ရန်ကုန် ဇွန် ၁၁ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ဝင်းကြီးအတွင်း၌ ခုတင် ၃ဝဝ နေရာ ချထားနိုင်သော အဆင့်မြင့်ငါးထပ် ဆေးရုံ အဆောက်အဦ သစ်ကြီးတစ်ခုအား
သက်ဆိုင် ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရသည်နှင့် ငါးလနှင့်အပြီး အကောင်အထည်ဖော် ဆောက်လုပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း အလှူရှင် တော်ဝင်မိသားစု ကုမ္ပဏီမှ ဦးကိုကိုထွေး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဆေးရုံအဆောက်အဦ သစ်ကြီးအား လက်ရှိ ဆေးရုံဝင်းအတွင်းရှိ ပေ ၂၅ဝ ပတ်လည် မြေကွက်တွင် အလျား ပေ ၇ဝ၊ အနံ ပေ ၁၈ဝ sq-ft အနေဖြင့် ၆၃ဝဝဝ ခန့် အကျယ်ရှိ လူနာခုတင်- ၃ဝဝ နေရာချထားနိုင်သည့် ငါးထပ်ဆေးရုံ အဆောက်အဦ သစ်ကြီးအား ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.jpg)