နိုင်ငံတော်သမ္မတကသက်တမ်းကိသက်မှတ်ပေးတာမရှိခဲ့တဲ့အတွက် အဲဒီယာယီသက်သေခံလက်မှတ်ကိုင်ပြီး၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေအရ ဘယ်သူမှ နိုင်ငံသားအဖြစ် အစစ်ဆေးမခံဘဲဖြစ်နေကြတယ်။ အဲဒီအပေါ် ဒီအမိန့် ကြော်ငြာစာ က ထွက်ပေါက်တစ်ခုပဲ။ တိုင်းရင်းသားတွေစိုးရိမ်ပူပန်နေတဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူက တစ်သက်လုံးဒီလိုသွားတော့မလားဆိုပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုအတွက်လည်းလက်တွေ့ကျတဲ့ ထွက်ပေါက် တစ်ခု ပဲဖြစ်ပါတယ်။ တစ်ဖက်ကလည်း ယာယီသက်သေခံလက်မှတ်ကိုင်ပြီး တကယ်နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက် သူကလည်းအခွင့်အရေးမရဖြစ်နေတယ်။
ဒီအပေါ်မှာ နိုင်ငံတော်သမ္မတကြီးက ACTION PLAN တစ်ခုရအောင် ကြော်ငြာချက်ထုတ်လိုက်တယ်လို့ကျွန်တော်မြင် တယ်။ ဒီအမိန့်ကြော်ငြာစာထွက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တော်တော် များများက ဝမ်းမြောက် ဝမ်းသာဖြစ်ကြတယ်။ ဒီအပေါ်မှာ တစ်ချို့တိုင်းရင်းသားတွေက စိုးရိမ်မှုတွေရှိလာတယ်။ ယာယီသက်သေခံ လက်မှတ် ကိုင်ထားတဲ့အထဲမှာ ရှမ်းပြည်နယ်ထဲက ကိုးကန့်တို့"ဝ"တို့လည်းရှိတယ်။ ဒါကိုအပ်လိုက်ပြီးရင် ငါတို့ ဘာ အထောက်အထားမှမရှိဘဲ WITHOUT PERSON ဖြစ်သွားမှာ ကြောက်တယ်။ အမှန်ကတော့ ဒီဟာသည် တကယ် နိုင်ငံသားဖြစ်သင့် ဖြစ်ထိုက်သူဟာ ဖြစ်ကိုဖြစ်သွားမယ်။ နောက်ပြီး ရခိုင်တိုင်းရင်းသားတွေဖက်က ဘာတစ်ခုစိုးရိမ်လဲ
ဆိုတော့ တပ်မတော်အစိုးရလက်ထက်မှာ ယာယီသက်သေခံလက်မှတ်ထုတ်ပေးလိုက်တယ်။ ဒီယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူဟာကျွန်တော်တို့ရခိုင်ပြည်နယ်နဲ့ကျတော့တစ်ဖက်နိုင်ငံက ခိုးဝင်လာတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေပေါ့ဒီရွှေ့ပြောင်းနေထိုင်သူတွေဟာ ကျွန်တော်တို့နဲ့အသားအရောင်l ဘာသာစကားl ယဉ်ကျေးမှု ဘာမှမတူဘူး။ ဒီလူတွေဟာအလွယ်တကူ နိုင်ငံသားရသွားမလားလို့ စိုးရိမ်နေကြတယ်။အဲဒါနဲ့ပတ်သက်လို့ကျွန်တော်ကိုယ်
တိုင်ပင်လျှင် စိုးရိမ်ခဲ့တယ်။ ကျွန်တော်လည်းစာရွက်စာတမ်းတွေဖတ်ကြည့်လိုက်တော့ စိုးရိမ်စရာမလိုဘူးလို့ သိလာတယ်။

ယာယီသက်သေခံလက်မှတ်အပ်တဲ့အခါမှာ သူ့လုပ်ငန်းစဉ်က အပ်တဲ့သူကလဲ ပူစရာမလိုဘူး။အပ်လိုက်တာနဲ့ လက်ခံ ရရှိကြောင်း အထောက်အထားတစ်ခုထုတ်ပေးမယ်။ ဟိုဟာကသက်တမ်း သေသွားပြီ။ ပုံစံတွေဖြည့်ရမယ်။ သူကိုယ်တိုင် အင်တာဗျူးလုပ်ရမယ်။ ပုံစံတွေဖြည့်ပြီးတိုင်းလဲမရသေးဘူး။ အဲဒီပုံစံမှာလိမ်ညာဖြည့်ရင် ၁၉၈၂ ခုနှစ် ဥပဒေအရ ရာဇသ
တ်ကြီး ဥပဒေအရ အရေးယူလို့ရတယ်။ ယာယီသက်သေခံလက်မှတ်ကိုင်ထားသူဟာ အဓိကက ဒေသစကားတစ်မျိုးမျိုး ပြောတတ်ရမယ်။ စကားမပြောတတ်ရင် PASS မဖြစ်ဘူး။ အဲဒါကို ရခိုင်တိုင်းသားတွေ မသိကြဘူး။အဲဒါကို ရခိုင်တိုင်း သားရောl ကျန်တိုင်းရင်းသားတွေကိုရော အသိပညာပေးချင်တယ်။ လွယ်လွယ်ကူကူ နိုင်ငံသားဖြစ်ဖို့ ထုတ်ပေးထားတဲ့ အမိန့်မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သေသေချာချာစစ်ပြီးမှ ထုတ်ပေးမှာဖြစ်တယ်။ မြို့နယ်အဖွဲ့တစ်ခု
တည်းက ထုတ်မှာလားဆိုတော့ မဟုတ်သေးဘူး။မြို့နယ်နိုင်ငံသားl နိုင်ငံသားပြုခွင့်ရသူဆိုင်ရာစုံစမ်းစစ်ဆေးအဖွဲ့က
သေချာကျကျနနစုံစမ်းစစ်ဆေးပြီးငယ်စာရင်းတွေနဲ့တိုက်မယ်။ သူတို့ရဲ့တွေ့ရှိချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်ရဲ့ နိုင်ငံသားl နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းရေးအဖွဲ့ကို တင်ရမယ်။ ပြီးရင် ဗဟိုအဖွဲ့ကလည်း သေချာအနုလုံပဋိလုံ စိစစ်မှာဖြစ်ပါတယ်။အကုန်လုံး အဆင့်ဆင့်ပြီးမှ ဗဟိုကိုတက်လာမယ်။ ပြီးတော့ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီ သက်သေခံလက်မှတ်ကိုင်ထားသူဟာ နိုင်ငံသားဖြစ်သင့်သလားl နိုင်ငံသားပြု ရသင့်သလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်
အဲဒါကြောင့် ရခိုင်တိုင်းရင်းသားအပါအဝင် တိုင်းရင်းသားပြည်သူတွေကိုအသိပေးလိုတာက ဒီလုပ်ငန်းစဉ်မှာမှန်ကန် တဲ့သူဆိရင် မှန်မှန်ကန်ကန်ရသွားမယ်။ မမှန်ကန်တဲ့သူကတော့မမှန်ကန်သလိုဖြစ်မှာပါ။အဲဒါကြောင့် နိုင်ငံတော်သမ္မတ
ရုံးက ထုတ်ပြန်လိုက်တဲ့ အမိန့် ၁၉/၂၀၁၅ ဟာ ကျွန်တော်တို့နိုင်ငံမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ ဝှိုက်ကတ်(ခေါ်) ယာယီ သက်သေခံလက်မှတ်အတွက် အကောင်းဆုံးသော ကြညာချက်ဖြစ်တယ်လို့ ယုံကြည်တယ်။
အကောင်းဆုံးသော ရလဒ်ရမယ်လို့လည်း ယုံကြည်တယ်။ အဲဒီအတွက် တိုင်းရင်းသားl နိုင်ငံသားတွေအားလုံးက အပြုသဘောနဲ့ ကူညီ ပေးဖို့လိုတယ်။ အဲဒါမှ ကျွန်တော်တို့နိုင်ငံမှာ တွေ့နေရတဲ့ပဋိပက္ခ ပြေလည်သွားမှာဖြစ်တယ်။ပြေလည်သွားမှ တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းတွေရရှိလာမှာဖြစ်တယ်။အဓိကတော့ နိုင်ငံတော်ရဲ့အကျိုးပြည်သူရဲ့ အကျိုးကို ဆောင်ရွက်ခဲ့တဲ့ကိစ္စဖြစ်တယ်။ အထူးသဖြင့် အဓိကရည်ရွယ်ခဲ့တာကတော့ ဒီအစိုးရ အဖွဲ့သစ် လက်ထက်မှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ သိသိသာသာ ဆောင်ရွက်လာတာတွေ့ရတယ်။ တတ်နိုင်သမျှသိသိသာသာဆောင်ရွက်ခဲ့တယ်
ဒါကြောင့်ဒီလုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်တဲ့ ဒီအမိန့်ကြော်ငြာစာကို ထုတ်ခဲ့ရတာဖြစ်တယ်။ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်းယာယီသက်သေခံလက်မှတ်ကိုင်ထားသူတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်ပေးပါလို့တောက်လျှောက်ပြောတယ်။ ဒီပြည်သူတွေရဲ့ လိုလားချက်ကို ဖြည့်ဆည်း ပေးတယ်။ နောက်တစ်ခု နိုင်ငံတကာပိုင်းကလည်း ဒီလိုပြောနေကြတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ဘက် ကိစ္စတွေ မှာဆိုရင် ဒီဘင်္ဂါလီတွေအပေါ်မှာ နိုင်ငံသားစိစစ်ရေးကိစ္စတွေ တတ်နိုင်သလောက်လုပ်ပေးပါလို့ နိုင်ငံတကာကလည်း ဒီလိုပြောနေကြတယ်။ ကျွန်တော်တို့နိုင်ရဲ့ အဓိကလိုအပ်ချက်တစ်ခုအနေနဲ့ရော သူတို့ပြည်သူတွေရဲ့ဆန္ဒကို ဦးထိပ်ပန်ဆင်
တဲ့အနေနဲ့ရော အမိန့်ထုတ်ပြန်ကြေညာချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်းအပေါ်မှာ နားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြည်သူအားလုံးကို ပန်ကြားလိုပါတယ်။

https://www.facebook.com/nyanddrlwin?fref=nf

No comments:
Post a Comment