(ဇန်-၂၄၊၁၆ ) မပစ်ခတ်ပါရန် အလံဖြူများကိုင်ဆောင်လာကြသော ကာ့ဒ်အရပ်သားများကို တူရကီတပ်များက လမ်း မပေါ်တွင် ပစ်သတ်လိုက်သည့် ဗွီဒီယိုရုပ်သံကိုနိုင်ငံတကာ လူမှု့ကွန်ယက်တွင် အပြန်အလှန်ပေးပို့ကြသည်ကို ယနေ့ တွေ့ရှိရသည်။
အဆိုပါဗွီဒီယို၌ လက်တွန်းလှည်းတစ်စီးကို တွန်းယူလာကြသည့်အရပ်သားအချို့ကို ကျည်ဆံရာဗလပွဖြစ်နေသော အဆောက်အအုံများကြားတွင်တွေ့ရပြီး ၄င်းတို့အား မပစ်ပါရန်အလံဖြူကိုင်ဆောင်ထားကြသည်။ သံချပ်ကာကားတစ် စီးရပ်တန့်ထားသည့် လမ်းမပေါ်အရောက်တွင် သေနတ်သံများထွက်ပေါ်လာပြီး နာကျင်စွာ အော်ဟစ်ညီးညူသံများ၊ စီးကျလာသည့် သွေးကွက်ပြေးကြား ပြေးလွှားပုန်းအောင်းနေကြသော အရပ်သားများကို ရှု့မြင်ရသည်။
တူရကီနိုင်ငံတောင်ပိုင်း စိုင်ဇာမြို့အဖြစ်အပျက်တစ်ခုကို ရိုက်ကူးခဲ့သော ၄င်းဗွီဒီယိုရုပ်သံတိုလေးအရ အပြစ်မဲ့ကာ့ဒ် အရပ်သားများ ပစ်သတ်ခံနေရကြောင်း သိရှိကြရသည်။ ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြရာတွင် ၄င်းဗွီဒီယိုရုပ်သံ၏ အရင်းအမြစ်ကို သေချာမသိရသေးကြောင်းနှင့် မည်သည့်အတွက် သေနတ်နှင့်နှင့်ပစ်ခတ်ရကြောင်းကိုလည်းမသိရှိ ရ ကြောင်းရေးသားထားသည်။ အခြားရုပ်သံဓါတ်ပုံများတွင် အရပ်သားများကြား သေနတ်ကိုင်ကာ့ဒ်စစ်သွေးကြွများက တူရကီလုံခြုံရေးတပ်များအား ပစ်ခတ်နေသည်ကိုလည်းတွေ့ရှိရသည်။
လွန်ခဲ့သော သြဂုတ်လက ကာ့ဒ်လူမျိုးအများစုနေထိုင်ရာ ဒေသများတွင် တူရကီအစိုးရတပ်များနှင့် ကာဒစ္စတန်အလုပ် သမားပါတီ( PKK ) ၀င်များ ပဋိပက္ခဖြစ်ခဲ့ပြီးနောက် အဆိုပါဒေသများတွင် နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန်ခဲ့သည်။ ကာ့ဒ် ခွဲထွက်ရေးး လှုပ်ရှားမှု့တွင် တူရကီနှင့် ဥရောပနိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်းခံရသော ၄င်းပါတီဝင်စစ်သွေးကြွများနှင့် တူရကီ လုံခြုံရေးတပ်များအပြင် အရပ်သား(၁၅၀)ခန့် သေဆုံးခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းက ယခုတစ်ပတ်သတင်းထုတ်ပြန်ရာ၌ တင်းမာမှု့ဖြစ်ပွားရာဒေသတွင် ဒေသ ခံမီးသတ်သမားများပါဝင်သော ကာ့ဒ်အရပ်သား ၂၀၀’၀၀၀ နေထိုင်လျှက်ရှိကြောင်းဖော်ပြထားသည်။ တူရကီသမ္မတ အာဒိုဂန်က ကိုယ်ပိုင်နယ်မြေရရှိရေး ကာဒစ္စတန်အလုပ်သမားပါတီ ( PKK ) အားချေမှုန်းမည်ဖြစ်ကြောင်း ပြောကြားအပြီး ၂၄ နာရီအတွင်း တူရကီနိုင်ငံအရှေ့တောင်ဖက်ရှိ ကာဒစ်လူမျိုးအများစုနေထိုင်ရာ စီလိုပီနှင့် စိုင်ဇာမြို့တို့တွင် တူရကီလုံခုံရေးတပ်များ တစ်အိမ်တက်ဆင်း စီးနင်းရှာဖွေမှု့များပြုလုပ်ခဲ့သည်။
နှစ်နှစ်ဆယ်ခန့်ကြာ လူပေါင်း ( ၄၀’၀၀၀ ) ခန့်အသက်ဆုံးရှုံပြီးနောက် ကာဒ်စ္စတန်နယ်မြေရရှိရေ့း  PKK ပါတီနှင့် တူရကီအစိုးရတို့ ညှိနှိုင်းအဖြေရှရန်၊ နှစ်နှစ်ကြာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ကြေကွဲဖွယ် နိဂုံးချုပ်ခဲ့သည်။ တူရကီမြို့ကြီးအချို့တွင် ခွဲထွက်ရေးလိုလားသူများနှင့် တူရကီလုံခြုံရေးတပ်များ လမ်းမပေါ် အဓိကရုန်းများဖြင့် ထိပ်တိုက်တွေ့ကြပြီးနောက် ခွဲထွက်ရေး လိုလားသူ တစ်သိန်းခန့် နိုင်ငံတောင်ဖက်သို့ ထွက်ပြေးခဲ့ကြရသည်။
နှစ်နှစ်ဆယ်ခန့်ကြာ လူပေါင်း ( ၄၀’၀၀၀ ) ခန့်အသက်ဆုံးရှုံပြီးနောက် ကာဒ်စ္စတန်နယ်မြေရရှိရေ့း  PKK ပါတီနှင့် တူရကီအစိုးရတို့ ညှိနှိုင်းအဖြေရှရန်၊ နှစ်နှစ်ကြာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ကြေကွဲဖွယ် နိဂုံးချုပ်ခဲ့သည်။ တူရကီမြို့ကြီးအချို့တွင် ခွဲထွက်ရေးလိုလားသူများနှင့် တူရကီလုံခြုံရေးတပ်များ လမ်းမပေါ် အဓိကရုန်းများဖြင့် ထိပ်တိုက်တွေ့ကြပြီးနောက် ခွဲထွက်ရေး လိုလားသူ တစ်သိန်းခန့် နိုင်ငံတောင်ဖက်သို့ ထွက်ပြေးခဲ့ကြရသည်။
နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန်ထားသော ဆီးရီးယား-အီရတ်နယ်စပ်အနီး အဆိုပါနယ်မြေတွင် သံချပ် ကာကား များ၊ ရဲနှင့် လုံခြုံရေးတပ်အင်အား တစ်သောင်းခန့်ချထားခဲ့ပြီးနောက် စစ်သွေးကြွတို့အား လိုက်လံချေမှုန်းခဲ့ကြောင်း တူရကီ အစိုးရပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။
Photo: Reuters
Htay Oung







No comments:
Post a Comment