ရန်ကုန် ဇွန် ၁၁ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ ဝင်းကြီးအတွင်း၌ ခုတင် ၃ဝဝ နေရာ ချထားနိုင်သော အဆင့်မြင့်ငါးထပ် ဆေးရုံ အဆောက်အဦ သစ်ကြီးတစ်ခုအား
သက်ဆိုင် ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရသည်နှင့် ငါးလနှင့်အပြီး အကောင်အထည်ဖော် ဆောက်လုပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း အလှူရှင် တော်ဝင်မိသားစု ကုမ္ပဏီမှ ဦးကိုကိုထွေး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဆေးရုံအဆောက်အဦ သစ်ကြီးအား လက်ရှိ ဆေးရုံဝင်းအတွင်းရှိ ပေ ၂၅ဝ ပတ်လည် မြေကွက်တွင် အလျား ပေ ၇ဝ၊ အနံ ပေ ၁၈ဝ sq-ft အနေဖြင့် ၆၃ဝဝဝ ခန့် အကျယ်ရှိ လူနာခုတင်- ၃ဝဝ နေရာချထားနိုင်သည့် ငါးထပ်ဆေးရုံ အဆောက်အဦ သစ်ကြီးအား ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုဆေးရုံကြီးအတွင်း လူနာအတင်အချ ၊Structure ဓာတ်လှေကားနှစ်စင်း၊ လူစီးဓာတ်လှေကား တစ်စင်း အပါအဝင် ငွေကျပ် သိန်းငါးသောင်း ဝန်းကျင်ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဲကွန်းပစ္စည်းများ၊ လူနာတင်ခုတင်များ၊ အရေးပေါ် လူနာခန်းသုံးပစ္စည်းများ၊ အထူး ကြပ်မတ်ဆောင်များ၊ ခွဲစိတ်ခန်းများ၊ ဓာတ်မှန်နှင့် ဓာတ်ရောင်ခြည်ကု ပစ္စည်းများ၊NGO နှင့် နှလုံးကုသစက် များ ပါဝင်သော နှလုံးရောဂါ၊ သွေးရောဂါနှင့် ဓာတ်ခွဲခန်းဆိုင်ရာ လူနာများအတွက် အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံများနည်းတူ ဆေးရုံ အင်္ဂါရပ်နှင့်အညီ လိုအပ်သော ပစ္စည်းများ ပါဝင်မည် ဖြစ်သည်။
ထိုငါးထပ် ဆေးရုံကြီးတွင် အသည်းနှင့် ရင်ခေါင်းဆိုင်ရာဌာန၊ ပြင်ပလူနာဌာန၊ နှလုံးရောဂါနှင့် နှလုံးခွဲစိတ် ဌာန၊ ဓာတ်ခွဲခန်းဌာန၊ သွေးရောဂါနှင့် ရိုးတွင်းခြင်ဆီ အစားထိုး ကုသရေးဌာနများ အပါအဝင် ဌာနငါးခု ပါဝင်မည်ဖြစ်သည်။ အခြားကုသရေး အဆောင်များနှင့်မတူ အရေးကြီးသွေးဌာနနှင့် ခုခံအားကျဆင်းမှုဆိုင်ရာ ဓာတ်ခွဲခန်းများ ပါဝင်သည့်အတွက် ဆေးရုံ Wed ကြီးတစ်ခုလုံး ပိုးသတ်ထားသည့် စနစ်များ၊ ဆေးရုံသန့် ရှင်းမှုအဖြစ် လေသန့်စနစ်၊ ဓာတ်ရောင်ခြည် အမိုးအခင်းများ၊ အောက်ဆီဂျင် ပိုက်လိုင်းများ၊ OT ဓာတ်ခွဲ ခန်းနှင့် အိမ်သာ သန့်ရှင်းမှုများအား အကောင်းဆုံး အဆင့်မြင့်မားစွာ ဆောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)
No comments:
Post a Comment