Wednesday, March 18, 2015

ကိုးကန့်ဒေသ အစိုးရ ထိုးစစ်တိုးမြှင့်


နေပြည်တော်၊ မတ် - ၁၆

လောက်ကိုင်မြို့ အရှေ့ဘက်ရှိ ပွိုင့် - ၁၂၁၉ တောင်ကုန်းတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား မတ် ၁၅ ရက် ညနေပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အား အချို့က လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အတူ ပါစင်ကျော်ရွာမှ ဘီပီ-၁၃၇ သို့ သွားသော ကားလမ်းကြောင်း တစ်လျောက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကားလမ်းမြောက်ဘက်ခြမ်းရှိ ပွိုင့်-၁၄၆၈ တောင်ကုန်းအနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တောင်ကုန်းတွင် ခံစစ်ယူ ပြင်ဆင်ထားသော ကိုးကန့်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းများက ဆက်လက် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ ၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် ၅ ဦး ဒဏ်ရာ ရရှိခဲ့၍ ဒဏ်ရာ ရရှိသူများအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia


No comments: