Friday, March 6, 2015

ကမ္ဘာပထမဆုံး လူသားရုပ်ကြွင်းကို အီသီယိုပီးယားတွင် တူးဖော်တွေ့ရှိ

Written by  အဒီစ်အဘာဘာ
လူသားအစ၏ ဦးဆုံးမျိုးနွယ်များမှ တစ်ခုဖြစ်သည်ဟု အတည်ပြုနိုင်သည့် လူသားမျိုးနွယ် မှမေရိုးရုပ် ကြွင်းတစ်ခုကို တူးဖော်တွေ့ရှိသည်။
 81406168 81405983
လူသားမျိုးနွယ်ထွက်ပေါ်ခဲ့သည်ဟု ပညာရှင်များတွေးဆထားသည့် ကာလထက်နှစ် ၄၀၀၀၀၀ပိုစောသည့် သက်တမ်း၂ ဒသမ ၈သန်းကြာမြင့် ပြီဖြစ် သည့်မေး ရိုးရုပ်ကြွင်းကို တူးဖော်တွေ့ ရှိခြင်းဖြစ်သည်။

အီသီယိုးပီးယားတွင် တူးဖော်တွေ့ ရှိထားသည့် ယင်းရုပ်ကြွင်းသည် လူသားအစ အပင်နေသတ္တဝါအဖြစ်မှမြေပေါ် ဆင်းသက်သည့် ဆင့်ကဲဖြစ်စဉ် အပြောင်းအ လဲသည် ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်ပေါ် လာစေခြင်းဖြစ်နိုင်ကြောင်း ယခုတွေ့ ရှိသည့် ရုပ်ကြွင်းအရ ယူဆနိုင်သည်။

ယခုရုပ်ကြွင်းကိုတွေ့ရှိမှုသည် လူသားဆင့်ကဲ ကူးပြောင်းခြင်းဖြစ်စဉ်တွင် များစွာ အရေးပါ သည့်တွေ့ ရှိမှုတစ် ရပ်ဖြစ်သည်ဟု သုတေသန အဖွဲ့ခေါင်းဆောင်က ဘီဘီစီသတင်း ဌာန သို့ပြောသည်။
 81375634 site
ယခုနယ်မြေတွင်းမှာပင် ၁၉၇၄ခုနှစ်အတွင်း ကတွေ့ရှိခဲ့သည့် သက်တမ်း ၃ဒသမ၂သန်းရှိ လူစီ Lucy ဟုအမည်ပေး ထားသော လူသားနှင့် နီးစပ်သော အစော ပိုင်းသတ္တဝါမျိုးရုပ်ကြွင်းနှင့် ယခုအစောဆုံးလူသားရုပ်ကြွင်းကြား ဆင့်ကဲဖြစ်စဉ်ကူးပြောင်းမှုတွင် အချိတ်အဆက် ရှိပုံကို ရှင်းလင်းစွာ သိရှိရခြင်း ပင်ဖြစ်ကြောင်း နီဗားဒါး တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဘရိန်းဗီမောရီ ကပြောခဲ့သည်။
Ref: BBC

No comments: