သူ့ အကြောင်းကြားရင် ကျတော်အမြဲတမ်းကျက်သီးထတယ်။
သူ့ ရဲ့ လုပ်ရည်ကိုင်ရည် ဖြတ်ထိုးညာဏ်နဲ့ ရဲစွမ်းသတ္တိဟာ မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်တယ်။ စွပ်ဗဟာဒူးရိုင်းလို့ပြောတာနဲ့ ကျတော်ကတော့ ရန်သူတစ်ရာကျော်အလောင်းတွေရဲ့ အလယ်မှာ ဘရင်းဂန်းကိုင်ပြီးကျဆုံးနေတဲ့ စစ်သူကြီးတစ်ဦးအဖြစ်သာမြင်မိပါတယ်။ တကယ်တော့သူဟာ စစ်သူကြီးလဲမဟုတ်ပါဘူး။အရာရှိတစ်ယောက်လဲမဟုတ်ပါဘူး မြန်မာ့တပ်မတော်က သာမာန်ရဲဘော်လေးတစ်ယောက်ပါပဲ။
ဖြစ်စဉ်ကတော့ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်သူဟာ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် မိမိတပ်ဟာ ပါလာတဲ့ စစ်ကားခုနှစ်စီးပေါ်ကစစ်သည်အားလုံးနီးပါးကျဆုံးခဲ့ပါတယ်။
အဲအချိန်မှာ အသက်ရှင်ကျန်သူကတော့ စွတ်ဗဟာဒူးရိုင်းပါပဲ။ သူသာကျဆုံးရင် ဒီရိက္ခာတွေ ကားတွေလက်နက်တွေ ၇န်သူ့ လက်ကိုပါမှာပါ။ ပြန်တိုက်ရင်လည်းမနိုင်နိုင်ပါဘူး။ ရန်သူကတစ်ရာကျော်တယ်။ အဲ..ထွက်ပြေးရင်တော့လွတ်နိုင်တာပေါ့။
ဒါပေမယ့်သူ့ ဆုံးဖြတ်ချက်ကပြတ်သားပါတယ်။
သူသေမှ ဒါတွေပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။ ပထမဆုံးသူဟာကားပေါ်က သေနတ်တွေကိုအောက်ကိုဆွဲချတယ်။ပြီးတော့ အဲသေနတ်တွေကို
ရင်ဘောင်တန်းဖြန့် ခင်းလိုက်တယ်။ နောက်တော့ ဆက်သွယ်ရေးစက်နဲ့ နောက်တန်းကို အကြောင်းကြားတယ် ။ ပြီးတာနဲ့ သူဟာ ဒီဘက်ထိပ်ကနေစပြီးသေနတ်ကိုပစ်ပါတယ်။ ပစ်တယ်ဆိုတာ ပါးစပ်ကပါ အော်ပစ်တယ်။
" ဘယ်ဘက်ကပစ်ဟေ့"
နောက်တော့ ညာဘက်ကိုသူပြေးတယ် ထပ်အော်တယ်
" ညာဘက်ကပစ်ဟေ့"
နောက်တော့ အလယ်ကနေ လက်ပစ်ဗုံးထပ်ပစ်တယ်။
" မြန်မာ့တပ်မတော်ကွ မင်းတို့ လူအင်အားလောက်တော့မမှုဘူး"
သူတစ်ယောက်ထဲ တောင်ပြေးလိုက် ပစ်လိုက်။ အော်လိုက်။ မြောက်ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်နေတော့။ ရန်သူဟာ မြန်မာ့တပ်မတော်မှာ အင်အားအများကြီးကျန်တယ်
ထင်ပြီးမတက်ရဲပါဘူး။ စွတ်ဗဟာဒူးရိုင်းကတော့ မမောနိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်နဲ့ 
လုပ်နေတုန်းပါပဲ။ ရန်သူက လည်း မတက်ရဲဘူး။ သူ့ရဲ့ ရဲရဲဝံ့ဝံ့ ပြန်လည်ခုခံမှု နဲ့ အတူ မမျှော်လင့်တဲ့ အခြေအနေ တစ်ရပ်ကြောင့် အကျဆုံးအရမ်းများနေခဲ့တယ်။ အဲအချိန်မှာပဲ
မြန်မာ့တပ်မတော်က စစ်ကူတွေရောက်လာခဲ့ပါတယ်။
ဒါပေမယ့် တပ်သားစွတ်ဗဟာဒူးရိုင်းကတော့
ရန်သူတစ်ရာကျော်အလောင်းတွေရဲ့ ရှေ့ မှာ ဘရင်းဂမ်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထရပ်ကားကိုမှီလျှက် ကျဆုံးနေခဲ့ပါပြီ။ သူ့ ရဲ့ ရဲစွမ်းသတ္တိနဲ့ 
စွန့် လွှတ်စွန့် စားမှုကြောင့်နိုင်ငံတော်ကသူ့ ကို အောင်ဆန်းသူရိယဘွဲ့ အပ်နှင်းခဲ့တယ်။

No comments:
Post a Comment