အပိုင်း ၂
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြသနာ
၂၀၁၂ ခုနှစ် မေလကုန်မှ အောက်တိုဘာလထိ ဖြစ်ပွါးခဲ့သော ဒုတိယ
အကြိမ် ရခိုင် ဘင်္ဂါလီအရေးအခင်းနောက်ပိုင်း ဖြေရှင်းရန်လိုအပ်နေသည့်
ပြသနာဖြစ်သည် ။ ထို ၂၀၁၂ အရေးအခင်းတွင် ပဋိပက္ခဖြစ်ပွါးသောနှစ်ဖက်
လုံးမှ နေအိမ်အဆောက်အအုံများ ဘာသာရေးအဆောက်အအုံများပျက်စီးရ
သကဲ့သို့ အသက်ဆုံးရှုံးမှု များစွာဖြစ်ခဲ့သည်။ လူအများအပြား ဒုက္ခသည်
စခန်းများသို့ရောက်ရှိခဲ့သည်။
လက်ရှိအချိန် ရခိုင် IDP စခန်းများမရှိတော့ဘဲ ဘင်္ဂါလီ IDP စခန်းများ
သာ ကျန်တော့သည်။ ယခုအခါ ထိုစခန်းများရှိ ဘင်္ဂါလီများအား နေရာပြန်
လည်ချပေးရေးပြသနာ နိုင်ငံသားပြု ခွင့်ပြသနာ တိုင်းရင်းသားလူမျိုး
ဟုတ်မဟုတ်ပြသနာ ထိုသူများ၏လုံခြုံ ရေးပြသနာ ခရီးသွားလာခွင့်ပြသနာ
တို့အား ဖြေရှင်းရန်လိုအပ်နေသည်။ သို့သော် ဤပြသနာသည် ရခိုင်ပြည်
နယ် IDP စခန်း ၂၂ ခုရှိ ဘင်္ဂါလီ ၁ သိန်းကျော် ပြသနာဖြေရှင်းရန်သက်သက်
မဟုတ်ဘဲ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ၁၀ သိန်းကျော်၏ ပြသနာကိုလည်း ဖြေ
ရှင်းရန်ဖြစ်သည်ကိုတွေ့ရသည်။
၁။ ပထမရှင်းလင်းရန်လိုအပ်သည့်ပြသနာမှာ ရခိုင်ရှိ ဘင်္ဂါလီမွတ်စလင်များ
က ၎င်းတို့သည် ၇ ရာစုခန့်ကထဲက ရခိုင်သို့ သင်္ဘောဖြင့်လာရောက်အခြေ
စိုက်သည့် အာရပ်မွတ်စလင်အနွယ်များမှ ဆင်းသက်လာသည့် ရိုဟင်ဂျာ လူ
မျိုး တိုင်းရင်းသားလူမျိုးတမျိုးဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်။
သမိုင်းဆိုင်ရာအထောက်အထားများအရ ရခိုင်သို့ မွတ်စလင်များဝင်
ရောက်မှု အဆိုပါ ၇ ရာစုနှင့် ၁၀ ရာစု ဝေသာလီခေတ်တွင် ဝင်ရောက်သည့်
သမိုင်းအထောက်အထားမတွေ့ရပါ။ ရခိုင်သမိုင်းမှတ်တမ်းများအရ မြောက်
ဦး ဘုရင်မင်းဘားကြီးလက်ထက် ၁၅၃၁ ခုနှစ် ဘင်္ဂလားနယ်ကို တိုက်ခိုက်
အောင်မြင်ပြီး ဖမ်းဆီးလာသည့် မွတ်စလင် ၄၀၀၀ ခန့်အား သံတွဲတွင် နေရာ
ချထားခြင်းအား ပထမအကြိမ် ရခိုင်သို့ မွတ်စလင်ဝင်ရောက်မှု အဖြစ် မှတ်
တမ်းပြု ပြီး ၎င်းတို့အား မြေဒူးမွတ်စလင်များဟုခေါ်ကြသည်။
ဒုတိယအကြိမ် မွတ်စလင်ဝင်ရောက်မှု အဖြစ် ၁၆၅၇ ခုနှစ် အိန္ဒိယမှ
မဂိုဘုရင် နန်းလုပွဲတွင် အရေနိမ့်၍ ရခိုင်သို့ ဝင်ရောက်ခိုလှုံလာသော မဂို
မင်းသား သျှ သျူ ဂျာ နှင့်နောက်လိုက် လေးသည်တော် ၂၀၀ ခန့်အား
မှတ်တမ်းပြုထားသည်။ ၎င်းအဆက်အနွယ်များအား ယခုအခါ ကမန်များ အဖြစ် အသိအမှတ်ပြု
ထားသည်။
တတိယအကြိမ် မွတ်စလင်တို့ ရခိုင်သို့အလုံးအရင်းနှင့်ဝင်ရောက်လာ
သည်မှ အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းသည့် ၁၈၂၅ ခုနှစ်နောက်ပိုင်းတွင်ဖြစ်
သည်။ အင်္ဂလိပ်အုပ်ချုပ်ရေးယန္တယားတွင် အလုပ်ကြွေးပြု သူများအဖြစ်ပါ
လာသူများသာမက အင်္ဂလိပ်တို့က နိုင်ငံခြားသို့ ဆန်တင်ပို့ဆောင်ရန် လယ်
ယာလုပ်ငန်းမြှင့်တင်သောအခါ ဗြိတိသျှ အိန္ဒိယမှ လယ်ကူလီအမြောက်အ
များ ခေါ်သွင်းခဲ့သည်။ မူလက စပါးစိုက်ချိန်နှင့် စပါးရိတ်ချိန်တွင်သာ ဝင်
လာပြီး ပြန်လည်ထွက်ခွါသွားကြသည်။ နောက်ပိုင်းတွင် ပြန်လည်ထွက်ခွါ
ခြင်းမရှိဘဲ ရခိုင်တွင်အခြေစိုက်နေထိုင်ကြတော့သည်။
ဤသို့နှစ်စဉ်အများအပြားဝင်ရောက်လာရာမှ ၁၉၃၈ ခုနှင့် ဗမာ ကုလား
အရေးအခင်း ရန်ကုန်တွင် ဖြစ်ပွါးပြီးနောက် ဖွဲ့စည်းခဲ့သော ဂျိမ်းဘက်စ်တာ
စုံစမ်းကော်မရှင်၏ အစီရင်ခံစာတွင် ၁၉၃၀ ခုနှစ် ရခိုင်တိုင်းလူဦးရေ
၁၁၀၈၅၃၈ ဦးရှိပြီးအိန္ဒိယသားဦးရေ ၂၁၇၈၀၁ ဦးရှိသည်ဟုဖေါ်ပြသည်။ ထို
အိန္ဒိယသားများတွင် စစ်တကောင်းသား ၁၈၆၃၂၇ ဦးရှိသည်ဟု ဖေါ်ပြ သည်။ ထိုစဉ်အခါက
စစ်တကောင်းကူလီ ၄၀၀၀၀ ခန့်နှစ်စဉ် ရခိုင်သို့ဝင် ရောက်နေရာ မတားဆီးပါက
လူမျိုးရေးအဓိကရုဏ်းဖြစ်မည်ကို စိုးရိမ်ရ သည်ဟု
အစီရင်ခံစာတွင်ဖေါ်ပြခဲ့သည်။
ရခိုင်ကို ၁၈၂၅ မှ ၁၉၄၈ ထိ ၁၂၃ နှစ်ကြာအုပ်ချုပ်ခဲ့သော အင်္ဂလိပ်
မှတ်တမ်းများ ပြန်တမ်းများနှင့် ဂျိမ်းဘက်စ်တာ၏ အစီရင်ခံစာတွင် ရိုဟင်ဂျာ
ဆိုသည္လူမ် ဳိ းပါဝင္သည္ကို မေတြ့ရပါ။ ၎င်းတို့၏ မှတ်တမ်းများတွင် ရခိုင်
သို့ နှစ်စဉ်အလုံအရင်းနှင့် ဝင်ရောက်လာနေပြီး အဆိုပါဝင်ရောက်မှု ကို တား
ဆီးရန်လိုအပ်သည့် စစ်တကောင်းသားများ Chittagonians ဟုသာဖေါ်ပြ
သည်ကိုတွေ့ရသည်။
ထို့ပြင် လွတ်လပ်ရေးအပြီး ရခိုင်ရှိ မွတ်စလင်တို၏ နိုင်ငံရေး
လှု ပ်ရှား မှု တရပ်ဖြစ်သည့် ၁၉၅၁ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည်
ရခိုင်အနယ်နယ်အ
ရပ်ရပ်က မွတ်စလင်ကိုယ်စားလည်များတက်ရောက်ခဲ့သည့် မောင်တောမြို့
နယ် အလယ်သံကျော်ညီလာခံတွင် ထုတ်ပြန်သော ကြေညာချက်တွင်ပင်
ရိုဟင်ဂျာဟူသော ဝေါဟာရမပါဘဲ ရခိုင်မွတ်စလင်ဟု သုံးစွဲထားသည်ကို တွေ့ရသည်။ ရိုဟင်ဂျာဟူသော ဝေါဟာရအသုံးပြု မှု ကို ၁၉၅၁ ခုနှစ် သြဂုတ်
လ ၂၈ ရက်နေ့ထုတ် ဂါဒီးယန်သတင်းစာတွင် ဘူးသီးတောင် ပါလီမန်အမတ် အယ်ဒူဂါဖါ က
စတင်ရေးသားသုံးစွဲသည်ဟု ရခိုင်သမိုင်းပညာရှင်များ ထောက်ပြထားပါသည်။
သို့ဖြစ်ရာ နိုင်ငံသားဖြစ်မှု သည် ပြသနာ၏ အပိုင်းတပိုင်းဖြစ်ပြီး တိုင်း
ရင်းသားလူမျိုးဖြစ်မဖြစ် ဆိုသည်က ပြသနာ၏ အခြားတပိုင်းဖြစ်သည်။
၎င်းတို့သည် နှစ်ထောင်နှင့်ချီ၍ ရခိုင်တွင် အခြေချနေထိုင်ခဲ့သည့် တိုင်းရင်း
သားလုမျိုးလော သို့မဟုတ် အင်္ဂလိပ်ခေတ်မှဝင်ရောက်လာသည့် နိုင်ငံခြား
သားများလော ဆိုသည်ပြသနာမှာ အခြေခံရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထား
ရှိရမည့် ပြသနာဖြစ်သည်။ ရခိုင်ရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်း မွတ်စလင်အ
သိုင်းအဝိုင်းဆိုသည့် ကြားချသည့် ဆောင်ရွက်မှု မျိုးဖြင့် ပြသနာကို အရင်း
အမြစ်မှ ဖြေရှင်းနိုင်မည် မဟုတ်ပါ။
၂။ ဤပြသနာကို ဖြေရှင်းရန် အဓိကကိုင်တွယ်ရမည့်ပြသနာမှ နိုင်ငံသား
အဖြစ်စီစစ်ခြင်းဖြစ်သည်။ နိုင်ငံတိုင်းတွင် နိုင်ငံသားဖြစ်မှု နှင့်ပတ်သက်၍
သက်ဆိုင်ရာ နိုင်ငံ၏ဥပဒေကို လိုက်နာရမည်ဖြစ်ပါသည်။ မြန်မာပြည်တွင်း
ရှိ ဗမာဖြစ်စေ ရခိုင်ဖြစ်စေ ရှမ်း ကချင်ဖြစ်စေ နိုင်ငံသားအသိမှတ်ပြု ရယူရာ
တွင် လိုအပ်သည့် အထောက်အထားများတင်ပြရန် လိုအပ်သကဲ့သို့ ဘင်္ဂါလီ
မွတ်စလင်များလည်းလိုအပ်မည်ဖြစ်သည်။
၂၀၁၄ နောက်ပိုင်း ပြု လုပ်သော သန်းခေါင်စာရင်းကောက်မှု နှင့် နိုင်ငံသား
မှတ်ပုံတင်ခြင်း လုပ်ခြင်းတွင် ဘင်္ဂါလီတို့၏ ပူးပေါင်းဆောင်ရွက်မှု အား
နည်းသည်ကို တွေ့ရသည်။ သန်းခေါင်စာရင်းကောက်ယူခြင်း မှတ်ပုံတင်ခြင်း
များကို ကန့်ကွက်ကြသည်များကိုတွေ့ရသည်။ ယခုချိန်ထိ မှတ်ပုံတင်ရရှိသူ
၂၀၀၀ ခန့်သာရှိသည်ဟုသိရသည်။ နအဖ နောက်ဆုံးကာလတွင် မဲပေးခွင့်
ရှိသည့် white card ၅ သိန်းခန့်ထုတ်ပေးခဲ့သည်ဖြစ်ရာ ထိုအဆင့်အတန်း
အတိုင်း အစစ်ဆေးမရှိ ပြန်လိုချင်ကြပုံရသည်။ အာဏာပိုင်အချို့၏ ရေတို
နိုင်ငံရေးလောဘများကြောင့် ပြသနာသည် ပို၍ ရှု ပ်ထွေးလာစေခဲ့သည်ဟု
ဆိုရမည်။ မည်သို့ဆိုစေ နိုင်ငံသားအဖြစ် စီစစ်မှု သည့် ဤပြသနာကို ဖြေရှင်း
ရန်အတွက် အခြေခံကျ သည့်အချက်အဖြစ် ဆုပ်ကိုင်ရန် လိုအပ်သည်။
နိုင်ငံသားပြသနာအား ဖြေရှင်းပြီးပါက ခရီးသွားလာခွင့် ပညာသင်
ကြားခွင့်တို့သည် နိုင်ငံသားအခွင့်အရေးနှင့်အညီ ဖြေရှင်းနိုင်မည်ဖြစ်မည်။
ထို့ပြင် နိုင်ငံသားအထောက်အထားမပြနိုင်သူများအား သီးခြား မည်သို့
သဘောထားမည် မည်သို့အဆင့်အတန်းသတ်မှတ်မည်ကို တိတိကျကျ ဆောင်
ရွက်ရန် လိုပေလိမ့်မည်။
၃။ နိုင်ငံတကာက ဘင်္ဂါလီတို့၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု များ စိုးရိမ်
ဘွယ်ရာ အခြေအနေများကို အလေးတင်းပြောဆိုနေချိန်တွင် ဘင်္ဂါလီအများစု
ရှိနေသော မောင်တောမြို့ နယ် ဘူးသီးတောင်မြို့ နယ်များရှိ ရခိုင်တိုင်းရင်း
သားလူနဲစုများ စိုးရိမ်ဘွယ်ရာအခြေအနေကို ဖေါ်ပြရန်လိုအပ်သည်။ လက်
ရှိအချိန်တွင် မောင်တောခရိုင်ရှိ မောင်တောမြို့ နယ် တောင်ပြို လက်ဝဲမြို့ နယ်ခွဲ
ဘူးသီးတောင်မြို့ နယ်များတွင် ဘင်္ဂါလီဦးရေ ၇၅၀၀၀၀ ရှိပြီး ရခိုင်/မြို/ခမီး/
ဒိုင်းနက်/သက် စသည့်တိုင်းရင်းသားဦးရေမှာ ၇၅၀၀၀ ခန့်သာရှိရာ ဘင်္ဂါလီ
လူဦးရေက ရခိုင်တိုင်းရင်းသားတို့ထက် ၁၀ ဆပိုများသည်။ ၂၀၁၂ အရေးအ
ခင်းနှင့် ၂၀၁၆ နှစ်ကုန် အကြမ်းဖက်တိုက်ခိုက်မှု များအပြီး ထိုဒေသရှိ ရခိုင်
တိုင်းရင်းသားများမှာ လူနဲစုဖြစ်နေ၍ အကြောက်တရားနှင့် သွားလာလှု ပ်
ရှားနေရသည်။
မောင်တောခရိုင်တွင်း ဘင်္ဂါလီလူဦးရေမှာ ရခိုင်တိုင်းရင်းသားတို့ထက်
ဆယ်ဆများသည်ပြင် ထိုခရိုင်အတွင်းရှိ လယ်မြေအများစု သစ်တောထွက်
လုပ်ငန်းအများစု ရေလုပ်ငန်းအများစုကို ချုပ်ကိုင်လုပ်နေရသည်ဖြစ်ရာ ဘင်္ဂါ
လီတို့သည် စီးပွါးရေးအရရော လုံခြုံ ရေးအရရော စိုးရိမ်ဘွယ်အနေအထား
တွင်မရှိပါ။ ထို့ပြင် ထိုဘင်္ဂါလီအများစုအား ခေါင်းစဉ်အမျိုးမျိုးအောက်တွင်
UN နှင့် INGO များ၏ အကူအညီများရရှိနေသည်။ မောင်တောအခြေစိုက်
UN/INGO ရုံး ၁၀ ခု ၊ ဘူးသီးတောင်အခြေစိုက် ရုံး ၅ ခုခန့်ရှိသည်။ ရခိုင်
တိုင်းရင်းသားတို့မှာ ထိုအကူအညီများ မရရှိပါ။ ထို့ပြင် မောင်တောခရိုင်တွင်း
ရှိ ဘင်္ဂါလီလူဦးရေမှာ ရခိုင်ပြည်အတွင်းရှိ ဘင်္ဂါလီလူဦးရေ၏ အများစုဖြစ်
ပေရာ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ လူဦးရေအများစုသည် စိုးရိမ်ဘွယ်ရာ
အခြေအနေတွင်မရှိဟုဆိုနိုင်သည်။
စစ်တွေနှင့် အခြားမြို့ နယ်များအတွင်းရှိ ဘင်္ဂါလီတို့တွင် စိုးရိမ်ဘွယ်ရာ
ရှိသည်ဆိုလျင် မောင်တောခရိုင်အတွင်းရှိ ရခိုင်တိုင်းရင်းသားများသည်လည်း
စိုးရိမ်ဘွယ်ရာအခြေအနေတွင် ရှိသည်ကို ထည့်သွင်းပြောမှ မျှတပေမည်။
ထိုပြင် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီများအနေနှင့် စစ်တွေအခြေစိုက် UN နှင့်
INGO ရုံး စုစုပေါင်း ၃၀ ၏ အကူအညီအထောက်အပံ့များ ရနေပြီး ရခိုင်တိုင်း
ရင်းသားများ မရသလောက်ဖြစ်သည်ဟုဆိုနိုင်သည်။
၎။ ရခိုင် ဘင်္ဂါလီပြသနာကို ဖြေရှင်းရာတွင် သမိုင်းဆိုင်ရာပြသနာကို ထည့်
သွင်းစဉ်းစားရန်လိုအပ်သည်။ ၁၉၄၂ ခုနှစ်တွင် ပထမအကြိမ် ရခိုင် ဘင်္ဂါလီ
အရေးအခင်းတွင် လူပေါင်း ၂၀၀၀၀ မှ ၃၀၀၀၀ ကြားသေဆုံးခဲ့ပြီး ကျေးရွာ
များစွာ ပျက်စီးခဲ့သည်။ အင်္ဂလိပ်ပြန်ဝင်လာသောအခါ ဘင်္ဂါလီတို့က ပျက်စီး
သွားသော ၎င်းတို့ကျေးရွာများတွင် ပြန်လည်အခြေချနိုင်သော်လည်း မောင်
တောခရိုင်အတွင်းတွင် ပြန်လည်အခြေ မချနိုင်တော့ပါ။ ထို့ပြင် ၁၉၅၀ ခုနှစ်
ပိုင်း မောင်တောခရိုင်တွင်း မူဂျာဟစ်ဒင်ပုန်ကန်မှု များ ပေါ်ပေါက်လာသော
အခါ ရခိုင်ရွာများပိုလျော့ကျ သွားခဲ့သည်။
၁၉၄၂ ခုနှစ်အရေးအခင်းတွင် မောင်တောမြို့ နယ်တွင်း ရခိုင်တိုင်းရင်း
သားကျေးရွာ ၁၂၉ ရွာ ဖျက်ဆီးမီးရှို့ ခံရပြီး ၉၈ ရွာပြန်လည်ထူထောင်နိုင်
ခြင်းမရှိတော့ပါ။ ဘူးသီးတောင်မြို့ နယ်အတွင်း ရခိုင်တိုင်းရင်းသားကျေးရွာ
၂၁၇ ရွာ မီးရှို့ ဖျက်ဆီးခံရပြီး ၁၁၆ ရွာမှာ ပြန်လည်ထူထောင်နိုင်ခြင်းမရှိတော့
ပါ။ ထို့ပြင် ထိုပျက်စီးသွားသော ရခိုင်တိုင်းရင်းသား ရွာများတွင် ဘင်္ဂါလီများ
ဝင်ရောက်နေထိုင်ကြသည့်အပြင် ဘင်္ဂါလီရွာသစ်များစွာလည်း ပေါ်ပေါက်ခဲ့
သည်။
သို့ဖြစ်ရာ ၁၉၄၂ ခုနှစ် အရေးအခင်းတွင် နှစ်ဖက်သေကြေ ဆုံးရှုံးခဲ့
ကြ ပျက်စီးခဲ့ကြသော်လည်း အင်္ဂလိပ်ပြန်ဝင်လာပြီးနောက် ဘင်္ဂါလီအများစု
အင်္ဂလိပ်တို့၏ တရားဝင်အသုံးအနှုံးအရ စစ်တကောင်းမွတ်စလင်များသည်
ဖျက်ဆီးခံရသော ၎င်းတို့ကျေးရွာများတွင် အများစု ပြန်လည်အခြေချ နေထိုင်
နိုင်ကြသော်လည်း မောင်တော ဘူးသီးတောင်မြို့ နယ်များမှ ရခိုင်တိုင်းရင်း
သားရွာအများအပြားမှာ ပြန်လည်နေထိုင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် အသက်
ရှင်ကျန်ရစ်သော သူတို့၏ အဆက်အနွယ်များ ရခိုင်တိုင်းရင်းသားများ၏ ရင်
တွင်း၌ ၎င်းတို့ရွာများ လယ်မြေများဆုံးရှုံးသညိ့ ပုဂ္ဂလိက ဆုံးရှုံးမှု ထက်
ပို၍ ၎င်းတို့လူမျိုးများ နေထိုင်ပိုင်ဆိုင်ခဲ့ရာ ရေမြေတောတောင်များ ဆုံးရှုံး
ခဲ့ရသည်။ ၎င်းတို့၏ အချုပ်အခြာအာဏာများ ဆုံးရှုံးလက်လွှတ်ခဲ့ရသည်ဟူ
သည့် ခံယူချက်များရှိ၍ နေပေတော့သည်။ ဤသမိုင်းဆိုင်ရာပြသနာသည်
ရခိုင်ပြည်နယ် ဘင်္ဂါလီပြသနာကို ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားသင့်
သည့်အကြောင်းအချက်ဖြစ်သည်။
၅။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြသနာကို ဖြေရှင်းရာတွင် သမိုင်းအရရော လက်
တွေ့အရပါ မဲပေးခွင့်ရှိသည့် တိုင်းရင်းသားများဖြစ်ကြသည့် ရခိုင်တိုင်းရင်း
သားများကို အခြေပြု ဖြေရှင်းရန်လိုသကဲ့သို့ ရခိုင်တိုင်းရင်းသားများ ပူးပေါင်း
ပါဝင်ဖြေရှင်းရေးသည် ပြသနာဖြေရှင်းရန် အခြေခံလိုအပ်ချက်ဖြစ်သည်။
ဤပြသနာကို ဖြေရှင်းရာတွင် ရခိုင်နှင့်ဘင်္ဂါလီကြားပြသနာ ဖြစ်နေ၍
ပြည်ထောင်စုအစိုးရက ဝင်ရောက်ဖြေရှင်းနေရသည်ဟု၎င်း မတူသောဘာ သာဝင်များကြား
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးပြသနာသက်သက် အဖြစ်၎င်းကြည့်မြင်၍
မရနိုင်ပေ။ ဘင်္ဂါလီမွတ်စလင်များက တိုင်းရင်းသား လူမ် ဳိ းတမ် ဳိးအဖြစ်
အသိမှတ်ပြု ရန်တောင်းဆိုနေသည့်ပြသနာ ၊ မွတ်စလင် ပြည်နယ်တောင်းရန်
ရည်ရွယ်နေသည့်ပြသနာ ၊ ဘင်္ဂါလီမွတ်စလင် ၁၁ သိန်း ခန့်အား
နိုင်ငံသားအဖြစ်အသိမှတ်ပြု ပြီး မြန်မာပြည်အတွင်း ဝင်ရောက်
အခြေချခွင့်ပြု ရမည့်ပြသနာဖြစ်သည်ကို လေးနက်ကြရန်လိုသည်။
၆။ မောင်တောခရိုင်အတွင်း ဘင်္ဂါလီ မွတ်စလင် လူဦးရေတိုးနှုံးအား အောက်
ပါအတိုင်းတွေ့ရသည်။
ဘုးသီးတောင် မောင်တောဒေသ ဘင်္ဂါလီ မွတ်စလင်လူဦးရေ
၁၉၁၁ ခုနှစ် ၁၁၁၇၂၃ ယောက်
၁၉၂၁ ခုနှစ် ၁၃၃၆၈၀ ။
၁၉၇၃ ခုနှစ် ၃၉၀၃၀၃ ။
၁၉၈၃ ခုနှစ် ၄၅၄၇၆၀ ။
၁၉၉၃ ခုနှစ် ၅၄၉၅၄၈ ။
၂၀၀၃ ခုနှစ် ၆၃၆၅၄၄ ။
၂၀၁၆ ခုနှစ် ၇၅၅၃၇၁ ။ တို့ဖြစ်ကြရာ ထိုလူဦးရေတိုး မှု သည် လူဦးရေ ပေါက်ကွဲနေသောအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဆက် မပြတ်ခိုးဝင်လာနေသည်လော ဆိုသည်မှာ စဉ်းစားဘွယ်ဖြစ်သည်။ အဆိုပါ
လူဦးရေတိုးပွါးမှု နှင့် ပတ်သက်၍ စီစစ်ထိမ်းချုပ်ရန်လိုအပ်ပေလိမ့်မည်။
၇။ ၂၀၁၆ အောက်တိုဘာ ၉ တကျော့ပြန်လာသည့် အကြမ်းဖက်မှု များသည်
လုံခြုံ ရေးနှင့်ပတ်သက်၍ အလေးထားစဉ်းစားရန်လိုအပ်သည်။ ၎င်းတို့သည်
အင်ဒိုနီးရှား ဖီလစ်ပိုင် မလေးရှားစသည့် ဒေသတွင်း အကြမ်းဖက်သမားများ
နှင့် ဆက်စပ်နေသည့်ပြင် ပါကစ္စတန် အာဖဂန် နှင့် ISIS စသည့် နိုင်ငံတကာ
အကြမ်းဖက်သမားတို့နှင့်ပတ်သက် ဆက်နွယ်နေသည်ဖြစ်ရာ အထူးသတိ
ထားရန်လိုအပ်သည်။
၎င်းတို့သည် မြန်မာပြည်တွင်းရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
များနှင့်မတူ။ ၎င်းတို့သည် အရပ်သားပစ်မှတ်များအား တိုက်ခိုက်ကြသကဲ့သို့
အရပ်သားများအား အကာအကွယ်ယူ တိုက်ခိုက်ကြပေရာ စစ်ရေးအရ တုန့်
ပြန်ရန်ခက်ခဲသည်။ လက်ရှိတွင်ပါကစ္စတန်နိုင်ငံသား အကြမ်းဖက်သမားများ
ဝင်ရောက်နေသည်ကို တွေ့နေရသကဲ့သို့ ၎င်းစစ်သွေးကြွများ၏တောတွင်း
စခန်းဆိုသည်ကိုလည်း မတွေ့ရှိရပေရာ အိမ်ခြေထောင်ချီ ရှိသည့် ဘင်္ဂါလီ
ရွာကြီးများအတွင်း အကာကွယ်ယူလုပ်နေသည်ဟု ယူဆရသည်။ ၂၀၁၆
ခုနှစ် အောက်တိုဘာမှ ၂၀၁၇ မေလအထိ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သော
ဘင်္ဂါလီ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါ အရပ်သား ၃၀ အသတ်ခံရပြီး
၂၂ ဦးပျောက်ဆုံးနေပေရာ ဤအချက်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
ထို့ပြင် နိုင်ငံတကာအကဲခတ်များကလည်း မြန်မာနိုင်ငံအပါ အရှေ့
တောင်အာရှနိုင်ငံများတွင် အစ္စလမ်အစွန်းရောက်အကြမ်းဖက်သမားများ၏
တိုက်ခိုက်မှု များ ပိုလာနိုင်သည်ဟု တွက်ချက်ထားရာ သတိကြီးစွာထားရန်
လိုအပ်နေပေသည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ဆက်နွယ်
သည့်အကြောင်းအချက်အားလုံးကို ထည့်သွင်းစဉ်းစားဖြေရှင်းကြရန် လို
အပ်ပေသည်။
ချု ပ်၍ ဆိုရလျင် ရခိုင်ပြည်နယ်အား ကြည့်မြင်သုံးသပ်ရာတွင် ရခိုင်
ပြည်နယ်၏ နိုင်ငံရေးပြသနာ ၊ ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု
ပြသနာ နှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြသနာတို့သည် ရှေ့တန်းရောက်နေ
သည့် ပြသနာ ၃ ရပ်တွေ့မြင်ရပေသည်။
ပြီးပါပြီ
မောင်မောင်စိုး
ရီနေဆင့်မဂ္ဂဇင်း ၂၀၁၇ ဇူလိုင် သြဂုတ်တွင် ဖေါ်ပြပြီး