Tuesday, July 22, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ကျောက်ဖြူနာရေးကူညီမှုရုံး တည်ဆောက်ပေးရန် ကတိပြု

Jul 22, 2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဦးမောင်မောင် အုန်းက ဇူလိုင် ၂ဝရက်တွင် ကျောက် ဖြူမြို့သို့ ပထမဆုံးအကြိမ်ရောက် ရှိ လာပြီး ကျောက်ဖြူနာရေး ကူညီမှု အသင်းရုံးတည်ဆောက်ပေးရန် ကတိ ပြုလိုက်ကာ မတည်ငွေအဖြစ် ကျပ် သိန်း ၂ဝကို ကျောက်ဖြူမြို့နယ် နာ ရေးကူညီမှုအသင်းသို့လှူဒါန်းလိုက် ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ရာထူးမှနုတ်ထွက် သွားပြီးနောက် ဇူလိုင် ၁ရက်မှစပြီး ဝန်ကြီးချုပ်သစ်အဖြစ် ဦးမောင် မောင်အုန်းက တာဝန်ရယူထမ်း ဆောင်လိုက်ပြီးနောက် ဒေသတွင်း အခြေအနေများကို ကြည့်ရှုစစ်ဆေး ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ဝန်ကြီးချုပ်သစ်သည် ၎င်း၏ခရီးစဉ်အတွင်း ကျောက်ဖြူမြို့ ရာ မာဝတီခန်းမတွင် သက်ဆိုင်ရာမြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံစဉ် နာရေးကူညီ မှုအသင်းဥက္ကဋ္ဌနှင့် မြို့မိ မြို့ဖများ၏ တင်ပြမှုအပေါ် ဝန်ကြီးချုပ်သစ်က အထက်ပါအတိုင်း ကတိပြုလိုက် ခြင်းဖြစ်သည်။

''မြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖော်ဆောင်နိုင် ဖို့ ကျောက်ဖြူမြို့က မြို့မိမြို့ဖတွေ အနေနဲ့ တင်ပြဆွေးနွေးကြတာပါ။ ဝန်ကြီးချုပ်က ကဏ္ဍအလိုက် အသေး စိတ် စိစစ်စစ်ဆေးတင်ပြကြပါလို့ လမ်းညွှန်ထားပါတယ်။ နာရေးကူညီ မှုအသင်းကိစ္စကိုတင်ပြတော့ ဝန် ကြီးချုပ်က အကောင်အထည်ဖော်နိုင် ဖို့ စီစဉ်ညွှန်ကြားပေးခဲ့တယ်''ဟု အစည်းအဝေးတက်ရောက်သူ မြို့မိ မြို့ဖတစ်ဦးက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီး ချုပ်သစ်က မြို့နယ်အတွင်း ကျန်း မာရေး၊ ပညာရေးနှင့် လမ်းပန်းဆက် သွယ်ရေးများ တိုးမြှင့်ဖော်ဆောင်နိုင် ရန် မြို့မိမြို့ဖများအနေဖြင့် ကဏ္ဍအ လိုက်အသေးစိတ် စိစစ်စစ်ဆေးတင် ပြကြရန်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ဝန်ကြီးချုပ်သစ် က ၎င်းတာဝန် ယူသည့်ကာလ၌ ရခိုင်ပြည်နယ်အ တွင်းဖွံ့ဖြိုးတိုးတက်လာရန် အစွမ်း ကုန်ကြိုးပမ်း လုပ်ဆောင်သွားမည် ဟု ပြောကြားထားသည်။

 ymg

No comments: