ရန်ကုန်၊ စက်တင်ဘာ ၁၀ – မြန်မာပြည်ရဲ့
အနောက် ဘက်တံခါးလို့ တင်စားခေါ်ခံရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ
အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေဟာ
နေထိုင်ရာနေရပ်ကိုစွန့်ပြီး လုံခြုံတဲ့နေရာတွေမှာ သွားရောက်ခိုလှုံသူတွေ
အများအပြားပါ။
တချို့ကတော့
နေရပ်နဲ့ဝေးတဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေရတာ၊
ကယ်ဆယ်ရေးစခန်းနေရာတွေမှာ ယာယီနေထိုင်နေရတာတွေ အများအပြားရှိနေပါတယ်။
သတင်းဝက်ဘ်ဆိုက်တွေ၊ လူမှုကွန်ရက်တွေပေါ်မှာ သတင်းစာစောင်တွေထဲမှာလည်း မီးလောင်နေတဲ့ နေအိမ်တွေ၊ အကြမ်းဖက်ခံရ လို့ အသက်သေဆုံးသွားသူတွေ၊ ဒဏ်ရာရရှိသူတွေ၊ ပိတ်မိနေလို့ ကယ်ထုတ်ရတဲ့ ဒေသခံတွေရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။

သည်ပုံရိပ်တွေဟာ ကြည်ရှုသူတွေရင်ထဲမှာ
ထိတ်လန့်ဝမ်းနည်းမှုတွေ၊ ဒေါသထွက်စရာတွေ၊ ဘယ်နေ့မှာ အကြမ်းဖက်ခံရတော့မလဲ
ဆိုပြီးဆွေမျိုးတွေရှိရာနေရာကို တွေးတောကာ အမျိုးမျိုးစိတ်ခံစားချက်တွေ
ရှိနေကြပါတယ်။
ဘယ်လောက်ပဲ အကြမ်းဖက်မှုတွေ ကြုံကြုံ၊ ဒေသကို
မစွန့်လွှတ်ဘဲ အသက်သေဆုံးတဲ့ အထိ နေကြမယ့်သူတွေလည်း သည်ဒေသမှာ
အများအပြားကျန်ရှိနေပါသေးတယ်။
မောင်တောမြို့ဒေသခံကိုစိုးတင့်က “သေမှ ဒီနေရာကခွာမယ်၊ ဘိုးဘွားတွေ ခေါင်းချခဲ့တဲ့ နေရာ ကျွန်တော်တို့ကို ကာကွယ်ပေးကြပါ၊ ခုဆိုမြို့မှာ လူမရှိတော့ဘူး၊ ကယ်ဆယ်ရေးစခန်းတွေ ရောက်နေပြီ၊ ဒီထက်ပြေးလို့ရှိရင် ရခိုင် တိုင်းရင်းသား တွေနေခဲ့တယ်ဆိုတာ ပုံပြင်လို ဖြစ်သွားလိမ့်မယ်”လို့ ပြောပါတယ်။

လူဦးရေအရ တွက်ချက်မယ်ဆိုရင်လည်း လူဦးရေရဲ့
၈၀ရာခိုင်နှုန်းကျော်က ဘင်္ဂါလီတွေ ဖြစ်နေပါတယ်။ ရခိုင်အပါအဝင်
အခြားတိုင်းရင်းသားတွေရဲ့ နေထိုင်မှုတွေက အနည်းငယ် သာရှိကြလို့
အခြားနေရာတွေမှာပဲ ပြောင်းရွှေ့ဖို့ကိုသာ စဉ်းစားတတ်ကြမှာပါ။
မောင်တောမြို့မှာနေထိုင်တဲ့
တိုင်းရင်းသားတွေရဲ့ လေးပုံသုံးပုံဟာ ဒေသကနေ ခေတ္တစွန့် ခွာသွားကြတယ်လို့
မောင်တောမြို့မှာ ကျန်ရှိနေ တဲ့ နေထိုင်သူတချို့က ပြောပါတယ်။
ပဋိပက္ခဖြစ်ပွားရာနေရာ၊ မီးလောင်နေတဲ့ နေရာနဲ့ ကိုက်၁၀ဝကျော်မှာရှိနေတဲ့ ဘုန်းကြီး ကျောင်းမှာ သီတင်းသုံးနေတဲ့ ဇောတိကာရုံ ကျောင်းတိုက်က ဆရာတော်ဦးဇောတိကာက အကြမ်းဖက်တိုက်ခိုက်ခံရတာ ကြောင့် ကျောင်း မှာနေထိုင်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရခဲ့ပေမဲ့ သည်နေရာ ကနေ စွန့်ခွာသွားဖို့ တစ်ခါ မှ စိတ်ကူးမရှိခဲ့ဖူးဘူးလို့ မိန့်ပါတယ်။

ဆရာတော် ဦးဇောတိကာက “ဘုန်းဘုန်းရဲ့
ခြေလှမ်းကို မြိုမှာကျန်နေတဲ့ သူတွေက ကြည့် နေတာ၊
ဘုန်းဘုန်းသာသွားလိုက်မယ်ဆိုရင် တစ်ယောက်မှကျန်မှာ မဟုတ်ဘူး၊ အကုန်ကုန်မှာ
အဲဒီလိုဆိုရင် အုပ်ချုပ်ရေးတွေ အကုန် ရပ်သွားပြီး ခက်ခဲသွားလိမ့်မယ်”လို့
မိန့် တယ်။
ရန်ကုန်မြို့နဲ့ စစ်တွေမြို့မှာ
ကျောင်းထိုင်ဖို့ ကျောင်းတိုက်တွေရှိပေမဲ့ သည်နေရာမှာပဲ
အသက်သေဆုံးတဲ့အထိနေဖို့ ဆုံး ဖြတ်ထားတာပါ။ အရင်က သူနေထိုင်ရာ
ကျောင်းတိုက်ဝင်းအတွင်းမှာ မိဘမဲ့ ကလေးတွေနဲ့ အခြားခိုလှုံသူ အယောက် ၈၀
ကျော်ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ငါးဦးသာ ကျန်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့မှာ သတင်းသွားရောက်ယူတဲ့ ပြည်တွင်း ပြည်ပသတင်းသမားတွေကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့အတူ တွေ့ရစဉ်။
အတူနေထိုင်
ဦးဇောတိကာ သီတင်းသုံး နေထိုင်ရာ
ကျောင်းအ နီးမှာ ဘင်္ဂါလီအိမ်တွေ အများအပြား ရှိပေမဲ့ သူတို့တွေနဲ့တော့
ပြဿနာမရှိဘဲ နေထိုင်နေကြတယ်၊ အေးအေးဆေးဆေး နေချင်တဲ့ ဘင်္ဂါလီတွေလည်း
အများအပြား ရှိ နေ တယ်လို့ ယုံကြည်ထားပါတယ်။ ပဋိပက္ခမဖြစ်ခင် ရက်ပိုင်းအလိုက
သည်လို ပြဿနာဖြစ်နိုင် တယ်ဆိုပြီး သတင်းလာပေးတဲ့ ဘင်္ဂါလီတွေလည်း
ရှိခဲ့ပြီး၊ သတင်းလာပေးတဲ့ မှတ်တမ်းမှတ်ရာတွေလည်း သိမ်းထားတာ
ရှိထားပြီဖြစ် ကြောင်း မိန့်ပါတယ်။
ဘာကြောင့် သတင်းလာပေးတာလဲဆိုရင် အရင်က
ဘင်္ဂါလီတွေကို ဦးဇောတိကာက စားသောက်စရာတွေ ဝေငှခဲ့ဖူးတာ၊ စာသင်ပေး ဖူးတာ၊
မကျန်းမာဖြစ်ရင် ဆေးကုသပေးဖူးတာ၊ သူတို့ရဲ့ ဘာသာရေးအဆုံးအမအတိုင်း
အေးချမ်းစွာ ကျင့်ကြံကြဖို့ ကူညီပေးခဲ့ဖူးတာကြောင့် သူတို့ရွာထဲမှာ လာပြီး
စည်းရုံးနေတဲ့ အကြမ်း ဖက်သမားတွေရဲ့ စည်းရုံးမှုတွေကို လာပြောပြ
ထားကြတယ်လို့ သိရပါတယ်။
ဦးဇောတိကာက “ဒီကိစ္စတွေကို ဖော်ထုတ် မပြောခဲ့ဘူးဆိုတာက ပြောလိုက်ရင် သူတို့အ သတ်ခံရမှာပေါ့၊ ဒါကြောင့် အကုန်လုံးလျှို့ဝှက်ထားတာ”လို့ မိန့်ပါတယ်။
ဦးဇောတိကာက “ဒီကိစ္စတွေကို ဖော်ထုတ် မပြောခဲ့ဘူးဆိုတာက ပြောလိုက်ရင် သူတို့အ သတ်ခံရမှာပေါ့၊ ဒါကြောင့် အကုန်လုံးလျှို့ဝှက်ထားတာ”လို့ မိန့်ပါတယ်။
လူမှုကွန်ရက်တွေမှာ တက်လာတဲ့ သတင်းတွေမှာ
အကြမ်းဖက်သမားတွေက နေအိမ်ကို မီးရှို့တာ၊
ဘင်္ဂါလီတွေကိုယ်တိုင်အိမ်မီးရှို့ပြီး တစ်ဖက်နိုင်ငံထဲကို ဝင်ပြေးတာတွေ
ရှိနေကြပေမဲ့ အေးချမ်းစွာ နေလိုတဲ့ ဘင်္ဂါလီတွေနဲ့ ဘင်္ဂါ လီကျေးရွာ
အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ နေထိုင်ရာ နေရာကို မစွန့်ခွာဘဲ
နေလိုကြတယ်လို့ သည်ဒေသကို အရောက်သွားကြတဲ့ အဖွဲ့အချို့က ပြောတယ်။
မီးလောင်ရာဒေသ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာကျေးရွာမှာ တွေ့ရတဲ့ သေတ္တာထဲမှာ ရေးသားထားတဲ့ စာတချို့ကို သွားရောက်လေ့လာသူတွေ တွေ့ရှိခဲ့ကြပါတယ်။
မီးလောင်ရာဒေသ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာကျေးရွာမှာ တွေ့ရတဲ့ သေတ္တာထဲမှာ ရေးသားထားတဲ့ စာတချို့ကို သွားရောက်လေ့လာသူတွေ တွေ့ရှိခဲ့ကြပါတယ်။
ရေးသားထားတဲ့စာတွေထဲမှာ အစွန်းရောက်တွေ
ကျဆုံးပါစေ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ်လိုသူတွေကိုလည်း
ဥပဒေအတိုင်း ငြိမ်းချမ်းစွာဖြင့် တားဆီးနိုင်ပါစေ၊
အပြစ်မဲ့တိုင်းရင်းသားတွေနည်းတူ ငြိမ်းချမ်းစွာနေလိုတဲ့ ဘင်္ဂါလီ တွေနဲ့လည်း
ယုံကြည်မှုတည်ပြီး ရှင်သန် နိုင်ပါစေဆိုတဲ့ စာတွေကို တွေ့ရှိထားပါတယ်။
သည်အကြမ်းဖက်မှုမဖြစ်ခင်ကလည်း အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ ဘင်္ဂါလီ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြမ်းဖက်အဖွဲ့တွေက သတ်ဖြတ်တာ၊ မိသားစုဝင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ အများအပြား ကြုံ တွေ့ခဲ့ရပါတယ်။

သည်မှာပဲနေမယ်
အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းတဲ့ဘင်္ဂ
ါလီကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်တဲ့ ဦးမောင်နီရာမတ်ကတော့
ဘယ်လိုအကြမ်း ဖက်မှုမျိုးနဲ့ကြုံကြုံ နေ ထိုင်ရာနေရာကို မစွန့်လွှတ်ဘူးလို့
ပြော တယ်။
သူက ‘အကုန်လုံး ပြေးကြတယ်၊ ဘင်္ဂလား ဒေ့ရှ်ထဲ သွားရောက်တာလဲ အများ ကြီးရှိတယ်၊ ဒီမှာလဲ အများကြီးကျန်နေသေးတယ်၊ ဒီမှာပဲနေချင်တယ်၊ ကျန်တာ တော့ မပြောတတ်ကြ ဘူး၊ ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးဆိုတော့ ဒီမှာပဲနေမှာပါ”လို့ ဆိုတယ်။

အခုဆိုရင် မောင်တောမြို့နဲ့ဝေးတဲ့ ဘဂ င်္ါ
လီကျေးရွာတွေမှာ မီးရှို့ခံထားရတဲ့မည်းတူး နေတဲ့ အိမ်တိုင်ငုတ်တိုတွေ၊
သစ်သားအပိုင်းအစတွေ၊ တွန့်လိမ်ကောက်ကွေးနေတဲ့ အိမ်မိုးသွပ်ပြားတွေနဲ့ အတူ
ပျက်စီးနေ တဲ့အိမ်အသုံး အဆောင်ပစ္စည်းတွေကိုပါ မြင်တွေ့ရမှာပါ။
ဩဂုတ်လ ၂၅ ရက်နေ့မတိုင်ခင်ကတော့
မောင်တောမြို့နယ်မှာ ဘာသာလူ မျိုးပေါင်းစုံ အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။
ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေက ရဲကင်း ၃၀ နဲ့ တပ်ရင်းတွေကို
ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် တပ်မတော်၊ ရဲတပ်သားတွေ၊ ဝန်ထမ်းအပါအဝင်
အပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။
မောင်တောမြို့ပေါ်မှာနေထိုင်တဲ့ဒေသခံ
ဒေါ်သန္တာတို့မိသားစုဆိုရင် နေထိုင်ရာနေရာနဲ့ အနီးနားက ရွာတွေမှာ
ပစ်ခတ်သံတွေ ကြားနေရပေမဲ့ နေအိမ်ကနေ ဘယ်မှမသွားဘူးလို့ ဆုံးဖြတ်ထားပါတယ်။
ရန်ကုန်နဲ့စစ်တွေမှာ နေထိုင်တဲ့ ဆွေမျိုးတွေက အရေးကြီးတဲ့ပစ္စည်းတွေယူပြီး လာရောက်ဖို့ မကြာခဏခေါ်ပေမဲ့ ကလေး ငယ်တွေနဲ့ အသက်ကြီးသူတွေသာ ပို့ ဆောင်ထားပြီး သူ့အမျိုးသားအပါအဝင် အရွယ်ရောက်ပြီး သားတွေကတော့ ပိုင်ဆိုင်တဲ့နေရာကို အဆုံး ရှုံးမခံနိုင်လို့ သည်နေရာမှာပဲ လက်နက်တွေဆောင်ထားပြီး နေနေကြတယ်လို့ ဆိုပါ တယ်။

“စစ်တပ်လဲရောက်နေပြီဆိုတော့ နည်း
နည်းသက်သာသွားတာပေါ့၊ စဖြစ်တုန်းကဆိုရင် မီးရှို့ထားတဲ့ညှော်နံ့တွေက
မခံနိုင်ဘူး၊ ခုဆိုရင် ဒီအနံ့က ရိုးသွားပြီ”လို့ ဒေါ်သန္တာက ပြောတယ်။
မောင်တောဒေသခံတွေ နေရပ်ကို ဘာ ကြောင့် မစွန့်လွှတ်သလဲဆိုတာက သူတို့နေ ထိုင်တဲ့နေရာဟာ လှပတဲ့မြေ၊ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့မြေ၊ နောက်ပိုင်း မျိုးဆက်တွေကိုလည်း မောင်တောဒေသမှာ တိုင်းရင်းသားတွေ နေရာမပျောက်အောင် ဘယ်လိုရပ်တည်ခဲ့ရ တယ်ဆိုတာကို ရှင်းပြစေချင်လို့လို့ ပြောကြပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ အ
ကြမ်းဖက်ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာသူ နှစ်သောင်းကျော်ရှိခဲ့ပြီး
နယ်စပ်မှတ်တိုင်တွေနဲ့ ကယ်ဆယ်ရေးနေရာတွေမှာ ယာယီတဲတွေနဲ့
နေထိုင်သူသုံးသောင်းကျော်ရှိနေတယ်လို့ သိ ရပါတယ်။
ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူ ၅၀ဝ ခန့်ကို
သည်လ ၉ ရက်နေ့မှာ နေရပ်ပြန်လိုတဲ့ ဒေသခံတွေကို တပ်မတော်
အစောင့်အရှောက်တွေနဲ့ အနီးကပ် လုံခြုံရေးယူပေးခဲ့ကြတယ်လို့ တပ်မတော်က
သတင်းထုတ်ပြန်ထားပါတယ်။
ဆရာတော်ဦးဇောတိကာကတော့ သူနေ ရပ်မပြန်ဘဲ သည်မှာ နေထိုင်သီတင်းသုံးနေ ထိုင်နေတာနဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။
“ကိုယ့်နယ်မြေကို ချစ်လို့ပေါ့၊ တိုင်းပြည်
ကို ချစ်လို့ပေါ့၊ ပြည်မက တိုင်းပြည်ကို ချစ်တဲ့လူတွေလဲ
အခုလိုစိတ်ရှိစေချင်တယ်၊ သူတို့ရမယ့် အာဏာတွေထက် တိုင်းပြည်ကို
ပိုချစ်စေချင်တယ်လေ”။
Author / အေးအေးအောင်/ Kumudra
No comments:
Post a Comment