သင်္ဘောသီးနဲ့ပြုတ်ထားတဲ့ကြက်ဥပြုတ်နဲ့ ကင်ဆာပျောက်တယ်လို့ ကြားရပါတယ်။ ဘာကင်ဆာပျောက်တာလဲ။ ဘယ်လို လုပ်ရတာလဲ။ ဘယ်လောက် စားရမလဲစသဖြင့် အသီးသီး မေးလာကြပါတယ်။
တစ်ယောက်စ နှစ်ယောက်စ မေးလာတုန်းကတော့ သတိမထားမိပေမယ့် မကြာခဏ မေးလာတဲ့အခါ စိတ်ဝင်စားပြီး Google မှာ လိုက်ရှာကြည့်တော့ မြန်မာဝက်ဆိုက်တွေ၊ ဘလော့ခ်တွေမှာ ဒီဆေးနည်းကို အများအပြားတင်ထားကြတာကို မြင်တွေ့ရပါတယ်။ ရေးသူကတော့ ကြည်လွင်မြင့်(မုဒြာ) ဖြစ်ပြီး ပေးပို့သူကတော့ (ဆရာကြီးဦးသောင်းဌေး၊ တာဂွရွာ၊ အလယ်တန်းကျောင်းအုပ်ဆရာကြီး) ဆိုပြီး တွေ့ရပါတယ်။
တိုက်ကြီးမြို့နယ်၊ တာဂွရွာမှ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးဟာ အစာဟောင်းအိမ်အူမကြီးမှာ ကင်ဆာအလုံးကို တွေ့ရှိ၍ ခွဲစိပ်ကုသလျှင် ငွေကြေးအမြောက်အများကုန်ကျမည်ဖြစ်၍ ဆရာကြီးတစ်ဦးက ပေးလိုက်တဲ့ ဆေးမြီးတိုနည်းဖြင့် စမ်းသပ်ကုသကြည့်ရာ ၄င်းကင်ဆာအလုံးကြီး ပျောက်ကင်းသွားပြီး နဂိုအတိုင်း ကျန်းမာရေးပြန်ကောင်းမွန်လာခဲ့ပါတယ်။
ဆေးပြုလုပ်နည်း
(၁) သင်္ဘောသီးတစ်လုံးကို ပုံပါအတိုင်း ထိပ်ပိုင်းနားခန့်ကို ဖြတ်၊ ကြက်ဥထည့်၊ အဖုံးပြန်ပိတ်၊ အငွေ့လုံစေရန် ရွံစေးဖြင့်လည်း ပိတ်ပေးနိုင်ပါတယ်။ ရေမထည့်ရပါ။ အစေ့များကိုလည်း မဖယ်ပဲ ထားနိုင်ပါတယ်။
(၂) ၄င်းသင်္ဘောသီးကို မီးဖိုပေါ် နာရီဝက်ခန့် ဖုတ်ပါ။ ပြီးလျှင် ကြက်ဥကို အပြင်ထုတ်ပြီး အအေးခံပါ။ ရေမစိမ်ပါနှင့်။
(၃) ၄င်းကြက်ဥပြုတ်ကို အခြားအစားအစာများနှင့် တွဲမစားပဲ သီးသန့်စားပေးပါ။ အနည်းဆုံး ၂ ပတ်ခန့် စားရမယ်လို့ ဆိုပါတယ်။
(၄) ထို့အတူ သင်္ဘောသီး၊ သင်္ဘောရွတ်တို့ကိုလည်း မကြာခဏ စားပေးရပါမယ်။
သင်္ဘောသီးအငွေ့သည် ကင်ဆာရောဂါပိုးများကို ပယ်သတ်နိုင်စွမ်းရှိပြီး ကြက်ဥသည်လည်း ကင်ဆာကိုနိုင်သည့် အာနိသင်များ ပါဝင်ကြောင်း ကျန်းမာရေးဆရာဝန်ကြီးများက ထုတ်ပြန်ထားဖူပါတယ်။
ကင်ဆာဆိုလျှင် စည်းစိတ်ပြုတ်ပြီလို့ တွေးနေသူများ၊ ကင်ဆာဆိုသည့်အသံကြားတာနှင့် သေလူဟု ခံယူထားသူများ၊
ငွေကြေးအခက်အခဲရှိသူများအနေဖြင့် လက်တစ်ကမ်းမှာ ရရှိနိုင်တဲ့
ဆေးမြီးတိုနည်းများဖြင့် အသက်ကယ်နိုင်ကြစေရန် ပြန်လည်မျှဝေ
ပေးလိုက်ပါတယ်။
စောနွဲ့နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ ကြည်လွင်မြင့်(မုဒြာ)၊ အင်တာနက်

No comments:
Post a Comment