Wednesday, May 7, 2014

ဒေါ်စုသမ္မတဖြစ်ရေး / မဖြစ်ရေး က ပြည်တွင်းငြိမ်းချမ်းရေးထက်အရေးကြီးသလား

 

အန်အယ်လ်ဒီ ပါတီရဲ့ ….ကြားဖြတ်ရွေးကောက်ပွဲ အပြီး ….ဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်တဲ့ အခါ ….ခြေဥ ပြင်ဖို့ လုပ်နေတဲ့  ပွဲတွေနဲ့ ပဲ …တစ်ချိန်လုံး အလုပ်ရှုပ်နေတာကို တွေ့ ရပါတယ် ….

အကြောင်းပြချက်ကတော့ … ဒီ ၂၀၀၈ ခြေဥဟာ ဒီမိုကရေစီ မဆန်လို့  … စစ်တပ်က လွှမ်းမိုးထားလို့ ….
ပြည်သူ့ အကျိုးကို မဆောင်ရွက်နိုင်လို့ စသဖြင့်ပါ …. ကောင်းပါပြီ … ကျွန်တော်
မရှင်းတာလေးတွေ မေးပါရစေ…


 ခြေဥဟာ ပြင်ဆင်ဖို့ လိုတယ်လို့  …. အားလုံး သဘောတူထားပြီးသားပါ… ဒါကြောင့်လဲ လက်ရှိမှာ ….ခြေဥ ပြင်ဆင်ရေးကော်မတီကြီး ဖွဲ့ ပြီး … ပြင်ဖို့ ဆောင်ရွက်နေပါတယ် …
ဒီ ကော်မတီထဲမှာ … တပ်မတော်သား အမတ်တွေရော …. အန်အယ်လ်ဒီ အပါအ၀င် ….
ပါတီပေါင်းစုံက အမတ်တွေပါ ပါဝင်ပါတယ် …

ဒါပေမယ့် အန်အယ်လ်ဒီက ပြင်ချင်တဲ့ အချက်တွေနဲ့ … တပ်မတော် က ပြင်ချင်တဲ့ အချက်တွေ …. တပ်မတော် က ပြင်ချင်တဲ့ အချက်တွေနဲ့ … ပြည်ခိုင်ဖြိုး က ပြင်ချင်တဲ့ အချက်တွေ… တစ်ယောက်နဲ့ တစ်ယောက် မတူညီကျပါဘူး…

အန်အယ်လ်ဒီ အခု ပြင်ဆင်ဖို့ .... အဓိက ကြိုးပမ်းလာတာက .. အခြေခံ ဥပဒေရဲ့ အသက် ပုဒ်မ ၄၃၆ ဖြစ်ပါတယ် … တပ်မတော် အနေနဲ့  ကတော့ … ပြည်တွင်းစစ် မပြီးသေးတဲ့ လက်ရှိ အခြေအနေမှာ 
ဒါကို လက်ခံသဘောတူမယ့် အနေအထား .... မတွေ့ ရပါဘူး ...

 အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ရဲ့  ပြဋ္ဌာန်းချက်အရ … ၂၀၀၈ ခြေဥ ပုဒ်မတွေထဲက … ပုဒ်မ ၉၄ခု ကို ပြင်ဆင်ဖို့  အတွက် … အမတ်၇၅ ရာခိုင်နူန်းကျော် ထောက်ခံမှု နဲ့  … လူထုဆန္ဒခံယူပွဲ လုပ်ဖို့ လိုပြီး … ကျန်တဲ့ ပုဒ်မတွေကတော့ …. အမတ် ၇၅ ရာခိုင်နူန်း တိတိ ထောက်ခံဖို့ လိုပါတယ် …

အဓိပ္ပာယ်ကတော့ …
တပ်မတော် မပါပဲ … ဒီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်တယ်ဆိုရင် ကျန်တဲ့ အရပ်သားအမတ် အားလုံး နဲ့ ညီညွှတ်ရေးလုပ် …. ပြီးရင် တပ်မတော်သား အမတ်တစ်ယောက်ကို …. ရအောင်စည်းရုံး ဆိုတဲ့  အဓိပ္ပာယ်ပါပဲ ….

ဒါ ဖြစ်နိုင်ချေ ရှိပါသလား …. ဘယ်လိုမှ မဖြစ်နိုင်ပါဘူး … ဒါကို ရိပ်စားမိတဲ့ အန်အယ်လ်ဒီ ဟာ…
လူထုထောက်ခံပွဲတွေ တစ်ခါထပ်လုပ်ပြီး … ဖိအားပေးဖို့ ကြိုးပမ်းလာပုံ ပေါ်ပါတယ် …

အနည်းဆုံးတော့ နိုင်ငံတကာ အမြင်မှာ … ပုဒ်မ ၄၃၆ ကို လူထုက ပြင်ချင်တယ် … စစ်တပ်က ပေကပ်နေတာ ဆိုတဲ့  … နိုင်ငံရေး အမြတ်ထုတ်ဖို့  ရည်ရွယ်ဟန်တူပါတယ် … စစ်တပ်လဲ သိက္ခာကျ အန်အယ်ဒီ လဲ သိက္ခာတက် … တစ်ချက်ခုတ် နှစ်ချက်ပြတ် … ရည်ရွယ်သလားတော့ မသိပါဘူး …

ကောင်းပါပြီ … အန်အယ်လ်ဒီကြီး သိက္ခာတက်ပြီး … စစ်တပ်ကြီး သိက္ခာကျသွားတယ်ပဲ ဆိုပါစို့  …
ကျွန်တော်တို့ တိုင်းပြည် မှာ … ဘာ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာပါလဲ … စစ်တပ် နဲ့  အန်အယ်လ်ဒီ ကြားက အကွဲအပြဲဟာ … ပိုနက်ရှိုင်းသထက် နက်ရှိုင်းလာရုံပဲ ရှိမှာပါ ….

နိုင်ငံရေး ပါတီချင်း ထိပ်တိုက်တွေ့ တာ… ပြသနာ သိပ်မရှိလှပေမယ့် …. ဘယ်ပါတီ တက်တက် …
တစ်သက်လုံး ရှိနေမယ့် စစ်တပ်နဲ့ ….. တစ်ချိန်လုံး ထိပ်တိုက် သွားသွားတွေ့ နေတာဟာ… အရမ်းထူးဆန်းပြီး … နားမလည်နိုင်အောင်ကို ဖြစ်ရပါတယ် …

 ဒီအဖွဲ့ အစည်း ကို …. ခင်ဗျားတို့ သဘောကျတာ မကျတာ အသာထားပါ … ဒါပေမယ့် ဒီအဖွဲ့ အစည်းဟာ … ၁၉၄၈ ကနေ ဒီနေ့ အထိ … တိုင်းပြည်မှာ အရင့်ကျက်ဆုံး … အတွေ့ အကြုံအများဆုံး … အခိုင်မာဆုံး …
အင်အားအကောင်းဆုံး … စနစ်အကျဆုံး … အညီညွတ်ဆုံး အဖွဲ့ အစည်း ဆိုတာကတော့ … ဘယ်သူမှ ငြင်းမရပါဘူး …

ဒီလို အဖွဲ့ အစည်း နဲ့ … ထိပ်တိုက်သွားတွေ့ တွေ့ နေတာသည် … မှန်ကန်တဲ့ လုပ်ဆောင်မှုပါလား….

နိုင်လောက်တဲ့ အနေအထားမို့  …. ထိပ်တိုက်တွေ့ တယ်ဆိုရင်လဲ … ဘာမှ ပြောစရာ မရှိပါ … နိုင်လောက်တဲ့  အနေအထားရော ရှိပါသလား ….

ပြီးခဲ့တဲ့ ၂၂ နှစ်ကထက် .. ဒီအဖွဲ့ အစည်းကို … ခင်ဗျားတို့ ဖိအားထပ်ပြီး ပိုပေးနိုင်ပါ့မလား ….

ပြီးခဲ့တဲ့  ၂၂ နှစ်မှာ ခင်ဗျားတို့ ဘာဖြစ်ပြီး … သူတို့ ဘာဖြစ်သွားပါသလဲ … စေ့စေ့ တွေးကြည့်ရင် ရေးရေး ပေါ်လာပါလိမ့်မယ်…

ကျွန်တော် ထပ်ပြီး နားမလည်တာတစ်ခုက … ပုဒ်မပေါင်း ၄၅၇ ခုနဲ့  ဇယား၅ ခု ပါဝင်တဲ့  … လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ … တပ်မတော် နဲ့  ရန်ဖြစ်စရာမလိုတဲ့  …. တစ်ခြားပုဒ်မလေးတွေ အရင်ပြင်ပြီး .. တိုင်းပြည်အကျိုး လုပ်ဆောင်လို့ မရဘူးလား …

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ဥက္ကဌ … အန်အယ်လ်ဒီပါတီဝင် အများစုက ၀န်ကြီးတွေ… လွှတ်တော်ထဲမှာ အများစုက အန်အယ်လ်ဒီ အမတ်တွေ …. ဒီလို အစိုးရ ... ဒီလို လွှတ်တော် အနေအထားနဲ့  .. ခြေဥကို တဖြည်းဖြည်း ပြင်လို့ မရနိုင်ဘူးလား… တိုင်းပြည်ကို တိုးတက်အောင် လုပ်လို့ မရနိုင်ဘူးလား…


အန်အယ်လ်ဒီဟာ ဒီနေ့ အထိ … လူထုထောက်ခံမှု အများစု ရဆဲပါ … ဒါ ဘာမှ အငြင်းမပွားပါဘူး….
ဒါပေမယ့် …. ဒီ ရလာတဲ့  လူထု ထောက်ခံမှုကို … အလွဲသုံးစား မလုပ်ဖို့  လိုပါတယ်… တိုင်းပြည်တိုးတက်ဖို့ အတွက် … မှန်ကန်တဲ့  နိုင်ငံရေးနည်းလမ်းတွေ ကို … ရွေးချယ်ဖို့ လိုပါတယ် …

ခင်ဗျားတို့ လမ်းရွေးမှားခဲ့လို့  … တိုင်းပြည် ၂၂ နှစ် တိတိ ... ရပ်တန့် နေခဲ့ရပြီးပါပြီ…
ဒီတစ်ခါ ထပ်မလုပ်ပါနဲ့ တော့ …

လက်ရှိ အန်အယ်လ်ဒီ အမတ်တွေ အနေနဲ့ … ပြည်သူ့ အတွက် အကျိုးရှိမယ့် ဥပဒေ မူကြမ်းတွေ ….
ရသလောက် ပြုစုပါ တင်ပြပါ … ကိုယ့် မဲဆန္ဒနယ်က မမျှတမှု မတရားမှုတွေ … တတ်နိုင်သလောက် ဖြေရှင်းပေးပါ … ဒေသ ဖွံ့ ဖြိုးရေး လုပ်ပေးပါ … ဒေသအာဏာပိုင်တွေ ရဲ့ မသမာမှု အနိုင်ကျင့်မှုတွေကို … ရသလောက်ဖော်ထုတ် ပါ … လွှတ်တော် ကော်မတီဝင် တွေ … ဥက္ကဌ တွေကလဲ … သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ရှိသူတွေကို … ကော်မတီရှေ့ မှောက် ဆင့်ခေါ်ပါ …. မေးခွန်းတွေ မေးပါ … ရှင်းပြခိုင်းပါ … ဖြေရှင်းချက်တောင်းပါ … ပြီးစီးမှုတွေ လာပြန် သတင်းပို့ ခိုင်းပါ ….

ပြည်သူ့ အကျိုးကို ခင်ဗျားတို့ တကယ်လုပ်လာရင် … လက်ရှိအစိုးရကို ဘေးကျပ် နံကျပ်ဖြစ်အောင်လုပ် …
သိက္ခာချ အပုတ်ချပြီး … ကိုယ့်ပါတီကို ကိုယ် Role တင်နေတဲ့ နည်းကို …သုံးဖို့ မလိုတော့ဘဲ …. Role က အလိုလို တက်လာပါလိမ့်မယ် ...

ခင်ဗျားတို့ အခု လုပ်နေတဲ့  … ဆန္ဒပြပွဲ တွေ .. ဟောပြောပွဲတွေ … ခရီးစဉ်တွေဟာ ပိုက်ဆံ အရမ်းကုန်ပါတယ် … ဒီ ပိုက်ဆံတွေ ဘယ်က ရတယ်လို့  မသိပေမယ့် … ဒီ ပိုက်ဆံတွေကို
တိုင်းပြည် မငြိမ်မသက်ဖြစ်လာစေမယ့် … ဆူပူမှုတွေ ဖြစ်လာစေမယ့် … လမ်းပေါ်တက်ရေး လှုံ့ ဆော် လှုပ်ရှားမှုတွေမှာ … အသုံးမချမိဖို့ လိုပါတယ် …

ခင်ဗျားတို့ တကယ်တိုင်းပြည်ချစ်ရင် … ဒီ ထိပ်တိုက် ရင်ဆိုင်ရေး နည်းတွေ ... ထပ်မသုံးပါနဲ့ တော့ …
ဒါမှမဟုတ် … ခင်ဗျားတို့ ရည်ရွယ်ချက်က ... ဒေါ်စု သမ္မတ ဖြစ်မှ ဖြစ်မယ် … သမ္မတ ဖြစ်ဖို့  လမ်းပေါ်တက်ရုံမကလို့  …. ဘယ်နည်းလမ်း သုံးရ သုံးရ … ဖြစ်တဲ့ နည်း နဲ့  ရအောင်လုပ်မှာ ဆိုရင်တော့ … ဒီစတေးတပ်စ် က … ထောက်ပြတာ မှားသွားတဲ့ အတွက် …
ခွင့်လွှတ်ပါ လို့  တောင်းပန်ပါတယ် ..... ။

( ရဲမိုး အောင်လ )

OppositEye

No comments: