Sunday, February 16, 2014

‌ဒေါ်စုကြည်‌ရဲ တာဝန်‌မယူရဲမှုများ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအနေနဲ့ ရခိုင်မှာတင်မက မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာမြို့ကြီးအထိ တောက်လောင်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ မီးတောက်တွေ အကြောင်း နှုတ်ဆိတ်နေခဲ့တာ၊ အမုန်းတရားတွေ ဟောပြော ပျံ့နှံ့နေတာကို ရင်မဆိုင်တာ၊ ကချင်စစ်ပွဲတွေကို လျစ်လျူရှုခဲ့တာတွေက သူ့အတွက် အမှတ်လျော့စရာတွေ ဖြစ်ခဲ့ရတယ်။

[ Voice of the Day ]

နာမည်ပျက်နေတဲ့ စစ်အုပ်ချုပ်ရေးကို တရားဝင် လူရာသွင်းပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်ဖွင့်စေအောင် လုပ်ခဲ့လို့ တပ်ခေါင်းဆောင်တွေက သူ့ကိုအသုံးချပြီး လိုတာယူသွား နိုင်ခဲ့တယ်။ လက်ပံတောင်း ကော်မရှင်မှာ အစိုးရနဲ့ တပ်ဘက်က ရပ်တည်ခဲ့တာကလည်း ထောင်ချောက်ထဲ တိုးဝင်သွားသလို ဖြစ်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြတယ်။

မြန်မာပြည်ရေး ကျွမ်းကျင်သူ ဆွီဒင် သတင်းစာဆရာ ဘာတေးလင့်တနာကဆို “ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာ တစ်စိတ်တစ်ပိုင်းက သူ့ဘေးနားမှာ သူဘာမှားသလဲဆိုတာ မပြောရဲတဲ့ သူတွေချည်း ဝိုင်းနေတာပါပဲ။ သူတို့ဟာ အဓိပ္ပာယ်ရှိတဲ့ အကြံပြုချက်တွေတောင် မတင်ပြရဲဘူး။ အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည် ကျရှုံးမှုကိုလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်” လို့ အင်တာဗျူး တစ်ခုမှာ ဆိုခဲ့တယ်။

ဝမ်းလေဒီရှိုးနဲ့ တစ်ကိုယ်တော် အစွမ်းပြနေတာ တော်လောက်ပြီလို့ ဆိုချင်တယ်။ နှစ် ၂၀ ကျော် ထောက်ခံခဲ့ပြီး လက်တွဲလာခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကို ပြန်စည်းရုံး သင့်တယ်။ သူ့ကို ထမ်းတင်ပေးခဲ့တဲ့ ပြည်တွင်း ပြည်ပက ၈၈ မျိုးဆက်တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ပြန်စုစည်းသင့်တယ်။ အရေးအကြီးဆုံးက ပါတီတွင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ပြီး မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင် မွေးထုတ်ဖို့လိုတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့သော ဧရာဝတီဂျာနယ်ပါ ဆောင်းပါးရှင် ရဲနည်၏ ‘ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ’ ဆောင်းပါးမှ ကောက်နုတ်ချက်‌။

Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments: