Thursday, February 20, 2014

Bye bye MPT

မြန်မာနိုင်ငံ တယ်လီကွန်းကဏ္ဍတွင် တစ်ဦးတည်းချုပ်ကိုင်မှုစနစ် ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း ဆက်သွယ်ရေးဒုဝန်ကြီး ပြောကြား

Published on: February 19, 2014
Written by: နွဲ့ယဉ်အေး

မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က အသက်ဝင်ပြီဖြစ်သည့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ပေးအပ်လိုက်ပြီးချိန်မှစ၍ မြန်မာနိုင်ငံ တယ်လီကွန်းကဏ္ဍတွင် တစ်ဦးတည်းချုပ်ကိုင်မှုစနစ် ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်တွင် ကျင်းပခဲ့သော မြန်မာတယ်လီကွန်း စတင်တည်ထောင်ရေး ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ တယ်လီကွန်းကဏ္ဍ လွတ်လပ်ခွင့်ရလာတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခွင့်အလမ်းတွေ အများကြီး ရလာပါတယ်။ မိုဘိုင်းပျံ့နှံ့မှုနှုန်း ၁၂ ရာခိုင်နှုန်းအောက်ရောက်နေတဲ့ ဈေးကွက်ဟာ ရင်းနှီးမြှုပ်နှံခြေရှိတဲ့ ဈေးကွက်တွေအတွက် ဆွဲဆောင်မှုကောင်းတာ မငြင်းနိုင်ပါဘူး။ ဒီကဏ္ဍမှာ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အသင့်တော်ဆုံး ဥပဒေထုံးတမ်းစည်းမျဉ်းတွေ ချမှတ်ဖို့ တာဝန်ယူပါတယ်” ဟု ဦးသောင်းတင်ကဆိုသည်။

အဆိုပါ အစည်းအဝေးတွင် အူရီဒူးမြန်မာမှ စီအီးအို မစ္စတာရော့စ်ကောမက်က အူရီဒူးကုမ္ပဏီ၏ မိုဘိုင်းကွန်ရက် ဖြန့်ကြက်ခြင်းဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းခဲ့ပြီး တယ်လီကွန်းဆက်သွယ်ရေး ကွန်ရက်များ တည်ဆောက်ခြင်းတွင် အဓိက ကြုံတွေ့နေရသော အခက်အခဲများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ချိခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြေငှားမှုဆိုင်ရာ ကိစ္စရပ်များ၊ အိမ်ခေါင်မိုးများနှင့် အဆောက်အအုံခေါင်မိုးများ ငှားရမ်းမှုများ၊ ဥပဒေစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များအပြင် မိုဘိုင်းဘဏ်လုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။

Credit.. Eleven media group

No comments: