Monday, May 15, 2017

ဘူးသီးတောင်ပေါက်ကွဲမှုမှာ ပြည်ပနိုင်ငံသား ၂ ဦး ရဲ့ အလောင်းတွေ့

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနဲ့ အလောင်းတွေ့ရှိသည့်နေရာပြမြေပုံ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနဲ့ အလောင်းတွေ့ရှိသည့်နေရာပြမြေပုံ
Photo: State Counsellor Office Information Committee/ Facebook 
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေက ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာနဲ့ဆက်နွယ်ပြီး ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ အလောင်းတွေနဲ့အတူ တင်းမေနဲ့ ကျောင်းတောင်အလယ်ရွာ က မော်လဝီနှစ်ဦး၊ စာကိုင်းရွာခံတစ်ဦးတို့ရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် အမျိုးသား၂ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ယမ်း၊ မီးသွေး၊ ကန့်၊ ကားပစ္စတင်ခွံတွေကိုပါသိမ်းဆည်းရမိခဲ့ကြောင်း မေလ ၈ ရက်နေ့က ကနဦး သတင်းထုတ်ပြန်ခဲ့တာပါ။
အဲဒီဖြစ်စဉ်တွေအတွက် စုံစမ်းမှုတွေကို ဆက်လက်ပြုလုပ်ခဲ့ရာမှာ မေလ ၁၃ ရက်နေ့ညနေက သဲနီကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်ခြေရင်းမှာ အဲဒီအလောင်း ၅ ခုကို တူးဖော်တွေ့ရှိခဲ့တာလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အလောင်းတွေကို ဘူးသီးတောင်ဆေးရုံကိုအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။
ပြည်ပနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံသားတွေဖြစ်ကြတယ်ဆိုတာကိုတော့ ဖော်ပြ ထားခြင်းမရှိပါဘူး။

တရုတ်တွေ တရားမဝင် ဝင်ရောက်တာကို သတင်းပေးရင် ဆုချီးမြှင့်မည်

ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက်က စည်ပင်သာယာဈေးကို တွေ့ရစဉ်
ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက်က စည်ပင်သာယာဈေးကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA 
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသဘက်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင်  ဝင်ရောက်နေထိုင် တာကို သတင်းပေးရင် ဆုငွေချီးမြှင့်မယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထား ပါတယ်။
ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နိုင်ရင် နိုင်ငံခြားသားတွေ ဥပဒေမဲ့နေထိုင်မှုတွေအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူဖြစ်စေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က RFA ကို ဒီကနေ့ ပြောပါတယ်။
"အဓိကတော့ ဒီနယ်မြေထဲကို တရုတ်နိုင်ငံသားတွေ ဝင်ရောက်နေထိုင်ခွင့်မရှိဘူး။ ဝင်နေတဲ့ဟာကို ကျနော်တို့က တရားဥပဒေစိုးမိုးရေးကို အဓိကထားတဲ့အတွက် ဒါတွေကိုဖော်ထုတ်ဖို့လိုတာကို။ ဖော်ထုတ် ဖို့လိုတဲ့အတွက် ကျနော်တို့က ဖော်ထုတ်နိုင်အောင် သတင်းပေးတဲ့လူတွေလည်း ရှိဖို့လိုတယ်။ သတင်းပေး တဲ့လူတွေရှိဖို့အတွက် သတင်းပေးတဲ့လူတွေလည်း သတင်းပေးလာအောင် ကျနော်တို့ဘက်က ကြေညာချက် ထုတ်တာပါ။ သက်ဆိုင်ရာဒေသခံ ပြည်သူတွေကပါ ဒါကို သိပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ပြီးတော့ ဆောင်ရွက်လာခြင်းအားဖြင့် ရပ်ရွာအတွင်းမှာ ပိုပြီးတော့ တရားဥပဒေစိုးမိုးမှု ရလာနိုင်တာပေါ့"
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေးပို့ ခဲ့တဲ့ ကြောင်းကြားစာမှာ တရုတ်နိုင်ငံသားတွေ တရားမဝင် တည်းခိုနေထိုင်တာကို သတင်းပေးပို့နိုင်ရင် ဆုငွေကျပ် ၁ သိန်း ချီးမြှင့်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးအားလုံးက မိမိတို့ကျေးရွာ ရပ်ကွက်တွေအတွင်းက ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အကြောင်းကြားထားပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ၇ လတာကာလအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ဖမ်းဆီးရမိမှုဖြစ်စဉ် ၃ ခုမှာ ဥပဒေမဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား သတင်းထောက် ၂ ယောက် ရောက်ရှိလာလို့ ပြန်ပို့ခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ ၁၉၄၇ ခုနှစ် နိုင်ငံခြားသား ဝင်ရောက်နေထိုင်မှုနဲ့ ပတ်သက်တဲ့ အက်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ အသိပေးရှင်းလင်းထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
တရုတ်နိုင်ငံသားတွေဟာ ရွှေ၊ ပယင်း၊ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်နဲ့ တနိုင်းဒေသတွေဘက်ကို တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုတွေရှိသလို ဝိုင်းမော်နဲ့  မြစ်ကြီးနားမြို့နယ်က တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ တခြား စီးပွားရေးနယ်မြေတွေကိုလည်း ရောက်ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ အကြီးဆုံး ဓာတ်အားပေးစက်ရုံ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်သာတွင် တည်ဆောက်

(တောင်သာမြို့တွင် လက်ရှိ တည်ဆောက်နေသည့် ၂၂၅ မဂ္ဂါဝပ် စက်ရုံကို တွေ့ရစဉ်/ ဓာတ်ပုံ- ကြေးမုံ)
နိရဉ္စရာ၊ မေ ၁၅ 

ရခိုင်ကမ်းရိုးတန်းမှ ထွက်ရှိသည့် ရွှေသဘာဝ ဓာတ်ငွေ့ ဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေး စက်ရုံကို မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တည်ဆောက်နေကြောင်း သတင်းရရှိသည်။
၎င်းစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် စက်ရုံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရွှေသဘာဝဓာတ်ငွေ့ အသုံးပြု၍ တည်ဆောက်သည့် စက်ရုံထဲတွင် အကြီးဆုံး စက်ရုံဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းအရ သိရသည်။
၎င်းစက်ရုံကို စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Semb Crop က တည်ဆောက်နေပြီး ၂၀၁၈ခုနှစ် မေလတွင် အပြီးသတ် တည်ဆောက်မည်ဟု ဆိုသည်။
လက်ရှိတောင်သာမြို့နယ်တွင် Agrico ကုမ္ပဏီမှ တည်ဆောင်ထားသည့် ၉၀မဂ္ဂါဝပ် ထုတ်ယူနိုင်သည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် V-power ကုမ္ပဏီမှ တည်ဆောက်ထားသည့် ၁၃၃ မဂ္ဂါဝပ်ထုတ် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံ တစ်ရုံ၊ ပေါင်း ၂ ရုံ တည်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည်ရွှေသဘာဝ ဓာတ်ငွေ့မှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀ ခွဲတန်း ရရှိထားပြီး အဆိုပါ ဓာတ်ငွေ့ဖြင့် ကျောက်ဆည်မြို့နယ်တွင် ၈၀ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံတစ်ရုံ၊ တောင်သာမြို့နယ်တွင် သဘာဝ ဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံသုံးရုံးနှင့် ကျောက်ဖြူမြို့တွက် တစ်ရုံတို့ ဖြစ်ကြသည်။
လက်ရှိ ကျောက်ဖြူတွင် တည်ဆောက်ထားသည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်ပြီး မြိ့နယ် လျှပ်စစ်အင်ဂျင်နီယာအား ဆက်သွယ်မေးမြန်းရာ လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၉၀ သာ ထုတ်လုပ်သည့် စက်ရုံ ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် မဂ္ဂါဝပ် ၅၀ - ၆၀ သာ ထုတ်သည့်ဟု ခန့်မှန်းရကြောင်း၊ ယခုကဲ့သို့ အတိအကျ မပြောနိုင်ခြင်းမှာ ဓာတ်ငွေကို ကုဗပေဖြင့် ခွဲဝေ ရရှိ၍ ဖြစ်ကြောင်း၊ ဓာတ်ငွေ့ကုဗခွဲတန်းရရှိသည့် အထိသာ လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။
“ လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ် မြို့ပေါ် ၁၀ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၄၅ ရွာမှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေပါတယ်။ နောက်ထပ် ၂ ရွာ ထပ်တိုးထားတော့ ကျေးရွာပေါင်း ၄၇ ရွာထိ ရှိသွားပါပြီဟု ကျောက်ဖြူမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးချမ်းမြေ့အောင်က နိရဉ္စရာသို့ပြောကြားသည်။
သို့သော် ကျောက်ဖြူ ဒေသခံအများစုကမူ ကျောက်ဖြူရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် မည်မျှ ထုတ်လုပ်သည်ကို အတိအကျ မသိရှိကြဟု သိရသည်။
“ ကျောက်ဖြူမှာတော့ ကျွန်တော်တို့ အတိအကျ မသိပါဘူး။ အခု လျှပ်စစ်ဓာတ်အား ထုတ်တာက ကန့်ကော်တော ဘုရားရှေ့မှာ ရှိပါတယ်။ ဘယ်လောက်ထုတ်တယ်ဆိုတာ အတိအကျ မသိဘူး။ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက သိပါလိမ့်မယ်” ဟု လူမှုရေး လူပ်ရှားနေသူ ဦးထွန်းနိုင်က ပြောသည်။

Sunday, May 14, 2017

၉၉ နိုင်ငံ အွန်လိုင်းနှောက်ယှက်ခံရတာမှာ ကန်ထောက်လှမ်းရေးရဲ့ အခိုးခံရတဲ့ ဆော့ဖ်ဝဲကို သုံးထား



အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဟာ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့
အခိုးခံခဲ့ရတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ ရဲ့ ဟက်ကင်း ဆော့ဖ်ဝဲကို ဟက်ကာတွေက ပြန်လည် အသုံးပြုပြီး ကမ္ဘာအနှံ့ကကွန်ပြူတာတွေ နှောက်ယှက်ခံရတာဟာ မကြုံစဖူး အကြီးဆုံးပဲလို့ အီးယူရဲ့ ဥပဒေစိုးမိုးရေး အဖွဲ့ က ပြောဆိုလိုက်ပါတယ်။

အခုလို ခံရတဲ့ နိုင်ငံ အရေအတွက် တရာနီးပါး ရှိပြီး ဥရောပက နိုင်ငံကြီးတွေ အပါအဝင် ရုရှားနဲ့ တရုတ်တို့လည်း အခံရဆုံး နိုင်ငံတွေထဲမှာ ပါတယ်လို့ သိရပါတယ်။

အခုလို ကမ္ဘာတဝှမ်း နှောက်ယှက်မှုခံရတဲ့ ဖြစ်စဉ် ၇ သောင်း ခွဲရှိတယ်လို့ အာဗက်စ် ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။

နောက်ဆုံးသိရသလောက်ကတော့ ပြင်သစ်နိုင်ငံက ရေးနိုး ကားကုမ္ပဏီဟာ ဒီလိုဖြစ်ရပ်ကြောင့် ပြည်တွင်း စက်ရုံတချို့နဲ့ ဆလိုဗေးနီးယားနိုင်ငံက ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

ဟက်ကာတွေရဲ့ နှောက်ယှက်ပုံနည်းလမ်းကတော့ ကမ္ဘာတလွှားက ထောင်ချီတဲ့ နေရာတွေမှာ ရှိတဲ့ ကွန်ပြူတာ တလုံးစီကို သုံးမရ ဖြစ်သွားအောင် လုပ်ပြီး အသုံးပြုသူကို ဒေါ်လာ ၃၀ဝ နဲ့ ညီမျှတဲ့ အွန်လိုင်း ငွေကြေး ဘစ်ကွိုင် ပေးဆောင်ခိုင်းတာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဆီကနေ အခု တိုက်ခိုက်မှုမှာ အသုံးပြုထားတဲ့ အီတာနယ် ဘလူးဆိုတဲ့ ဆော့ဖ်ဝဲကို ရှဲဒိုးဘရုတ်ကာလို့ အမည်ပေးထားတဲ့ ဟက်ကာ အဖွဲ့က ပြီးခဲ့တဲ့ လမှာ ခိုးယူ ဖြန့်ချီထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ဟာ ဒီဆော့ဖ်ဝဲကို မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်ကို အသုံးပြုပြီး ရေးဆွဲထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ ဒီအားနည်းချက်ကို ကာကွယ်နိုင်မယ့် လုံခြုံရေး မွမ်းမံမှု တခုကို ဝင်းဒိုးစနစ်သုံးတဲ့ ကွန်ပြူတာတွေမှာ ထည့်သွင်းနိုင်ဖို့အတွက် မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ပေးထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

သံတွဲမြို့နယ် စလူကျွန်းအနီး ပင်လယ်ပြင်တွင် နွားအကောင် ၃၀ ကို သေဆုံးလျက်တွေ့ရှိ


နိရဉ္စရာ၊ မေလ ၁၃

သံတွဲမြို့နယ် စလူကျွန်းအနီး ပင်လယ်ကမ်းစပ်တွင် သေဆုံးနေသည့် နွားအကောင် ၃၀ ကို အသင်ရှင်လျက် နွား ၅ ကောင်နှင့် အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲက ပြောသည်။

“ တွေ့တာက သံတွဲမြို့နယ်၊ လှေကြီးချိုင်ရွာရဲ့ မြောက်ဘက် (၂)မိုင်ခန့်အကွာ စလူကျွန်းရွာအနီး ပင်လယ်ကမ်းစပ်မှာတွေ့တာပါ။ သေဆုံးနေတဲ့ နွားအကောင် ၃၀ တွေ့ပါတယ်။ အသက်ရှင် လွတ်မြောက်နေသော နွားထီး(၅)ကောင်ကိုလည်း ကမ်းစပ်တွင် ပိုင်ရှင်မဲ့သိမ်းဆည်း ရမိပါတယ်” ဟု ကျောက်ကြီးနယ်မြေရဲစခန်းမှ စခန်းမှူ ရဲအုပ်အောင်တင် က နိရဉ္စရာသို့ ပြောသည်။


၎င်းနွားများကို မေလ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ နွားအသေ အကောင် ၃၀ တွေ့ပါတယ်။ နွားတွေက တအားပုပ်ပွနေပြီ။ ကျနော်တို့တွေ့တာက မေလ ၁၁ ရက်နေ့ကပါ။ အဲဒီမတိုင်မီ သုံးလေး ရက်လောက်က စက်လှေနစ်တယ်လို့ထင်ပါတယ်။ အနောက်လေ တိုက်လို့ ဒီဘက်ကမ်းကို ပါးလာတာထင်ပါတယ်။ နွားအသေတွေကို ရွာသားတွေနဲ့ မြေမြုပ်လိုက်ပါပြီ။ အသက်ရှင်တဲ့နွား ကမ်းစပ်က (၅)ကောင်ကိုတော့ ထိန်းသိမ်းထားပါတယ်’’ ဟုသူကပြောသည်။


စက်လှေမှာ ပင်လယ်ထဲတွင် နစ်မြုပ်သွားဖွယ်ရှိသဖြင့် ဆက်လက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသလို နောက်ထပ်နွားများရှိမရှိကိုလည်း ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း ကျောက်ကြီးနယ်မြေရဲစခန်းမှ ပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း ဧပြီ ၂၇ ရက်နေ့က မှောင်ခို သယ်ဆောင်လာသော နွားအထီး (၁၄၂ ) ကောင်ကို ပိုင်ရှင်မဲ့ အလားတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ၊ ဖမ်းဆီးရမိသော နွားများ
ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara

"ဘယ်သူမှားလို့ ဘယ်သူမှန်လဲ"

ကျနော် လူမှန်းသိတတ်စကနေ အခုအချိန်အထိ ကုလား ဗမာ အဓိကရုဏ်းတွေ မကြာခဏ ကြုံတွေ့ရ၊ ကြားသိရလေ့ ရှိတယ်...
ဖြစ်လိုက်တဲ့ ဖြစ်စဉ်တိုင်းမှာ ဘယ်သူမှန်သလဲ၊ ဘယ်သူက စမှားသလဲ လေ့လာကြည့်ကြစို့...
(၁)ကျနော်တို့ငယ်စဉ် ကလေးဘဝက မိတ္ထီလာမှာ စစ်သားတစ်ယောက်ရှေ့တန်းလိုက်မယ့် ရထားအမှီသွားရမှာ မြင်းလှည်းငှါးစီးတယ်...
လမ်းမှာ ကုလားက အဆမတန် မတန်တဆဈေးတောင်းလို့ ရှေ့တန်းသွားမယ့်စစ်သားက မပေးနိုင်တာနဲ့ ကုလားက လူအုပ်လိုက်ခေါ်လာပြီး ပြဿနာရှာပြီး ဝိုင်းရိုက်ဖို့လုပ်တယ်...
စစ်သားက ခြောက်တဲ့အနေနဲ့ သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်...
မရဘူး...
လမ်းဘေးမီးတိုင်က မီးသီးကို ပစ်ပြတယ်...
လက်မခံဘူး ဝိုင်းရိုက်ဖို့လုပ်တယ်...
ကုလားတစ်ကောင်ကို နဖူးတည့်တည့် ကျည်တစ်ချက်ကျွေးလိုက်တယ်...
အဲ့တော့မှ ကုလားတွေ လူအုပ်ကွဲလို့ ထွက်ပြေးသွားကြတယ်...
(၂)ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီခိုးဆောက်တယ်...
ဗမာတွေက အစထဲက ခွင့်မပြုထားသလို၊ ဥပဒေအရလဲ ခွင့်ပြုချက်ပေးမထားလို့၊ ဝိုင်းဖျက်ပြီး ကုလားတွေကို မောင်းထုတ်ခဲ့တယ်...
(၃) ၂၀၀၄ ခုနှစ်လောက်ကထင်တယ်... မြင်းခြံမှာ ကုလားရဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်က ရေပိုက်တွေ ကားလမ်းပေါ်ချထားတယ်...
မြန်မာကောင်လေးတစ်ယောက်က ရှောင်စရာမရှိလို့ စက်ဘီးနဲ့ ရေပိုက်ပေါ်က ဖြတ်နင်းပြီး စီးသွားတယ်...
ကုလားတွေက ဝိုင်းရိုက်တယ်...
ခေါင်းကွဲသွားတယ်...
ဘုန်းကြီးကျောင်းကို အရိုက်ခံရတဲ့ကလေးကတိုင်တယ်...
ကုလားတွေကို တောင်းပန်ခိုင်းတယ်...
မတောင်းပန်ဘူး...
အဲ့ကုလားတိုက်နှစ်လုံးကို ဘုန်းကြီးတွေ ဖြိုချလိုက်တယ်...
(၄)၂၀၀၄ ပတ်ဝန်းကျင်လောက်ကပဲ...
ကျောက်ဆည်ဘက်မှာ တရားဟောသွားတဲ့ ဆရာတော်ကို ကုလားတွေ ခေါင်းဖြတ်သတ်လိုက်တယ်...
ကုလားရွာက သတ်သူကိုထုတ်ပေးလို့ အဓိကရုဏ်း မဖြစ်လိုက်ဖူး...
(၅)၂၀၁၃ တုန်းက မိတ္ထီလာမှာပဲ အလှူလုပ်ဖို့ ရွှေလာရောင်းတဲ့ ဗမာလင်မယားကိုပြဿနာရှာတယ်...
လာရောင်းတဲ့လက်ကောက်ကို ချိုးပစ်ပြီး ဈေးနှိမ်တယ်...
ပြီးတော့ ဝိုင်းရိုက်လို့ ရဲစခန်းထွက်ပြေးရတယ်...
မခံမရပ်နိုင်တဲ့ လူအုပ်ကြီးက ကုလားဆိုင်ကို ဖြိုချဖျက်ဆီးလိုက်တယ်...
ပြဿနာက ပြီးပြီလို့ ထင်လိုက်တယ်...
မပြီးသေးဘူး သာစည်မြို့နယ်ကနေ ကလေးတွေအတွက် ယဉ်ကျေးလိမ္မာစာအုပ်တွေလာဝယ်တဲ့ ဆရာတော် ဦးသောပိတကို ကုလားတွေ ဝိုင်းရိုက်၊ ဓားနဲ့ခုတ်ပြီး သီရိမင်္ဂလာဗလီထဲမှာ ဓာတ်ဆီလောင်းမီးနဲ့ရှို့တယ်...
ဗုဒ္ဓဘာသာဝင် ထီလာသူ/သားတွေ မခံရပ်နိုင်ဖြစ်လို့ ကုလားဗမာ အဓိကရုဏ်းဖြစ်ခဲ့တယ်...
(၆) အလားတူ ဖြစ်ရပ်မျိုးပဲ မိတ္ထီလာမှာဖြစ်ပြီးလို့ မကြာခင်မှာပဲ လားရှိုးမြို့မှာ ကုလားတစ်ယောက်က လမ်းပေါ်သွားနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဓာတ်ဆီလောင်းပြီး မီးနဲ့ရှို့လို့ အဓိကရုဏ်း ဖြစ်ခဲ့တယ်...
(၇) ရခိုင်မှာ မသီတာထွေးကို ကုလားတွေ မုဒိန်းကျင့်ပြီး သတ်ခဲ့ကြတယ်...
(၈) ရခိုင် ဘူးသီးတောင် မောင်တောမှာ မနှစ်က ရဲစခန်းကို ကုလားတွေ ဝင်စီးလို့ ရဲတွေသေ၊ လူတွေသေ ဖြစ်ခဲ့ရတဲ့ အဓိကရုဏ်းဖြစ်ခဲ့တယ်...
(၉) တလောက သာကေတမှာ အာရဗီစာသင်ကျောင်းကို တရားမဝင်ဗလီလုပ်ထားလို့ မျိုးချစ်ပြည်သူတွေရဲ့ သတင်းပေးချက်နဲ့ ရဲတပ်ဖွဲ့နဲ့ ဝင်စစ်လို့ ဗလီခိုးဆောက်ထားတာ ပေါ်ခဲ့တယ်...
တရားမဝင်ဆောက်ထားတဲ့ဗလီဆို အစိုးရက ဖြိုချဖျက်စီးပြီး ပြည်သူပိုင် သိမ်းသင့်တယ်...
(၁၀) မင်္ဂလာတောင်ညွန့်မှာ ခိုးဝင်ဘင်္ဂလီကုလားတွေ ရောက်နေတာ သတင်းရရှိတဲ့ မျိုးချစ်ပြည်သူတွေ ရဲတပ်ဖွဲ့နဲ့ လ.ဝ.က ကိုသတင်းပေးပြီး ဝင်စစ်တယ်...
ခိုးဝင်ဘင်္ဂလီကုလားတွေကို လက်မခံထားရင် ဘာပြဿနာမှ မရှိဘူး...
အခုတော့ လာစစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မျိုးချစ်ပြည်သူတွေကို ဂျီဟဒ်လို့အော်ပြီး တုတ်တွေ၊ ဓားတွေနဲ့ လိုက်ခုတ်တယ်...
#ဂျီဟဒ်ဆိုတာ အစ္စလာမ်နဲ့ ဘာသာမတူသူတွေအားလုံးကို လူမျိုးတုန်းသတ်ဖြတ်ပြီး သူတို့သာသနာကို ပြန့်ပွားအောင် လုပ်တာပဲ...
အခုတောင် ဂျီဟဒ်လုပ်ချင်နေပြီဆိုရင် ကုလားတွေ ဂျိုမထောင်နိုင်အောင် တရားဥပဒေအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အဖက်ဖက်ကနေ နှိပ်ကွပ်ထားဖို့ လိုနေပြီဆိုတာ သုံးသပိတင်ပြလိုတယ်...
အထက်ပါဖြစ်စဉ်တွေမှာ ဘယ်သူတွေမှားလို့ ဘယ်သူတွေမှန်သလဲဆိုတာ ထမင်းစားပြီးကြီးတဲ့သူတိုင်း သိမယ်ထင်ပါတယ်...
ကျနော်မသိတဲ့ ကုလားဗမာ အဓိကရုဏ်းဖြစ်စဉ်တွေလဲ များစွာရှိအုံးမှာပါ...
သိသူတွေရှိရင် comment မှာ ရေးသွားကြပါ....
zyh
ထီလာသွေး
Credit ~

သင်တန်းလာသူ ဆရာမ သင်တန်းသူ များ မိမိ ကိုယ်ပိုင်ခုံ နှင့် သင်တန်း တက်ရန်တဲ့ သင်တန်း

Image may contain: 2 people, tree, outdoor and text
ဒီ post နဲ့ ပတ်သက်သမျှပညာရေးသတင်း နဲ့ ပတ်သက်သမျှတွဲထားတဲ့ ဓါတ်ပုံ နှင့် ပတ်သက်သမျှ
ကျွန်မ ဒေါ်ဟန်စုမွန် မှ တာဝန်ယူပါသည် ။
၁၂-၅-၂၀၁၇
ပထမတန်း ဆင့်ပွား သင်တန်းမတ္တရာ အ.ထ.က
သင်တန်းလာသူ ဆရာမ သင်တန်းသူ များ မိမိ ကိုယ်ပိုင်ခုံ နှင့် သင်တန်း တက်ရန်တဲ့ တခါ မှမကြားဖူးခဲ့ဘူး
အ ထ က ကျောင်း ဆို တာ စာသင်ခုံ စာရေးခုံ ခန်းမ ကျယ် ရှိပြီးသားတကယ်လို့ မရှိဘူး ဆို လဲ သင်တန်း စီစဉ်ရန် တာဝန်ကျသူ က သင်တန်းတက်မယ့် ဆရာဦးရေ နှင့် ကိုက်ညီသော နေရာ ကို သင်တန်းတည်နေရာ အဖြစ် ရွေးချယ်သင့်ပါတယ်KG တုန်း က လဲ ဆင့်ပွား သင်တန်းဆိုတာ တနိုင်ငံလုံး အနှံ့ ရှိခဲ့တယ် KG လူဦးရေ အတိုင်း ပထမတန်း လူဦးရေ တက်လာမှာပါပူလောင်လှတဲ့ နွေပူပူ မှာ ဥာဏ နဲ့ ကာယ လှုတ်ရှားမှု ပါတဲ့ သင်တန်း ကို မနက် ၉ ည နေ ၄ သီတင်း ၂ ပတ် တက်ရမှာပါ သင်တန်းပြီးတာ နဲ့ ကျောင်းအပ် လက်ခံကျောင်းအပ် ရက် ပြည့်တာ နဲ့ ဇွန် ၁ အခြေခံပညာ ကျောင်းတွေ ဖွင့်ပြီ
ဘယ်မှာလဲ အားဖြည့် အနားယူ ဥာဏ်သွေးချိန်အခု သင်တန်းလာရမယ့် ဆရာမ တွေ ကိုယ်ထိုင်ဖို့ ခုံ ကိုယ်သယ်လာ ရတယ်ဒီလို သယ်လာရကြောင်း internet တင်ရင် ၆၆ ဃ တဲ့ ခြိမ်းခြောက်တာ က ပညာရေးဆိုင်ရာ တာဝန် ရှိသူကျွန်မ တကယ် နားမလည်နိုင်ဘူး
Image may contain: one or more people, people standing and outdoor
ပညာရေး ဆိုတာ ဆင်းရဲခြင်း က လွတ်ဖို့ သင်ကြားပေးခြင်းလို့ နားလည်ထားတာဘာလို့ ဒီလောက် ပင်ပန်း ဆင်ရဲစေတာလဲဘာလို့ ဒီလောက် စိတ်ညစ်ညူး စေ တာ လဲဘာလို့ ဒီလောက် ခြိမ်းခြောက်ရတာလဲ
ကိုယ့် ဝန်ထမ်း လုပ်ငန်း ခွင် မှာ အဆင်မပြေရင် ကူညီရမှာ အထက် အကြီးအကဲ ဆိုသူတွေ ရဲ့ နာယက ကျင့်ဝတ် မ ဟုတ်ဘူးလား လူ တွေ ကို ဘာလို့ လူ လို့ သဘောမထားတာလဲ
( စိတ်ဖိစီးမှု များလှတဲ့ အစိုးရ ကျောင်းဆရာမ တွေရဲ့ လက်ထဲ နုနယ်တဲ့ မူလတန်း ကလေး ကို ဘယ်မိဘ က များ စိတ်ချ လက်ချ အပ်ရဲပါ့မလဲ )
ဖမ်းချင်ရင် လဲ ကျွန်မ သာ လာ ဖမ်းတော့ နာမည် ရော လူ ရော အစစ်ပဲ
( ကိုယ် ဖြေရမယ့် စာမေးပွဲ လဲ ရှိ ဖတ် မှတ် တွက် ကျက် ရမယ့် စာ တွေက များလွန်းလို့ ဒီလောက်ပဲ
စာမေးပွဲ ပြီး မှ ထပ်ဖော် မယ် ရှိသေးတယ် ရည်ရွယ်ချက် သည် အခြေခံပညာရေး ပြောင်းလဲရန်
ဘယ်သူ့ မှ ထိခိုက်လိုစ်တ် မရှိ အရင် က မကောင်းခဲ့ဘူးအခု ကောင်းအောင် ပြင်မယ်အတူတူ ပြင်ကြမယ်
ကြိုးစားမယ်အတူတူ ကြိုးစားကြမယ် ရိုးသားမယ် လူတိုင်း နီးပါး ရိုးသား လာစေချင်တယ်မှားရင် မှားတယ် အမှန်ပြင်မယ် အသုံးမကျရင် အသုံးမကျဘူး အသုံးကျလာအောင် ကြိုးစားမယ် ဒါပဲ ဒီလောက် ပဲ )

Credit - Han Su Mon
https://m.facebook.com/story.php…
Comment

သား ဘင်လာဒင်လာချေပြီ။ အနောက်နိုင်ငံများအား ဖခင်အတွက် လက်စားချေမည်ဖြစ်ကြောင်း အိုစမာဘင် လာဒင် သားဖြစ်သူခြိမ်းခြောက်

Image may contain: 2 people, people sitting and beard

( မေ-၁၃၊ ၂၀၁၇ ) နယူးယောက် ၉/၁၁ အကြမ်းဖက်မှု့၏ လက်သယ်တရားခံဖြစ်သူ အိုစမာဘင်လာဒင်၏ သားဖြစ်သူက အနောက်နိုင်ငံများအား လက်စားချေမည်ဟုခြိမ်းခြောက်လိုက်ကြောင်း နယူးယောက် ပို့စ်သ တင်းစာက ယနေ့ရေးသားဖော်ပြသည်။
အသက် ၂၈-နှစ်အရွယ်ရှိ၊ ဟမ်ဇောဘင်လာဒင် ထုတ်လွှင့်လိုက်သော ဗွီဒီယိုရုပ်သံဖိုင် ၂-ခုတွင် ဖခင်အရိုက် အရာကို ခံယူကာ သွေးစွန်းသောလက်စားချေမှု့များပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်ပြည်သူများအား အဓိကရည်ညွှန်းလျှက် သင်တို့ထံ ကျွန်ုပ်တို့လာနေပြီး ကျွန်ုပ်တို့၏လက်စားချေ ခြင်းအရပ်ရပ်ကို သင်တို့ခံစားကြရလိမ့်မည်ဟု ခြိမ်းခြောက်ထားသည်။
အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့စည်း၏ ၀ါဒဖြန့်ဗွီဒီယိုတွင် ဖခင်၏ဓါတ်ပုံရှေ့၌ ရိုင်ဖယ်သေနတ်ကိုင်လျှက် အသက် အငယ်ဆုံးထိပ်တန်းခေါင်းဆောင်ဖြစ်သူ ဟမ်ဇာဘင်လာဒင်အားတွေ့မြင်ကြရပြီး အင်အား တောင့်တင်းဆဲ အယ်ကိုင်ဒါအဖွဲ့တွင် ဟမ်ဇာ၏ သြဇာသက်ရောက်မှု့ကြီးမားကြောင်းသိရှိရသည်။
Image may contain: 1 person
ယခုထုတ်လွှင့်လိုက်သည့် ဗွီဒီယိုတွင် ဟမ်ဇဘင်လာဒင်က ဖခင်ဖြစ်သူပြောကြားလေ့ရှိသည့် စကားအသုံး အနှုန်း လေသံအတိုင်း ကမ္ဘာသို့ သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။
၂၀၁၁-ခုနှစ် ပါကစ္စတန်တွင် အိုစမာဘင်လာဒင်အား နေဗီဆီးလ်အဖွဲ့ဝင်ရောက်သတ်ဖြတ်ချိန်တွင် ဟမ်ဇာသည် အိုစမာဘင်လာဒင်၏ ကွာရှင်းထားသော ပထမမယားနှင့်အတူ ပြည်ပတွင်ရှိနေခဲ့သည်။ အမေရိကန် ပြည် ထောင်စုအနေဖြင်မူ့ ဟမ်ဇာဘင်လာဒင်အား ယခုနှစ်စောစောပိုင်းရောက်မှသာ အကြမ်းဖက်မှု့ စောင့်ကြည့်ရ သူများ စာရင်းတွင်ထည့်သွင်းခဲ့သည်။
Image may contain: 1 person, text
အာရဗီဘာသာ Ak Qaeda Al Jihad “ ဂျီဟဒ်ဌာနချုပ် “ ဟုအဓိပ္ပါယ်ရသော အယ်ကိုင်ဒါအဖွဲ့ကို ၁၉၇၉-ခုနှစ် အာဖဂန်နစ္စတန် ဆိုဗီယက်ကျုးကျော်မှု့တွင် နိုင်ငံတကာ မူဂျာဟေဒင်များဖြင့်ဖွဲ့စည်းခဲ့သည်။ ၉/၁၁ ဖြစ်စဉ်ကြောင့် အမေရိကန်နှင့် မဟာမိတ်များ အာဖဂန်တွင် ၀င်ရောက်ထိုးစစ်ဆင်သည့် ၂၀၀၁-ခုနှစ်တွင် အိုစမာဘင်လာဒင်နှင့် အယ်ကိုင်ဒါခေါင်းဆောင်များ အာဖဂန်မှ ထွက်ပြေးခြေရာဖျောက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အယ်ကိုင်ဒါ၏ လှုပ်ရှားမှု့များ မှေးမှိန်နေခဲ့သည်မှာ အရှေ့အလယ်ပိုင်းအာရပ်နွေဦး လှုပ်ရှားမှု့များတိုင်အောင်ဖြစ်သည်။ မငြိမ်မသက်ဖြစ်နေသော အာရပ်နိုင်ငံများတွင် အယ်ကိုင်ဒါများပြန်လည်ခေါင်းထောင်လျှက် ပါဝါထိန်းကျောင်းနိုင်သည့်အဆင့်ရရှိလာခဲ့သည်။
Image may contain: 1 person, sitting and hat
ဆီးရီးယားစစ်ပွဲတွင်ပါဝင်သော အချို့အဖွဲ့အစည်းများသည် အမေရိကန်ထံမှ လက်နက်နှင့် အကူအညီရရှိရန်မျှော်လင့်၍ အယ်ကိုင်ဒါ၏အမည်ခံယူခြင်းမရှိသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြောင်းသိရှိရသည်။ ၂၀၁၄-ခုနှစ်တွင် အီရတ်အယ်ကိုင်ဒါအဖြစ်လူသိများသော အဘူဘေက္ကာ အယ်ဘက္ကာဒီအဖွဲ့သည် အခြားဘာသာရေးအစွန်းရောက် ၃-ဖွဲ့ခန့်နှင့်ပူးပေါင်းကာ အိုင်စစ် (ISI/ISIL ) အဖွဲ့ဖြစ်လာပြီး ဆီးရီးယားနှင့်အီ၇တ်နယ်မြေများအား တိုက်ခိုက်သိမ်းပိုက်ကာ အစ္စလာမ်မစ်နိုင်ငံတော်ကိုထူထောင်သည်။

 Htay Oung ဖေ့စ်ဘုတ်မှ
http://www.dailystar.co.uk/…/Osama-bin-Laden-Hamza-bin-Lade…
ex-G man Ali Soufan told CBS

ရခိုင်မှာ နိုင်ငံရေးဆွေးနွေး ပွဲ တောင်းဆိုဖို့ အပစ်ရပ်အဖွဲ့တွေ ဆုံးဖြတ်


အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၁၃ ရက်နေ့ကကျင်းပခဲ့စဉ်
အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၁၃ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: Aung Moe Myint/RFA 
 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် ရခိုင်ပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပေးဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ စာရေးတောင်းဆိုသွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပ ခဲ့တဲ့ အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီလိုတောင်းဆိုရတာဟာလည်း ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမကျင်းပမီ ရခိုင်ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို ရယူနိုင်ဖို့အတွက်ဖြစ်တယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင် ကပြောပါတယ်။

"PPST အဖွဲ့ဝင် ၈ ဖွဲ့က လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တယ်၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တော့ လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ရဲ့ ဆန္ဒသဘောထားကို PPST အဖွဲ့ဝင်တစ်ဖွဲ့မှာ အခက်အခဲ ဖြစ်လာ လို့ရှိရင် ဆန္ဒသဘောထားကို စုပေါင်းဖော်ထုတ်ပြတယ်ဆိုတဲ့ ပုံစံမျိုးကို လိုချင်တဲ့အပေါ်မှာ အစည်း အဝေးကျင်းပဖို့ အရေးပေါ် အစည်းအဝေး ခေါ်ရတာဖြစ်တယ် ဆိုတော့ ခွင့်ပြုတာ မပြုတာကတော့ အဲဒီအစိုးရနဲ့ တပ်မတော်တာဝန်ပဲ၊ ကျနော်တို့က NCA ပြဌာန်းချက်နဲ့အညီ အမျိုးသားအဆင့် ဆွေးနွေးပွဲ လုပ်ပြီးခါမှ UPC ကျင်းပရမယ်ဆိုတာ အခန်း ၅ ပုဒ်မ ၂၀ (ဂ) မှာ ဖေါ်ပြထားတယ်၊ အဲဒီအတိုင်း ပြည် သူတွေကို ဖော်ပြတာဖြစ်တယ်။"

အစည်းအဝေးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ကနေပြီး NCA မူဘောင်မှာပါရှိတဲ့ အမျိုးသား အဆင့် ဆွေးနွေးပွဲများ ကျင်းပခြင်းဆိုတဲ့ အချက်အတိုင်း ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရသေးတဲ့အပေါ် PPST အဖွဲ့ကို စာရေးတင်ပြခဲ့ပြီး ထိပ်သီးခေါင်းဆောင်များအနေနဲ့ ကျင်းပခွင့်ရရေး ရှင်းလင်းပြောဆိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ကလည်း ရှမ်းပြည်နယ်အတွင်း ရှမ်းလူမျိုးများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ အခြေအနေတွေနဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းခွင့်မရသေးတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ဆွေးနွေးခဲ့ကြတဲ့ ကဏ္ဍ ကြီး ၅ ခုနဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုင်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ကိစ္စတွေကိုလည်း ပြန်ဆွေးနွေးခဲ့ ကြသလို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ရေးကိစ္စတွေနဲ့ ကြားကာလ အစီအစဉ်များ ဆိုင်ရာကော်မတီ IAC ရဲ့ လုပ်ငန်းကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့ဟာ ၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှု ပေးနိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

လွှတ်တော်အမတ်အချို့ ဥပဒေချိုးဖောက်နေတယ်လို့ သတင်းစာရှင်းလင်း


လွှတ်တော်အမတ်အချို့ ဥပဒေချိုးဖောက်နေကြောင်း ဦးမင်းထက် ခေါ် ဇရာဝန် က ရန်ကုန်မြို့၊ City Star ဟိုတယ်မှာ မေလ ၁၃ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားစဉ်
လွှတ်တော်အမတ်အချို့ ဥပဒေချိုးဖောက်နေကြောင်း ဦးမင်းထက် ခေါ် ဇရာဝန် က ရန်ကုန်မြို့၊ City Star ဟိုတယ်မှာ မေလ ၁၃ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားစဉ်
Photo: Thant Zin OO/RFA 
 
လှိုင်မြို့နယ်က လက်ရှိ လွှတ်တော်အမတ်အချို့ဟာ အခွန်တိမ်းရှောင်မှုနဲ့ ဥပဒေချိုးဖောက်မှုတွေကို ပြုလုပ်နေတယ် လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ဦးမင်းထက် ခေါ် ဇရာဝန် က ဒီကနေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီးက City Star ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဥပဒေကို ရေးဆွဲသူတွေကိုယ်တိုင် ဥပဒေချိုးဖောက်နေတာဖြစ်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တင်ပြရ တာဖြစ်ပြီး နောက်ထပ်လည်း ဆက်တိုက်ဖော်ထုတ်သွားမယ်လို့ ဦးမင်းထက်(ခ)ဇရာဝန် ကပြောပါတယ်။
"ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ဒီအမှားမျိုးကို နောက်ထပ်ကျုးလွန်နေကြမှာပါ၊ နောက်ထပ်လူတွေ ကျူးလွန်တာကို မကျူးလွန်နိုင်အောင်လို့ စပြီးသတိပေးတဲ့သဘောနဲ့  ရေမရတဲ့အမှားကိုစပြတာ၊ ကျနော့်ရဲ့ မွေးဇာတိက လှိုင်မြို့နယ်ဖြစ်တဲ့အတွက် ကျနော် ဒီကနေစလိုက်တာပါ လုပ်ငန်းကို၊ လုပ်မှာလည်း နောက်ပိုင်းတစ်ယောက်တည်းပဲလုပ်မှာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အမှားတွေပဲရှာပြီးပြောမှာပါ၊ မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမှားတွေကိုရှာပြီး တစ်ခုပြီးတစ်ခု ကျနော် ပြောနေမှာပါ"
အဲဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ဆီကို စာပေးပို့တိုင်ကြားပေမယ့် ထူးခြားမှု မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး အနေနဲ့ ၄င်းဖွင့်ထားတဲ့ A&P ယမကာ ပစ္စည်းအရောင်းဆိုင်ရဲ့ ရောင်းရငွေအပေါ် အခွန်တိမ်းရှောင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းထက် က ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် လှိုင်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးရဲ့ ပြည်လုံးချမ်းသာ ရတနာရွှေဆိုင်မှာလည်း ကုန်သွယ်ခွန်မကောက်ခံဘဲ ရောင်းချနေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အောင်ကျော်ကျော်ဦး ကတော့ သူ့ဆိုင်ဟာ လိုင်စင်နဲ့ ဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး ဝင်ငွေခွန်လည်း ဆောင်ထားတယ်လို့ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ ဦးမင်းထက်က ၁၉၈၈ ကနေ ၂၀၁၅ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပါတီမှနှုတ်ထွက်ခဲ့ကာ လက်ရှိမှာတော့ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတော့ဘဲ ပြည်သူတစ်ဦးအနေနဲ့ တာဝန်ရှိလို့ အခုလုပ်တာလို့ ပြောပါတယ်။

RFA