
ဓာတ်ပုံ – မြောက်ဦးမြို့နယ်အသင်း (စင်္ကာပူ)
ဒေသခံပြည်သူတွေက ကန့်ကွက်လို့ ရပ်နားထားရတဲ့ စစ်တွေ – ကျောက်တော် – မြောက်ဦး ရထားလမ်းပိုင်း ဆောက်လုပ်မှုစီမံကိန်းကို ပြန်လည်စတင်ဖို့ ဌာနဆိုင်ရာက စီစဉ်နေပြီး ပြည်သူတွေကလည်း ထပ်မံ ကန့်ကွက်နေကြပါတယ်။
စီမံကိန်း ပြန်လည် စတင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိ သူတွေက မြို့မိမြို့ဖတွေကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း က ခေါ်ယူညှိနှိုင်း ခဲ့ပေမယ့် သဘောထား မတိုက်ဆိုင်သေး ဘူးလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့ သူ မြောက်ဦးမြို့ နယ် ရှေးဟောင်း ယဉ်ကျေးမူ ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမောင်သာအောင်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ ချပြတဲ့မြေပုံက မရှင်းမလင်းနဲ့မို့ ပြည်သူတွေက အတည်မပြုနိုင်ဘူး။ မှန်ကန်တယ် ဆိုရင် ကောင်းတယ်။ မမှန်ကန်ရင် သမိုင်းတရားခံ ဖြစ်သွားမယ်။ သူတို့ ဆောင်ရွက်တဲ့အတိုင်း သွားမယ်ဆိုရင် ထပ်ပြီး ထိခိုက်မယ်၊ အရမ်း ခွင့်ပြုလို့ မရဘူး၊ ၂၉ ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ ပြန်ဆုံကြတယ်၊ ပြန်ဆုံပြီးတော့ အဆင်မပြေဘူး၊ လောလောဆယ်တော့ အတည်မပြုနိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ချပြထားတဲ့ နေရာကိုလည်း သူတို့က မကြိုက်သလို ဘာလိုလို ဖြစ်နေတယ်။”





