Tuesday, May 20, 2014

မြန်အောင်မြို့နယ်တွင် ထင်းဖြင့်ရေနံချက်လုပ်မှုကြောင့် သစ်တောများပြုန်းတီးကာ အိမ်မိုးရန်ပင်အင်ဖက်မရှိဖြစ်တော့မည်ဟုဆို



ရန်ကုန်၊ မေ ၁၆-

 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် မြန်အောင်မြို့နယ်တွင် ထူးမြတ်တော်ဝင်ကုမ္ပဏီ မှ ထင်းဖြင့်ရေနံချက်လုပ်နေသောကြောင့် ပတ်ဝန်းကျင် သစ်တောများပြုန်းတီးလာနေကာ မိမိတို့အိမ်များမိုးရန် အင်ဖက်များပါ ရနိုင်တော့မည်မဟုတ်ကြောင်း ယင်းအ နီးပတ်ဝန်းကျင်ကျေးရွာသားများက ပြောသည်။

မေ၁၄ရက်တွင် ယင်းမြို့နယ် အုတ်ဖိုကျေး ရွာ၌ အနီးပတ်ဝန်းကျင်မှ ကျေးရွာသား၃ဝဝကျော်သည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများရှိလာနိုင်သည့်အ တွက် မိမိတို့အနီးပတ်ဝန်းကျင်မှသစ်တောများကို လောင် စာအဖြစ်အသုံးပြုကာ ရေနံချက်လုပ်နေသည်ကို သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ကန့်ကွက်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အမြန်လမ်းကို ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁၉ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကို ကွင်းဆင်းကြည့်ရှုနေစဉ် (ဓာတ်ပုံ - MOI)

20 May 2014 

 ယာဉ်မတော်တဆမှု များကြောင့် ခြောက်နှစ်အတွင်း လူပေါင်း ၃၈၀ ဦး သေဆုံးပြီး နောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း၏ ကြံ့ခိုင်မှုအခြေ အနေကို ပြန်လည်ပြုပြင်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကိုယ် တိုင် မေလ ၁၉ရက်က ပထမဆုံး အကြိမ်ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ လမ်းပိုင်းတစ် လျှောက်ရှိ တံတားများကို မူလ စီမံကိန်း ရည်မှန်းချက်ပါအတိုင်း ရှစ်လမ်းသွားတံတားအဖြစ်ထပ်မံ တိုးချဲ့တည်ဆောက်သွားမည်ဖြစ် ပြီး လမ်းမကြီးတစ်လျှောက်ကို လည်း လေးလမ်းသွားမှ ခြောက် လမ်းသွားအဖြစ် တိုးချဲ့သွားမည် ဟုသိရသည်။

တဖက်သက် စွပ်စွဲပြောဆိုမှုတွေအတွက် ကန့်ကွက်ခြင်း

အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

ဒီကနေ့ ရန်ကုန်မှာ အန်တီစုပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ကျွန်မတို့ တပ်မတော်သား တွေကို အဓိပ္ပါယ်မဲ့ တိုက်ခိုက်မှုတွေ အများကြီးပါနေပါတယ်…

ဒေသခံ ပြည်သူလူထုအား တပ်မတော်သားများမှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း




၁၅-၅-၂ဝ၁၄ ရက်နေ့ ညောင်သာယာကျေးရွာတွင် တပ်မတော်သားများမှ ဆေးကုသပေး

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ညောင်သာယာ ကျေးရွာတွင်

၁၅-၅-၂ဝ၁၄ ရက်နေ့၌ တပ်မတော် နည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းမင်းထွန်း ဦးစီး ဆေးမှူး၊ သူနာပြုများ ပါဝင်သည့် ဆေးကုသရေး အဖွဲ့မှ ဒေသခံ ရွာသူ၊ ရွာသား ၆ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊ ဆေးကုသပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သတ်၍ ဆွေးနွေးခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ရွာသူ၊ ရွာသားများ လက်ရှိဖြစ်ပွားနေသော သွေးတိုး ရောဂါ၊ သွားကိုက် ရောဂါ၊ ခါးနာ ရောဂါ၊ အထွေထွေ အားနည်း ရောဂါ၊ သာမန် ဖျားနာ ရောဂါများအား ဆေးကုသ ပေးခဲ့ပြီး လိုအပ်သော ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်မှ ၁၈ ကြိမ်မြောက် အာဏာသိမ်း


20 May 2014
ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်ရုပ်မြင်သံကြားတွေကနေ စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး
ကြေညာလိုက်ပါတယ်။ ဒါဟာ စစ်တပ်အာဏာ သိမ်းတာ မဟုတ်ဘဲ ထိုင်းပြည်သူအားလုံးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းစေဖို့ စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

" ကျွန်မ ဖေဖေ တည်ထောင် ခဲ့တဲ့ တပ်မတော် " ဆိုတဲ့စကားတစ်လုံးနဲ့ တပ်ကို စည်းရုံးလို့ရပါ့မလား



ဖေဖေ တည် ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံး အထပ်ထပ် သုံးပြီး ဖေဖေ့ အမွေ ကို မိမိပဲ ရသင့် သလို ပြောနေတာ၊ မရလို့ မစားရတဲ့ အမဲ သဲနဲ့ ပက် ဆိုသလို မျိုး ဟိုလို လုပ်သင့်တာ ဒီလို လုပ်သင့်တာ ဆိုတဲ့ တဘက်သား စိတ်နှလုံး ထိခိုက်ဖွယ် အပြောတွေ နဲ့ ပြော နေလို့ ကတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေတာပါ ဆိုတဲ့ စကား က အပြောနဲ့ အလုပ် မညီ ပါဘူး။ နိုင်ငံ တကာနဲ့ နှိုင်းယှဉ်ရင် သမားရိုးကျ တပ်မတော် အဆင့်မှာပဲ ကျန်နေခဲ့သေးတဲ့ လက်ရှိ မြန်မာ့ တပ်မတော် ကို နိုင်ငံတကာ အဆင့်မီ ခေတ်မှီ တပ်မတော် တရပ် ဖြစ်အောင် ၀ိုင်ဝန်း ကြိုးစား မပေးပဲ နိုင်ငံတကာ မှာ အထီးကျန် ဖြစ် စေဘို့ အင်တိုက် အားတိုက် ကြိုးစား နေတာ၊ ပြောဆို နေ တာတွေ ကလည်း တပ်မတော်ကို မိမိ ဘက် ပါအောင် စည်းရုံး တာပါ ဆိုတဲ့ အပြော နဲ့ အလုပ် က ဆန့်ကျင် ဘက်ပါ။

ဒေါ်စု နိုင်ငံရေး အချောင်နှိုက်ခြင်း


တကယ်ပဲ တိုင်းပြည်အနာဂတ်အတွက် အမြှော်အမြင်ရှိတယ်ဆိုလို့ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီနှစ်အတွင်းမှာ လွှတ်တော်အတွင်းကနေပြီးတော့ ပြုပြင်နိုင်အောင်လို့ တပ်မတော်သားများ အားလုံး ဝိုင်းဝန်း လုပ်ကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်……
     
       ဒေါ်စု(18-04-2014 အောင်ပင်လယ်)

လမ်းပေါ်ထွက်ကြပါစို့..(သရော်စာ)



အခြေခံဥပဒေ မပြင်လျှင် လူတွေကို လမ်းမပေါ်မှာ ပြည့်သွားအောင် လုပ်လိုက်မည်ဟု ကိုမင်းကိုနိုင်က ဗိုလ်စိန်မှန်ကွင်းတွင် ပြောလိုက်သည်။ 

သဘောကတော့ ၈၈ ခုနှစ်တုန်းကလို လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြခိုင်းမည်လို့ ပြောလိုက်ခြင်းဖြစ်သည်။


ထိုစကားကို ကြားတော့ စိုပြေတော်တော်ပျော်သွားသည်။ ဘဘကြီးတွေက ခြေဥကို ပြင်မည်မထင်။ လူတွေသာ လမ်းပေါ်ထွက်ကြလိမ့်မည်။ ဒါဆို အရေးအခင်းဖြစ်ပြီ။ 
၈၈ တုန်းက မွေးကင်းစဖြစ်သဖြင့် အရေးအခင်းကာလ လှုပ်ရှားမှုများကို ဘာမှန်း မသိခဲ့။ 

"အရင်တုန်းက အများကြီး ပြောပြီးတော့ အခု(၄၃၆) တစ်ခုတည်း ပြောလာတာကတော့ စိတ်ဝင်စား စရာ ကောင်းလာ တာပေါ့"



~ ဦးသိန်းညွန့်


အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်ထားပြီးပြီ။ ဆုံးဖြတ်တဲ့အခါမှာ အရင်ဆုံး (၁၀၉)ဦး ကော်မတီဖွဲ့တယ်။ အခုတစ်ခါ ဒီဟာကို ဆက်လက် သယ်ဆောင်ဖို့ (၃၉)ဦး ကော်မတီဖွဲ့တယ်။ လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ဖို့ကို လုပ်နေပြီပဲလေ။ လုပ်တဲ့အခါမှာ ပါတီအသီးသီးက မိမိတို့ပါတီက ပြင်ဆင်ချင်တဲ့ အချက်ကို (၁၀၉)ဦး ကော်မတီကို တင်ပြခဲ့ပြီးပြီလေ။

ခင်းဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့မှာလား ~


ခင်းဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့ မှာလား....ခင်ဗျားတို့ကြောင့် ၈၈ မှာတိုင်းပြည်လည်း အလူးအလဲခံလိုက်ရပြီ....ခင်ဗျားတို့ဘာသာ ပန်းချီဆွဲလိုက် စာရေးလိုက် ပြည်ပအလှူရှင်တွေဆီက ဖန်ထောင်စားလို့ဘာမှမပြောဘူး.....