Thursday, May 29, 2014

အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုအတွက် ရေပန်းအစားဆုံးနေရာများ


26.5.2014
၁။ သွားတု - ထိုင်းနိုင်ငံ
၂။ နှာခေါင်း - ချက်သမ္မတနိုင်ငံ
၃။ ဖန်ပြွန်သန္ဓေသား - ချက်သမ္မတနိုင်ငံ
၎။ သွားအပေါ်ယံကြွေလွှာကပ် - ထိုင်းနိုင်ငံ
၅။ သွားအစားထိုး - ဟန်ဂေရီနိုင်ငံ
၆။ တင်ပါးပင့်တင် - တူရကီနိုင်ငံ
၇။ ၀မ်းပျင်းသား ခွဲစိတ်ဖြတ်တောက် - ဘယ်လ်ဂျီယံနိုင်ငံ
၈။ ဆံပင်အစားထိုး - တူရကီနိုင်ငံ
၉။ ရင်သားအစားထိုး - ပိုလန်နိုင်ငံ

လေထုအရည်အသွေး တိုးတက်ကောင်းမွန်စေရန် အတွက် ကားစီးရေခြောက်သန်း ဖျက်ဆီးရန် တရုတ်စီစဉ်နေ


28.5.2014
တရုတ်အစိုးရက လေထုအရည် အသွေး တိုးတက်ကောင်းမွန်လာ စေရန်ဆောင်ရွက်ပေးသည့်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် မီးခိုးအလွန် ထွက်သော ကားစီးရေခြောက်သန်း ကို ဖယ်ရှားဖျက်ဆီးပစ်ရန် စီစဉ်လျက် ရှိသည်။
မြို့တော်ပေကျင်း၌ပင် ဖယ်ရှား ရှင်းလင်းမည့် မော်တော်ကားစီးရေ ၃ဝဝဝဝဝ ရှိသည်ဟု ဆိုသည်။ အစိုးရဌာန ပတ်ဝန်းကျင်အေဂျင်စီ မှ မကြာသေးမီကလေ့လာတွေ့ရှိ ချက်များအရ ပေကျင်းမြို့လေထုမှာ မော်တော်ကားများမှ ထုတ်လွှတ် သော မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှု ၃၁ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

မြန်မာ့ ရေတပ်အင်အား တိုးချဲ့မှု


တပ်မတော်(ရေ)တပ်ဖွဲ့ဝင်များ ရေယာဉ်ပေါ်တွင် အလေးပြုနေစဉ် (ဓာတ်ပုံ − myanmar navy facebook)

29 May 2014

လွန်ခဲ့သည့် သုံးလခန့်က တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ် သန်းကျော်တန်သည့် ဒုံးကျည် လေးစင်းကို မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့သည်။ မိုးကုပ်စက်ဝိုင်း အလွန်ပစ်မှတ်ကို မှန်အောင်ပစ် နိုင်သဖြင့် ကျည်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ခြင်းဖြစ်သည်။
ထိုပစ်ခတ်ခြင်းသည် မြန်မာ့ ရေတပ်မတော်၏ စစ်ရေးလေ့ ကျင့်မှုဖြစ်သည်။ ထိုစစ်ရေးလေ့ ကျင့်မှုသည် နှစ်ပေါင်းနှစ်ဆယ်အ တွင်း မြန်မာ့ရေတပ်မတော်၏ အ ကြီးမားဆုံးစစ်ရေးလေ့ကျင်မှုဖြစ် ကြောင်း တပ်မတော်အသိုင်းအ ၀ိုင်းကဆိုသည်။

ဗီယက်နမ်တွင် အဓိကရုဏ်းအပြီး ဒေသခံ ၆ သောင်း အလုပ်လက်မဲ့ဖြစ်

ဗီယက်နမ်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့စဉ်က
29-5-2014

ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းဖြစ်အပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ စက်ရုံအများအပြား ဖျက်ဆီးခံရလို့ နိုင်ငံတောင်ပိုင်းက ဘင်ဒူအွန်ခရိုင်မှာ ဒေသခံ အလုပ်သမား အယောက် ၆ သောင်း လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဗီယက်နမ်ရဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ ဒေသဖြစ်တဲ့ ဒီခရိုင်ဟာ အဓိကရုဏ်းဒဏ်ကို အဆိုးဆုံး ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုင်တဲ့ စက်ရုံ ၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
အလုပ်လက်မဲ့ လုပ်သားအယောက် ၄ သောင်းလောက်ကတော့ အမတော်ကြေး ရမှာ ဖြစ်ပြီး အယောက် ၂ သောင်းကတော့ လျော်ကြေးငွေ ရမယ်လို့ အလုပ်သမားအေဂျင်စီက ပြောပါတယ်။

မီဒီယာ ပြုပြင်ပြောင်းလဲရေးတွင် စိန်ခေါ်မှု မည်မျှရှိစေ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြန်ကြားရေး ဒုတိယ၀န်ကြီး ဆိ



29-5-2014
အစိုးရသစ် လက်ထက်တွင် မီဒီယာ လောကနှင့် ပတ်သတ်၍ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာတွင် စိန်ခေါ်မှု မည်မျှရှိစေ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။ ယမန်နေ့က ရန်ကုန်မြို့၊ Inya lake ဟိုတယ်တွင် ပြုလုပ်သော အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား မီဒီယာဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြုပြင် ပြောင်းလဲမှု တွေမှာ အောင်မြင်မှု တွေလည်း ရှိတယ်။ ဆက်ပြီး ကျော်လွှားရမယ့် စိန်ခေါ်မှု တွေလည်း ရှိတယ်။ ဥပမာ အောင်မြင်မှု ဆိုရင် လွတ်လပ်စွာ ရေးသားခွင့် ဒါပြဿနာ မဟုတ်တော့ဘူး။ လွတ်လပ်စွာ ထုတ်ဝေခွင့်။ ဒါပြဿနာ မဟုတ်တော့ဘူး။

ပြည်သူအားလုံးကို တန်းတူဆက်ဆံရန် ပါကစ္စတန်အစိုးရကို တိုက်တွန်း


29-5-2014
အင်္ဂလန် ခရစ်ယာန်အသင်းတော် အင်္ဂလီကန်ဘာသာရေးခေါင်းဆောင်က ပြည်သူအားလုံးကို တန်းတူညီမျှ ဆက်ဆံဖို့ ပါကစ္စတန်အစိုးရကို မေ ၂၈ ရက်နေ့က တိုက်တွန်း လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း ခရစ်ယာန် လူ့အဖွဲ့အစည်းကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပါကစ္စတန်ကို လာရောက်တဲ့ ခရီးစဉ်အတွင်း ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
Pakistanနိုင်ငံတွင်းက ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ လက်နက်လူသူနဲ့ ၀န်းရံခံနေရတယ်လို့ ခံစားရသူတွေ အများအပြားရှိနေတယ်လို့လည်း ပြောပါတယ်။

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ


29 May 2014

တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။

Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား


29 May 2014

ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်းကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ကိုယ်တိုင်မောင်းနင်တဲ့
ကားပရောဂျက်ကို နှစ်တော်တော်များများ ဆောင်ရွက်
ထားခဲ့တာပါ။ အခုတော့ ဖြစ်လာခဲ့ပါပြီ။ နောက်ခံလုပ်ဆောင်မူတွေထဲကနေ အနာဂတ်ပုံစံ ကားလေးကို စတင် စမ်းသပ်မောင်းနှင်တော့မှာ ဖြစ်ပါတယ်။

အဝေးပြေး လမ်းမကြီးပေါ်တွင် တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း


29 May 2014

ကမ္ဘာ့နိုင်ငံ အတော်များများမှာ တွေ့ရတာကတော့ လေယာဉ်ကွင်းကို သီးသန့် တည်ဆောက် ထားလေ့ ရှိပါတယ်။ အဲလိုမျိုး တည်ဆောက် ထားခြင်းဟာ အဓိက အားဖြင့်တော့ မြေနေရာ ကုန်ကျပါတယ်။ မြေနေရာ အခက်အခဲမရှိတဲ့ နိုင်ငံတွေ အတွက် ပြဿနာ မရှိပေမယ့် လူဦးရေ အရမ်းထူတပ်ပြီး မြေနေရာ အခက်အခဲ ရှိတဲ့ နိုင်ငံတွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီအောင်မြင်စွာအကောင်အထည်ပေါ်လာစေရန် အကြံပေးဝန်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆ


နေပြည်တော် မေ ၂၆
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CPG Consultants Pte., Ltd. ဦးဆောင်သော အကြံပေးကုမ္ပဏီများ အုပ်စုတို့အကြား အကြံပေးဝန်ဆောင်မှု သဘောတူစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ခြင်းဖြင့် စစ်တွေဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေခြင်းဖြင့် မြောက်ဦးနှင့် သံတွဲဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးစေခြင်းဖြင့် မောင်တောဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ခြင်းဖြင့် ကျောက်ဖြူ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်လေးခု ချမှတ်ဆောင်ရွက်လျက်ရှိသည်။