28.5.2014
တရုတ်အစိုးရက လေထုအရည် အသွေး တိုးတက်ကောင်းမွန်လာ စေရန်ဆောင်ရွက်ပေးသည့်အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် မီးခိုးအလွန် ထွက်သော ကားစီးရေခြောက်သန်း ကို ဖယ်ရှားဖျက်ဆီးပစ်ရန် စီစဉ်လျက် ရှိသည်။
မြို့တော်ပေကျင်း၌ပင် ဖယ်ရှား ရှင်းလင်းမည့် မော်တော်ကားစီးရေ ၃ဝဝဝဝဝ ရှိသည်ဟု ဆိုသည်။ အစိုးရဌာန ပတ်ဝန်းကျင်အေဂျင်စီ မှ မကြာသေးမီကလေ့လာတွေ့ရှိ ချက်များအရ ပေကျင်းမြို့လေထုမှာ မော်တော်ကားများမှ ထုတ်လွှတ် သော မီးခိုးငွေ့များကြောင့် လေထု ညစ်ညမ်းမှု ၃၁ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
လာမည့်နှစ်တွင် တရုတ်အစိုးရ က အခြားသောဒေသများမှ မော် တော်ကားစီးရေ ငါးသန်းကို ဖျက် ဆီးပစ်ရန် စီစဉ်လျက်ရှိသည်။ ယင်း ကဲ့သို့ ဆောင်ရွက်ခြင်းမှာ မော်တော် ကားများမှ မီးခိုးထုတ်လွှတ်မှု ထိန်း ချုပ်ရန် ပိုမိုအားကောင်းလာစေရန် အတွက်လည်းကောင်း၊ စွမ်းအင် ချွေတာမှု ဖြစ်စေရန်သော်လည်း ကောင်း၊ မိုဘိုင်းထုတ်လွှတ်မှု လျော့ကျစေရန်သော်လည်းကောင်း၊ လာမည့်နှစ်နှစ်အတွင်း ကာဗွန် ထုတ်လုပ်မှု လျော့ကျစေရန် သော် လည်းကောင်း ဆောင်ရွက်ခြင်းဖြစ် သည်ဟုဆိုသည်။
ယင်းထုတ်ပြန်ချက်ကို အစိုးရ၏ ဝက်ဘ်ပိုတယ် ထုတ်ပြန်ချက်အရ ဆိုခြင်းဖြစ်သည်။ တရုတ်ခေါင်း ဆောင်များသည် ကုန်ထုတ်လုပ်ငန်း များကြောင့် ဆယ်စုနှစ်များစွာ ထိခိုက်ပျက်စီး ယိုယွင်းနေသော သဘာဝပတ်ဝန်းကျင်ကို ပြန်လည် ကောင်းမွန်အောင် ကြိုးစားရာမှ ညစ်ညမ်းမှုတိုက်ဖျက်ရေး အစီ အစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည် ဟု တရုတ်နိုင်ငံ၌ သဘာဝအရင်း အမြစ်များကို ဆယ်စုနှစ်များစွာ အလွန်အကျွံ ထုတ်လုပ်ခဲ့ခြင်း ကြောင့် လေထု၊ ရေထုနှင့် မြေထု တို့မှာ ထိခိုက်ယိုယွင်းလျက်ရှိသည်။ ဤသို့ ညစ်ညမ်းမှုတိုက်ဖျက်ရေး အစီအမံများ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နိုင်ငံတော်ကောင်စီ က အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။

သို့ သော်လည်း ပေကျင်းမြူနီစီပယ် အစိုးရက သက်တမ်းလွန်ကားများ ဖျက်ဆီးခံရပါက ပိုင်ရှင်များအား ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ကြေညာခဲ့သည်။
လေထုညစ်ညမ်းစေသည့်ကားများကို ဖယ်ရှားပစ်ရမည့်အပြင် လေထု ညစ်ညမ်းစေသည့် လောင်စာဆီ ထုတ်လုပ်မှု လျှော့ချရန်လည်း ပညာရှင်တို့က အကြံပေးထားသည်။ တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများ ၌ လေထုအရည်အသွေးကိုစစ်ဆေး ပြီး ထုတ်ပြန်ခဲ့ရာ ၂ဝ၁၃ ခုနှစ်က လာမည့်ငါးနှစ်အတွင်း ရေထု အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံ ကျခံသုံးစွဲသွားမည်ဟု ဆိုသည်။
(ဘီဘီစီ
No comments:
Post a Comment