Monday, June 16, 2014

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးက ရှင်းလင်းပြောဆိုရန် မရှိဟုဆို

ဦးအံ့မောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဦးအံ့မောင်နှင့် ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးအကြံ ပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ရှင်းလင်း ခဲ့သော ဦးအံ့မောင်သည် သမ္မတ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ က ငြင်းဆိုထားခြင်းအပေါ် အထူး ရှင်းလင်းရန်မရှိကြောင်း သာသ နာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ် သက်လို့ ကျွန်တော်တို့ဘက်က တော့ အထူးတလည်ပြန်ရှင်းလင်း ဖို့မရှိပါဘူး။ သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာ ထူးက သာသနာရေးဝန်ကြီးဌာန က ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

အီရတ်စစ်သွေးကြွတွေ မြို့ကြီးတွေကို သိမ်းယူမှုကြောင့် အမေရိကန်ရေတပ် စစ်ရေးပြင်ဆင်



အီရတ်မှာ စစ်သွေးကြွတွေက မြို့ကြီးတွေကို တမြို့ပြီး တမြို့သိမ်းယူနေတဲ့အချိန်မှာ အမေရိကန် စစ်တပ်ဘက်က စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အမေရိကန် ရေတပ်သင်္ဘောကို ပင်လယ်ကွေ့ဒေသကို စေလွှတ်လိုက်ပါတယ်။
အခု ပင်လယ်ကွေ့ဆီကို ပို့လိုက်တဲ့ လေယာဉ်တင်သင်္ဘောဟာ ကမ္ဘာမှာ အကြီးမားဆုံး စစ်သင်္ဘောဖြစ်ပြီး နယူးကလီးယား ဓာတ်ပေါင်းဖို ၂ ခုနဲ့ လူဦးရေ ၆၀၀၀ အထိ တင်နိုင်တယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

အာဖရန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ မဲပေးခဲ့တဲ့ လူ ၁၁ ဦးကို တာလီဘန်တွေ လက်ချောင်းဖြတ်



အာဖရန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခဲ့ပြီး အိမ်ပြန်သွားတဲ့ လူ ၁၁ ယောက်ကို တာလီဘန်တွေက ဖမ်းဆီးပြီး လက်ချောင်းတွေကို ဖြတ်ပစ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဟရတ်မြို့က ဆေရုံးတရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အမျိုးသားတွေကို သွေးထွက်နေတဲ့ လက်တွေကို ပတ်တီးပတ်ထားလျက် တွေ့ရပါတယ်။ လက်ချောင်း အဖြတ်ခံရတဲ့ အမျိုးသား တယောက်က အိမ်အပြန်မှာ တာလီဘန်က ဖမ်းခေါ်သွားပြီး လက်ချောင်း ဖြတ်ခံရတယ်လို့ ပြောပြပါတယ်။

ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လုံးကို မျှမျှတတ ဆက်ဆံကြောင်း လက်တွေ့ပြရန် ကုလကို တောင်းဆို


ရန်ကုန်၊ ဇွန် ၁၃
ဘက်လိုက်သည်ဟု ဆိုကာ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၌ လူသားချင်းစာနာသည့် အကူအညီများ ပေးရာတွင် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်စလုံးကို မျှမျှတတ ကူညီသည်ဟု လက်တွေ့ သက်သေပြမှသာ ရခိုင်လူထုက ယုံကြည်မည် ဖြစ်ကြောင်း စစ်တွေ့မြို့၊ မြို့မိမြို့ဖများက ကုလသမဂ္ဂ အကြီးအကဲနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

အီရတ်ကို ကန်တပ်တွေ စေလွှတ်မည် မဟုတ်


ဇွန်၊၁၄ရက်။
အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်သူပုန်တွေက မြို့တချို့ကိုသိမ်းယူပြီးဘဂ္ဂဒတ်မြို့တော်
လုံခြုံရေး ကိုပါ ခြိမ်းခြောက်လာနေပေမယ့်အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အီရတ်ကို တပ်ဖွဲ့စေလွှတ်မှုတွေလုပ်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည်သွား

ဘေဂျင်း မှာ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
16 June 2014

RNDP နဲ့ ALD တို့ ပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါတယ်။

အရင် ရခိုင် နိုင်ငံရေး ပါတီတွေကို တရုတ်ပြည် အစိုးရ ကသာ ဖိတ်ကြားလေ့ ရှိပေမယ့် ဒီတကြိမ် မှာတော့ တရုတ်ပြည် ကွန်မြူနစ် ပါတီက တိုက်ရိုက် ဖိတ်ကြားပါတယ်။

Sunday, June 15, 2014

" မဟာသန္တိသုခကျောင်းတော်ကြီး၏ ပိုင်ဆိုင်မှုအထောက်အထားများနှင့် အခမ်းအနားမှတ်တမ်းဓါတ်ပုံများ "

 
Jun 15, 2014
* ဦးစောမြင့်သည် အကျိုးဆောင်တစ်ဦးအနေဖြင့် ကျောင်းတော်ကြီးဆောက်လုပ်ရန် သင့်လျော် လျောက်ပတ်သည့် မြေနေရာရရှိရေးအတွက် သာသနာ့မြေဂရန်ချပေးပါရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေးအဖွဲ့သို့ လျှောက်ထားခဲ့ပါသည်။ ထိုအချိန်က ရန်ကုန်မြို့တော်တွင် ကျူးကျော်နေအိမ် များကို မြို့သစ်များ၌ နေရာချထားပေးလျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်၌ မြေနေရာရွေးချယ်ပေးခဲ့သည်။

ကျောက်တော်သကြားစက် စက်မှုဌာနမှူး ဂျင်ဂလိဖြင့်ပစ်ခတ်ခံရ


14 June 2014

 ရခိုင်ပြည်နယ် ကျောက်တော်မြို့ သကြားစက်မှ ဌာနမှူးတစ်ဦးအား စက်ရုံအနီးအနားမှ လူတစ်စုမှ ဂျင်ဂလိ လက်နက်ဖြင့် ပတ်ခတ်သဖြင့် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

ပစ်ခတ်ခံရ၍ ဒဏ်ရာရသွားသူမှာ ကျောက်တော်သကြားစက်မှ စက်မှုဌာနမှူး ဦးသာနိုးအောင်ဖြစ်ကြောင်း သိရသည်။

အဆောင်မှ ဆိုင်ကယ်စီး၍ ထွက်လာစဉ်  စက်မူဌာနမူအား ဘင်္ဂါလီကုလားများက ဂျင်ဂလိဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဌာနမှူး၏ ပြောစကားကို ကိုးကား၍ သူ၏ မိတ်ဆွေ တစ်ဦးဖြစ်သူ ကျောက်တော်မြို့မှ ဦးမောင်ကျော်သာက နိရဉ္စရာသို့ ပြောသည်။

ကျောင်းသားတွေ နိုင်ငံရေးလှုပ်ရှားမှုတွေ မပါဝင်ဖို့ ရမည်းသင်းတက္ကသိုလ် ပိတ်ပင်




14 June 2014

ကျောင်းသားတွေ နိုင်ငံရေးဆူပူမူမှာ ပါဝင်ပတ်သက်ပါက ကျောင်းထုတ်တဲ့အထိ အရေးယူမယ်လို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စက်မူနှင့် သက်မွေးပညာဦးစီးဌာန နည်းပညာတက္ကသိုလ် ရမည်းသင်းက ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

အီရတ် တပ်သားသစ် စုစည်း

ISIS အစွန်းရောက်ရန်ကို စစ်ခင်း
14 June 2014

အီရတ် ဝန်ကြီးချုပ် Nouri al - Maliki က ဘဂ္ဂဒက်မြို့ မြောက်ဘက်က ဆမာရာ မြို့မှာ အစ္စလာမ္မစ် သူပုန်တွေနဲ့ စစ်ခင်းနေတဲ့ ရှေ့တန်း တပ်မှူးတွေကို မိန့်ခွန်းပေးခဲ့ပါတယ်။

နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရှေ့ဆက် မတက်နိုင်ဖို့ ဆမာရာကနေ အကြီးအကျယ် ခုခံသွားမယ်၊ လိုအပ်တဲ့ တပ်သားသစ် တွေကိုလဲ စုဆောင်းနေတယ်လို့ မစ္စတာ မာလီကီက ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ အရေးပေါ် တပ်သား စုဆောင်းရေးမှာ လူတန်းကြီးတွေ တွေ့ရပါတယ်။