
အမ်း၊ မတ်လ ၂၆
ဇော်ဇော် (မြောက်ဦး)၊ DMG
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာအေးမောင်က ပါတီကြီးများ၏ အမိန့်ပေးခံ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဆိုသည့် ဝေါဟာရအောက်တွင် အဆင်းရဲဆုံးဘ၀ဖြင့် ရပ်တည်နေရဟု မတ်လ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
“ အမိန်းပေးခံ ပုဂ္ဂိုလ်တွေနဲ့ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရအောက်မှာ ကျနော်တို့ဟာ အဆင်းရဲဆုံး ဘ၀နဲ့ပဲ ရပ်တည်နေရတယ်။ ဒါကြောင်း ကိုယ်တို့ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်တို့ ကိုယ်တိုင် စီမံခံခွဲပိုင်ခွင့်ရှိတယ်။
ကိုယ်တို့ ယုံကြည်ချက်၊ ကိုယ်တို့ ရပ်တည်ချက်နဲ့ပေါလေ။
အဲဒီလိုမျိုးဖြစ်အောင် ကြိုးစားမယ်ဆိုပြီးတော့ ၂၀၂၀ ကို ကျနော်တို့
သတ်မှတ်ထားတဲ့ ၂၀၂၀ မှာသာ တိုင်းရင်းသားပြည်နယ် ၇ ခု ညီညွတ်ခဲ့မယ်ဆိုရင်
ကျနော်တို့ဟာ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အစိုးရကို ကိုယ်တို့
တည်ဆောက်နိုင်တယ်ဆိုတာကို ကိန်းကဏန်းတွေနဲ့ ကျနော်တို့က ရှင်းပြတယ်။
သူတို့လည်း တချို့စိတ်ဝင်စားပါတယ်။ ဒီတိုင်းပဲ ကျနော်တို့ကတော့
လူထုကိုစည်းရုံးပါတယ်။ အဓိက ၂၀၂၀ ကို ကျနော်တို့ Target ထားပါတယ်။ ” ဟု
ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကို အမ်းမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ရခြင်းသည် ၂၀၂၀ မှာ ရခိုင်အမျိုးသားပါတီအနေဖြင့် အမတ်နေရာအားလုံးကို ရရှိအောင် ယခုအချိန်မှ စတင်စည်းရုံးကာ ပြင်ဆင်ခြင်းဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာအေးမောင်ကဆိုသည်။
၂၀၂၀ မှာကျင်းပမည့် မြန်မာနိုင်ငံအထွေထွေးရွေးေ ကာက်ပွဲကြီးတွင်
ရခိုင်ပြည်နယ်၏ လွှတ်တော်နေရာအားလုံး ပြည်နယ်လွှတ်တော် ၃၄ နေရာနှင့်
အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် (၁၇) နေရာ ပေါင်း (၂၉)
နေရာကို ရခိုင်အမျိုးသားပါတီမှ ရကိုရရှိရမည်ဟု ၄င်းက ကြွေးကြော်ထားသည်။
“ အဲလို ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ကျန်တဲ့ပြည်နယ် ၆ ခုကလည်း ကျနော်တို့လို ခြံစည်းရိုး ခတ်။ အဲလိုခတ်နိုင်ရင် ပြည်ထောင်စုကို တက်လာမဲ့ ဘယ်ပါတီမှ တစ်ပါတီတည်း အစိုးရ ဖွဲ့လို့ကိုမရဘူး အဲဒါကို ကျနော်တို့ သဘောပေါက်အောင် ရှင်းပါတယ်။ အဲ့ဒါကိုပဲ ကျနော်တို့က အဓိကထားပါတယ်။ ဆိုလိုတာက တိုင်းရင်းသားများ မညီညွတ်လို့ တိုင်းရင်းသား ပြည်နယ်တွေမှာပဲ ပြည်ထောင်စု ပါတီကြီးတွေက သူတို့ရဲ့ အမိန်းပေးခံ တိုင်းရင်းသား ၀တ်စုံဝတ်ထားကြတဲ့ ပုဂ္ဂိုလ်တွေကို အမတ်နေရာရအောင် တိုင်းရင်းသားများ ညီညွတ်မှုကို ဖြိုခွဲနိုင်ခဲ့လို့သာ ပြည်ထောင်စု ပါတီကြီးတွေဆိုတဲ့ ပါတီကြီးတွေက အစိုးရဖွဲ့နိုင်တာ တနည်းအားဖြင့် ပြည်ထောင်စုအစိုးရကို ဖွဲ့နိုင်တဲ့ ပါတီကြီးတွေဟာ အမတ်နေရာအားလုံးကို ရရင်လည်း အစိုးရမဖွဲ့နိုင် တိုင်းရင်းသားပြည်နယ်တွေမှာ အမတ်နေရာမရပဲ အစိုးရမဖွဲ့နိုင်။ ” ဟု ဒေါက်တာအေးမောင်က ပြောသည်။
တိုင်းရင်းသားတို့ ရပိုင်ခွင့်ဖြစ်သော လွှတ်တော်နေရာအားလုံးကို ကိုယ်တို့ကိုယ်အပိုင် အမျိုးသားပါတီ ဘက်ကရအောင် ကိုယ်တို့ကိုယ်တိုင် ပူးပေါင်းပါဝင်မည်ဆိုသည့် ညီညွတ်မှု အမျိုးသားရေးစိတ်သည် သာလျှင် အတိတ်သမိုင်းမှာ ပြိုလဲခဲ့သော နှစ်ပေါင်း ၅၀၀၀ ယဉ်ကျေးမှုမြင့်မားခဲ့သည့် ရခိုင်ပြည်ကြီးကို ပြည်လည်တည်ဆောင်နိုင်ရန်အတွ က် လမ်းစဖြစ်နိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဇော်ဇော် (မြောက်ဦး)၊ DMG
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာအေးမောင်က ပါတီကြီးများ၏ အမိန့်ပေးခံ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဆိုသည့် ဝေါဟာရအောက်တွင် အဆင်းရဲဆုံးဘ၀ဖြင့် ရပ်တည်နေရဟု မတ်လ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။
“ အမိန်းပေးခံ ပုဂ္ဂိုလ်တွေနဲ့ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရအောက်မှာ ကျနော်တို့ဟာ အဆင်းရဲဆုံး ဘ၀နဲ့ပဲ ရပ်တည်နေရတယ်။ ဒါကြောင်း ကိုယ်တို့ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို အမ်းမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ရခြင်းသည
၂၀၂၀ မှာကျင်းပမည့် မြန်မာနိုင်ငံအထွေထွေးရွေးေ
“ အဲလို ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ကျန်တဲ့ပြည်နယ် ၆ ခုကလည်း ကျနော်တို့လို ခြံစည်းရိုး ခတ်။ အဲလိုခတ်နိုင်ရင် ပြည်ထောင်စုကို တက်လာမဲ့ ဘယ်ပါတီမှ တစ်ပါတီတည်း အစိုးရ ဖွဲ့လို့ကိုမရဘူး အဲဒါကို ကျနော်တို့ သဘောပေါက်အောင် ရှင်းပါတယ်။ အဲ့ဒါကိုပဲ ကျနော်တို့က အဓိကထားပါတယ်။ ဆိုလိုတာက တိုင်းရင်းသားများ မညီညွတ်လို့ တိုင်းရင်းသား ပြည်နယ်တွေမှာပဲ ပြည်ထောင်စု ပါတီကြီးတွေက သူတို့ရဲ့ အမိန်းပေးခံ တိုင်းရင်းသား ၀တ်စုံဝတ်ထားကြတဲ့ ပုဂ္ဂိုလ်တွေကို အမတ်နေရာရအောင် တိုင်းရင်းသားများ ညီညွတ်မှုကို ဖြိုခွဲနိုင်ခဲ့လို့သာ ပြည်ထောင်စု ပါတီကြီးတွေဆိုတဲ့ ပါတီကြီးတွေက အစိုးရဖွဲ့နိုင်တာ တနည်းအားဖြင့် ပြည်ထောင်စုအစိုးရကို ဖွဲ့နိုင်တဲ့ ပါတီကြီးတွေဟာ အမတ်နေရာအားလုံးကို ရရင်လည်း အစိုးရမဖွဲ့နိုင် တိုင်းရင်းသားပြည်နယ်တွေမှာ
တိုင်းရင်းသားတို့ ရပိုင်ခွင့်ဖြစ်သော လွှတ်တော်နေရာအားလုံးကို ကိုယ်တို့ကိုယ်အပိုင် အမျိုးသားပါတီ ဘက်ကရအောင် ကိုယ်တို့ကိုယ်တိုင် ပူးပေါင်းပါဝင်မည်ဆိုသည့် ညီညွတ်မှု အမျိုးသားရေးစိတ်သည် သာလျှင် အတိတ်သမိုင်းမှာ ပြိုလဲခဲ့သော နှစ်ပေါင်း ၅၀၀၀ ယဉ်ကျေးမှုမြင့်မားခဲ့သည့် ရခိုင်ပြည်ကြီးကို ပြည်လည်တည်ဆောင်နိုင်ရန်အတွ










