ဇွန်၊၁၄ရက်။
အီရတ်နိုင်ငံမှာ အစ္စလာမ္မစ်သူပုန်တွေက မြို့တချို့ကိုသိမ်းယူပြီးဘဂ္ဂဒတ်မြို့တော်
လုံခြုံရေး ကိုပါ ခြိမ်းခြောက်လာနေပေမယ့်အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အီရတ်ကို တပ်ဖွဲ့စေလွှတ်မှုတွေလုပ်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

အီရတ်မှာအခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေပြီး၊
အီရတ်မှာ သူပုန်တွေကို နှိမ်နင်းနိုင်ဖို့ အမေရိကန်အနေနဲ့အကူအညီပေး လိုတယ်လို့တော့ ပြောပါတယ်။

အီရတ်အစိုးရကို အကူအညီပေးဖို့လုပ်နိုင်တာအားလုံးကို ထည့်သွင်း စဉ်းစားနေတယ်လို့ သမ္မတအိုဘားမား ကပြောခဲ့ပေမဲ့ အမေရိကန်စစ်တပ် စေလွှတ်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ပြောပါတယ်။ အီရတ်နိုင်ငံ အနေအထားဟာ အမေရိကန်ရဲ့အကူအညီတွေ ပိုလိုအပ်တယ်ဆိုတာသိပေမယ့်လည်း၊ အီရတ်နိုင်ငံတည်ငြိမ်မှုရအောင်အတွက်အဓိက
ဆောင်ရွက်ရမှာ အီရတ် ခေါင်းဆောင်တွေ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောခဲ့ ပါတယ်။ အီရတ်နိုင်ငံတွင်း အမေရိကန်တပ်တွေကို ၈ နှစ်ကျော်ကြာချထားခဲ့ပြီးနောက်၊ ပြန်လည်ရုပ်သိမ်းရာမှာ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးအသုတ် ပြန်ရုတ်ခဲ့တာ ဖြစ်ပါတယ်။

Source; CNN
No comments:
Post a Comment