၁၅-၅-၂ဝ၁၄ ရက်နေ့ ညောင်သာယာကျေးရွာတွင် တပ်မတော်သားများမှ ဆေးကုသပေး
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ညောင်သာယာ ကျေးရွာတွင်
၁၅-၅-၂ဝ၁၄ ရက်နေ့၌ တပ်မတော် နည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းမင်းထွန်း ဦးစီး ဆေးမှူး၊ သူနာပြုများ ပါဝင်သည့် ဆေးကုသရေး အဖွဲ့မှ ဒေသခံ ရွာသူ၊ ရွာသား ၆ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊ ဆေးကုသပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သတ်၍ ဆွေးနွေးခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ရွာသူ၊ ရွာသားများ လက်ရှိဖြစ်ပွားနေသော သွေးတိုး ရောဂါ၊ သွားကိုက် ရောဂါ၊ ခါးနာ ရောဂါ၊ အထွေထွေ အားနည်း ရောဂါ၊ သာမန် ဖျားနာ ရောဂါများအား ဆေးကုသ ပေးခဲ့ပြီး လိုအပ်သော ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ပါသည်။
ထိုကဲ့သို့ တပ်မတော်သားများမှ ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအား ရွာများသို့ လာရောက် ဆေးကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နောင်တွင် လစဉ် လာရောက် ဆေးကုသ ဆောင်ရွက်ပေးရန် ဆန္ဒ ရှိနေကြကြောင်း သိရှိရ ပါသည်။

၁၅-၅-၂ဝ၁၄ ရက်နေ့ ညောင်သာယာ ကျေးရွာ၊ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီး ကျောင်းတွင် တစ်ဇွန်း ဆန်၊ တစ်ဆုပ် ဆန်နှင့် အခြား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်း ခဲ့ပါသည်။
ထို့နောက် ညောင်သာယာ ကျေးရွာရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်များအား ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းမင်းထွန်း ဦးစီး အရာရှိ၊ စစ်သည်နှင့် မိသားစုများမှ တစ်ဇွန်းဆန်၊ တစ်ဆုပ်ဆန်နှင့် အခြား လှူဖွယ်ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။
Written by ရွှေတည် (မြ၀တီ)

No comments:
Post a Comment