Monday, June 29, 2015

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များအပေါ် ဖိစီးနှိပ်စက်မှုများ


Oppositeyes /

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်ကုန်းဒေသ၌ ရှေးဦးမူလကပင် ဗုဒ္ဓဘာသာဝင်မျိုးနွယ်စုများနေ
ထိုင်ခဲ့ကြသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူဦးရေအဆမတန်တိုးမြင့်လာသည်တွင် ဘင်္ဂလားဒေ့ရှ်
အစိုးရမှ ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားမျိုးနွယ်များ စစ်တကောင်းတောင်ကုန်းဒေသမှ ထွက်ပြေးပြီး ဘင်္ဂါလီမျိုးနွယ်စုများက အစားထိုးနယ်မြေသိမ်းပိုက်နိုင်စေရန် ဘင်္ဂါလီမူဆလင် အယောက် ၄၀၀၀၀၀ အား ထိုဒေသသို့ စေလွှတ်၍ ဗုဒ္ဓဘာသာဝင်များအား အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများကို လုပ်ဆောင်စေခဲ့
သည်။ အရှေ့အလယ်ပိုင်းမှ ဆွန်နီဆာလီဖီများ၏ ငွေကြေးအကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များအား လူမျိုးတုန်းသတ်ဖြတ်ခြင်းများကို စနစ်တကျလုပ်ဆောင်ခဲ့သည်။

ဂျမ္မာမျိုးနွယ်စု

ဂျမ္မာမျိုးနွယ်စုဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်ကုန်းဒေသ၌ နေထိုင်လျက်ရှိကြသော
ရှေးဦးမူလကတည်းက နေထိုင်လာကြသည့် တိုင်းရင်းသားလူမျိုးများကို ပေါင်းစုခေါ်ဆိုသော
အမည်ဖြစ်သည်။ ဂျမ္မာမျိုးနွယ်စုတွင် ချက္ကမာ့၊ မာရ်မာ၊ ထရီပူရီ၊ တန်ချန်ဂျာ၊ ချာ့က်၊ ပန်ခို၊ မရူ၊ ဘွန်၊ လူရှေ၊ ခရန်း၊ ဂေါ်ရ်ခါး၊ အာသမ်၊ စန်တာ့လ် နှင့် ခူမီး လူမျိုးများပါဝင်သည်။

ဂျမ္မာဟူသော အမည်သည် "ဂျမ် လယ်သမား" ဟု အဓိပ္ပါယ်ရပြီး "ဂျမ်စိုက်ပျိုးထွန်ယက်ခြင်း" သို့မဟုတ် တောင်သူယာခုတ်စိုက်ပျိုးခြင်း မှ ဆင်းသက်လာသည်။ ၎င်းတို့ကို "ပဟာရီ" ဟုလည်း ခေါ်ဆိုကြပြီး အဓိပ္ပါယ်မှာ "တောင်ပေါ်သားများ" ဖြစ်သည်။

ဂျမ္မာများသည် ဘင်္ဂလားစကားပြောသော ဘင်္ဂါလီမျိုးနွယ်များနှင့် မသက်ဆိုင်သည့် တီဗက်တို-ဘားမန်းဘာသာစကားများကို ပြောဆိုကြသည်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာတွင်လည်း လုံးဝတူညီခြင်း
မရှိပေ။ ဂျမ္မာအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အနည်းငယ်သော ဟိန္ဒူနှင့် ခရစ်ယာန်များ
လည်းရှိသည်။ အစ္စလာမ်ဘာသာဝင် မရှိသလောက်ဖြစ်သည်။ ထို့ပြင် ဂျမ္မာများသည် ဘာသာရေးဆိုင်ရာရိုးရာဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းကြသည်။

နည်းလမ်းနှစ်သွယ်

ဘင်္ဂလားဒေ့ရှ်အစိုးရမှ တိုင်းရင်းသား ဂျမ္မာများကို ဖယ်ရှားရန်ကြိုးပမ်းရာ၌ ၁။ ဆင်းရဲသားဘင်္ဂါလီများကို နေရာချပေးခြင်း ၂။ အချစ်ဂျီဟာ့ဒ် ဟူသော နည်းလမ်းနှစ်သွယ်ကို အသုံးပြုသည်။

ဆင်းရဲသားဘင်္ဂါလီများကို နေရာချပေးခြင်းဟူသည်မှာ လွန်စွာမြင့်မားလာသော လူဦးရေတိုးပွားမှုအရှိန်မြင့်
လာချိန်တွင် အိမ်မရှိ၊ ယာမရှိ၊ ဆင်းရဲသား မူဆလင်များကို ဗုဒ္ဓဘာသာအရပ်ဒေသများသို့ စေလွှတ်ပြီး အမျိုးမျိုးသော အခွင့်အရေးများကို တောင်းဆိုစေသည်။ ဒေသခံများက မလိုက်လျောနိုင်သောအခါ အစိုးရ၏ လျှို့ဝှက်ကြိုးကိုင်မှုဖြင့် အကြမ်းဖက်မှုများကို ကျူးလွန်စေခြင်းဖြစ်သည်။

အချစ်ဂျီဟာ့ဒ်ဆိုသည်မှာ မူဆလင်ဘင်္ဂါလီများ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့က ဂျမ္မာအမျိုးသမီးငယ်များ၊ ကလေးငယ်များကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ကာ သတ်ပစ်ခြင်း သို့မဟုတ် ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ကာ ယင်းကိုလက်နက်တစ်ခုသဖွယ်အသုံးပြု၍ အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ဝင်ရောက်စေခြင်းများဖြစ်သည်။

ဓာတ်ပုံများအညွှန်း


ပုံ( ၁ ) — ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့က ရန်ဂါမာတီတောင်ကုန်းဒေသ၊ အတာရတ်ချာရယူနီယံ၊ အာလ်ထရာချာရီ မူဇီဧရိယာ၌ ဗုဒ္ဓဘာသာဝင် ဂျမ္မာမိန်းကလေးငယ် အသက် ၁၁ နှစ် အရွယ် ဆူဂျာတာ ချာ့ကမာကို ရွှေ့ပြောင်းအခြေချသူ မူဆလင်ဘင်္ဂါလီတစ်ဦးက မုဒိမ်းကျင့်၊ သတ်ပစ်ခဲ့သည်။ မူဆလင်ရွှေ့ပြောင်းအခြေချသူများသည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အားပေးပံ့ပိုးမှုဖြင့် တိုင်းရင်းသား
ဂျမ္မာများပိုင် လယ်မြေယာမြေများကို တဖြည်းဖြည်းနှင့် ဝါးမြိုနေကြသည်။ ဆူဂျာတာ ချာ့ကမာသည် သူမ၏တူ အသက် ၅ နှစ်အရွယ် တူကလေး ထရီရာတနာ ချာ့ကမာနှင့်အတူ ရွာမှ ကီလိုမီတာဝက်ခန့်ဝေးကွာသောနေရာ၌ နွားကျောင်းလျက်ရှိသည်။ ထရီရာတနာ ချာ့ကမာ၏ပြောပြချက်အရ မုတ်ဆိတ်ဖွား ဘင်္ဂါလီမူဆလင်တစ်ယောက် ရောက်လာပြီး ဆူဂျာတာအား ဆာဒါချာရာဘက်ဆီသို့ အဓမ္မ ခေါ်ဆောင်သွားသည်။ ရွာသားများ အခင်းဖြစ်ပွားရာနေရာသို့ အပြေးရောက်လာကြသည်။ သို့သော် ဆူဂျာတာမှာ ရက်ရက်စက်စက် အသတ်ခံရပြီးပေပြီ။ သူမ၏ လည်ပင်းပင် ဓားမ သို့မဟုတ် ဓားရှည်ဖြင့် အားပါပါ ခုတ်ဖြတ်ခံရမှုကြောင့် ပြတ်လုနီးနီး ဖြစ်နေပေသည်။


ပုံ( ၂ ) — တိုင်းရင်းသားဂျမ္မာဗုဒ္ဓဘာသာဝင်တစ်ဦး အိမ်ရှိကျန်ရစ် ဗုဒ္ဓရုပ်ပွားတော်များအား ရှိခိုးနေပုံ။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ညနေလး ၅ နာရီခွဲခန့်အချိန်တွင် စာသင်ကျောင်းတစ်ခုအပါအဝင် ဂျမ္မာတိုင်းရင်းသားများအိမ် အနည်းဆုံး ၂၃ လုံးအား ရန်ဂါမတီခရိုင်၊ လောင်ဂါဒူ အပ္ပါဇီလာ
လက်အောက်ခံ၊ ဂူလ်ရှာခါလီယူနီယံရှိ ဘင်္ဂးဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ၏ နောက်ခံပံ့ပိုး
မှုဖြင့် တရားမဝင် ဘင်္ဂါလီမူဆလင် ရွှေ့ပြောင်းအခြေချသူ အယောက် ၂၀၀-၂၅၀ ခန့် ရှိသော အုပ်စုတစ်ခုက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်များကို တစ်လုံးပြီးတစ်လုံး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်သမားများ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဂျမ္မာမျိုးနွယ်စုခေါင်းဆောင်များက နယ်မြေအုပ်ချုပ်ရေးအဖွဲ့အား အကြောင်းကြားခဲ့သည်။ သို့ရာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများကို မည်သည့်အရေးယူမှုမှ မပြုခဲ့ချေ။ ပြောင်းပြန်ဆိုသလိုပင် ဘင်္ဂါလီမူဆလင်များ၏ အကြမ်းဖက်မီးရှို့မှုကို လောလောလတ်လတ်ခံထားရသော ဂျမ္မာများမှာ ထိုသို့တိုင်ကြားသည့်အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ကျန်ရှိအိမ်များကို စီးနင်း၊ တွေ့ကရာလူများကို ရိုက်နှက်ထိုးကြိတ်သော မတရားနှိပ်စက်မှုများကို ထပ်မံခံကြရသည်။


ပုံ( ၃ ) — ဂျမ္မာအမျိုးသမီးများ၊ မိန်းမပျိုများမှာ တောအုပ်ထဲတွင် တစ်ယောက်ထဲရှိနေစဉ် သို့မဟုတ် မြစ်ထဲသို့ ရေချိုး/ရေခပ်သွားစဉ်တွင် မကြာခဏ အကြမ်းဖက်တိုက်ခိုက်ခံရလေ့ရှိသည်။ စစ်တကောင်းတောင်ကုန်းဒေသရှိ အဖြစ်အပျက်၊ အချက်အလက်များကို မီဒီယာများ မသိရှိစေရန်အတွက် - ဂျမ္မာမျိုးနွယ်စုဝင်များသည် နိုင်ငံခြားသားများ သို့မဟုတ် စစ်တကောင်းတောင်ကုန်းဒေသအပြင်ဖက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို စစ်သားတစ်ဦး သို့မဟုတ် အစိုးရအရာရှိတစ်ဦး၏ရှေ့မှောက်မှ မဟုတ်လျှင် စကားမပြောရဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ထားသည်။
[reference: NGO Survival, the global movement for tribal peoples’ rights.]


ပုံ( ၄ ) — မီးရှို့တိုက်ခိုက်ခြင်းသည် တရားမဝင် မူဆလင်ရွှေ့ပြောင်းအခြေချသူများက ဂျမ္မာများအပေါ် အသုံးပြုနေကျ လက်နက်တစ်ခုဖြစ်သည်။ ပုံမှာ တိုင်းရင်းသားအကြောင်းမဲ့ မူဆလင်မီးရှို့တိုက်
ခိုက်မှုကြောင့် အရာရာဆုံးရှုံးသွားသော ဂျမ္မာမိသားစုတစ်ခု စိတ်ပျက်လက်ပျက် ထိုင်နေကြပုံ ဖြစ်သည်။


ပုံ( ၅ ) — သက်သက်မဲ့ ဘာသာရေးနှိပ်ကွပ်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ နောက်ခံပံ့ပိုးမှုဖြင့် တရားမဝင်မူဆလင်ရွှေ့ပြောင်းအခြေချသူများက ဗုဒ္ဓဘာသာဘုရားကျောင်းကန်များကို မီးရှို့ဖျက်ဆီးကြပြီး ဂျမ္မာများကိုလည်း "အစ္စလာမ်သို့ ဘာသာကူးပြောင်းလျှင်ပြောင်း၊ မပြောင်းလျှင် လယ်မြေယာမြေများကိုစွန့်လွှတ်" ဟု အဓမ္မ အနိုင်ကျင့်ကြသည်။


ပုံ( ၆ ) — စစ်တကောင်းတောင်ကုန်းဒေသသို့ လာရောက်အခြေချသူများမှာ မြေမဲ့ယာမဲ့ဘင်္ဂါလီ
စကားပြော မူဆလင်များဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်မြေပြန့်ဒေသမှ လာရောက်သူများ ဖြစ်ကြသည်။ အများစုမှာ စစ်တကောင်း၊ နိုဝါခါလီ၊ ကိုမစ်လာ၊ ဆစ်လ်ဟတ် မြေပြန့်ဒေသများမှ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်တပ်မှ ဆင်းရဲသားဘင်္ဂါလီမူဆလင်မိသားစုများကို ငွေကြေးဖြင့်မြှူဆွယ်ကာ စစ်တကောင်းတောင်ကုန်းဒေသ၌ မြေကွက်လပ်ရစေ့မည်ဟု ကတိပေးပြီး နေထိုင်စေခြင်းဖြစ်သည်။ အမှန်တကယ်မရိုးသားသော ရည်ရွယ်ချက်အမှန်မှာ မူဆလင်ဘင်္ဂါလီများက နဂိုရ်မူလရှိ တိုင်းရင်းသားများထက် အင်အားသာလွန်ပြီး ဂျမ္မာဗုဒ္ဓဘာသာဝင်များ ၎င်းတို့ဘိုးဘွားပိုင်မြေများမှ စွန့်ခွာထွက်ပြေးစေရေးဖြစ်သည်။


ပုံ( ၇ ) — ဘင်္ဂလားဒေ့ရှ်နှင့် ဘန်ဂေါလ်သည် မြန်မာနိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိရာ
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ရင်းမြစ်မှာ ထိုနယ်မြေများမှ ဘင်္ဂါလီမူဆလင်များက မြန်မာနိုင်ငံတွင်းသို့ တရားမဝင်ခိုးဝင်ရောက်မှုကြောင့်ဖြစ်သည်။

မျိုးမင်းသန့်




Visit website

Thursday, June 25, 2015

တရုတ်ပြည်တွင် ရာမဒန်ဥပုသ်တားမြစ်မှုကိုအကြောင်းပြု၍ မူဆလင်များက ရဲစခန်းများကို ဓားများ၊ ဗုံးများဖြင့်တိုက်ခိုက်၊ ၁၈ ဦး သေဆုံး

တနင်္လာနေ့က အစိုးရမှ ရာမဒန်ဥပုသ်မစောင့်ရန်တားမြစ်မှုကို လက်စားခြေသည့်အနေဖြင့် တရုတ်ပြည်နေမူဆလင်များက ယာဉ်ရပ်တန့်စစ်ဆေးစခန်းများနှင့် ရဲများကို ဓားများ၊ ဗုံးများဖြင့်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးသည်။
တိုက်ခိုက်မှုသည် တောင်ပိုင်း ကက်ရှဂါစီးတီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကက်ရှဂါ၌ ဝီရ်ဂါနှင့် ဟန်တရုတ်များကြား အခြေအနေတင်းမာ၊ သွေးမြေကျမှုများ ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့်အပတ်က တရုတ်အစိုးရက ပြည်သူ့ဝန်ထမ်းများ၊ ကျောင်းသားများနှင့် ဆရာများ ရာမဒန်ဥပုသ်မစောင့်ရ၊ စားသောက်ဆိုင်များလည်း ဖွင့်မြဲဖွင့်ရမည်ဟု အမိန့်ထုတ်ပြန်တားမြစ်ခဲ့သည်။
မူဆလင်အကြမ်းဖက်သမားများက ကက်ရှဂါ၊ တာ့ဟ်ကိုရက်ရပ်ကွက်၌ မီးပွိုင့်ကို ကားအမြန်မောင်းဖြတ်ကျော်ကာ ဓားများ၊ ဗုံးများဖြင့် ရဲအရာရှိအများအပြားကို သတ်ပစ်ခဲ့သည်။
ဖြစ်ရပ်နှင့်မလှမ်းမကမ်းရှိ တာ့ဂ်အန်မီမတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက U.S.-based Radio Free Asia သို့ ပြောကြားရာ၌ ၎င်းတို့ကလည်း အစ္စလမ္မစ်အကြမ်းဖက်သမား ၁၅ ဦးကို ရှင်းလင်းနိုင်လိုက်သည်ဟု ဆိုသည်။
http://www.dailymail.co.uk/news/article-3137211/At-18-people-killed-knife-bomb-attack-Chinese-Muslims-police-checkpoint-atheist-government-bans-fasting-Ramadan.html

Myo Min Thant


ထိုင်းနယ်စပ် စစ်ရေးတင်းမာမှု ၀ နှင့် မိုင်းလား အထူးဒေသသို့ ကယက်ရိုက်



ဂျွန် ၁၆ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ စစ်ရေးပြေလည်မှု မရှိခင် အထူး ဒေသ (၂) ၀ နယ် နှင့် အထူးဒေသ (၄) မိုင်းလား အထိ ကယက်ရိုက်ကာ စစ်ရေးပြင်ဆင် မှု များပြုလုပ် နေေ ကြာင်း ဒေသခံများကပြောသည်။

သစ်တောကြိုးဝိုင်းအတွင်း သစ်ထုပ်လုပ်မှု ပြဿနာကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင် နှင့် မိုင်းဆတ်မြို့နယ် အတွင်း ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုကြောင့် တရုတ် နယ်စပ်နေ အထူးဒေသ (၂) ၀ ထိန်းချုပ် နယ်မြေ နှင့် အထူးဒေသ (၄) မိုင်းလား တပ် ထိန်းချုပ် နယ်တွင် လည်း စစ်ရေးပြင်ဆင်မှုရှိနေကြာင်း ဒေသခံ များက ပြော သည်။

“တောတောင်ထဲ ခြံသွားခုတ်နေတဲ့ တပ်သားအားလုံးတပ်တွင်းပြန်ပြီး အသ င့်ပြင် ထားဖို့ပြောတယ်။ ဒီကနေ့ အထိဘဲ၊ ဘယ်မှ မသွားခိုင်းသေးဘူး။ ကျနော်တို့ တပ်မဟာ ၄၆၈ အပါအဝင် အားလုံးဘဲ၊ ဘာ့ကြောင့်လဲ ဆိုတာေ တာ့ မသိ ဘူး” - ဟု ၀ တပ်သား ယီ့ဆုတ် ကပြောသည်။

အဆိုပါ ကိစ္စအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းဖြေ ဆိုခြင်း ငြင်းဆိုခဲ့ သည်။

တာချီလိတ် နှင့် မိုင်းဆတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသော် လည်း ၀ နှင့် မိုင်းလား အထူး ဒေသ အနီးသို့ စစ်ရေးထူးခြားလှုပ်ရှားမှု မရှိကြောင်း တြိဂံတိုင်း အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည်။

“၁၃ ရက်နေ့တုန်းကတော့ ၂၄ နာရီအတွင်း ၀ တပ်ဖြန့်ထားမှု အားလုံး ရုပ် သိမ်းပြီး နေရပ်ပြန်ဖို့ စကခ ၁၄ က ညွှန်ကြား။ ၁၄ ရက်နေ့ ညနေပိုင်း မှာ ၀ တွေ မိုင်းဆတ် - တာချီလိတ်ကြား (မိုင်းဆတ်အထွက် ၁၀ မိုင် အလွန် မိုင်းတွမ်းအနီး) လွယ်ဆမ်ဆုမ် တောင်ကြားကနေ တပ်ဆုတ်ပြန်တော့ အခြေအနေက နည်းနည်း လေး ပြေလျှော့သွားပြီ ၊ မိုင်းတုံ - ပုံပါကျင်ဘက် မှာလဲ နှစ်ဘက်စလုံး က လူထုသွားလာဖို့ ခွင့်ပြုလိုက်ပြီ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မြန်မာအစိုးရ တို့သည် ၁၉၈၉ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ စစ်ရေးမတည်ငြိမ်မှုများကြောင့် စစ်ရေးတင်းမာမှုများရှိခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ပျက်ပြယ် သွားသည့်အဆင့် မရှိခဲ့ဖူးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


လူမှောင်ခိုလှေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက် သြစတေးလျှ ၀န်ကြီးချုပ် လက်မခံ


လှေစီးပြေးတွေကို တင်လာတဲ့ လူမှောင်ခို စက်လှေတစ်စီးကို သြစတေးလျှ ရေတပ်သင်္ဘောက ငွေပေးပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်လှည့်ခိုင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သြစတေးလျှ ၀န်ကြီးချုပ် Tony Abbott က ငြင်းဆိုလိုက်ပါတယ်။

ဒါပေမယ့် ၀န်ကြီးချုပ်က ခိုလှုံခွင့်တောင်းခံမယ့် လှေစီးပြေး လှေတွေ သြစတေးလျှကို မရောက်လာအောင် တားမြစ်နိုင်ဖို့ ကိုင်တွယ် ဖြေရှင်းမှုတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို လှေစီးပြေးတွေကို ငွေပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို သြစတေးလျှ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေကလည်း ငြင်းဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အထူး စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက် Nusa Tenggara ပြည်နယ်က ရဲတွေကတော့ စက်လှေတစီးက စက်လှေမောင်းသူနဲ့ အဖွဲ့ကို လူမှောင်ခိုမှုနဲ့ မေလကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေ့ရှ်၊ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံတို့က ထွက်ပြေးလာတဲ့ လှေစီးပြေး ရွှေ့ပြောင်းလာသူတွေကတော့ သူတို့တွေ နယူးဇီလန်အသွား လမ်းမှာ သြစတေးလျှ ရေတပ်သင်္ဘော တစီးက ကြားဖြတ်ပြီး သင်္ဘောပေါ်ပါ လူဝင်မှုကြီးကြပ်ရေးအရာရှိက သူတို့ တစ်ယောက်ချင်းကို သြစတေးလျှ ဒေါ်လာ ၅ ထောင်စီပေးပြီး အင်ဒိုနီးရှားကို ပြန်လှည့်ခိုင်းခဲ့တယ်လို့ ရဲအရာရှိတွေကို ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား ဒေသခံ ရဲအရာရှိ အကြီးအကဲဖြစ်သူကတော့ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ပိုက်ဆံတွေကို တွေ့မြင်ခဲ့ရတာပါလို့ အေအက်ဖ်ပီ ကို ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေရှားပါးမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်

Photo Caption: ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သောက်သုံးရေ လှူဒါန်းမှုအားတွေ့ရစဉ်။ Photo: Kaing Kg San Facebook
ရန်ကုန်၊ ဇွန် ၁၁- မိုးရာသီရောက် ရှိပြီး ဖြစ်သော်လည်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ များ သောက်သုံးရေရှားပါးမှုများနှင့် ကြုံ တွေ့နေရကြောင်း ရခိုင်ပြည်နယ် ဝက်လက်ဖောင်ဒေးရှင်းမှသိရသည်။

ယင်းဒေသတွင် သောက်သုံး ရေရှားပါးမှုများနှင့် ကြုံတွေ့နေရသည်မှာ မေလ အတွင်း ကတည်းက ဖြစ်ကြောင်းသိရသည်။

ဝက်လက် ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ''ကျွန်တော်တို့ ပုဏ္ဏားကျွန်း မြို့နယ်မှာ သောက်သုံး ရေရှားပါးမှု ဖြစ်နေတာ ကျေးရွာ ပေါင်း နှစ်ဆယ်နီးပါးလောက်ရှိပါ တယ်။ အခုအချိန်အထိမိုးကကောင်းကောင်း မရွာသေးဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးရွာတယ်။ ဒါပေမဲ့လဲ ရေတွေက လုံးဝနောက်နေတော့ သုံးလို့ မရဘူးဖြစ်နေ တယ်။ အရင်နှစ်တွေက သောက် သုံးရေရှားတာအဲဒီလောက် မဆိုး ဘူး။ ဒီနှစ် တော်တော်ကိုဆိုးနေတယ်'' ဟုပြောသည်။

အဆိုပါဒေသတွင် ယမန်နှစ် မိုးရာသီက မိုးရွာသွန်းမှု အကြိမ်ရေ ၁၅ဝခန့် ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ် မိုးရာသီတွင် အကြိမ်ရေတစ်ရာ ခန့်သာ ရွာသွန်းခဲ့ခြင်းကြောင့်ကန်များ တွင် ရေအဝင်နည်းခြင်းများနှင့်ကြုံတွေ့ ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တွေမြို့ပေါ်ရှိ ဒေသခံလူမှု ရေး အဖွဲ့ အစည်းများနှင့် စေတနာရှင် အလှူရှင်များက နေ့စဉ်ကားများ ဖြင့် သွားရောက် လှူဒါန်းနေကြရ ကြောင်း သိရသည်။

ဦးခိုင်ကောင်းစံက'' ဒီနှစ်ဆိုး ဆိုးရွားရွားသောက်သုံးရေ ရှားပါးမှုဖြစ် ရတာပါ။ နောက်ကန်က ရေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲကြတယ်။ အဲဒါကြောင့်ပိုဆိုးတာပါ။ လာမယ့်နှစ်မှာ သောက်သုံးရေရှားပါး မှုမဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်သင့်နေပြီ။ မဟုတ်ရင်လာမယ့် နှစ်လဲ အခုလိုပဲ သောက်သုံးရေရှားပါး မှုတွေ ဖြစ်နေဦးမှာပါ''ဟုပြောသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲလာသည်နှင့် အမျှသောက်သုံး ရေ ရှားပါးမှုများမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့ပြီး ယခုနှစ် မေလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၅၀ဝကျော်မှာ သောက် သုံးရေရှားပါး မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရ သည်။

ယင်းနှင့် ပတ်သက်ပြီး ပတ် ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ''ရာသီဥတု ပြောင်းလဲ လာမှုနဲ့အတူ သောက်သုံးရေ ရှားပါးမှုတွေက တစ်နှစ်ထက်တစ်နှစ်ပို မိုဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာတွေအများ အပြားရှိနေတဲ့ထဲက အဓိက ဦးစား ပေး လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲမှုပါပဲ။ အခုဆိုရင်မြစ်တွေထဲမှာ ရေတွေ နည်းသွားတယ်။ နောက်ဒေ သတွေမှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်နေတယ်။ ဒါတွေကို ကြည့်ခြင်း အားဖြင့် အရေးတကြီး စီမံခန့်ခွဲမှု လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲ မှုတွေပါပဲ။ ရေ အရင်းအမြစ်နဲ့ ပတ်သက်ပြီးစီမံခန့် ခွဲမှုအပိုင်းက အများကြီး လုပ်ဖို့ လို နေပါသေးတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတော့ ရေအရင်း အမြစ် လို့ ပြောလိုက်ပေမယ့် သစ်တော ကဏ္ဍတွေကပါ ပါလာမှာပါ'' ဟု ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် ထက် ဝက်ကျော်မှာ သောက်သုံးရေ လုံ လောက်မှုမရှိကြောင်း သိရသည်။

AA
‪#‎Democracytoday‬


မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများ သောက်သုံးရေရှားပါးမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်

Photo Caption: ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သောက်သုံးရေ လှူဒါန်းမှုအားတွေ့ရစဉ်။ Photo: Kaing Kg San Facebook
ရန်ကုန်၊ ဇွန် ၁၁- မိုးရာသီရောက် ရှိပြီး ဖြစ်သော်လည်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာ များ သောက်သုံးရေရှားပါးမှုများနှင့် ကြုံ တွေ့နေရကြောင်း ရခိုင်ပြည်နယ် ဝက်လက်ဖောင်ဒေးရှင်းမှသိရသည်။

ယင်းဒေသတွင် သောက်သုံး ရေရှားပါးမှုများနှင့် ကြုံတွေ့နေရသည်မှာ မေလ အတွင်း ကတည်းက ဖြစ်ကြောင်းသိရသည်။

ဝက်လက် ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ''ကျွန်တော်တို့ ပုဏ္ဏားကျွန်း မြို့နယ်မှာ သောက်သုံး ရေရှားပါးမှု ဖြစ်နေတာ ကျေးရွာ ပေါင်း နှစ်ဆယ်နီးပါးလောက်ရှိပါ တယ်။ အခုအချိန်အထိမိုးကကောင်းကောင်း မရွာသေးဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးရွာတယ်။ ဒါပေမဲ့လဲ ရေတွေက လုံးဝနောက်နေတော့ သုံးလို့ မရဘူးဖြစ်နေ တယ်။ အရင်နှစ်တွေက သောက် သုံးရေရှားတာအဲဒီလောက် မဆိုး ဘူး။ ဒီနှစ် တော်တော်ကိုဆိုးနေတယ်'' ဟုပြောသည်။

အဆိုပါဒေသတွင် ယမန်နှစ် မိုးရာသီက မိုးရွာသွန်းမှု အကြိမ်ရေ ၁၅ဝခန့် ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ် မိုးရာသီတွင် အကြိမ်ရေတစ်ရာ ခန့်သာ ရွာသွန်းခဲ့ခြင်းကြောင့်ကန်များ တွင် ရေအဝင်နည်းခြင်းများနှင့်ကြုံတွေ့ ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်တွေမြို့ပေါ်ရှိ ဒေသခံလူမှု ရေး အဖွဲ့ အစည်းများနှင့် စေတနာရှင် အလှူရှင်များက နေ့စဉ်ကားများ ဖြင့် သွားရောက် လှူဒါန်းနေကြရ ကြောင်း သိရသည်။

ဦးခိုင်ကောင်းစံက'' ဒီနှစ်ဆိုး ဆိုးရွားရွားသောက်သုံးရေ ရှားပါးမှုဖြစ် ရတာပါ။ နောက်ကန်က ရေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲကြတယ်။ အဲဒါကြောင့်ပိုဆိုးတာပါ။ လာမယ့်နှစ်မှာ သောက်သုံးရေရှားပါး မှုမဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်သင့်နေပြီ။ မဟုတ်ရင်လာမယ့် နှစ်လဲ အခုလိုပဲ သောက်သုံးရေရှားပါး မှုတွေ ဖြစ်နေဦးမှာပါ''ဟုပြောသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲလာသည်နှင့် အမျှသောက်သုံး ရေ ရှားပါးမှုများမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုဆိုးရွားလာခဲ့ပြီး ယခုနှစ် မေလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၅၀ဝကျော်မှာ သောက် သုံးရေရှားပါး မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရ သည်။

ယင်းနှင့် ပတ်သက်ပြီး ပတ် ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ''ရာသီဥတု ပြောင်းလဲ လာမှုနဲ့အတူ သောက်သုံးရေ ရှားပါးမှုတွေက တစ်နှစ်ထက်တစ်နှစ်ပို မိုဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာတွေအများ အပြားရှိနေတဲ့ထဲက အဓိက ဦးစား ပေး လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲမှုပါပဲ။ အခုဆိုရင်မြစ်တွေထဲမှာ ရေတွေ နည်းသွားတယ်။ နောက်ဒေ သတွေမှာ သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်နေတယ်။ ဒါတွေကို ကြည့်ခြင်း အားဖြင့် အရေးတကြီး စီမံခန့်ခွဲမှု လုပ်ရမှာက ရေအရင်းအမြစ် စီမံခန့်ခွဲ မှုတွေပါပဲ။ ရေ အရင်းအမြစ်နဲ့ ပတ်သက်ပြီးစီမံခန့် ခွဲမှုအပိုင်းက အများကြီး လုပ်ဖို့ လို နေပါသေးတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတော့ ရေအရင်း အမြစ် လို့ ပြောလိုက်ပေမယ့် သစ်တော ကဏ္ဍတွေကပါ ပါလာမှာပါ'' ဟု ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် ထက် ဝက်ကျော်မှာ သောက်သုံးရေ လုံ လောက်မှုမရှိကြောင်း သိရသည်။

AA
‪#‎Democracytoday‬


တရုတ်​နားရွက်​ကို တံ​တွေးဆွတ်​လိုက်​တဲ့ မြန်​မာ

မြန်မာအစိုးရ ဒလိုင်းလားမား၏ ဗီဇာလျှောက်ထားမှု လက်ခံ

ဇွန် ၁၁ ၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် တိုက်ဆိုင်စွာ မြန်မာအစိုးရက နှစ်ပေါင်းများစွာ ပြည်ဝင်ခွင့် ငြင်းပယ်ထားသော ဒလိုင်းလားမား ဘုန်းတော်ကြီး၏ ဗီဇာ လျှောက်ထားမှုကို လက်ခံလိုက်ကြောင်း သိရသည်။

ဒလိုင်းလားမာ၏ အဝေးရောက် တိဘက်အစိုးရအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံဖြစ်သူ ဘုန်းတော်ကြီး Asat Binntaine ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် ထုတ် သတင်းစာ The Andelkaungkha Post သတင်းစာက ဖော်ပြလိုက်သည်။

“ အိန္ဒိယမှာ ရှိတဲ့ မြန်မာသံရုံးကနေ ကိုယ်တော်ကြီးရဲ့ ဗီဇာလျှောက်ထားမှုကို လက်ခံလိုက်ပါတယ်ဆိုပြီး အကြောင်းကြားလာတာပါ။ နောက်ဆုံးအကြိမ် လျှောက်ထား ပြီးတည်းက ကိုယ်တော်ကြီးအနေနဲ့ မြန်မာဗီဇာ ထပ်မံလျှောက်ထားခြင်းမရှိခဲ့ပါဘူး၊ အခု သံရုံးက လာအကြောင်းကြားတာဖြစ်ပါတယ်၊ ကိုယ်တော်ကြီးအနေနဲ့ ဝမ်းမြောက်ဝမ်း သာ ဖြစ်နေပြီး မြန်မာနိုင်ငံကို ကြွဖို့ ပြင်ဆင်နေပါတယ်’’ ဘုန်းတော်ကြီး Asat Binntainne က မိန့်ကြားခဲ့သည်။

“ ဗီဇာကို ခွင့်ပြုလိုက်ပါလို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြား လာတာဖြစ်ပါတယ်၊ ဗီဇာရည်ရွယ်ချက်ထဲမှာ ရွှေတိဂုံဘုရားကြီးကို ဖူးမျှော်ဖို့လို့ပဲ အလည်အပတ်ခရီးစဉ်အနေနဲ့ လျှောက်ထားတာဖြစ်ပါတယ်၊” ဟု မြန်မာသံရုံးတာဝန်ခံ ဦးစိုးဌေး က ပြောကြားသည်။
နိုင်ငံတော်သမ္မတ အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်လော ဆိုသည့် မေးခွန်းကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။

“ ဒါက သမ္မတရုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဖြေကြားခွင့် မရှိပါဘူး၊ နေပြည်တော်ကို သွားရောက်မယ်ဆိုတာကိုတော့ ပြောနိုင်ပါယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နယူးဒေလီ နိုင်ငံရေး သိပ္ပံမှ သုတေတီ တစ်ဦးဖြစ်သူ Dr. Achanae Mon က “ တရုတ်အစိုးရအနေနဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ခေါ်ခဲ့တာ ထူးခြားတယ်၊ မြန်မာအစိုးရဟာ ဒလိုင်းလားမားကို ပြည်ဝင်ခွင့်ပေးပြီး သံတမန်ရေးအရ လက်တုံ့ပြန်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောဆိုလိုက်သည်။

ဒီမိုကရေစီအရေး လူ့အခွင့်အရေးတို့နှင့် ပတ်သက်လျှင် လုံးဝ အထိမခံသော တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးကဲ့သို့ ဖိတ်ခေါ် လိုက်ခြင်းသည် အနောက်နှင့် နီးကပ်လာသော လက်ရှိ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်း အပေါ် တရုတ်အစိုးရ၏ စိတ်ပျက်မှုကို ဖော်ပြ
လိုက်ခြင်းပင်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံအစိုးရသည်အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံ ရေး တိုးမြှင့်နေသည့် ကိစ္စကို တရုတ်အစိုးရအနေနှင့် စိတ်အနှောင့်အယှက်ဖြစ်နေပုံရပြီး တရုတ်ပြည်၏ အကျိုးစီးပွားနှင့် ပတ်သက်၍ အာမခံချက်ပေးနိုင်မည့် မြန်မာအစိုးရ အသစ်ကို မျှော်လင့် နေသည်ဟု ပီကင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ Dr. Ka Phue Quo က သုံးသပ် ပြောကြားသည်။
“ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းတာက တရုတ်အစိုးရအတွက် အချက်ပေး ခေါင်း လောင်းဖြစ်ခဲ့ပါတယ်။ လက်ပတောင်း၊ ကိုးကန့် ကိစ္စတွေကလဲ တရုတ်အစိုးရကို စိတ်ပျက် စေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒလိုင်းလားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရအနေနှင့် တစုံတရာ မထုတ်ပြန်သေးသော်လည်း အရပ်ဘက်လူ့အဖွဲ့အစည်းများ စုပေါင်း၍ ဘုန်းတော်ကြီး မိန့်ခွန်းပြောကြားရန် စီစဉ်ဆောင်ရွက်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

Credit-ကိုဘမှန်

Myanmar Forward http://www.facebook.com/BurmaseTreasure/photos/a.525906970761415.129382.525889830763129/1020705461281561/?type=1

နည်းပညာတက္ကသိုလ် ( စစ်တွေ ) ၌ကျောင်းတက္ကစီ(ferry)လုံလောက်မှုမရှိ

နည်းပညာတက္ကသိုလ် ( စစ်တွေ ) ၌ကျောင်းတက္ကစီ(ferry)လုံလောက်မှုမရှိသောကြောင့်ကျောင်းသား၊ကျောင်းသူများအခက်အခဲများစွာဖြင့်မိုးရွာမရှောင်နေပူမရှောင်ဘဲလမ်းမပေါ်မှာမတ်တပ်ရပ်ကာ ferry များစောင့်နေရပါသည်။
ဤအကြောင်းနဲ့ပတ်သက်၍ ကျောင်း ferry များလုံလောက်မှုရှိအောင်ဘယ်သူတွေတာဝန်ယူကြမှာလဲ။ကျောင်းအုပ်ကြီးလား၊မထသ လား၊ပြည်နယ်ဝန်ကြီးလား၊သပနဝန်ကြီးလား။ဘယ်သူ့မှာတာဝန်ရှိသလဲ၊ဘယ်သူတွေစီစဉ်ပေးကြမှာလဲ။ကျောင်းကလည်းပြိုပျက်နေပြီ။မြို့ထဲကိုပြောင်းပေမယ်လို့ပြောတဲ့ပြည်နယ်ဝန်ကြီးကလည်းဘာမှမလုပ်ပေးသေးဘူး၊ကျောင်းဒီလပြီးမယ၊်ဟိုလပြီးမယ်ဆိုပြီပြောနေတာ ခုထိမပြီးသေးဘူး။လောလောဆယ်ကျောင်းမပြောင်းပေးသေးရင်တောင်ကျောင်းferryများစီစဉ်ပေးကြပါ။တာဝန်ရှိသူများ၊တာဝန်သိတတ်ပြီး၊တာဝန်ယူဆောင်ရွက်ပေးကြပါ။


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ လှောင်အိမ်ထဲမှာ လောင်ထားတဲ့ လူ ၁၆ ယောက်ကို ရေနစ်သတ်တဲ့ ဗီဒီယိုတွေ၊ တချို့ကိုတော့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ သတ်ပစ်တာတွေအပြင် ကားတစီးထဲကို ရော့ကက်ဗုံး ပစ်ထည့်တဲ့ ပုံတွေကို ပြသထားပါတယ်။

IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ




အီရတ်နိုင်ငံ Nineveh မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖြစ်ပြီး IS အဖွဲ့ကနေ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေထဲ အရက်စက်ဆုံးသော ဗီဒီယို ဖြစ်ပါတယ်။

ဒီတချီ ထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ သတ်ပစ်ခံရတဲ့ လူ ၁၆ ယောက်ကတော့ ထောက်လှမ်းရေးတွေ ဖြစ်တယ်လို့ သိရပြီး တချို့ကလည်း သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်ပြီး IS အဖွဲ့ဝင်အဖြစ် ဟန်ဆောင်တာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုထားတဲ့ ဗီဒီယိုတွေ ပါရှိပါတယ်။

ဗီဒီယို အစမှာတော့ လူ ၄ ယောက်ကို IS အဖွဲ့က ကားထဲ ဝင်နေခိုင်းပြီး နောက်ပိုင်းမှာ ကားကို ဗုံးခွဲလိုက်တဲ့ ပုံတွေ၊ နောက် လူ ၅ ယောက်ကိုတော့ လှောင်အိမ်ထဲ လှောင်ထားပြီး အဲဒီ လှောင်အိမ်ကို crane ကားနဲ့ မချီပြီး ရေကူးကန် ဟောင်းထဲက ရေထဲမှာ နစ်သတ်လိုက်တာ ဖြစ်ပါတယ်။

လှောင်အိမ် အပြင်မှာ ကင်မရာ နှစ်လုံး ချိတ်ထားပြီး လှောင်အိမ်ထဲက လူတွေ ရေဆိုးထဲမှာ ရုန်းရင်းဆန်ခ ပြုလုပ်ရင်း သေဆုံးသွားတဲ့ ပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

နောက် လူ ၇ ယောက်ကိုတော့ လည်ပင်းမှာ ပေါက်ကွဲရေး ပစ္စည်းတွေ လွယ်ခိုင်းပြီး ဖောက်ခွဲပြီး သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

IS အဖွဲ့ဟာ လူပေါင်း ရာနဲ့ချီကို သေနတ်နဲ့ ပစ်သတ်တာတွေ၊ ဒါဇင်နဲ့ချီကို ခေါင်းဖြတ်သတ်
တာတွေ၊ ကျောက်ခဲနဲ့ သေတဲ့အထိ ပစ်ပေါက်တာတွေ၊ လိင်တူ ချစ်သူကို တိုက်မြင့်ပေါ်ကနေ လူရှေ့သူရှေ့မှာ တွန်းချတာတွေအပြင် ဂျော်ဒန်နိုင်ငံသား လေယာဉ်မှူးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်တာတွေကို လုပ်ခဲ့ပါတယ်။

IS အဖွဲ့ဟာ အဲဒီ ဗီဒီယိုကို အသုံးပြုပြီး စိတ်ကြွနေတဲ့ လူငယ်တွေကို သူတို့နဲ့ ပူးပေါင်းလာ
အောင် မြူဆွယ်နေသလို သူတို့ကို ဆန့်ကျင်တဲ့ လူတွေကို ခြိမ်ခြောက်တဲ့ အနေနဲ့လည်း အသုံးပြု
လေ့ရှိပါတယ်။

လှောင်အိမ်ထဲက လူတွေကို ရေနစ်သတ်နေပုံ (Credit: ABC licensed)
Radio Australia - Myanmar


Tuesday, June 23, 2015

တရုတ်နိုင်ငံ၊ ရှင်ကျန်ဒေသ၊ မွတ်စလင်များနေထိုင်သော ကောင်တီတွင် ဘီယာပွဲတော်ကျင်းပ အဝေးရောက်မွတ်စလင်ဝီဂါလူမျိုးအုပ်စု ဒေါသထွက်


ရိုက်တာ

ပေကျင်း၊ ဇွန် ၂၂ ။       ။ တရုတ်နိုင်ငံ၏ တည်ငြိမ်မှုမရှိသော ရှင်ကျန်ဒေသ၏ မွတ်စလင်များ ထူထပ်စွာနေထိုင်သောတောင်ပိုင်း ရှိ ကောင်တီနယ်တစ်ခုက မွတ်စလင်တို့၏ ရာမာဒန်ဥပုသ်လ အကြိုကာလအတွင်း ဘီယာပွဲတော်တစ်ခု ပြုလုပ်ခဲ့သည်ဟု အစိုးရ က ထုတ်ပြန်ခဲ့ရာ ယင်းသို့ပြုလုပ်ခြင်းမှာ ပေါ်ပေါ်ထင်ထင်ရန်စခြင်းဖြစ်သည်ဟု အဝေးရောက်ဝီဂါ မွတ်စလင်အုပ်စု တစ်ခုကပြော ကြားခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း တိုက်ခိုက်မှုအနည်းငယ်တိုးလာပြီးနောက် တရုတ်၏ အနောက်ဖျားစွန်း ရှင်ကျန်တွင် ရာမာဒန်သည် အတိမ်းအစောင်းမခံသည့် ကာလတစ်ရပ်ဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

ယင်းသို့ဖြစ်ခြင်းအတွက် ပေကျင်းက အစ္စလာမစ်စစ်သွေးကြွများကို အပြစ်တင်ခဲ့သည်။ ကွန်မြူနစ်ပါတီဝင်များ၊ အစိုးရ၀န်ထမ်း များ၊ ကျောင်းသူကျောင်းသားများနှင့် ဆရာများအနေဖြင့် ရာမာဒန်ဥပုသ်လအတွင်း ဥပုသ်မစောင့်ရန် နိုင်ငံပိုင်မီဒီယာများနှင့် ရှင်ကျန်အစိုးရ၀က်ဘ်ဆိုက်တို့က ထုတ်ပြန်ခဲ့သည်။

ဘီယာပွဲတော်ကို ရှင်ကျန်ဒေသတောင်ပိုင်း နီယာကောင်တီရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန်ဒေသတွင် မွတ်စလင်ဝီဂါလူမျိုးအများစု နေထိုင်လျက်ရှိသည်။ အစ္စလာမ်ဘာသာအရ မွတ်စလင်များမှာ အရက်သောက်ခွင့်မရှိပေ။

အဝေးရောက်အုပ်စု ကမ္ဘာ့ဝီဂါကွန်ဂရက်၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဒီလ်ဇတ်ရာဇစ်က ဘီယာပွဲတော်ပြုလုပ်ခြင်းကို ရှုတ်ချခဲ့ သည်။ "ဒါကတော့ အစ္စလာမ်ယုံကြည်မှုကို ပေါ်ပေါ်ထင်ထင် ရန်စမှုတစ်ခုပါ" ဟု အီးမေးလ်ကြေညာချက်တစ်ခုတွင် ၄င်းကပြော ကြားခဲ့သည်။