Sunday, January 24, 2016

“ရိုဟင်ဂျာ” အမည်ခံ ဘင်္ဂါလီကုလားများ၏ သမိုင်းလိမ်များအား ဖော်ထုတ်ခြင်း -ဒုတိယပိုင်း


စာပေအထောက်အထားပြ၍ သမိုင်းလိမ်ခြင်း

“ရိုဟင်ဂျာ” အမည်ခံများမှ “ရိုဟင်ဂျာစကား နှင့် စာပေဟူ၍ တသီးတခြားရှိ ကြောင်း၊ ဘင်္ဂါလီစာပေနှင့် လုံးဝမတူပါကြောင်း” တင်ပြလာမှု အပေါ်လေ့လာကြည့်ပါ မည်။ ဘာသာစကားဆိုင်ရာ အမှားတစ်ခုကို တင်ပြခြင်းမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၆။ “ရိုဟင်ဂျာလူမျိုးများ၏ ဘာသာစကားများမှာလည်း ရိုဟင်ဂျာလူမျိုးများဆင်း သက် လာသည့် ရှေးဦးရခိုင်ဒေသသို့ အခြေချနေထိုင်ခဲ့သော အင်ဒိုအာရီယံများ သုံးစွဲခဲ့သည့် သက္ကဋ၊ ပါဠိစကားနှင့် နောက်ပိုင်းတွင် အာရေဗီ၊ ပါရေစီ၊ အူရ်ဒူ၊ ဘင်္ဂါလီ၊ ရခိုင် စသည့် ဘာသာစကားများရောနှော၍ ဖြစ်ပေါ်လာသော သီးခြားဘာသာစကား ဖြစ်ကြောင်း၊ ယနေ့ ရိုဟင်ဂျာတို့ပြောဆိုနေကြသော ဘာသာစကားမှာ ပါဠိဘာသာစကားနှင့် နီးစပ်ပြီး မရမာကြီး(ဘရူဝါ)၊ ဒိုင်းနက်တို့ ပြောဆိုနေကြသည့် ဘာသာစကားနှင့်လည်း နီးစပ်ကြောင်း၊ ဘင်္ဂါလီစကားနှင့် လုံးဝမတူကြောင်း” စသဖြင့် လိုရာစွဲ၍ဖော်ပြရာ၌ ဘာသာစကားတို့၏ ဆက်စပ်ဆင်းသက်လာမှု သမိုင်းကို မသိကျိုးကျွံပြု လိမ်လည်ခြင်းဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသူတို့ ဖော်ပြထား သောစာပေ
သမိုင်းလိမ်ညာထားသည်ကို မည်ကဲ့သို့ သိနိုင်မည်နည်းဆိုသည်ကို ဆက်လက်လေ့လာကြရပေမည်။

စင်စစ် သက္ကဋနှင့် ပါဠိဘာသာစကားသည် ညီအစ်ကို ဘာသာစကားဖြစ်၍ ဆက်စပ်ထားသည်မှာ ဟုတ်တန်ရာရှိသော်လည်း သက္ကဋ နှင့် ပါဠိဘာသာစကားတို့မှာ “အင်ဒိုဥရောပဘာသာစကား” မျိုးရိုးဝင်ရှေးဟောင်းဘာသာ များဖြစ်ပြီး အာရေဗီ(အာရဗစ်) ဘာသာစကားမှာ “ဆီမိတစ်ဘာသာစကား” မျိုးရိုးဖြစ် ခြင်းကြောင့် ဘာသာစကား အမျိုးအစားကွဲပြားနေသည်မသိပဲ ဆွဲငြိရန်ကြိုးစားထား ကြောင်းတွေ့ရပေသည်။ ပါရေစီ(ပါရ်စီ) မှာလဲ အလယ်ခေတ်ပါရှန်ဘာသာစကား၌ ပါဝင်သော “ဣရေနီယန်” ဘာသာစကားမျိုးရိုးဖြစ်၏။ ထို့အပြင် ရိုဟင်ဂျာစကားသည် မရမာကြီး(ဘရူဝါ)၊ ဒိုင်းနက်တို့ပြောသောစကားနှင့်လည်း နီးစပ်သည်ဟု ဆိုလိုက်ခြင်း အတွက် မရမာကြီးလူမျိုးစုတို့သည် ဘင်္ဂါလီဘာသာစကားပြောသော ဗုဒ္ဓဘာသာများ ဖြစ်ခြင်း၊ ဒိုင်းနက်တို့မှာလဲ ဘင်္ဂါလီစကားနှင့် နီးစပ်သော ဘာသာစကားကိုပြောဆိုကြ သည်ဖြစ်၍ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ခြင်း တို့ကို ထောက်ရှု၍ စစ်တကောင်းနွယ် ဘင်္ဂါလီစကားပြော မူဆလင်များ ဟု မိမိတို့ကိုယ်ကို ၀န်မခံလို၍ လှည့်ပတ်လိမ်ညာရန် ကြိုးစားထားကြခြင်းဖြစ်ကြောင်းလဲ သိရှိရပေသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ခုတုံးလုပ်၍ တိုင်းရင်သားးဖြစ်ခွင့်လိမ်ညာတောင်းဆိုမှု

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ၀င်ရောက်လာခဲ့ဟန်(အာရပ် သင်္ဘောပျက်ပုံပြင်ကို အခြေခံ၍) ရခိုင်ဒေသ၌ လူမျိုးစုတစ်ခုအနေဖြင့် နေထိုင်လာခဲ့ကြ ခြင်းဖြစ်သည်ဟု ဥပဒေရေးရာဘက်မှ ကုလားဖန်ထိုးလာခဲ့ကြသေး၏။ ရှေးရခိုင်ဘုရင် များမှလည်း အရေးပေးခဲ့ကြောင်း နန်းတွင်း နန်းပြင် မူဆလင်များ မည်မျှဩဇာကြီးမားခဲ့ ကြောင်းများရွှန်းရွှန်းဝေအောင် ဖော်ပြကြသည်။ သို့သော် ရခိုင်မင်း

ဆက်သမိုင်းအား လေ့လာကြည့်လိုက်သည်နှင့် ရခိုင်ဒေသမှ ရခိုင်သားမဟုတ်သူ လူမျိုးခြားများအား စီးပွားရေးအရသာ ဆက်ဆံခဲ့ကြောင်း၊ မှီခိုနေထိုင်ကြသော မူဆလင်လူမျိုးခြားများအား ဒေသခံများနှင့်

ခြားနားစေခြင်းငှာ ခေါင်းတုံးတုံးစေခြင်းများရှိခဲ့ခြင်းအား လည်းကောင်း မျက်ကွယ်ပြု၍ ရေးသားဖော်ပြရင်း ကမ္ဘာအလယ်၌ အရှက်တရားကင်းမဲ့စွာ လိမ်လည်နေကြခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အထက်ပါသမိုင်းစဉ်ကို မျက်ကွယ်ပြုခြင်းနောက်ထပ်တစ်မျိုးမှာ ၁၇၈၄ ခုနှစ်ကပင် မူဆလင်တို့သည် ရခိုင်ဒေ သကို ၎င်းတို့ တိုင်းပြည်အဖြစ်နေထိုင်လာခဲ့ကြသည်ဟု ပြောလာကြခြင်းပင်ဖြစ်သည်။ ထိုအပြုအမူ၌ နှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်စာပေ၊ယဉ်ကျေးမှုများ မြင့်မား

စွာနေထိုင်လာခဲ့ကြသော ရခိုင်လူမျိုးများ၏ စေတနာအား စော်ကားလိုက်ခြင်းကို လည်းတွေ့ရ၏။ ၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၅ ပါအကြောင်းအရာအရ “တိုင်းရင်းသား တိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူသည်လည်းကောင်း ဇာတိအရ နိုင်ငံသားဖြစ်သည်။” ဆိုသည့်အချက်နှင့် လုံးဝ(လုံးဝ) ဆန့်ကျင်နေသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီစကားပြော မူဆလင်ကုလားများမှာ မည်သည့်နည်းနှင့်မျှ နိုင်ငံသားဖြစ်ခွင့်ပင်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် အထက်ဖော်ပြပါအတိုင်း သမိုင်းစဉ်တလျှောက်လုံးတွင် ၎င်းလူမျိုးခြားများအား နိုင်ငံခြားသားဟူ၍သာ ဆက်ဆံခဲ့ ကြခြင်း၊ စီးပွားရေးအရသာ ဆက်ဆံခဲ့ကြခြင်းများကို ကြည့်ရှုခြင်းဖြင့် သိသာပေသည်။ ထို့အပြင် ဗြိတိသျှကိုလိုနီလက်အောက်ကျခံခဲ့ရသော ကာလ၌ လယ်ကူလီအဖြစ်ခေါ် ဆောင်ခံ
လာရ၍သော်လည်းကောင်း၊ ၎င်းတို့ဖာသာ ၎င်းတို့ ခိုးဝင်နေထိုင်ခြင်း၍ သော် လည်းကောင်း နေထိုင်
လာကြပြီး နိုင်ငံသားဖြစ်ပါသည်ဟု မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ တိတိကျကျ သတ်မှတ်ထားသော တိုင်းရင်းသားများ၌ မပါဝင်ခြင်း၊ နိုင်ငံခြားသားများ အဖြစ်သာသဘောထားခဲ့ခြင်းတို့ကြောင့် ယခုအချိန်ထိ ယာယီနိုင်ငံ သားအဖြစ်ဖြင့် လည်းကောင်း၊ ဧည့်နိုင်ငံသားအဖြစ်ဖြင့်လည်းကောင်း၊ တရားမ၀င်ဝင် ရောက်နေထိုင်သူများအဖြစ်ဖြင့် လည်းကောင်း သတ်မှတ်ထား၍သာရနိုင်ပါသည်။
နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်သော်လည်း တိုင်းရင်းသားဖြစ်ခွင့်မရှိ တိုင်းရင်းသား နယ်မြေတောင်းဆိုပိုင်ခွင့်လည်း မရှိပေ။

ဆက်လက်ဖော်ပြပါမည်..

တတိယပိုင်း(အဆုံး) အား ဆက်လက်ဖတ်ရှုပါရန်.။

No comments: