆိုနေခြင်းဖြစ်လို့ ကျန်သည့်နိုင်ငံသား အားလုံးအနေဖြင့် ယခုထက်ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့
လိုပါတယ်။
သည့်အတွက် (၂၀၁၅)ခုနှစ်၊ မတ်လ(၃၁)ရက်နောက်ပိုင်း လက်ရှိအစိုးရ၏ အကောင်အထည်ဖော်လာမည့်လုပ်
ငန်းစဉ်များအပေါ် ဆက်လက်စောင့်ကြည့်ကာ လိုအပ်သလိုပူးပေါင်းပါဝင် ဆောင်ရွက်သင့်ပါကြောင်း နိုင်ငံသား
အားလုံးအား အသိပေးနှိုးဆော်အပ်ပါသည်။ ။

ကိုးကန့်စစ်အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်တွေ ထုတ်ပြန်

မာရှယ်လော အုပ်ချုပ်ရေး ဆိုတာ တာဝန်ခံ စစ် အရာရှိ ကို အာဏာ အလုံးစုံ ပေးလိုက် တာ ဖြစ်တယ် လို့ ဗဟို တရားရုံး ရှေ့နေကြီး က ရှင်းပြပါတယ်။ 
စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်တဲ့ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန် အပ်နှင်းခံရတဲ့ ဗိုလ်မှူးကြီး စောမြင့်ဦး လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ လုံခြုံရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်တွေ အပါအဝင် တရားစီရင်ရေးကိုပါ လောက်ကိုင် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး စောမြင့်ဦးကို တာဝန် ပေးထားပါတယ်။

စစ်အုပ်ချုပ်ရေး ဒေသထဲက အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ဟာ သူတို့ရဲ့ လုပ်ငန်း တာဝန်တွေကို သူ့ရဲ့ ကွပ်ကဲမှုအောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေမှာ ရှိနှင့်တဲ့ အုပ်ချူပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ယာယီ ဖျက်သိမ်းပြီး တာဝန်ခံ စစ်အရာရှိကို အာဏာ အလုံးစုံ ပေးလိုက်တာ ဖြစ်တဲ့အတွက် အဲဒီ့ စစ်အရာရှိရဲ့ သဘောအတိုင်း အားလုံး စီမံနိုင်ခွင့် ဖြစ်တယ် ဆိုပြီး စစ်အုပ်ချုပ်ရေးရဲ့ သဘာသဘာဝကို ဗဟို တရားရုံး ရှေ့နေကြီး ဦးအုံးလှိုင်က ရှင်းပြပါတယ်။

စစ်အုပ်ချုပ်ရေး ကာလ အတွင်းမှာ မတရားသင်းနဲ့ လက်နက် အက်ဥပဒေတွေ အရ ပြစ်မှုတွေ၊ လူသတ်မှု၊ မုဒိန်းမှုနဲ့ ဓားပြမှုတွေ အပါအဝင် အမှုပေါင်း ၁၆ မျိုးကို စစ်ခုံရုံးနဲ့ အကျဉ်းရုံး စီရင်နိုင်ပြီး ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြုရင် သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150218_kokang_mershal_law

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း ထုတ်ပြန်


လေးပွင့်ဆိုင် သဘောတူညီမှုနဲ့ လွှတ်တော်ကို တင်သွင်းမယ့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေကနေတဆင့် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ဖို့ ဖော်ပြပါရှိပါတယ်။

သပိတ်မှောက်ကျောင်းသားထုရဲ့ ချီတက်ဆန္ဒပြမှု ကနေ ဖြစ်ပေါ်လာတဲ့ လေးပွင့်ဆိုင်ဆွေးနွေးမှုရဲ့ ရလာဒ်ဖြစ်တဲ့အတွက် လွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေး အတည်ပြုနိုင်မယ်လို့လည်း မှန်းဆမှုတွေရှိပါတယ်။ အမျိုးသားပညာရေး ဥပဒေကြမ်း လွှတ်တော်တွင်း တင်သွင်းဆုံးဖြတ်မယ့် နောက်ဆုံးအခြေအနေ မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အစိုးရကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေနဲ့  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER-National Network for Education Reform) ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုရဲ့ သဘောတူညီချက်နဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အချောသတ်ရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနကတဆင့် လွှတ်တော်ကို တင်ပြဖို့ သဘောတူညီခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ လွှတ်တော်မှာ မဆုံးဖြတ်ခင် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူအများသိရှိ လေ့လာအကြံပြုနိုင်ဖို့အတွက် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ ကျောင်းသားထုရဲ့ တောင်းဆိုချက်နဲ့ ဖြစ်ပေါ်လာတဲ့ ဒီအမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ အမြန်ဆုံး ဆွေးနွေး ဆုံးဖြတ်နိုင်ခြေ ရှိတယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပါတယ်။

“အခု ကျောင်းသားတွေနဲ့ ဒီသဘောတူညီချက်တွေကို အစိုးရကလည်း ဟုတ်ပြီ ခင်ဗျားတို့ပြောတဲ့အတိုင်း ကျနော်တို့ ဖျက်ပေးမယ်ဆိုပြီးတော့ တင်လိုက်ပြီးတဲ့အခါကျတော့ သူက လွှတ်တော်ကို လွှဲလိုက်တဲ့အခါမှာ လွှတ်တော်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒက ဘယ်လိုရှိမလဲ ဆိုတာကိုလည်း ထည့်စဉ်းစားရတာပေါ့။ အခုကိစ္စမှာကတော့ ကျောင်းသားတွေဘက်ကလည်း သူတို့တောင်းဆိုချက်တွေ မရရင် ဆက်ပြီး သပိတ်မှောက်မယ်၊ ဘာမယ်ဆိုတာတွေ ရှိတဲ့အခါကျတော့ လွှတ်တော်ဘက်ကလည်း တော်တော်တန်တန်တော့ ပယ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေက အကျိုးနဲ့အကြောင်းနဲ့ ထောက်ပြ ဆွေးနွေးပြီးတော့ ထပ်ပြီး ပြင်တာ၊ ဖြုတ်တာတော့ လုပ်မယ်ပေါ့ ဒါ လုပ်ထုံးလုပ်နည်းအရပေါ့နော်။”

ပညာရေးဝန်ကြီးဌာနက တင်သွင်း၊ သမ္မတ လက်မှတ်ရေးထိုးပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဒီဥပဒေကြမ်းကို အခုလို အများပြည်သူသိရှိအောင် ထုတ်ပြန်တဲ့အခါ မူရင်းပြဋ္ဌာန်းပြီး အမျိုးသား ပညာရေးဥပဒေနဲ့ ယှဉ်ပြီးတော့ ဖော်ပြသင့်သလို ဒီဥပဒေကြမ်း ပြင်ဆင်ချက်အတွက် သတင်းစာထဲ ကြေညာရေးသားမှုတွေကလည်း ရှင်းလင်းမှုရှိသင့်တယ် လို့လည်း NNER ဘက်က ဦးဆောင်တင်သွင်းခဲ့သူ ဒေါက်တာ ဒေါ်ညိုညိုသင်း က ပြောပါတယ်။

“မူလ ပညာရေးဥပဒေကိုလည်း ချပြသင့်တာပေါ့နော်။ ဒါမှ ကျမတို့က ပြင်ဆင်တဲ့ဥပဒေကြမ်းကို မူလဥပဒေမသိဘဲနဲ့ နည်းဥပဒေကြီးပဲ ကြည့်ပြီး ပြောမယ်ဆိုရင်တော့ပေါ့နော် နည်းနည်း အဓိပ္ပါယ်မှားပြီးတော့ ကောက်ယူနိုင်စရာ အကြောင်းတွေ ရှိတယ်လေ။ မူလဥပဒေကိုလည်း သတင်းစာထဲမှာထည့်ပြီးတော့ ကြော်ငြာသင့်တယ်လို့ ကျမကတော့ ထင်တယ်လေ။ ဒီ ၁၄ ရက်နေ့ လေးပွင့်ဆိုင် သဘောတူညီချက်လည်းဖြစ်သည့် တခါ ကျမတို့ ၁၅ ရက်နေ့မှာ ထပ်ပြီးတော့ working group က အလုပ်လုပ်ပြီးတော့ ကျမတို့ ၃ ယောက် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ အတည်ပြုထားတဲ့ ဥပဒေကြမ်းဆိုပြီး သူတို့ ပြောလို့ပါ။ မြန်မာစာလေး မချောလို့ နည်းနည်းလေး အထင်မှားစရာ ဖြစ်နေတာပါ။”

လွှတ်တော်တွင်းမှာ တင်သွင်းပြီး ဆွေးနွေးဆုံးဖြတ်ကြမယ့် မူကြမ်းတွေကို အခုလိုအများပြည်သူ သိရှိအကြံပြုနိုင်အောင် သတင်းစာတွေမှာ ဖော်ပြပေးတဲ့အတွက် ရန်ကုန်မြို့ခံ ဦးမောင်မောင် က ကြိုဆိုပါတယ်။

“ကျနော်တို့က ဒါကိုတော့ အကောင်းမျှော်လင့်တယ်ပေါ့ ဆရာမရယ်၊ ဘာလို့လဲဆိုတော့ ဘာမှ မလုပ်ဘဲ နေနေတာမှ မဟုတ်ဘဲလေနော်။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြလိမ့်မယ်လို့ ကျနော်တို့တော့ မျှော်လင့်ပါတယ်။”

အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်တဲ့ဥပဒေကို လွှတ်တော်တွင်း တင်သွင်းဆုံးဖြတ်ဆွေးနွေးကြမယ့် ရလာဒ်အဖြေကို ကျောင်းသူ ကျောင်းသားတွေနဲ့ အများပြည်သူက စောင့်စားနေတဲ့ချိန် လွှတ်တော်တွင်း ဖြတ်သန်းရမယ့် အဆင့်ဆင့်ကို ဦးရဲထွန်းက အခုလိုရှင်းပြပါတယ်။

“ပြည်သူ့လွှတ်တော်မှာ စတင်ပြီး ဆွေးနွေးပြီးရင် တခါ အမျိုးသားလွှတ်တော်ပို့တယ်၊ တခါ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ရဲ့ သဘောထားမှတ်ချက်တွေ ကြည့်လိုက်တဲ့အခါ သဘောတူတယ်ဆိုရင်တော့ လွှတ်တော် ၂ ရပ်လုံးက သဘောတူတဲ့အတွက်ကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူတယ်လို့ အဓိပ္ပါယ်သက်ရောက်ပြီးတော့ သူက အဲ့ဒါကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ သမ္မတဆီ ပို့လို့ရတယ်။ တကယ်လို့ သဘောကွဲလွဲမှု ရှိရင်တော့ အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော်ကို တခါ ပြန်ပို့ရတယ်။ ပြန်ပို့တဲ့အခါမှာ ပြည်သူ့လွှတ်တော်က ကြည့်လိုက်တယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဟာ အမျိုးသားလွှတ်တော်က ပြင်ဆင်ထားတဲ့ဟာတွေက မှန်တယ်။ လက်ခံတယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကလည်း သဘောတူတယ်ဆိုရင် လွှတ်တော် ၂ ရပ် သဘောကွဲလွဲမှု မရှိဘူးပေါ့နော်။ ရှိတယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ တခါ ပြန်ဆုံရမယ်။ ဥပဒေကြမ်းကော်မတီက သုံးသပ်၊ သုံးသပ်ပြီးရင် သူတို့ရဲ့ သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ဘက်ကို ပြန်ရောက်၊ ပြန်ရောက်ပြီးလို့ရှိရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ပေါ့။ နည်းနည်းတော့ကြာတယ် ဒီဥစ္စာကတော့။”

အခု ပြန်လည်ပြင်ဆင်ဖို့ တင်သွင်းတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းထဲမှာ အမျိုးသားပညာရေး၊ ကျောင်းပညာရေးစတဲ့ သုံးနှုံးမှုတွေအပေါ် အစားထိုးပြင်ဆင်ချက်၊ ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်း၊ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားပိုင်ခွင့်၊ မိခင်ဘာသာ၊ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် သင်ကြားခွင့် အပါအဝင် အလွတ်ကျက် အလွတ်ဖြေစနစ်ကို ဖျက်သိမ်းပြီး သုတေသန လုပ်ဆောင်ချက်နဲ့ အခြေခံစစ်ဆေးသင့် စတာတွေနဲ့ အခမဲ့ မသင်မနေရ စနစ်၊ မသန်စွမ်းသူများ အများနည်းတူ တန်းတူသင်ကြားခွင့်၊ ပညာရေးစနစ် စီမံခန့်ခွဲမှု၊ ပညာရေးအသုံးစရိတ်ကို ၅ နှစ်အတွင်း တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်း အနည်းဆုံး သုံးစွဲခွင့် စတာတွေနဲ့ အစားထိုး ပြင်ဆင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/new-draft-education-law/2648806.html

ဂမုန်းပွင့် ကုန်တိုက် အပေါ်ထပ် ပိတ်မိနေသူတွေ ကယ်ထုတ်မှု မြင်ကွင်း





ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်မှာ ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀နာရီကျော်ဝန်ုးကျင် ကလေးကစားကွင်းကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ခုချိန်မှာ မီးကို ထိန်ုးထားလိုက်နိုင်ပြီး ကုန်တိုက်အပေါ်ထပ်ရှိ လူနေအခန်းတချို့က ပိတ်မိနေသူတွေကို မီးသတ်လှေကားကနေတဆင့် ကယ်ဆယ်ခေါ်ယူခဲ့ရပါတယ်။
ခရိုင်အဆင့် ၀ိုင်းဝန်းငြိမ်းသတ်ရတဲ့ level 3 လို့ မီးသတ်က သတ်မှတ်ထားပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း ၊ ကောင်းထက်ကျော်
DVB TV News
https://www.facebook.com/DVBTVNews

ချင်းရွှေဟော် လောက်ကိုင် အခြေအနေ

တောထဲမှာ ကျန်နေသူတွေကို ခေါ်ထုတ်ဖို့ ကြိုးစား
ကိုးကန့် လက်နက်ကိုင် တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ လောက်ကိုင်မြို့ မှာ ဒေသခံ အားလုံး နီးပါး ထွက်ပြေး သွားကြ သလို လောက်ကိုင် နဲ့ အနီးဆုံး တရုတ် နယ်စပ်က ချင်းရွှေဟော် မြို့ မှာ လည်း အလားတူ ဖြစ်နေ ပါတယ်။

ဖေဖော် ဝါရီ ၁၇ ရက် က ကြက်ခြေနီ ကားတန်း ကို လက်နက်ကိုင် လူတစု က ပစ်ခတ် လို့ လောက်ကိုင် မြို့ကို တာဝန်ရှိသူ ကလွဲလို့ တခြားသူတွေ သွားခွင့် မပြု တော့ပါဘူး ။

သတင်းယူ ဖို့ သွားတဲ့ ဘီဘီစီ သတင်းထောက် တွေကို လည်း ချင်းရွှေဟော် ထိပဲ သွားခွင့် ပြုခဲ့ပါတယ်။

ချင်းရွှေဟော် ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်း က ချင်းရွှေဟော် ရဲ့ လက်ရှိ အခြေအနေ မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် လူတွေ ကြောက်ရွံ့ ထွက်ပြေး နေကြလို့ အင်မတန် ခြောက်ကပ် နေတာ တွေ့ရကြောင်း ပြောပါတယ်။

ချင်းရွှေဟော် မြို့ ဟာလည်း ကိုးကန့် အထူး အုပ်ချုပ် ခွင့်ရ ဒေသ ဖြစ်တာမို့ စစ်အုပ်ချုပ်ရေး နဲ့ စတင် ထိန်းချုပ် နေပြီး သိန္နီ လောက်ကိုင် လမ်းမှာ ယာဉ်အသွားအလာ အတော် နည်းသွားတယ် လို့ ပြောပါတယ်။

မြေပြန့်ကနေ သွားပြီး အလုပ်လုပ်တဲ့ သူတွေ တောတွေ ထဲမှာ ကျန်နေ သေးတာမို့ အဲဒီ လူတွေကို တာဝန်ရှိ သူတွေက ခေါ်ထုတ်ဖို့ ကြိုးစား နေပြီး လောက်ကိုင် ဒေသ ကို စစ်တပ်က လုံးဝ ထိန်းချုပ်နိုင် ဖို့ နောက်ရက် တွေမှာ မြို့ထဲမှာ ကျန်နေ နိုင် သေးတဲ့ လက်နက်ကိုင် ကိုးကန့် တပ်သားတွေ ကို ရှင်းလင်းဖို့ စစ်တပ် က ပြင်ဆင် နေတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150218_chinshwehaw_bbc

ဖက်ဒရယ်ပေါ်ထွန်းရေး ကြိုးပမ်းရန် တိုင်းရင်းသားညီလာခံ သဘောတူ


ဓာတ်ပုံ - Naing Naingဓာတ်ပုံ - Naing Naing
By နန်းမြနဒီ
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားအားလုံးက လိုလားပြီး လိုလားချက်အတိုင်း လက်ညီတက်ညီ ကြိုးပမ်းဆောင်ရွက်မယ်လို့ တိုင်းရင်းသားပေါင်းစုံညီလာခံက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီက ကမကထပြု ကျင်းပတဲ့ ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားပေါင်းစုံညီလာခံအပြီး ထုတ်ပြန်ခဲ့တာပါ။

ကျားဖြူပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းတင်က “ကျနော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ၊ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းမှာ ရှေ့ဆက်ဘယ်လိုသွားကြမလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားပါတီတွေရော၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင်တွေပါ သူတို့သဘောထားတွေ လာရောက်ဆွေးနွေးတင်ပြကြတယ်။ ဒီနောက် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၀ိုင်းဝန်းကြိုးပမ်းဖို့ အပါအ၀င် အချက် ၆ ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ပါတယ်’လို့ ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးတန်းတူညီမျှရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတွေအပြင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်တဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အမြန်ဆုံးပြဋ္ဌာန်း အတည်ပြုပေးဖို့ တိုက်တွန်းမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုအဆင့်ဆင့်မှာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်းမှာရှိတဲ့ တိုင်းရင်သားပေါင်းစုံ ညီညွတ်စွာစုစည်းပြီး ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးကြိုးပမ်းသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တောင်ကြီးမှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် ရှမ်းပြည်နယ်တိုင်း ရင်းသားပေါင်းစုံညီလာခံမှာ ခမီ၊ ရခိုင်၊ ပအိုဝ်း၊ မွန်၊ ကိုးကန့်၊ အင်း၊ ဓနု၊ ချင်း၊ လီဆူးစတဲ့ တိုင်းရင်းသားပါတီပေါင်း ၂၅ ပါတီက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ကျားဖြုပါတီအပါအ၀င် နိုင်ငံရေးပါတီတချို့နဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်ပြည်ထောင်စုနေ့မှာ သဘောတူလက်မှတ်ထိုးထားပါတယ်။

DVB

Wednesday, February 18, 2015

နိုင်ငံသားဖြစ်မှုl ပြုမှုကိစ္စတွေ တော်တော်ရှင်းသွားမယ် "ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၏ပြောစကား"

့

နိုင်ငံတော်သမ္မတကသက်တမ်းကိသက်မှတ်ပေးတာမရှိခဲ့တဲ့အတွက် အဲဒီယာယီသက်သေခံလက်မှတ်ကိုင်ပြီး၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေအရ ဘယ်သူမှ နိုင်ငံသားအဖြစ် အစစ်ဆေးမခံဘဲဖြစ်နေကြတယ်။ အဲဒီအပေါ် ဒီအမိန့် ကြော်ငြာစာ က ထွက်ပေါက်တစ်ခုပဲ။ တိုင်းရင်းသားတွေစိုးရိမ်ပူပန်နေတဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူက တစ်သက်လုံးဒီလိုသွားတော့မလားဆိုပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုအတွက်လည်းလက်တွေ့ကျတဲ့ ထွက်ပေါက်  တစ်ခု ပဲဖြစ်ပါတယ်။ တစ်ဖက်ကလည်း ယာယီသက်သေခံလက်မှတ်ကိုင်ပြီး တကယ်နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက် သူကလည်းအခွင့်အရေးမရဖြစ်နေတယ်။

ဒီအပေါ်မှာ နိုင်ငံတော်သမ္မတကြီးက ACTION PLAN တစ်ခုရအောင် ကြော်ငြာချက်ထုတ်လိုက်တယ်လို့ကျွန်တော်မြင် တယ်။ ဒီအမိန့်ကြော်ငြာစာထွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တော်တော် များများက ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဒီအပေါ်မှာ တစ်ချို့တိုင်းရင်းသားတွေက စိုးရိမ်မှုတွေရှိလာတယ်။ ယာယီသက်သေခံ လက်မှတ် ကိုင်ထားတဲ့အထဲမှာ ရှမ်းပြည်နယ်ထဲက ကိုးကန့်တို့"ဝ"တို့လည်းရှိတယ်။ ဒါကိုအပ်လိုက်ပြီးရင် ငါတို့ ဘာ အထောက်အထားမှမရှိဘဲ WITHOUT PERSON ဖြစ်သွားမှာ ကြောက်တယ်။ အမှန်ကတော့ ဒီဟာသည် တကယ် နိုင်ငံသားဖြစ်သင့် ဖြစ်ထိုက်သူဟာ ဖြစ်ကိုဖြစ်သွားမယ်။ နောက်ပြီး ရခိုင်တိုင်းရင်းသားတွေဖက်က ဘာတစ်ခုစိုးရိမ်လဲ
ဆိုတော့ တပ်မတော်အစိုးရလက်ထက်မှာ ယာယီသက်သေခံလက်မှတ်ထုတ်ပေးလိုက်တယ်။ ဒီယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူဟာကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ကျတော့တစ်ဖက်နိုင်ငံက ခိုးဝင်လာတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေပေါ့ဒီရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျွန်တော်တို့နဲ့အသားအရောင်l ဘာသာစကားl ယဉ်ကျေးမှု ဘာမှမတူဘူး။ ဒီလူတွေဟာအလွယ်တကူ နိုင်ငံသားရသွားမလားလို့ စိုးရိမ်နေကြတယ်။အဲဒါနဲ့ပတ်သက်လို့ကျွန်တော်ကိုယ်
တိုင်ပင်လျှင် စိုးရိမ်ခဲ့တယ်။ ကျွန်တော်လည်းစာရွက်စာတမ်းတွေဖတ်ကြည့်လိုက်တော့ စိုးရိမ်စရာမလိုဘူးလို့ သိလာတယ်။

ယာယီသက်သေခံလက်မှတ်အပ်တဲ့အခါမှာ သူ့လုပ်ငန်းစဉ်က အပ်တဲ့သူကလဲ ပူစရာမလိုဘူး။အပ်လိုက်တာနဲ့ လက်ခံ ရရှိကြောင်း အထောက်အထားတစ်ခုထုတ်ပေးမယ်။ ဟိုဟာကသက်တမ်း သေသွားပြီ။ ပုံစံတွေဖြည့်ရမယ်။ သူကိုယ်တိုင် အင်တာဗျူးလုပ်ရမယ်။ ပုံစံတွေဖြည့်ပြီးတိုင်းလဲမရသေးဘူး။ အဲဒီပုံစံမှာလိမ်ညာဖြည့်ရင် ၁၉၈၂ ခုနှစ် ဥပဒေအရ ရာဇသ
တ်ကြီး ဥပဒေအရ အရေးယူလို့ရတယ်။ ယာယီသက်သေခံလက်မှတ်ကိုင်ထားသူဟာ အဓိကက ဒေသစကားတစ်မျိုးမျိုး ပြောတတ်ရမယ်။ စကားမပြောတတ်ရင် PASS မဖြစ်ဘူး။ အဲဒါကို ရခိုင်တိုင်းသားတွေ မသိကြဘူး။အဲဒါကို ရခိုင်တိုင်း သားရောl ကျန်တိုင်းရင်းသားတွေကိုရော အသိပညာပေးချင်တယ်။ လွယ်လွယ်ကူကူ နိုင်ငံသားဖြစ်ဖို့ ထုတ်ပေးထားတဲ့ အမိန့်မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သေသေချာချာစစ်ပြီးမှ ထုတ်ပေးမှာဖြစ်တယ်။ မြို့နယ်အဖွဲ့တစ်ခု
တည်းက ထုတ်မှာလားဆိုတော့ မဟုတ်သေးဘူး။မြို့နယ်နိုင်ငံသားl နိုင်ငံသားပြုခွင့်ရသူဆိုင်ရာစုံစမ်းစစ်ဆေးအဖွဲ့က
သေချာကျကျနနစုံစမ်းစစ်ဆေးပြီးငယ်စာရင်းတွေနဲ့တိုက်မယ်။ သူတို့ရဲ့တွေ့ရှိချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်ရဲ့ နိုင်ငံသားl နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းရေးအဖွဲ့ကို တင်ရမယ်။ ပြီးရင် ဗဟိုအဖွဲ့ကလည်း သေချာအနုလုံပဋိလုံ စိစစ်မှာဖြစ်ပါတယ်။အကုန်လုံး အဆင့်ဆင့်ပြီးမှ ဗဟိုကိုတက်လာမယ်။ ပြီးတော့ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီ သက်သေခံလက်မှတ်ကိုင်ထားသူဟာ နိုင်ငံသားဖြစ်သင့်သလားl နိုင်ငံသားပြု ရသင့်သလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်
အဲဒါကြောင့် ရခိုင်တိုင်းရင်းသားအပါအဝင် တိုင်းရင်းသားပြည်သူတွေကိုအသိပေးလိုတာက ဒီလုပ်ငန်းစဉ်မှာမှန်ကန် တဲ့သူဆိရင် မှန်မှန်ကန်ကန်ရသွားမယ်။ မမှန်ကန်တဲ့သူကတော့မမှန်ကန်သလိုဖြစ်မှာပါ။အဲဒါကြောင့် နိုင်ငံတော်သမ္မတ
ရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့် ၁၉/၂၀၁၅ ဟာ ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ ဝှိုက်ကတ်(ခေါ်) ယာယီ သက်သေခံလက်မှတ်အတွက် အကောင်းဆုံးသော ကြညာချက်ဖြစ်တယ်လို့ ယုံကြည်တယ်။

 အကောင်းဆုံးသော ရလဒ်ရမယ်လို့လည်း ယုံကြည်တယ်။ အဲဒီအတွက် တိုင်းရင်းသားl နိုင်ငံသားတွေအားလုံးက အပြုသဘောနဲ့ ကူညီ ပေးဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့နိုင်ငံမှာ တွေ့နေရတဲ့ပဋိပက္ခ ပြေလည်သွားမှာဖြစ်တယ်။ပြေလည်သွားမှ တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းတွေရရှိလာမှာဖြစ်တယ်။အဓိကတော့ နိုင်ငံတော်ရဲ့အကျိုးပြည်သူရဲ့ အကျိုးကို ဆောင်ရွက်ခဲ့တဲ့ကိစ္စဖြစ်တယ်။ အထူးသဖြင့် အဓိကရည်ရွယ်ခဲ့တာကတော့ ဒီအစိုးရ အဖွဲ့သစ် လက်ထက်မှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ သိသိသာသာ ဆောင်ရွက်လာတာတွေ့ရတယ်။ တတ်နိုင်သမျှသိသိသာသာဆောင်ရွက်ခဲ့တယ်
ဒါကြောင့်ဒီလုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်တဲ့ ဒီအမိန့်ကြော်ငြာစာကို ထုတ်ခဲ့ရတာဖြစ်တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်းယာယီသက်သေခံလက်မှတ်ကိုင်ထားသူတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ပေးပါလို့တောက်လျှောက်ပြောတယ်။ ဒီပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်း ပေးတယ်။ နောက်တစ်ခု နိုင်ငံတကာပိုင်းကလည်း ဒီလိုပြောနေကြတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ဘက် ကိစ္စတွေ မှာဆိုရင် ဒီဘင်္ဂါလီတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေးကိစ္စတွေ တတ်နိုင်သလောက်လုပ်ပေးပါလို့ နိုင်ငံတကာကလည်း ဒီလိုပြောနေကြတယ်။ ကျွန်တော်တို့နိုင်ရဲ့ အဓိကလိုအပ်ချက်တစ်ခုအနေနဲ့ရော သူတို့ပြည်သူတွေရဲ့ဆန္ဒကို ဦးထိပ်ပန်ဆင်
တဲ့အနေနဲ့ရော အမိန့်ထုတ်ပြန်ကြေညာချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်းအပေါ်မှာ နားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြည်သူအားလုံးကို ပန်ကြားလိုပါတယ်။

https://www.facebook.com/nyanddrlwin?fref=nf

NNER ၏ အမျိုးသားပညာရေးဥပဒေပြင်ဆင်မှု အမျိုးသားရေးအတွက် အန္တရာယ်ကြီး


Wednesday, February 18, 2015
လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် NNER မှ ပြင်ဆင်လိုက်သော အမျိုးသားပညာရေးဥပဒေပြင်ဆင်မှုသည် အမျိုးသားရေး အတွက် အန္တရာယ်ကြီးမားကြောင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ကန့်ကွက်လိုက်သည်။
အမျိုးသားပညာရေးဥပဒေအား ပြည်ထောင်စုလွှတ်တော် က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က သြဂုတ် ၁၉ ရက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာ လ (၁၂) ရက်နေ့နှင့် (၁၃)ရက်နေ့များတွင် ကျောင်းသားသမဂ္ဂများက ဦးဆောင်၍ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးကို ရန်ကုန်မြို့၌ ခေါ်ယူကျင်းပခဲ့ပြီး အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကာ နိုဝင်ဘာ (၁၄)ရက်မှ စတင်ပြီး ရန်ကုန်မြို့တွင် (၄)ရက် ဆက်တိုက် ဆန္ဒပြခဲ့ သည်။
ထို့နောက် နိုဝင်ဘာ ၁၇ ရက်မှ စပြီး ရက်ပေါင်း (၆၀)အတွင်း တာဝန်ရှိသူများအနေဖြင့် သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ပါက လက်ရှိပြုလုပ်လျှက်ရှိသော သပိတ် မှောက်ဆန္ဒပြုမှုထက် ပိုမိုပြင်းထန်၊ ပိုမိုကျယ်ပြန့်၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများကို ဆင်နွှဲဖော်ဆောင် သွားမည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကာ ရက်ပေါင်း ၆၀ ကျော်လွန်ပြီးနောက် မြို့ကြီးတစ်ချို့မှ ရန်ကုန်မြို့သို့ လမ်းလျောက် ချီတက်ဆန္ဒပြခဲ့ကြပြီး ပထမဆုံး လမ်းလျောက်ဆန္ဒပြမှုကို မန္တလေးမြို့တွင် ၂၀၁၅ ဇန်နဝါရီလ ၂၀ ရက် က စတင်ခဲ့ပါသည်။
ဆန္ဒပြကျောင်းသားများနှင့် NNER တို့အား အစိုးရနှင့် လွှတ်တော်မှ တာဝန်ရှိသူများအကြိမ်ကြိမ်စေ့စပ်ဆွေးနွှေးညှိနှိုင်း ကာ နောက်ဆုံးတွင် အစိုးရက ပညာရေးဥပဒေကြမ်းအား NNER က ရေးဆွဲပြီး လွှတ်တော်သို့တင်ပြပေးရန်အထိ လိုက်လျောခဲ့ပါသည်။ သို့ရာတွင် NNER က ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေကြမ်းတွင် အမျိုးသားရေးကို ထိခိုက်နိုင်သည့်အပြင် အကြမ်းဖက်သမားများအတွက် တပ်သားသစ်များ မွေးထုတ်ပေးရာ ကျောင်းများပါ တည်ထောင်ခွင့်ပြုမည့် အခြေအနေများ ပါရှိနေသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ပညာရေးဥပဒေ ပုဒ်မ ၃၄ တွင် ကျောင်းအမျိုးအစားကို အောက်ပါ အတိုင်း (၉)မျိုးသတ်မှတ်ထားသည်-
(က) အစိုးရကျောင်းများ၊
( ခ) အစိုးရအထောက်အပံ့ခံကျောင်းများ၊
( ဂ) ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းများ၊
(ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ၊
( င) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊
( စ) ပရဟိကကျောင်းများ၊
(ဆ) အထူးပညာရေးအစီအစဉ်ကျောင်းများ၊
( ဇ) ရွေ့လျားနှင့် အရေးပေါ်ကျောင်းများ၊
( ဈ) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စာ သတ်မှတ်သည့်ကျောင်းများ၊
အထက်ပါကျောင်းအမျိုးအစားများအပြင် NNER က ရေးဆွဲထားသော ပညာရေးဥပဒေကြမ်းတွင်
(ည) အခြားဘာသာ ရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ
ဟု ဘာသာရေးကျောင်းများကို ထပ်မံဖြည့်စွက်ထား သည့်အတွက် အာရဗီဘာသာသင်ကျောင်းများ၊ အစ္စလာမ်တက္ကသိုလ်များ အစရှိသည်တို့ကိုလည်း လွတ်လပ်စွာ ဖွင့်လှစ်ခွင့် ပေးရတော့မည်ဖြစ်သည်။
မူလကတည်းက ဘာသာရေးတင်းမာမှုအချို့ရှိနေသော မြန်မာနိုင်ငံတွင် ထိုသို့ အာရဗီဘာသာသင်ကျောင်းများ၊ အစ္စလာမ်တက္ကသိုလ်များကို လွတ်လပ်စွာဖွင့်လှစ်ခွင့်ပေးလိုက်ပါက မိမိတို့ဘာသာအရေးကို ရတက်မအေးဖြစ်နေကြ သည့် လူများစုက ကျေနပ်နိုင်ကြလိမ့်မည်မဟုတ်ပဲ ဘာသာရေးအဓိကရုဏ်းများအတွက် မီးပွားတစ်စ ဖြစ်လာနိုင်ပါ သည်။ ထို့ပြင် နိုင်ငံတကာတွင် တစ်နေ့ထက်တစ်နေ့ ပိုမို အန္တရာယ်များလာသော ဘာသာရေးအခြေခံအကြမ်းဖက် ဝါဒ အတွက် လူသစ်စုဆောင်းရာ အဓိက နေရာမှာလည်း ဘာသာရေးကျောင်းများဖြစ်၍ ထိုဘာသာရေးကျောင်းများ လွတ်လပ်စွာ ဖွင့်ခွင့်ပြုခြင်းသည် အကြမ်းဖက်သမားများ လွတ်လပ်စွာမွေးထုတ်ခွင့်ပြုသလို ဖြစ်သွားနိုင်ပြီး အမျိုးသား လုံခြုံရေးကိုပင် ထိခိုက်နိုင်စရာရှိပါသည်။
“အခုဆိုရင်ပဲ အာရဗီကျောင်းတွေ တစ်နိုင်ငံလုံးမှာ မှိုလိုပေါက်နေတာတွေ တွေ့နေရတယ်။ ဘယ်သူက ဘယ်လို ခွင့်ပြုနေသလဲ မသိဘူး။
ဒီကိစ္စတွေ မပြီးသေးခင်မှာ ဒေါက်တာသိန်းလွင်ရဲ့ NNER က ပြင်လိုက်တဲ့အထဲမှာ ဘာသာ ရေးကျောင်းတွေ ဖွင့်ချင်သလို ဖွင့်ခွင့်ပေးထားတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ထည့်လာတာ လို့ ထင်တယ်။ ပညာရေး စနစ် ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ လက်ခံတယ်။ ဒါပေမယ့် ပညာရေးကို အကြောင်းပြပြီး ဘာသာရေးကျောင်း တွေ လုပ်ချင်သလို လုပ်ခွင့် မပေးနိုင်ဘူး။ ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ အပြင်းအထန် ကန့်ကွက်ပါတယ်။ လွှတ်တော်အနေနဲ့ ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ အမျိုးသားရေးကွန်ရက်တွေ အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ဆန္ဒ ဖော်ထုတ်ဖို့ လုပ်သွားမှာပါ” ဟု အမျိုး ဘာသာ သာသနာ တက်ကြွလှုပ်ရှားသူ ကိုဇာနည်မောင်က ပြောသည်။
NNER အနေဖြင့် ထိုသို့ ဘာသာ၊ သာသနာနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့်အခြေအနေကို မသိ၍ပင် လော၊ သိသိနှင့် နောက်ကွယ်မှထောက်ပံ့ပေးသူများ၏ တောင်းဆိုမှုကြောင့် ဘာသာကျောင်းများကို ထည့်သွင်းထား ခြင်းလော ဆိုသည်ကို စဉ်းစားစရာရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ဘာသာရေးကျောင်းများကို လွတ်လပ်စွာဖွင့်ခွင့် သည် အထက်တွင် ဖော်ပြထားသည့်အတိုင်း ဘာသာ သာသနာနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အတွက် လွှတ်တော်မတင်ပြမီ ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။ အကယ်၍ NNER အနေဖြင့် နောက်ကွယ်မှ ဖိအားများကြောင့် ပြင်ဆင်ခြင်းမပြုနိုင်ပဲ ဘာသာရေးကျောင်းများပါ ထည့်သွင်းခဲ့မည် ဆိုလျှင်လည်း လွှတ်တော်အနေ ဖြင့် ထိုအချက်အား အတည်ပြုခြင်း မပြုရန် တောင်းဆိုပါသည်။ အကယ်၍ လွှတ်တော်ကလည်း ဘာသာရေးကျောင်း များဖွင့်လှစ်ခွင့်ကိုပါ ထည့်သွင်းအတည်ပြုမည်ဆိုပါက အမျိုးသားရေးသမားများစုစည်းညီညွတ်စွာဖြင့် ကန့်ကွက်သွား ရန် စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
MM Forward
Myanmar Online News fb Wall မှ ကူး ယူ ဖော် ပြ ပါ သည် ။

လောက်ကိုင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

လားရှိုးမှတဆင့် မန္တလေးသို့ ရောက်ရှိလာသော လောက်ကိုင်တွင် အလုပ်လုပ်ကြသည့် ကြံခုတ်လုပ်သား မိသားစုဝင်တချို့ (ဓာတ်ပုံ – တေဇလှိုင်/ဧရာဝတီ)


အစိုးရ တပ်မတော်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ အရှိန်အဟုန်မြှင့်လာသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက် လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကူညီ ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းတွင် ယမန်နေ့ကစပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် လောက်ကိုင်မြို့၌ ပိတ်မိနေသူများကို ကားများဖြင့် လားရှိုးမြိုသို့ ကူညီပို့ဆောင်ပေးနေသည့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီကို ပြောကြားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်မှ ဆရာမ မချစ်မီးက “ထပ်တက်လို့ မဖြစ်တော့ဘူး။ အခုက ကြက်ခြေနီအလံ ထောင်ထားတာတောင် ပစ်တယ်ဆိုတော့ ထပ်တက်လည်း ပစ်မှာပဲ။ ဒါပေမယ့် ချင်းရွှေဟော်အထိ ရောက်လာတဲ့အဖွဲ့တွေတော့ သွားခေါ်မှာပါ” ဟု ပြောသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ချင်းရွှေဟော်၊ ကွမ်းလုံနှင့် လားရှိုးမြို့တို့၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ထွက်ပြေး တိမ်းရှောင်လာသူများကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ ကုန်ကြမ်းမြို့နယ်၊ မော်ထိုက်မြို့နယ်ခွဲတို့၌ တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒုက္ခသည်များမှာ ထောင်ဂဏန်းအထိ ရှိနိုင်ပြီး လောလောဆယ် အခြေအနေအရ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မလွယ်ကူတော့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ဧရာဝတီကို ပြောသည်။
“သူတို့အတွက် စိုးရိမ်မှုတော့ ရှိသွားတာပေါ့။ ကယ်ဆယ်ဖို့လည်း အခက်အခဲ ဖြစ်သွားပြီ။ သူတို့နဲ့ ဖုန်းအဆက်အသွယ် ရခဲ့ရင် တနည်းနည်းနဲ့ပဲ ထုတ်လို့ ကယ်လို့ရတော့မှာပေါ့” ဟု ကယ်ဆယ်ရေးလုပ်သား ကိုဇော်မင်းထိုက်က ပြောသည်။
တိုက်ပွဲများအတွင်း ရက်သတ္တပတ်ခန့် ပိတ်မိနေသည့် ဒုက္ခသည်တချို့မှာ လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေပြီ ဖြစ်ကြောင်းလည်း မော်ထိုက်မြို့နယ်ခွဲ ကြက်ခြေနီ ဒုတိယ တပ်ရင်းမှူး ဦးစောရွှေမြင့်က ပြောသည်။
“ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်ဖို့ အခု ကျနော်တို့ ညှိနှိုင်းနေတယ်။ တပ်က သူတို့အစီအစဉ်နဲ့ ပြန်ထုတ်ပေးမယ်လို့ ပြောတယ်ဗျ” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် လောက်ကိုင်မြို့အနီး ရန်လုံကျိုင်းဒေသတွင် ကယ်ဆယ်ရေးစခန်း တခုရှိပြီး ဒုက္ခသည် ရာနှင့်ချီ ခိုလှုံလျက် ရှိကြောင်း၊ တဘက် တရုတ်နိုင်ငံ၏ နယ်စပ်မြို့ နမ်စန်တွင်လည်း ကယ်ဆယ်ရေးစခန်းတခုရှိပြီး ပြည်တွင်းမှ ဒုက္ခသည် ၁၈၀ ကျော် ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ တရုတ်ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်များမှာ ပြည်တွင်းသို့ ပြန်ဝင်လာချင်သော်လည်း တရုတ် အာဏာပိုင်များက ခွင့်မပြုကြောင်း ကယ်ဆယ်ရေး လုပ်သားတဦးက ဧရာဝတီကို ပြောသည်။
တိုက်ပွဲများကြောင့် လောက်ကိုင်-ချင်းရွှေဟော် ကားလမ်းအနီးရှိ တရုတ်နယ်စပ် တောင်တန်းများ၌ တရုတ် တပ်မတော်မှ တပ်ဖွဲ့ဝင်များ လုံခြုံရေး ရယူထားသည့်ကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတဦးက ဧရာဝတီကို ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် လောက်ကိုင်မြို့ကို ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အကြီးအကျယ် ထိုးစစ်ဆင်တော့မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိနေသည်။
ဧရာဝတီ