Sunday, March 26, 2017

ပြည်ထောင်စုဆိုသည့် ဝေါဟာရအောက်တွင် အဆင်းရဲဆုံးဘ၀ဖြင့် ရပ်တည်နေရဟု ANP ဥက္ကဌ ဒေါက်တာအေးမောင်ပြောကြား


 Image may contain: 9 people, outdoor
အမ်း၊ မတ်လ ၂၆
ဇော်ဇော် (မြောက်ဦး)၊ DMG

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာအေးမောင်က ပါတီကြီးများ၏ အမိန့်ပေးခံ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဆိုသည့် ဝေါဟာရအောက်တွင် အဆင်းရဲဆုံးဘ၀ဖြင့် ရပ်တည်နေရဟု မတ်လ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။

“ အမိန်းပေးခံ ပုဂ္ဂိုလ်တွေနဲ့ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရအောက်မှာ ကျနော်တို့ဟာ အဆင်းရဲဆုံး ဘ၀နဲ့ပဲ ရပ်တည်နေရတယ်။ ဒါကြောင်း ကိုယ်တို့ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်တို့ ကိုယ်တိုင် စီမံခံခွဲပိုင်ခွင့်ရှိတယ်။ ကိုယ်တို့ ယုံကြည်ချက်၊ ကိုယ်တို့ ရပ်တည်ချက်နဲ့ပေါလေ။ အဲဒီလိုမျိုးဖြစ်အောင် ကြိုးစားမယ်ဆိုပြီးတော့ ၂၀၂၀ ကို ကျနော်တို့ သတ်မှတ်ထားတဲ့ ၂၀၂၀ မှာသာ တိုင်းရင်းသားပြည်နယ် ၇ ခု ညီညွတ်ခဲ့မယ်ဆိုရင် ကျနော်တို့ဟာ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အစိုးရကို ကိုယ်တို့ တည်ဆောက်နိုင်တယ်ဆိုတာကို ကိန်းကဏန်းတွေနဲ့ ကျနော်တို့က ရှင်းပြတယ်။ သူတို့လည်း တချို့စိတ်ဝင်စားပါတယ်။ ဒီတိုင်းပဲ ကျနော်တို့ကတော့ လူထုကိုစည်းရုံးပါတယ်။ အဓိက ၂၀၂၀ ကို ကျနော်တို့ Target ထားပါတယ်။ ” ဟု ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို အမ်းမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ရခြင်းသည် ၂၀၂၀ မှာ ရခိုင်အမျိုးသားပါတီအနေဖြင့် အမတ်နေရာအားလုံးကို ရရှိအောင် ယခုအချိန်မှ စတင်စည်းရုံးကာ ပြင်ဆင်ခြင်းဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာအေးမောင်ကဆိုသည်။

၂၀၂၀ မှာကျင်းပမည့် မြန်မာနိုင်ငံအထွေထွေးရွေးကောက်ပွဲကြီးတွင် ရခိုင်ပြည်နယ်၏ လွှတ်တော်နေရာအားလုံး ပြည်နယ်လွှတ်တော် ၃၄ နေရာနှင့် အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် (၁၇) နေရာ ပေါင်း (၂၉) နေရာကို ရခိုင်အမျိုးသားပါတီမှ ရကိုရရှိရမည်ဟု ၄င်းက ကြွေးကြော်ထားသည်။

“ အဲလို ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ကျန်တဲ့ပြည်နယ် ၆ ခုကလည်း ကျနော်တို့လို ခြံစည်းရိုး ခတ်။ အဲလိုခတ်နိုင်ရင် ပြည်ထောင်စုကို တက်လာမဲ့ ဘယ်ပါတီမှ တစ်ပါတီတည်း အစိုးရ ဖွဲ့လို့ကိုမရဘူး အဲဒါကို ကျနော်တို့ သဘောပေါက်အောင် ရှင်းပါတယ်။ အဲ့ဒါကိုပဲ ကျနော်တို့က အဓိကထားပါတယ်။ ဆိုလိုတာက တိုင်းရင်းသားများ မညီညွတ်လို့ တိုင်းရင်းသား ပြည်နယ်တွေမှာပဲ ပြည်ထောင်စု ပါတီကြီးတွေက သူတို့ရဲ့ အမိန်းပေးခံ တိုင်းရင်းသား ၀တ်စုံဝတ်ထားကြတဲ့ ပုဂ္ဂိုလ်တွေကို အမတ်နေရာရအောင် တိုင်းရင်းသားများ ညီညွတ်မှုကို ဖြိုခွဲနိုင်ခဲ့လို့သာ ပြည်ထောင်စု ပါတီကြီးတွေဆိုတဲ့ ပါတီကြီးတွေက အစိုးရဖွဲ့နိုင်တာ တနည်းအားဖြင့် ပြည်ထောင်စုအစိုးရကို ဖွဲ့နိုင်တဲ့ ပါတီကြီးတွေဟာ အမတ်နေရာအားလုံးကို ရရင်လည်း အစိုးရမဖွဲ့နိုင် တိုင်းရင်းသားပြည်နယ်တွေမှာ အမတ်နေရာမရပဲ အစိုးရမဖွဲ့နိုင်။ ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

တိုင်းရင်းသားတို့ ရပိုင်ခွင့်ဖြစ်သော လွှတ်တော်နေရာအားလုံးကို ကိုယ်တို့ကိုယ်အပိုင် အမျိုးသားပါတီ ဘက်ကရအောင် ကိုယ်တို့ကိုယ်တိုင် ပူးပေါင်းပါဝင်မည်ဆိုသည့် ညီညွတ်မှု အမျိုးသားရေးစိတ်သည် သာလျှင် အတိတ်သမိုင်းမှာ ပြိုလဲခဲ့သော နှစ်ပေါင်း ၅၀၀၀ ယဉ်ကျေးမှုမြင့်မားခဲ့သည့် ရခိုင်ပြည်ကြီးကို ပြည်လည်တည်ဆောင်နိုင်ရန်အတွက် လမ်းစဖြစ်နိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

မြေပုံမြို့နယ်တွင် တောမြောက်ဥ (ခ) ဝက်ဝဲဥတူးရာမှ ရရှိထားသည့် ရခိုင်ရှေးဟောင်းဒင်္ဂါးများအား မြောက်ဦး ရှေး/သုသို့အပ်နှံ



 
 
 Image may contain: indoor
စစ်တွေ၊ မတ်လ ၂၆
ဖဒူ ထွန်းအောင်/DMG

ရခိုင်ပြည်နယ်၊မြေပုံမြို့နယ် တွင် ရှာဖွေတွေ့ရှိထားသော ရခိုင်ရှေးဟောင်း ဒင်္ဂါးပြား (၅၁)ပြားအား မြောက်ဦးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ မတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်း အချိန်က ရှာဖွေတွေ့ရှိသူ ကိုယ်တိုင်လာရောက်အပ်နှံခဲ့ကြောင်း မြောက်ဦး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောဆိုသည်။

အဆိုပါ ရှေးဟောင်း ဒင်္ဂါးပြား(၅၁)ပြားအား မြေပုံမြို့နယ်၊ကန်ထောင့်ကြီးတိုက်နယ်အုပ်စု၊ ငန်းတောင် ကျေးရွာမှ မနုနုဝေ(အသက် ၂၂ နှစ်)မှ ရွာအနီး တောမြောက်ဥ(ခ)ဝက်ဝဲဥ တူးရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ရှေးဟောင်းငွေဒင်္ဂါးများ မပျောက်ပျက်ရေးအတွက် အပ်နှံရခြင်းဖြစ်သည်ဟု မြေပုံမြို့ အောင်မင်္ဂလာဆရာတော်မှ မိန့်ကြားသည်။

“အဲဒီ ရခိုင်ရှေးဟောင်းဒင်္ဂါးတွေ အပ်နှံလာသူတွေကို ရခိုင်ပြည်နယ်အစိုးရက ဆုပေးမယ်။ ကျပ်(၈)သိန်းနဲ့ (၁၀)သိန်းကြး ပေးမယ်လို့ မျှော်မှန်းထားပါတယ်။ ခုလောလောဆယ်မှာတော့ ဒင်္ဂါးလာရောက်အပ်နှံသူတွေကို မြောက်ဦး ရှေး/သုက ငွေကျပ်(၂)သိန်း ပေးထားပါတယ် ” ဟု မြောက်ဦး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။

အပ်နှံလာသည့် ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားများသည် ဝေသာလီခေတ်သုံးငွေ တစ်ကျပ်တန် ဒဂါၤး(၁)ျပား၊တစ္မူး ဒဂၤါး(၁၂)ျပား၊မတ္စီ ဒဂါၤး(၁၂)ပြားနှင့်ပြားစီ ဒင်္ဂါးး(၂၆)ပြား စုစုပေါင်း (၅၁)ပြား ဖြစ်ကြောင်းနှင့် ၎င်းဒဂါင်္းများသည် အေဒီ (၃)ရာစုနှင့်အေဒီ(၆)ရာစုကြား ရခိုင်အက္ခရာများ ရေးသားထားကာ ဝေသာလီဘုရင် နီတိစန္ဒြားမင်း၏ အမည်ကို ရေးထိုးထားကြောင်းသိရသည်။
 

အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့နေရာတွေ ကို သတင်းသမားတွေ သွားရောက် သတင်းရယူ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှာ သတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA















RFA -27 March 2017
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကို သတင်းရယူကြတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်ကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ မောင်တောဒေသကို ဦးစားပေးသွားရောက်မှာဖြစ်ပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို လွတ်လပ်စွာမေးခွင့်ရမှာဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအထွေထွေ မန်နေဂျာ ဦးရဲနိုင် က ပြောပါတယ်။
"အခုရောက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ်ပဲ၊ ဘယ်သူကိုမေးပါ၊ ဘယ်သူကိုမမေးပါနဲ့ဆိုပြီးမရှိဘူး၊ မရှိတဲ့အတွက် သူတို့လွတ်လွတ်လပ်လပ်နဲ့ သတင်းယူလို့ရအောင်စီစဉ်ထားပါတယ်"
အဲဒီအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးရဲနိုင် က ဦးဆောင်တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ခရီးစဉ်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်ကနေ မြန်မာ့လေကြောင်းနဲ့ စစ်တွေမြို့ကို ရောက် ရှိလာတာဖြစ်ပြီး ဒီကနေ့ ဘူးသီးတောင်ဆေးရုံနဲ့ ဈေးကို သွားရောက်သတင်းယူခဲ့ကြပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်က ရခိုင်နဲ့ မွတ်ဆလင်တွေ နေထိုင်တဲ့ သပိတ်တောင်ရွာကို သွားရောက်ခဲ့ကြ ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် အသက်ဝင်နေဆဲဖြစ်တာကြောင့် သွားလာရာမှာ အခက်အခဲ ရှိနေပြီး ဈေးအရောင်းအဝယ်နဲ့ ဒေသခံတွေရဲ့ သွားလာနေထိုင်မှု အခြေအနေတွေဟာ ပုံမှန်အခြေအနေကို မရောက်သေးဘူးလို့ သိရပါတယ်။

ခရီးစဉ်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး မနက်ဖြန်မှာဆိုရင် မောင်တောမြို့နယ်က အကြမ်းဖက် မှု ဖြစ်ပွားခဲ့တဲ့နေရာတွေဖြစ်တဲ့ ကျီးကန်းပြင်၊ ဝပိတ်၊ ငါးခူရ၊ ကိုးတန်ကောက် စတဲ့ ကျေးရွာတွေကို သွားရောက်ကြ မှာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေဟာလည်း မောင်တော မြို့နယ်ကို ဒီနေ့ရောက်ရှိနေပြီး ဗန္ဓုလကျေးရွာက ဒေသခံတွေနဲ့ အနီးတဝိုက်က ကျေးရွာတွေကို သွးရောက်လေ့ လာခဲ့တယ်လို့ Senior General Min Aung Hlaing ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဒီခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ



မောင်တောမြို့နယ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း










27 March 2017
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ်မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေကြတယ် လို့ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘင်းဂလီမွတ်စလင်ရာပေါင်းများစွာ ထွက်ပြေး ခိုလှုံလာကြတာဟာ မြန်မာအစိုးရရဲ့ အရည်အချင်းကို စမ်းသပ်မှုတခုဖြစ်တယ်လို့ အဲဒီသတင်းက ရေးသား လိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Samantha Power စမင်သာ ပါဝါ က ရခိုင်ပြည်နယ်အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
နောက်တနေ့ဖြစ်တဲ့ နိုဝင်္ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေကို အစိုးရအနေနဲ့ အများကတောင်းဆိုတဲ့အတိုင်း စုံစမ်းစစ်ဆေးနေကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြော ဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြောဆိုတယ်လို့ ဖေါ်ပြထားပါတယ်။
RFA

မောင်တော တိုက်ခိုက် သူတွေ ဆော်ဒီနဲ့ ပါကစ္စတန် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိဟု ICG ပြောကြား



2017-03-24
အောက်တိုဘာလဆန်းက မောင်တောဒေသ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်အဖွဲ့ကို ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေနဲ့ ဆက်စပ်နေကြောင်း ဒီအဖွဲ့ဝင်တွေရဲ့ ပြောဆို ချက်တွေကို ကိုးကားပြီး နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာလို ယုံကြည်ချက်လှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတဲ့ Harakah-al-Yakin လို့ အမည်ပေးထားတဲ့ ဒီဘင်းဂလီအဖွဲ့ ဟာ မောင်တောဒေသ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဗီဒီယိုတွေမှာ ပြောဆိုဝန်ခံထားပြီး ICG အဖွဲ့အနေနဲ့ ဒီအဖွဲ့ထဲက ၄ ဦးကို ရခိုင်ပြည်နယ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သလို ကျန်တဲ့ ၂ ဦးကို မြန်မာနိုင်ငံပြင်ပ မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ဝင်တွေနဲ့ အဆက်သွယ်ရှိသူတွေကိုလည်း အင်တာနက်မှာ စာနဲ့အပြန်အလှန် ပြောဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဒီအဖွဲ့ကို ၂ဝ၁၂ ရခိုင်ပြည်နယ် ပဋိပက္ခတွေအပြီး ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း၊ အာဖဂန်နဲ့ ပါကစ္စတန်မှာ ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးသူ ဘင်းဂလီမွတ်ဆလင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂ နှစ်ကြာ စစ်ဆင်ရေး သင်တန်းတွေ ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းတွေမှာ လက်နက်အသုံးချနည်း၊ ပျောက်ကျားစစ်ဆင်ရေးဗျူဟာ၊ ဖောက်ခွဲရေးပစ္စည်းသင်တန်းတွေ ပါဝင်ကြောင်း၊ ဒီအုပ်စုခေါင်းဆောင်ဟာ Ata Ullah ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားကို သွားရောက်သင်တန်း တက်ခဲ့တဲ့ ဘင်းဂလီ ၂ဝ ထဲက တဦးဖြစ်ကြောင်း၊ သူဟာ မောင်တောတိုက်ခိုက်မှုအပြီး အင်တာနက်မှာ ထွက်ပေါ်ခဲ့တဲ့ ဗီဒီယို ၉ ခုထဲမှာ ပါဝင်ခဲ့ပြီး အဖွဲ့ရဲ့ ရခိုင်ပြည်နယ်လှုပ်ရှားမှုကို ဦးဆောင်နေကြောင်းလည်း ICG က ရေးပါတယ်။ ဒါ့အပြင် ဒီအုပ်စုကို ဆော်ဒီနိုင်ငံ မက္ကာမြို့မှာ ရုံးချုပ်အခြေစိုက်တဲ့ ရိုဟင်ဂျာအကြီးအကဲ ၂ဝ ပါတဲ့ ကော်မတီက ကြီးကြပ်တယ်လို့လည်း ဆိုပါတယ်။
ဒီအဖွဲ့ဟာ ရခိုင်ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာမတွေ့ရကြောင်း၊ ဒါပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ပြောင်းလဲ လာနိုင်ကြောင်း၊ ဘာသာရေးတိုက်ပွဲပုံစံအနေနဲ့ ရပ်တည်လာနိုင်ပြီး နိုင်ငံတကာ ဘာသာရေးစစ်ဆင်နွဲနေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ စစ်ဆင်ရေးအရချည်း သက်သက်သာ ချဉ်းကပ်တာမျိုးမဟုတ်ဘဲ သူတို့နောက်ကွယ်က ခံစားနေရတဲ့ ပြဿနာတွေကိုလည်း အလေးနက် ထားဖြေရှင်းဖို့လိုကြောင်း ICG က တိုက်တွန်းထားပါတယ်။

RFA
မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဘင်းဂလီမွတ်ဆလင်အဖွဲ့ကို တွေ့ရစဉ်
Photo-Video Screen Capture
Image may contain: 4 people, beard

ရခိုင်လွှတ်တော် နိုင်ငံသားကိစ္စ တိုင်ကြားမှုရရှိ တာကြောင့် လေ့လာနေ



မောင်တောကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရောက်ရှိနေတဲ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Aung Kyaw Min FB









၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီမဟုတ်ဘဲ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်တွေ ကို နိုင်ငံသားအဖြစ် ပေးနေတယ်ဆိုပြီး မောင်တောမြို့ ဒေသခံတွေက ပြည်နယ်လွှတ်တော်ဥက္ကဌဆီကို တိုင်ကြား လာတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကြားနာ စုံစမ်းရေးလုပ်ငန်းအဖွဲ့က ဒီကနေ့ သွားရောက်လေ့လာစုံစမ်းနေပါတယ်။
အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေဟာ ဥပဒေနဲ့အညီ မှန်ကန်မှုရှိ မရှိဆိုတာကို အဓိကလေ့လာပြီး လွှတ်တော်ကို အစီရင်ခံမှာဖြစ်တယ်လို့ အထူးကြားနာ စုံစမ်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဌဖြစ်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကပြောပါတယ်။
"ကျနော်တို့က ဒီမှာ နိုင်ငံသား စိစစ်ပုံ စိစစ်နည်းတွေရယ် နောက် ဘယ်လိုဥပဒေတွေနဲ့ ဘယ်လို အချက်အလက်တွေနဲ့ အတည်ပြုပေးတယ်၊ ဘယ်လိုခွင့်ပြုပေးတယ်ဆိုတာကို ကျနော်တို့ ကြားနာ ဖို့ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့က ကြားနာပြီးရင် ဒီပြည်သူလူထုက ကန့်ကွက်ထားတာတွေဟာ မှန်ကန်မှု ရှိမရှိကို လေ့လာသုံးသပ်သွားပြီးတော့ ကျနော်တို့ လွှတ်တော်ကို အစီရင်ခံစာတင်သွား မှာဖြစ်ပါတယ်။"
ဒီစုံစမ်းလေ့လာမှုဟာ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ သုံးရက်တာကြာမြင့်မှာဖြစ်ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုစလုံးကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။
စုံစမ်းရေးအဖွဲ့အနေနဲ့ ဒီကနေ့မှာ မောင်တောမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို နောက်နေ့တွေမှာတော့ အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
အခုလအတွင်းမှာ အစိုးရက မောင်တောမြို့က မွတ်ဆလင် ၅၀ ကျော်ကို နိုင်ငံသားအသိအမှတ်ပြု ကဒ်နဲ့ နိုင်ငံသားပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုကဒ်ပြားတွေ ထုတ်ပေးခဲ့တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူး ဆိုပြီး မောင်တောမြို့ခံတွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြ ပါသေးတယ်။

RFA

နိုင်ငံသားစိစစ်မှုနဲ့ ပတ်သက်တဲ့ ရခိုင်လွှတ်တော်တွေ့ရှိချက် သမ္မတဆီ တင်မယ်



ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: Min Thein Aung/RFA



ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ကဒ်ပြားတွေကို ထုတ်ပေးရာ မှာ တည်ဆဲဥပဒေကို ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း လေ့လာတွေ့ရှိထားတဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံပေးပို့သွားဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သင့် တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးမြသန်း က လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
"တည်ဆဲဥပဒေပါ ပြဌါန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်း စိစစ်ဆောင်ရွက်သင့်ပါသည်၊ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစိစစ်ပြီးကာ ဥပဒေနဲ့ကိုက်ညီသူများ ကို နိုင်ငံသားလက်မှတ် ထုတ်ပေးရမည်ဖြစ်ဖြစ်သည်၊ ဥပဒေနဲ့မညီညွတ်သူများကိုလည်း ဥပဒေအတိုင်း သာ ဆောင်ရွက်သင့်ပါတယ်"
အစိုးရအနေနဲ့ ဥပဒေနဲ့မညီဘဲ မွတ်ဆလင်တွေကို နိုင်ငံသားပေးနေတယ်ဆိုပြီး ဒေသခံတွေဘက်က စွပ်စွဲပြော ဆိုမှုတွေဟာ မှန်ကန်ကြောင်း ပြည်နယ်လွှတ်တော်ရဲ့ "နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့" က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။

ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကို လွှတ်တော်ဥက္ကဌက မေးမြန်းခဲ့ပေမယ့် တစ်စုံတရာ တုန့်ပြန်ဖြေရှင်းတာမရှိခဲ့ပါဘူး။

ဒီအစီရင်ခံစာအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ် စဉ်တွေကို လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာ ဒုတိယပိုင်းကိုလည်း ဒီနေ့ အတည်ပြုခဲ့ပါတယ်။

Wednesday, March 22, 2017

ဦးဝီရသူ တရားပွဲကို

ဦးဝီရသူ တရားပွဲကို
ကရင်ပြည်မှာ ရအောင် ကျင်းပမယ် ။
Image may contain: one or more people, people standing and outdoor
အစိုးရနဲ့မဆိုင်ဘူး ။
ကန့်ကွက် အရေးယူရဲရင် လာယူ ။
လက်နက်ကိုင် အဖွဲ့အစည်း က ကြီးမှူးကျင်းပမယ်။
Image may contain: 10 people, people standing and outdoor
မည်သည့် ပါတီမှ ဝင်မပါနဲ့ ။
ပါတီတွေဝင်ပါရင်
သူတောင်းစားတွေက ပြောအုံးမယ် ။
နိုင်ငံရေးလှည့်ကွက်တွေ ပဋိပက္ခဖြစ်အောင်ဖန်တီးတာတွေ လုပ်နေအုံးမယ်။
ငါတို့ကိုယ်တိုင်လုပ်မယ်။
အမျိုးချစ်တဲ့
Eal Saw
Credit to .... အရှင်​သုန္ဒ မစိုးရိမ်

နားလည်ပေးချင်တယ်...ဒါပေမယ့်


=======================
ရခိုင်အရေးကော်မရှင်ဖွဲ့တယ်။ ရခိုင်လွှတ်တော်မသိဘူး။
မွန်ပြည်နယ် တံတားနာမည်ပြောင်းတယ်။ မွန်လွှတ်တော် မသိဘူး။
ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ကရေးတယ်။
တောင်ကြီးမြို့ကို နာမည်ပြောင်းဖို့လွှတ်တော်မှာတင်ရင် ကျွန်တော်ဘာမှ မတတ်နိုင်ဘူးတဲ့။
တကယ်ဆို မန္တလေးတောင်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းတောင်လို့ ပြောင်းရင်လဲ ဘယ်သူမှ တတ်နိုင်ကြမှာ မဟုတ်ဘူး။
ကိုရီးယားမှာအလုပ်လုပ်ခွင့်ရဖို့ လူပေါင်း ၃ သောင်းကျော်အလုအယက်လျှောက်ကြတယ်။ မလေးရှားလိုနိုင်ငံကို အလုပ်သမားပြန်လွှတ်ဖို့ ထပ်စီစဉ်နေတယ်။
မကြာခင်မှာ ဒီအစိုးရလက်ထက် အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက် ဖန်တီးပေးခဲ့ တယ်ဆိုပြီး တစ်ယောက်ယောက်က ထဖတ်အုံးမယ်။
Image may contain: one or more people, bicycle and outdoor
ပြည်ပမှာအလုပ်လုပ်နေတဲ့သူတွေဆီကနေ ဒီအစိုးရက အခွန်အကောက် ဘယ်လောက် ရရှိခဲ့ပါတယ်ဆိုပြီး တစ်ယောက်ယောက်ကလဲ ထဖတ်ပြအုံးမယ်။
ဒီနိုင်ငံမှာ အလုပ်လုပ်ဖို့မသင့်လို့ ပြည်ပပို့နေရတာတောင်..
နောင်အနှစ် ၂၀ ဆို စင်ကာပူကို ကျော်တက်မယ်ဆိုတဲ့ အိပ်မက်က မက်တုန်း။
လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြကြတယ်။
တစ်နေ့လုပ်ခ၊ ကားခ၊ သွားခ၊ စားစရိတ်ကိုနုတ်ရင် တစ်ယောက်စာတောင် အသားငါး မမှန်ဘူး။ ဒါတောင် တွက်ခြေမကိုက်တဲ့ အစိုးရစက်ရုံတွေကို ပိတ်ပစ်အုံးမယ်။
အဆင်ပြေရဲ့လား သွားမေးရင် သူတို့လက်သန်းလေးတွေ ၀ှက်ဝှက်ပြီး ဖြေကြတယ်။
ဒေါက်ဖိနပ်အောက်မှာ ပိုဆိုး။
အနတ္တောအနတ္တ (၅)ပါးထဲမှာ..
ဆရာဆိုတာက တပည့်ကိုပြန်ကြောက်ရတဲ့ခေတ်ရောက်နေသလို၊ အသုံးမကျရင် နယ်သွား ၊ နယ်က ကလေးတွေက လူမဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ခေတ်။ ဆရာတစ်ယောက်အသတ်ခံရတာက ကုလားတစ်ယောက်လောက်တောင် တန်ဖိုးမရှိတဲ့ အခြေအနေ။
Image may contain: 1 person, text
မိဘဆိုတာကတော့ တံတားနာမည်တောင် အဖေတစ်မျိုး၊ သမီးတစ်မျိုး ။
သက်ငယ်မုဒိန်းမှု သေဒဏ်ကိစ္စကို ပါးစပ်ပိတ်ထားပြီး ဖခင်ဂုဏ်ကို စော်ကားတဲ့ခေတ်။
မအေကို facebook ပေါ်ဓာတ်ပုံတင်ပြီး မိုက်ရိုင်းလို့ အမေကသားကို အမှုဖွင့်ရတဲ့ခေတ်။
သံဃာကတော့ အနီပေါ်အနက်အုပ်ထားလို့ ပါးစပ်ပိတ်ထားရတဲ့ ခေတ်။
ဘုန်းကြီးဆို အမျိုးအစားခွဲပြီး မိုက်ရိုင်းဆဲဆိုကြတဲ့ခေတ်။
ဘာသာပေါင်းစုံအကြောင်းပြ၊ သံဃာက ဂုဏ်ရည်မတူ၊ အကျင့်သီလမတူသူတွေနဲ့ တစ်တန်းထဲဖြစ်ပြီး စားသောက်တဲ့ခေတ်။
လူက သံဃာကို မီဒီယာပေါ်တက် စော်ကားတဲ့ခေတ်။
ဘုရားနဲ့တရားကိုသာ ဆက်ပြီး အနီဖုံးခဲ့ရင်တော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရား ပျောက်ပြီ။
လက်နက်ကိုင်အရေး....
နိုင်ငံသားအခွင့်အရေး...
ဝန်ထမ်းသက်သာချောင်ချိရေး...
တစ်ခါတစ်လေမှာ နားလည်ပေးချင်တာတောင် နားလည်ဖို့ခက်တယ်။
ဒါတောင် အရင်အစိုးရအရှုပ်တွေကို ရှင်းနေရတုန်းလို့ ပြောထွက်နေသေး။

ဦးတိမ်

Thursday, March 9, 2017

လောက်ကိုင်နယ်စပ်တိုက်ပွဲ ပြင်းထန်

9 March 2017 

လောက်ကိုင် ဒေသတ၀ိုက် နေရာ သုံးနေရာမှာ ဒီကနေ့ မြန်မာ့ တပ်မတော်နဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရန်လုံကျိုက် နယ်စပ်ဂိတ်၊ နယ်စပ်မိုင်တိုင် အမှတ် ၁၂၇ နဲ့ ရင်ကျင့်ထန်ကြား တလျှောက်နဲ့ လောက်ရှန်းထန် ဒေသတို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီကနေ့ တိုက်ပွဲတွေ အခြေအနေကိုတော့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ သူက အခုလိုဖြေပါတယ်။

“ဖြေ။ ။ဒီကနေ့တိုက်ပွဲကတော့ အရင်ရင်ထက်စာရင်နည်းနည်းလေးများတယ်ခင်ဗျ ။ ဒီနေ့မနက်ကတော့ နေရာ ၄ နေရာ -၅ နေရာလောက်မှာ ဖြစ်တယ်ခင်ဗျ ။ ဒီမနက် ၈ နာရီလောက်မှာတော့ လောက်ကိုင် ရန်လုံကျိုက် နားရယ်၊ နေ့ခင်းဘက်မှာတော့ မိုင်တိုင် ၁၂၅- ၁၂၇ကြား ၊ လောက်ရှန်းထန်ရယ် နောက် ၁ နေရာ ၂ နေရာလောက်မှာ နည်းနည်းလေး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တွေဖြစ်တယ်ခင်ဗျ။

မေး။ ။အဲဒီတော့ အခုတိုက်ပွဲက လက်နက်ကြီးနဲ့ ဟိုဘက် ဒီဘက် ပစ်နေတာလား ဘယ်လိုပုံစံဖြစ်နေပါသလဲရှင့်။

ဖြေ။ ။အခုနောက်ပိုင်း မြန်မာ့တပ်မတော်ဘက်က သူတို့ရဲ့ တိုက်ပုံကတော့ လက်နက်ကြီးတွေ အစွမ်းကုန်ပစ်တယ်။ မြေပြင်အခြေအနေနည်းနည်းငြိမ်ရင် မြေပြင်က တက်တယ်။ ပြီးရင် လေယာဉ်နဲ့ ပစ်တယ်။ အဲလိုပုံစံမျိုးပါ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးတွေကတော့ ကျနော်တို့က မရှိဘူး ကျနော်တို့က သူပုန်တပ်ဆိုတော့ လက်နက်ကြီးတွေ အစိုးရတပ်လောက်တော့မရှိဘူး ။ ရသလောက်ကတော့ ရတဲ့ ပစ္စည်းလေး လက်နက်တွေနဲ့ကတော့ ခုခံကာကွယ်နေတာပါ။ သူတို့ဘက်ကတော့ ဒီရှိပြီးသား တပ်မတွေအပြင် ဒီကြားထဲမှာတော့ တပ်မ ၆၆၊ ၇၇ တွေ ၊ ၁၁၊၃၃ အဲဒီ တပ်မ ၄ ခုလောက်တော့ရှိမယ်။ ပြီးရင် သံချပ်ကာ တပ်ရင်းတွေရယ် ဒီကြားထဲမှာတော့ လေယာဉ်ကိုတော့ အရင် ၁ ရက်နေ့ကတော့ မပါသေးဘူးပေါ့နော် ၊ အဲဒီတော့ တပ်မ ၃ ခုအထက်တော့ တိုက်နေတာတွေ့တယ်ခင်ဗျ။”

တပ်မတော်ဘက်ကတော့ အကျအဆုံးအထိအခိုက်ကို အတိအကျ မထုတ်ပြန်ပေမယ့် Facebook စာမျက်နှာမှာတော့ ပျံ့နှံ့နေတဲ့ ဓါတ်ပုံနဲ့ မိသားစု သတင်းတွေအရမှာ တပ်မတော်က ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ၁ ဦး ဒီကနေ့ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုတဲ့သတင်း ထွက်ပေါ်နေပါတယ်။

မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com