Jul 22, 2014
ရခိုင်ပြည်နယ်၏ ဒေသခံများမှာ ဘင်္ဂလီစခန်းများထက် နိမ့်ကျနေသည်များလည်းရှိနေသော်လည်းပဲ
ဘင်္ဂလီစခန်းများသို့သာ သွားရောက်ခဲ့မှုအပေါ် ဒေသခံများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။
“လူမှုရေးအဖွဲ့တွေ ၀င်လာရင် ဘင်္ဂါလီစခန်းတွေကိုပဲ အဓိကထားသွားကြတော့

ဒေသခံတွေမှာဝင်လာတဲ့ လူမှုရေး အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုရတာ နည်းတယ်၊
အဲ့ဒါကြောင့် စားဝတ်နေရေးခက်ခဲတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ဂွမြို့နယ်မှ
ရခိုင်တိုင်းရင်းသားတစ်ဦးက ၄င်းအမြင်ကို ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဘင်္ဂလီစခန်းများတွင် အိမ်သာရှိခြင်း၊ လျှပ်စစ်မီးရှိခြင်းနေရာထိုင်ခြင်းရှိခြင်း စသည့် အားသာချက်များရှိသော်လည်း ရခိုင်ဒေသခံတစ်ချို့မှာအိမ်သာမရှိ နေရာထိုင်ခင်းမရှိသည့် ဒေသခံများလည်း ရှိကြောင်း
ကယ်ဆယ်ရေး ထောက်ပံ့ရေး နှင့် ပတ်သက်၍ မစ္စယန်ဟီလီအား ပြောကြားခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
“ကျနော်တို့မြန်မာနိုင်ငံမှာဘာသာပေါင်းစုံရှိတယ်၊ အစ္စဘာသာဝင်ဆိုရင်လဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်၊ သူတို့ဘာသာရဲ့ နေ့ရက်ကြီးတွေမှာ ရုံးပိတ်တာတွေ ရှိတယ်၊ဒါဟာ ဘယ်နိုင်ငံမှာမှမရှိတဲ့ အရာတွေပါ...ဒါကို မစ္စယန်ဟီ သိသင့်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
" အဓိကက တွေ့ရတာက မစ္စယန်ဟီဟာ ဘာတွေကို မေးလဲဆိုတော့ မူဆလင်တွေ အပြင်ထွက်ခွင့်မရတဲ့၊ကိစ္စ ဆေးဝါးကုသလို့မရ ကိစ္စဆိုဘဲ မေးတယ်၊ ဒေသခံ ရခိုင် အတွက် လူ့အခွင့်အရေးဆိုင်ရာ ဘာတစ်ခုမှ မပါဘူး ပြီးတော့ ထောင်ထဲ မှာလဲ ပြစ်မှုကျူးလွန်ထားလို့အရေးယူခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေ ငါးဦးနဲ့ တွေ့တယ်၊ အဲ အထဲမှာ ရခိုင်တစ်ယောက်မှ မပါဘူး၊ ရှင်းရှင်းပြောရရင် မူဆလင်ဘက်ရဲ့ အသံကိုဘဲ မေး နေတယ်'' ဟု ပြည်နယ် လွှတ်တော်အမတ်တစ်ဦးက ၄င်း၏ အမြင်ကို ပြောဆိုသည်။
မစ္စယန်လီသည်ရခိုင်ပြည်နယ်တွင် သုံးရက်တာ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များကိုစုဆောင်း မည်ဟုဆိုကာ နေထိုင်ခဲ့သော်လည်း ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံခြင်း၊ ရခိုင်လူမျိုးများ၏ လိုလားချက်များအား စုံစမ်းမေးမြန်းခဲ့ခြင်းမရှိဘဲ ဘင်္ဂလီစခန်းများသို့သာသွားရောက်ကာ ဘင်္ဂလီများ၏ ပြောဆိုချက်များကိုသာ စုဆောင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ(Ms.Yanghee Lee)သည်
မြန်မာနိုင်ငံအတွင်း ၁၀ရက်ကြာ လာရောက်ပြီး တွေ့ရှိချက်များကို ၆၉ ကြိမ်မြောက်
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အစီရင်ခံစာ တင်သွားမည်ဖြစ်သည်။

မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်
မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ နေရာတွင် အစားထိုးဝင်ရောက် လာသူဖြစ်သည်။

No comments:
Post a Comment