နာဂမိန်းမငယ်တစ်ဦးကို ဘင်္ဂလီ တစ်ဦးမှ အဓမ္မပြု ကျင့်ပြီးသည့်နောက် ဒေါသ မထိမ်းနိုင်သော နာဂတိုင်းသား အုပ်စုကြီးသည် ထို ဘင်္ဂလီအား ရဲအချုပ်ခန်းအတွင်းမှ ဆွဲထုတ်ကာ ရိုက်နှက် ဝိုင်းသတ်ပုတ်မှု ဖြစ်ပွါးခဲ့သည်။ အဆိုပါ ဘင်္ဂလီသည် ထိုမိန်းခလေးကို အကြိမ်ဖန်များစွာ အဓမ္မပြုကျင့်ခဲ့သည် ဟုသိရသည်။ ပုလိပ်များက လူအုပ်ကြီး ကွဲသွားစေရန် မျက်ရည်ယို ဓါတ်ငွေများသုံးပြီး လူစုခွဲခဲ့သော်လည်း အခြေအနေတည့်ငြိမ်အောင် ထိမ်းသိမ်းနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

တာဝန်ရှိ အရာရှိပြောကြားချက်အရ အဆိုပါ ဘင်္ဂလီသည် လူထုကြီး၏ ရဲစခန်းမှ ဆွဲအထုတ် ရိုက်နှက်ခံရပြီး လမ်းမကြီးတလျောက် ဒရွတ်တိုက် ဆွဲယူခြင်းခံခဲ့ရသည်။ ထို့ကြောင့် အရေးပေါ် ဝန်ကြီးများ အစည်းအဝေးကို ည၇ နာရီတွင်
Dimapur ရှိ ဝန်ကြီးချုပ်ရုံး ရုံးခန်းတွင် ကျင်းပခဲ့ပြီး အရေးပေါ် အခြေအနေများကို ထုတ်ပြန်ခဲ့ရသည်။

ဒေါသမထိမ်းနိုင်သော လူအုပ်ကြီးသည် ဘင်္ဂလီဆိုင်များကို လည်းဖျက်ဆီးခဲ့ကြသည်။
No comments:
Post a Comment