
စစ်တွေ၊ မတ်လ ၂၆
ဖဒူ ထွန်းအောင်/DMG
ရခိုင်ပြည်နယ်၊မြေပုံမြို့န ယ်
တွင် ရှာဖွေတွေ့ရှိထားသော ရခိုင်ရှေးဟောင်း ဒင်္ဂါးပြား (၅၁)ပြားအား
မြောက်ဦးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ မတ်လ
၂၆ ရက်နေ့၊ နံနက်ပိုင်း အချိန်က ရှာဖွေတွေ့ရှိသူ
ကိုယ်တိုင်လာရောက်အပ်နှံခဲ့ ကြောင်း မြောက်ဦး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောဆိုသည်။
အဆိုပါ ရှေးဟောင်း ဒင်္ဂါးပြား(၅၁)ပြားအား မြေပုံမြို့နယ်၊ကန်ထောင့်ကြီးတိုက်နယ်အုပ်စု၊ ငန်းတောင် ကျေးရွာမှ မနုနုဝေ(အသက် ၂၂ နှစ်)မှ ရွာအနီး တောမြောက်ဥ(ခ)ဝက်ဝဲဥ တူးရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ရှေးဟောင်းငွေဒင်္ဂါးများ မပျောက်ပျက်ရေးအတွက် အပ်နှံရခြင်းဖြစ်သည်ဟု မြေပုံမြို့ အောင်မင်္ဂလာဆရာတော်မှ မိန့်ကြားသည်။
“အဲဒီ ရခိုင်ရှေးဟောင်းဒင်္ဂါးတွေ အပ်နှံလာသူတွေကို ရခိုင်ပြည်နယ်အစိုးရက ဆုပေးမယ်။ ကျပ်(၈)သိန်းနဲ့ (၁၀)သိန်းကြး ပေးမယ်လို့ မျှော်မှန်းထားပါတယ်။ ခုလောလောဆယ်မှာတော့ ဒင်္ဂါးလာရောက်အပ်နှံသူတွေကို မြောက်ဦး ရှေး/ သုက ငွေကျပ်(၂)သိန်း ပေးထားပါတယ် ” ဟု မြောက်ဦး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က ပြောသည်။
အပ်နှံလာသည့် ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားများသည် ဝေသာလီခေတ်သုံးငွေ တစ်ကျပ်တန် ဒဂါၤး(၁)ျပား၊တစ္မူး ဒဂၤါး(၁၂)ျပား၊မတ္စီ ဒဂါၤး(၁၂)ပြားနှင့်ပြားစီ ဒင်္ဂါးး(၂၆)ပြား စုစုပေါင်း (၅၁)ပြား ဖြစ်ကြောင်းနှင့် ၎င်းဒဂါင်္းများသည် အေဒီ (၃)ရာစုနှင့်အေဒီ(၆)ရာစုကြား ရခိုင်အက္ခရာများ ရေးသားထားကာ ဝေသာလီဘုရင် နီတိစန္ဒြားမင်း၏ အမည်ကို ရေးထိုးထားကြောင်းသိရသည်။
ဖဒူ ထွန်းအောင်/DMG
ရခိုင်ပြည်နယ်၊မြေပုံမြို့န
အဆိုပါ ရှေးဟောင်း ဒင်္ဂါးပြား(၅၁)ပြားအား မြေပုံမြို့နယ်၊ကန်ထောင့်ကြ
“အဲဒီ ရခိုင်ရှေးဟောင်းဒင်္ဂါးတွေ အပ်နှံလာသူတွေကို ရခိုင်ပြည်နယ်အစိုးရက ဆုပေးမယ်။ ကျပ်(၈)သိန်းနဲ့ (၁၀)သိန်းကြး ပေးမယ်လို့ မျှော်မှန်းထားပါတယ်။ ခုလောလောဆယ်မှာတော့ ဒင်္ဂါးလာရောက်အပ်နှံသူတွေကို
အပ်နှံလာသည့် ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားများသည် ဝေသာလီခေတ်သုံးငွေ တစ်ကျပ်တန် ဒဂါၤး(၁)ျပား၊တစ္မူး ဒဂၤါး(၁၂)ျပား၊မတ္စီ ဒဂါၤး(၁၂)ပြားနှင့်ပြားစီ ဒင်္ဂါးး(၂၆)ပြား စုစုပေါင်း (၅၁)ပြား ဖြစ်ကြောင်းနှင့် ၎င်းဒဂါင်္းများသည် အေဒီ (၃)ရာစုနှင့်အေဒီ(၆)ရာစုကြာ
No comments:
Post a Comment