Friday, May 2, 2014

ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( နိဂုံး )

အဟုန် စာပေ


အဟုန်တို့သည် မှတ်တမ်းမှတ်ရာ အရေးအသား အလွန်ထုံကြ၏.. ဝါသနာပါကြ၏.. ထို့ကြောင့် ``ဘူရမ်ဂျီ´´ ခေါ် သမိုင်းမှတ်တမ်း များစွာ ကျန်ရစ်ခဲ့၏.. သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ပုရပိုက်များကို ယခုတိုင် အာသံပြတိုက်တို့တွင် ပြသထားရှိသည်..

၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်းနိုင်ငံမှ ``ကန်ကျနပထွမ်ဒီလိုက်´´အမည်ရှိ အမျိုးသမီးဘာသာဗေဒပညာရှင်သည် မြန်မာပြည် နယ်စပ်ဒေသများရှိ ရှားပါးလူမျိုးစုများအကြောင်းကို သုတေသနပြုလုပ်ခဲ့ပြီး ကျမ်းတစ်စောင်ပြုစုခဲ့ရာ အဟုန်လူမျိုးတို့၏ အက္ခရာများကို ဖော်ပြထားပြီး
မြန်မာပြည်မိုးကောင်းနယ်ထဲမှ အာသံနယ်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်သွားပုံကို အထောက်အထားပြည့်စုံစွာဖြင့် ဖော်ထုတ်ရေးသားခဲ့သည်..

အမေရိကန်လူမျိုးတစ်ယောက်ရေးသားသည့် ရိုဟင်ဂျာအကြောင်း ဖြစ်ရပ်မှန်များနှင့် နောက်ကြောင်းရာဇ၀င် အပိုင်း(၃)




2 May 2014
အာဖဂန်နစ္စတန်နဲ့ လစ်ဗျားနိုင်ငံတို့မှာရှိတဲ့ အယ်လ်ကေဒါနဲ့ တာလီဘန်တို့ရဲ့ဖောက်ခွဲပစ္စည်းများနဲ့ လက်နက်ကြီးများ အသုံးချသင်တန်းများစွာသောရိုဟင်ဂျာများဟာစစ်ပွဲအတွင်း အာဖဂန်နစ္စတန်မှာဖမ်းမိနေခဲ့ကြတယ်။ဒါမှမဟုတ်အကြမ်းဖက်သင်တန်းစခန်းတွေမှာရှိနေခဲ့ကြတယ်။ နိုင်ငံများစွာမှ ထောက်လှန်းရေးအကူအညီများရဲ့ သတင်းပို့ချက်များအရ-

စစ်မှုမထမ်း မနေရ အမိန့်အာဏာ ယူကရိန်း ပြန်လည်ကျေညာ

ရုရှားလိုလားသူ လက်နက်ကိုင်များ သိမ်းပိုက်ထားတဲ့ မြို့။ (မေ ၁၊ ၂၀၁၄)

2 May 2014

ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရင်ဆိုင်ဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို ယူကရိန်းအစိုးရက  ပြန်လည် ကြေညာလိုက်ပါတယ်။  ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက  ရုရှားဘာသာ စကားပြောသူတွေ နေထိုင်တဲ့ မြို့ကြီး တဒါဇင်လောက်မှာ  အကြမ်းဖက်သူ ရုရှားလိုလားသူတွေက အဆောက်အဦးတွေကို သိမ်းပိုက်နေကြတာ ဖြစ်ပါတယ်။

အရှိန်မြင့်တက်လာသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ

လက်ဖက်ရွက်များကို နေလှန်းအခြောက်ခံနေသည့် တိုင်းရင်းသား ကလေးငယ်တစ်ဦး အားတွေ့ရစဉ်
2May 2014

‘‘ခင်ဗျားတို့နိုင်ငံမှာ သူပုန်ရှိသလားဗျ’’

မောပန်းနွမ်းနယ်နေသော လက်ဖက် တောင်သူကြီးက ကျွန်တော်တို့ ကို တွေ့တွေ့ချင်း မေးသော မေးခွန်းဖြစ်ပါသည်။ သူတို့က  မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ် တောင်တန်းတွေ ပေါ်က ပလောင်တိုင်းရင်းသားများ ဖြစ်ကြပါသည်။ သူပုန်တွေကို ရော၊ အစိုးရစစ်သားတွေကိုပါ ကောင်းကောင်း သိပါသည်။ နှစ် ဖက်စလုံးက နှစ်ပေါင်းများစွာ  ကြာအောင်သူတို့ရွာကိုလာပြီး ဆက်ကြေးကောက်ခြင်း၊ ရိက္ခာ တောင်းခြင်း၊ တပ်သားသစ်စု ဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြ သည်။ လူငယ်တွေ၊ အမျိုးသမီးတွေနှင့် ကလေးတွေကိုပါသူတို့ တပ်ထဲ    အတင်းအဓမ္မဆွဲထည့် ကြသည်။

ရေပြဿနာ ဖြေရှင်းရန် အစိုးရက ကျပ်ဘီလီယံနှစ်ဆယ်ပိုသုံးမည်

ရေရှားပါးရာ အရပ်များတွင် သောက်သုံးရေ အတွက် ဂါလန်ပုံးများဖြင့် သယ်ယူကြရသည်(ဓာတ်ပုံ−ကျော်ဇင်သန်း)

2 May 2014

 နှစ်စဉ်ကြုံတွေ့နေကျ ဖြစ်သော သောက်သုံး ရေရှား ပါးမှု ပြဿနာ ဖြေရှင်းရန် အစိုးရက ယခင်နှစ်များ ထက် ကျပ်ဘီလီယံ ၂၀ကျော်  ပိုသုံးစွဲမည်ဖြစ် ကြောင်း ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သတင်းရရှိ သည်။

နှစ်စဉ် နွေရာသီတွင် ကြုံ တွေ့နေကျ သောက်သုံးရေ ရှားပါး မှု ပြဿနာ ဖြေရှင်းရန် အစိုးရက ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်  ကျပ်ငွေ၁၂ဘီလီယံ  သုံးစွဲခဲ့သော်လည်း ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၈ ဘီလီယံသုံးစွဲရန် လျာထား ခြင်းဖြစ်သည်။

ညီလာခံ၌ဖြစ်စေ ၊ ပြင်ပ၌ဖြစ်စေ မည် သည့်နေရာမျိုး၌ ကမန်လူမျိုးအား ရခိုင့် တပ်မတော်မှာ တာဝန်ထမ်းဆောင်ခွင့်ပြု သည်ဟု မပြောဆိုခဲ့ဖူးကြောင်းကို ဗိုလ် မှူး ကျော်ဟန်မှ ချေပငြင်းဆို


2 May 2014

ဗိုလ်မှူးကျော်ဟန်အနေဖြင့် ကမန်လူမျိုးအား ရခိုင့်တပ်မတော်၌ တာဝန်ထမ်းဆောင်ခွင့်ပြုရန် မည်သည့်နေရာ၌ပင်
ပြောဆိုခဲ့မှု မရှိခဲ့ကြောင်းနှင့် အဆိုပါလုပ်ကြံ ဖွသတင်းအား မဇ္ဇျိမသတင်းမီဒီယာကလည်း မိမိနှင့်တွေ့ဆုံပြီး အင်တာ
ဗျူးခြင်းမျိုးလည်း မရှိခဲ့ကြောင်း ၎င်းဂယက်ရိုက်သွားခြင်းသည် ရခိုင်လူမျိုးနှင့် ရခိုင့်တပ်မတော်အကြား သွေးကွဲစေ
အောင် တမင်ဖန်တီးခြင်းမျိုးသာဖြစ်နိုင်သည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်ဟု ဆိုသည် ။


တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မကြာခင်ချုပ်ဆိုနိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား


မကြာတော့မယ့်အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မှာဖြစ်ကြောင်း ဒီနေ့ မနက်ပိုင်းက ရေဒီယိုကနေတဆင့် လစဉ်ပြောကြားတဲ့ နိုင်ငံတော်သမ္မတမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။

မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွေ ကျင်းပဆွေးနွေးဖို့ အစိုးရက ပြင်ဆင်နေကြောင်း အခုလိုပြောကြားလိုက်တာပါ။

ဒေါ်စုကြည်မှ ဘင်္ဂလီ တွေကို ရိုဟင်ဂျာ တိုင်းရင်သားဖြစ်ရေးကြိုးစားမည်ဟု ပြောဆို

ဒေါ်စုကြည်မှ ဘင်္ဂလီ တွေကို ရိုဟင်ဂျာ တိုင်းရင်သား ဖြစ်အောင် ငါတို့ ကြိုးကြိုးစားစားနဲ့ လုပ်နိုင်မှာပါ ဆိုပြီး ဘင်္ဂလီ ထွန်းခင်နဲ့ ဆွေးနွေးခဲ့တဲ့ သက်သေ

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဟု ယူနီဆက်ဖ်ဆို

2 April 2014
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်တခုဖြစ်နေပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စစ်တမ်း ကောက်ယူမှုများအရ အနိမ့်ဆုံး အညွန်းကိန်း ရလာဒ်များနှင့် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ယူနီဆက်ဖ်က ဆောင်ရွက်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍  ဧပြီလ ၃ဝရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယူနီဆက်က ယင်းတို့ စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ဒါဖတ်ပြီးမှ ဘရူးနိုင်း ကို သွားပါ


အခုနှစ် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို ရာထူး သင်္ကေတ တူကြီး လွှဲပြောင်းပေးခဲ့တဲ့ ဘရူးနိုင်း နိုင်ငံက ဒီကနေ့ကစတင်ပြီး အစ္စလမ် ရှရီယာ ဥပဒေတွေကို စတင်ကျင့်သုံးတဲ့အကြောင်း ကြေညာပါတယ်။ 

လူ့အခွင့်အရေးအခြေအနေတွေ နောက်ပြန်ဆွဲစေတဲ့ ပြင်းထန်တဲ့ အစ္စလမ် ရှရီယာ ဥပဒေတွေမှာ အမျိုးသမီးတွေအပေါ်လည်း ခွဲခြားမှုတွေ အကြီးအကျယ်ရှိသလို ပြစ်ဒဏ်အပြင်းစားတွေလည်း အများကြီး ပါဝင်ပါတယ်။