“ရိုဟင်ဂျာ” ဆိုသည် မရှိကြောင်း အထောက်အထားပေါင်းချုပ်
ရှေးဦးစွာ ရခိုင်ဒေသသမိုင်းအား ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာသိ၊ ကမ္ဘာသိ သမိုင်းအစစ်အမှန်အား အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်းသိစေရန် ဖြစ်ပြီး ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီဘာသာစကားပြော မူဆလင်ကုလားများ၏ သမိုင်းဖျက် သမိုင်းလိမ်မှုများအား ဖော်ပြရခြင်းမှာ သမိုင်းအစစ်အမှန်အား မည်ကဲ့သို့ လိမ်ညာခဲ့သည်၊ မည်သည့်ရည်ရွယ်ချက်ဖြစ်သည် စသဖြင့် မြန်မာတမျိုးသားလုံး သိရှိ စေရန်ဖြစ်သည်။ အထက်ဖော်ပြပါ အထောက်အထားများအား နှိုင်းယှဉ်ဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ရခိုင်ဒေသမှ ရခိုင်တိုင်းရင်းသားများမှာ BC ၅ ရာစုမတိုင်မှီကပင် စတင်နေထိုင်ခဲ့ သော စာပေယဉ်ကျေးမှုမြင့်မားသည့် လူမျိုးဖြစ်ကြောင်း၊ တိုင်းတပါးသား လူမျိုးခြားများ ကိုလည်း စီးပွားရေးအရ ဆက်ဆံရုံမှလွဲ၍ မည်သည့်အခွင့်အရေးမျှ မပေးခဲ့သည့်အပြင် ဒေသခံများနှင့်ပါ ကွဲပြားစေရန် ခွဲခြားထားကြောင်းကို ဖော်ပြခဲ့ပြီး ရိုဟင်ဂျာ အမည်ခံတို့မှ အာရပ်သင်္ဘောပျက်ပုံပြင် ကိုအခြေခံ၍ အာရပ်ဒေသမှ သင်္ဘောပျက်ပြီး ရောက်လာခဲ့ကြကြောင်း၊ ထိုမှတဆင့် ရခိုင်မင်းဆက်များမှလည်း ၎င်းတို့အား ရာထူးဌာနန္တရများပေး၍ သူကောင်းပြုကြောင်း ဖော်ပြခဲ့ကြ၏။ ထို အချက်နှစ်ချက်ကို ယှဉ်ထိုးချိန်ဆကြည့်လျှင် မည်မျှပင်ကွဲလွဲနေပြီဆိုသည်ကို သိမြင်ရမည်ဖြစ်သည်။
(ခ) ဘာသာစကား နှင့် စာပေပိုင်းဆိုင်ရာတွင်လည်း ဘင်္ဂါလီစာပေ ဘာသာစကားမှ ဆက်စပ်ဖြစ်ပေါ်လာမှုကို ငြင်းဆန်၍ ပါဠိ၊သက္ကဋမှ ဆင့်ပွားလာသည်ဟုဖော်ပြချက်မှာ မှန်ကန်နိုင်ပါသော်လည်း ဘာသာစကားမျိုးနွယ်ချင်းမတူသော အာရဗီ၊ ပါရေစီ စသည့် ဘာသာစကား၊ စာပေများနှင့် ရောနှောသည်ဟုဆိုထားသဖြင့် မတူညီသော ဘာသာစကားမျိုးနွယ်အုပ်စုများကို ရောနှော၍ မရကြောင်း၊ ဘင်္ဂါလီစာပေနှင့် မတူညီ ကြောင်း သက်သေပြလိုမှုများသာ များစွာဖြစ်ပေါ်နေပြီး သမိုင်းစာမျက်နှာတင်မက ဘာသာဗေဒ သဘောသဘာဝများကိုပါ မဆင်ခြင်ကြတော့ပဲ မိမိတို့ လိုရာကိုသာ ဦးတည်နေကြကြောင်းတွေ့ရပေသည်။
(ဂ) ဥပဒေရေးရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေပါ ပုဒ်မများအား ပြဆို၍ နိုင်ငံသားဖြစ် ခွင့်ထက်မက တိုင်းရင်းသားဖြစ်ခွင့်ပါ တောင်းဆိုလာကြပြီး အဓိက ရည်ရွယ်ချက်ဖြစ် သည့် မူဆလင်ပြည်နယ်ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်နယ်အဖြစ် ခွဲထုတ်ပေးရန် အထိ ကြံစည်မှုများလည်းရှိသေး၏။ အာရပ်သင်္ဘောပျက်ပုံပြင်မှ အစပြု၍ ရခိုင်ဒေသ၌ ရှေးကနဦးကပင် နေထိုင်လာခဲ့ကြသော တိုင်းရင်းသားမျိုးနွယ်ဖြစ်ဟန်ဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေပါ ပုဒ်မ(၅) အရ တိုင်းရင်းသားများသည် ဇာတိနိုင်ငံသားဖြစ်သည် ဆိုသည့်အချက်အတိုင်း နိုင်ငံသားဖြစ်ခွင့်ရယူလို၍ သမိုင်းစဉ်တစ်လျှောက် နိုင်ငံခြား သား(သို့မဟုတ်) ဧည့်နိုင်ငံသား(သို့မဟုတ်) ယာယီနိုင်ငံသားသာ ဖြစ်ခဲ့သည့် သမိုင်းကို ဖျက်၍ တိုင်းရင်းသားစာရင်းသို့ အတင်းဝင်ရောက်ရန်ပြုလုပ်ခဲ့မှုများအားလည်း လေ့လာ တွေ့ရှိရပါသည်။
ရှေးပဝေဏသီကာလကပင် မျိုးနွယ်မှန်စွာ ဆင်းသက်ခဲ့ကြကြောင်း သမိုင်းအစဉ် အလာကြီးမားသည့် မြန်မာ့ရေ၊ မြန်မာ့မြေ၌ သမိုင်းကြောင်းတလျှောက် မည်သည့် အခါကမှ မရှိခဲ့သော “ရိုဟင်ဂျာ” ဇာတ်လမ်းကို အသက်သွင်း၍ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်မြေများကို ထိပါးရန်ကြိုးစားအားထုတ်လာကြသည်မှာ ယနေ့ခေတ်၌ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပေသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာလူမျိုး များမှာ မိမိတို့အား မှီခိုနေထိုင်ကြသော ထိုလူမျိုးဘာသာခြားများအပေါ် နှစ်ပေါင်းများစွာ ဂရုဏာသက်ခဲ့သော်လည်း နောက်ဆုံး၌ မိမိတို့၏ တိုင်းရင်းသားနယ်မြေများကိုပါ လုယက်ထိပါးလာမည့်အရေးတွင်မူ သွေးမအေးနေသင့်တော့ပေ။ မိမိတို့မှ တည့်မတ်မှန် ကန်သော တရားဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေပါသော်လည်း ထို စစ်တကောင်းနွယ်ဝင် ဘင်္ဂါလီစကားပြော “ရိုဟင်ဂျာ” အမည်ခံ မူဆလင်များသည် ထင်ရှားရှိနေသော သမိုင်းကြောင်းများ၊ ဥပဒေများကိုပင် လက်တစ်လုံးခြားလိမ်လည်နေ ကြကြောင်းကို အထက်ပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည် ဖြစ်၏။ နောက်ဆုံးဖော်ပြလိုသည်မှာ ဤ သမိုင်းအစဉ်အလာကြီးမားပြီး အချုပ်အခြာ အာဏာခိုင်မာစွာရှိသည့် မြန်မာ့မြေပေါ်တွင် သမိုင်းစဉ်တလျှောက် အတူတကွနေထိုင် ကြီးပြင်းခဲ့ကြသော တိုင်းရင်းသား(၁၃၅) မျိုးကိုသာ လက်ခံပါသည်။ မည်သို့သော အကြောင်းပြချက်ဖြင့်ဖြစ်စေ ထပ်တိုးခြင်းသော်လည်းကောင်း၊ လျှော့ခြင်းသော်လည်း ကောင်း ၁၃၅ မျိုးသော ပြည်ထောင်စုသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ လက်ခံကြမည်မဟုတ်ဟု ယုံကြည်ပါသည်။ “ရိုဟင်ဂျာ” အမည်ခံ ဘင်္ဂါလီစကားပြော မူဆလင်ကုလားများ၏ လိမ်ညာမှုများအား ဖော်ထုတ်ရန် သမိုင်းသုတေသီများ၊ ဥပဒေ ပညာရှင်များ၊ ပြည်ထောင်စုသား မျိုးချစ်စာပေပညာရှင်များအပြင် ပြည်ပမှ သမိုင်းသု တေသီ၊ ပထ၀ီပညာ
ရှင်များမှလည်း မြောက်မြားစွာသော စာအုပ်၊စာတမ်းများရေးသား ဖော်ပြလျက်ရှိကြပေသည်။ နိုင်ငံတော်
အစိုးရမှလည်း ၎င်း “ရိုဟင်ဂျာ” ဟူသော အသုံး အနှုန်းကို လက်မခံကြပဲ ဘင်္ဂါလီစကားပြော မူဆလင်ကုလား လူမျိုးခြားများအဖြစ်သာ သတ်မှတ်ကြပါသည်။ အမှားမရှိဘဲလျက် အမှန်ကို မသိနိုင်၊ မှောင်မိုက်ခြင်းမရှိဘဲလျက် အလင်းရောင်ကို မသိနိုင်သကဲ့သို့ သမိုင်းအလိမ်အညာများပေါ်ထွက်လာခြင်းသည် သမိုင်းအစစ်အမှန်အား ပို၍တိကျခိုင်မာမှုရှိစေသည် ဆိုသည့်အတိုင်း အမှန်နှင့် အမှားကို ယှဉ်တွဲဖော်ပြလိုက်ခြင်းဖြင့် အမှန်တရားကို ထင်ရှားသိမြင်စေပါလိမ့်မည်။ ထိုသို့ သမိုင်းအစစ်အမှန်ကို သိရှိကြပြီးသည်နှင့် မြန်မာ့မြေပေါ်တွင် မရှိခဲ့သည့် ၊ ရှိလာမည် မဟုတ်သည့် “ရိုဟင်ဂျာ” အမည်ခံ ခေတ်သစ်ကိုလိုနီပြုခြင်းအား ပီပြင်စွာ ပယ်ဖျက်ဆန့်ကျင်ကြရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းအားထုတ်ကြပါ ဟု အကြံပြုရင်း ဤဆောင်းပါးအား နိဂုံးချုပ်ပါ၏။ ။
အကိုးအကား
၁။ ရခိုင်လူမျိုးသမိုင်း (www.https://my.wikipedia.org/wiki/ရခိုင်လူမျိုး#cite_ref-11)
၂။ ခိုင်မြ၀ါ (လူ့အခွင့်အရေး အရေခြုံ “ရိုဟင်ဂျာ” အမည်ခံ စစ်တကောင်းအနွယ်ဝင် ဘင်္ဂါလီတို့၏ နယ်သစ်ချဲ့ထွင်ရေး သမိုင်းလိမ်ကို ဝေဖန်ခြင်း)
၃။ မြန်မာစွယ်စုံကျမ်း၊ အတွဲ(၁၁)
၎။ ရိုဟင်ဂျာ (https://my.wikipedia.org/wiki/ရိုဟင်ဂျာ)