Sunday, September 7, 2014

ဖေ့စ်ဘုတ် အကောင့် အဟတ်ခံရခြင်း

မနေ့ က ကျွန်တော့် အကောင့်ကို တပါးသူက Password ခိုးယူပြီး PW အသစ်ပြောင်းခံရတာနဲ့  ပတ်သက်ပြီး တွေ့ ကြုံရတဲ့ အခြေအနေကို သတိရမိသလောက် တင်ပြပေးပါရစေ..။ အဲဒီအချိန်က နဲနဲ ထူပူနေတော့ အကုန်တော့ မမှတ်မိပါဘူး...။
အတွေ့ အကြုံကို မျှဝေတဲ့ သဘောပါ...။
မနေ့ က ကျွန်တော့် FB့  အကောင့်ကို ဖွင့်တဲ့ အခါမှာ ကျွန်တော် ပုံမှန် သုံးနေကြ email ရယ် Password ရယ် ပုံမှန်အတိုင်း ထည့်လိုက်ပါတယ်..။
အဲဒီမှာ FB က ပြန်ဖြေတာကတော့ Your Password was change at the following time :Friday,Sep, 2014,10:09 am ဆိုပြီး ပေါ်လာပြီး အောက်မှာ Buttom ခလုတ်၂ ခု ပေါ်ပါတယ်..။ ခလုတ်တစ်ခုက It wasn't you ဆိုတဲ့ စာသားပါတဲ့ ခလုတ်ရယ်..။ နောက်ခလုတ် တစ်ခုက It was ဆိုတဲ့ ခလုတ်ပါ..။
သူမေးတာက အဲဒါကို PW ကို မင်းချိန်းခဲ့တာ မဟုတ်ဘူးလား ဆိုတဲ့ ခလုတ်နဲ့  ..။
PW ကို မင်းချိန်းခဲ့ပါတယ် ဆိုတဲ့ ခလုတ်ပါ....။

အဲဒီမှာ ကျွန်တော် It wasn't you ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တဲ့ အခါမှာ....FB ကနေ အကောင့်ပိုင်ရှင် မှန် မမှန် စစ်ဆေးနည်း ၆ မျိုးထဲက ၁ မျိုးကို ကြိုက်ရာ ရွေးချယ်ခိုင်းပါတယ်..။
စစ်ဆေးနည်း...ပထမ တစ်ခုက တော့ ရှင်းပါတယ်...မိမိအကောင့်လုပ်စဉ်က ဖုန်းနံပါတ်ကို မေးတာပါ..အဲဒီဖုန်းနံပါတ်ကို ကိုယ်က ထည့်ပေးလိုက်ရင် ဖုန်းနံပါတ်မှာ ပြန်ပြီး Message ပို့ မယ့် Code No ကို FB က တောင်းတဲ့ Box မှာ ရိုက်တည့် ပေးရမှာပါ...။အဲတာဆို ဒီအကောင့်သည် အကောင့်ပိုင်ရှင်မှန်ဖြစ်တယ်ဆိုတာ သေချာသွားပါပြီ..။ဒါက စစ်ဆေးနည်း ပထမ တစ်ခုပါ...။
ကျွန်တော့်အတွက်တော့ လွယ်ကူတာက နေခက်ခဲစရာဖြစ်လာပါတယ်..ကျွန်တော့် ဖုန်းနံပါတ်က လက်ရှိမှာ အသုံးမပြုတော့တဲ့ အတွက် ဖုန်းနံပါတ်ကနေ စစ်ဆေးနည်းကို ကျွန်တော် မရွေးချယ်ခဲ့ပါဘူး..။
စစ်ဆေးနည်း (၂) ကတော့ ဓါတ်ပုံကို ကြည့်ပြီး သူငယ်ချင်းတွေ ရဲ့  နာမည်ကို ရွေးခိုင်းတဲ့ စစ်ဆေးနည်းပါ..။ အမှန်ပြောရရင် သူငယ်ချင်း ၅၀၀၀ လောက်ရဲ့  ဓါတ်ပုံတွေ ကျွန်တော် ဘယ်လိုလုပ် အမှန်ပြောနိုင်မှာလဲ ဗျာ...။အဲတော့ စစ်ဆေးနည်း (၂) က လဲ ကျွန်တော့် အတွက် လုံချာရိုက်ခဲ့ပါတယ်..။ မအောင်မြင်ခဲ့ပါဘူး..။
စစ်ဆေးနည်း (၃) ကတော့ Security Question ပဲ ဖြစ်ပါတယ်..။ ကျွန်တော် FB စတင်စဉ်က အဲဒီ မေးခွန်းအတွက် ကျွန်တော် ရေးခဲ့တဲ့ စာကြောင်းကို ပြန်လည် ဖြေကြားရခြင်းပဲ ဖြစ်ပါတယ်..။အဲတော့ စစ်ဆေးနည်း ၃ ကတော့ ကျွန်တော့်အတွက် လွယ်ကူစေခဲ့ပါတယ်..။ ကျွန်တော့် ဘ၀မှာ မမေ့နိုင်တဲ့ အရာတစ်ခုကို ကျွန်တော့် FB အကောင့်လုပ်စဉ်က Security Question အဖြစ် ထည့်ထားခဲ့တာကိုး..။ အဲတော့ နံပါတ် (၃) မှာ ကျွန်တော် အဆင်ပြေခဲ့တာပါ..။
နံပါတ် (၄) တို့  (၅) တို့  (၆) တို့ ထိတော့ မမှတ်မိတော့ပါဘူး..အဲဒီအချိန်မှာက လူကလဲ ထူပူနေတာမို့  အစဉ်မပြေခဲ့ပါဘူး..။
နံပါတ် (၃) နဲ့တင် FB ပြန်ပွင့်လာပါတယ်..ပြီးတော့ Security ကို Set up ပြန်လုပ်ခိုင်းတယ်..တစ်ဆင့်ပြီး တစ်ဆင့်ပေါ့...။ နောက်ဆုံးမေးတာက အရင် ဖွင့်ထားတဲ့ Other Device တွေကိုရော ပိတ်လိုက်ရမှာလားဆိုတဲ့ မေးခွန်းကို မေးလိုက်တာ ကိုယ်က တစ်ဘက်လူ အသုံးပြုနေတာကို ရပ်တန့် စေချင်တာ တစ်ခုနဲ့  Yes ဆိုတာ ကို နှိပ်လိုက်တဲ့အတွက် ..ကျွန်တော့် အကောင့်ကို PW ချိန်းသွားသူကို ခြေရာခံ မမိတာပဲ ဖြစ်ပါတယ်..။
နားလည်သူများကို မေးကြည့်ရာမှာ သူတို့  ပြန်လည်ဖြေကြားတာက ဒီအဆင့်မှာ လက်ရှိ ဖွင့်ထားတဲ့ Other Device တွေကို ကိုယ်ကသာ ချက်ချင်း မပိတ်ဘူးဆိုရင် အဲဒီလူတွေကို ဘယ်ကနေ အသုံးပြုနေတယ်ဆိုတာ ပြန်လည် ခြေရာခံလို့  ရတယ် လို သိရှိရတာကြောင့် သူငယ်ချင်းတို့  အနေနဲ့  ဒီအဆင့်မှာ သတိထားစေချင်ပါတယ်.။ ကျွန်တော်ကတော့ ပိတ်လိုက်တဲ့ အတွက် ခြေရာမခံမိခဲ့ပါဘူး..။
အဲတော့ နံပါတ်တစ် ဖုန်းနံပါတ်...တောင်းပါတယ်..။
နံပါတ်(၂) ဓါတ်ပုံပြပြီး သူငယ်ချင်းရွေးခိုင်းပါတယ်..။
နံပါတ်(၃) Security Question ဖြေခိုင်းပါတယ်...။
ကျန်တဲ့ ၃ ခုကတော့ ကျွန်တော်လဲ ပူထူနေလို့  FB ပွင့်ဖို့ အရေး အားစိုက်နေတာမို့  သတိမထားခဲ့မိပါဘူး..။
ဒါဟာ မနေ့ က ကျွန်တော့် တွေ့ ကြုံရတာကို မှတ်မိသလောက် မျှဝေကာ သူငယ်ချင်းတို့ ကို ဗဟုသုတအဖြစ်မျှဝေတင်ပြခြင်း ဖြစ်ပါကြောင်း...။
ဘစည်(စင်ကာပူ)
6.9.2014

No comments: