Tuesday, August 12, 2014

ဂျပန်၏ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ်ကို စမ်းသပ်ပျံသန်းရန် စီစဉ်

Photo - Defense Update
ဂျပန်နိုင်ငံသည် ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် (ရေဒါဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သော) ဂျက်တိုက်လေယာဉ် (Stealth Fighter) တစ်စီးကို စမ်းသပ်ပျံသန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဂျပန်မှ အထင်ကရ စက်မှုလုပ်ငန်းကြီးများ စုပေါင်းတည်ဆောက်ထားသည့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်ကို နောက်အကျဆုံးအဖြစ် လာမည့်နှစ်၊ ဇန်နဝါရီလတွင် အစမ်းပျံသန်းရန် ရည်ရွယ်ထားသည်။ အဆိုပါ စီမံကိန်းကို ဂျပန်၏ Mitsubishi စက်မှုလုပ်ငန်းက ဦးဆောင် ကမကထ ပြုခဲ့ခြင်း ဖြစ်သည်။ လေယာဉ်တည်ဆောက်မှု ပရောဂျက်ကိုလည်း Mitsubishi ATD-X Shinshin ဟု အမည်ပေးထားသည်။
Mainichi Shimbun သတင်းစာ၏ အဆိုအရ ဂျပန်၏ ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်သည် အမေရိကန်လုပ် F-35 ကိုယ်ပျောက် တိုက်လေယာဉ်နှင့် နီးစပ်ဆင်တူသော နည်းပညာကို အသုံးပြု တည်ဆောက်ထားကြောင်း သိရှိရသည်။ အဆိုပါ ပရောဂျက်အတွက် ယန်းငွေ (၃၉.၂)ဘီလီယံ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၄)သန်းမျှ ရင်းနှီး မြှုပ်နှံထားကြောင်းလည်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းကို ဂျပန် ကာကွယ်ရေး အာဏာပိုင်များက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးချေ။

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည့် နေရာမှ နုန်းများဆယ်ယူ ရေငုပ်သမား ဆယ်ဦးသုံးထားပြီး သုံးရက်အတွင်း ပြီးနိုင်ဟုဆို

Aug 12, 2014
ဓမ္မစေတီခေါင်းလောင်းအား ရှာဖွေဆယ်ယူအတွက် အသုံးပြုမည့် သင်္ဘောနှင့် ဆယ်ယူရန်အတည်ပြုထားသည့် နေရာအား သြဂုတ်လ ၁၁ ရက် တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက် ( မဇ္ဈိမ) 

ဓမ္မစေတီခေါင်းလောင်းရှိနိုင်သည်ဟု ယူဆထားသည့်နေရာတွင် ဆောင်ရွက်နေသည့် နုန်းဆယ်ယူခြင်း လုပ်ငန်းများ သုံးရက်အတွင်း ပြီးစီးနိုင်မည်ဟု ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ဦးဝင်းမြင့်က သြဂုတ် ၁၁ ရက်တွင် မဇ်္ဈိမကို ပြောသည်။ 


ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာနေရာ သာကေတမြို့နယ်၊ ရှုခင်းသာပန်းခြံအဟောင်းအနီး ရေပြင်တွင် ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းများကို သြဂုတ် ၁၀ရက်တွင် စတင်နေခြင်းဖြစ်သည်။ 

“ယခင်နေရာအတိုင်းမှာပဲ ရှိနေတာပါ။ အခုက အဲဒီပေါ်မှာ နုန်းတွေ တော်တော်တက်နေတယ်။ အဲဒါကို ဖယ်နေတာ သုံးရက်လောက်နေရင်တော့ ပြီးနိုင်တယ်၊ အဲဒါတွေပြီးရင်တော့ ကြိုးချည်နိုင်မယ်ထင်ပါတယ်။ အဲဒီအပိုင်းဆိုရင်တော့ နိုင်ငံတော်ပိုင်းကို လွှဲတော့မှာပါ”ဟု ဦးဝင်းမြင့်က ပြောသည်။ 

ကျနော်၏တော်လှန်ရေးအပိုင်းအစများ

ကျနော်၏တော်လှန်ရေးအပိုင်းအစများ(၁)


၂၀၀၃ ခုနှစ် တွင်ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို တပ်သားသစ်အဖြစ်စာရင်းသွင်းပြီး တောထဲဝင်ရန် တယောက်တည်းကြိတ်၍ကြံစည်နေခဲ့သည်မိသားစုမှရိပ်မိမည်စိုးသဖြင့်အထုတ်ကလေးကိုညနေပိုင်းကတည်းကတနေရာတွင်သွားထားလိုက်သည်

သို့ သော်တော်လှန်ရးစာပေတော်တော်များများကိုဖတ်ရှုခဲ့ပြီးပြီ ဒီတခါတော့လက်တွေ့ ပါလားဟုစိတ်ထဲတွင်မ၀ံမရဲဖြစ်သည်ကအမှန်ပင် ငါခံနိုင်ရည်ရှိပါ့မလားဆိုသည့်အတွေးကလည်းကြီးစိုးနေသည် ဟိုရောက်လျှင်ဘာလုပ်ရမည်ဘာကိုင်ရမည်ကိုပင်
သေချာမသိခဲ့ပေ

သည်လိုနှင့်ပင် သူငယ်ချင်းတယောက်ကိုနူတ်ဆက်ကာစုရပ်နေရာသို့ ထွက်ခွာလာခဲ့မိသည် ထိုမှတဆင့် ကေအဲန်ယူတပ်မဟာ(၇) တွင် ဗိုလ်ချုပ်ကြီးစောဘိုမြမှနယ်မြေတခုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီအတွက် စီစဉ်ပေးသဖြင့်ကျနော်တို့ လူငယ်အုပ်စုသည်အထုတ်အပိုးကိုယ်စီဖြင့်တော်လှန်ရေးစခန်းဆီသို့ သွားကြတော့လေသည်

အမှန်တော့ကျနော့်အချစ်ဆုံးသူငယ်ချင်းခိုင်ဝင်းဇံ(ဗိုလ်လောင်းနံပါတ် ၀၇၆) သည်မိခင်အားမခွဲနိုင်သဖြင့်ကျန်ရစ်ခဲ့ရာ ကျနော့်မှာစိတ်အားငယ်နေသည်ကတော့အမှန်ပင်နောက်တလအကြာတွင် သူလည်းမထင်မှတ်ဘဲဒုတိယအသုတ်ဖြင့် လိုက်ပါလာသဖြင့်ကျနော့်မှာအလွန်ပျော်ရွှင်ခဲ့ရသည်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဌခိုင်ရဲခိုင်မှလည်း စနစ်တကျစည်းကမ်းရှိရှိဖြင့်နေထိုင်ရန်အတွက် တောထဲမဆင်းခင် ၂ ရက်အလိုတွင်သူကိုယ်တိုင်တွေ့ ဆုံ၍မှားကြားခဲ့သည် ထိုမှာကြားချက်ကိုနာခံ၍နေထိုင်စဉ်အတိုးအတွင်းမှာပင်လူမှုရေး
ပြသနာတခုကိုရင်ရသဖြင့် ကျနော်တို့ သည်ခေါင်းမွေးတပင် မကျန်အောင် အဆူခံကြ ရလေသည် ဒါကတော့ ပထမဆုံးအဆူခံဖူးခြင်းပင်

Monday, August 11, 2014

မိကျောင်းကို မြိုတဲ့ စပါးအုံမြွေ







သြစတေးလျ နိုင်ငံရဲ့ ရေချိုမြစ်တွေထဲမှာ မိကျောင်းနဲ့ ငါးမန်းများ နေ ထိုင်ပြီး တောတွေထဲမှာ စပါးအုံမြွေများ နေထိုင် ပါတယ်။ ဒါကြောင့် သြစတေးလျ နိုင်ငံရဲ့ တောဟာ Discovery တီဗီချယ်နယ် များအတွက် ရိုက်ကူးစရာ နေရာ တစ်ခုအဖြစ် ရှိနေပါ သေးတယ်။ ပုံမှာ မြင်တွေ့ နေရတာ ကတော့ ယင်းတောထဲက စပါးအုံမြွေကြီး တစ်ကောင်က မိကျောင်းကို မြိုယူ စားသုံးနေမှု ဖြစ်ပါတယ်။

မိကျောင်းဆိုတာ အားပြင်းပြီး ကြောက်စရာကောင်းတဲ့ အသားစား ရေသတ္တ၀ါ တစ်မျိုး ဖြစ်ပါတယ်။ စပါးအုံမြွေဆိုတာကတော့ အသားကို အကောင်လို မြိုယူ စားသုံးတဲ့ သတ္တ၀ါ ဖြစ်ပြီး မိကျောင်းတွေကို ယခုလို မြိုနိုင်လိမ့်မယ် လို့တော့ မထင်ခဲ့ကြ ပါဘူး။ ရေအစပ်မှာ နေနေတဲ့ မိကျောင်းကို စပါးအုံဟာ သိပ်အများကြီး မတိုက်ခိုက် ရပဲ လွယ်တကူ ဖမ်းယူနိုင်ခဲ့ ပါတယ်။

ဒရယ်ကို မြိုတဲ့ အိန္ဒိယ စပါးအုံ မြွေ

ဒရယ်ကို မြိုတဲ့ အိန္ဒိယ စပါးအုံ မြွေ






အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်ရှိ Billa ရွာငယ်လေး မှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ အန္ဒိယ ကျောက်တောင်နေ စပါးအုံမြွေ အမျိုးအစား ဟာ ဒရယ်ငယ် တစ်ကောင်ကို မြိုလျက် ရှိပါတယ်။ ဒရယ် တစ်ကောင်လုံးကို မြိုနိုင်စွမ်း ရှိလောက်အောင် ကြီးမားတဲ့ ယင်း စပါးအုံ မြွေဟာ ကိုးပေ ဝန်းကျန်လောက် ရှိပါတယ်။

Sunday, August 10, 2014

နှစ်ယောက်အတူလက်ထပ်ပြီး ကလေးတစ်ယောက်ရတော့မှ မောင်နှမအရင်းဖြစ်နေမှန်းသိလိုက်ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်

 ဆွေမျိုးသားချင်းတွေ ပြန်လည် ပေါင်းသင်းယူခဲ့ရင် ဉာဏ်ရည် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးဖွားတတ်တယ်လို့ ဆေးပညာလောကမှာ သတ်မှတ်ထားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်နိုင်ငံက မောင်နှမနှစ်ဦးဟာ ဆွေမျိုးတော်စပ်မှန်း သိခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်းသင်းခဲ့ကြပါတယ်။ လက်ထပ်ပြီး ကလေးရပြီးတဲ့အခါမှ မောင်နှမတွေဆိုတာ သိလိုက်ရလို့ စိတ်ပျက် ၀မ်းနည်းသွားခဲ့ကြပါတယ်။ အသက် (၃၇) နှစ်အရွယ်ရှိ လီယိုနာဒိုနဲ့ အသက် (၃၉)နှစ်အရွယ်ရှိ အက်ဒရီယာနာတို့ဟာ ပေါင်းသင်းလက်ထပ်ခဲ့တာ ခုနစ်နှစ်ရှိခဲ့ပြီး အသက်ခြောက်နှစ်အရွယ် သမီးတစ်ယောက်တောင် ရရှိ ထားပြီးဖြစ်ပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းက ပျောက်ဆုံးသွားတဲ့ မိခင်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ထူးခြားတိုက်ဆိုင်တာက သူတို့ ရှာဖွေနေတဲ့ မိခင်ရဲ့ အမည်ကလည်း တူညီနေခြင်းဖြစ်ပါတယ်။ သူတို့ဟာ မာရီယာဆိုတဲ့ အမည်နဲ့ မိခင်ဖြစ်သူကို လိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။

TV အစီအစဉ်တင်ဆက်သူမိန်းကလေးရဲ့ ဖင်ကို သဲပွတ်ပေးရသူ ၂ ဦးရဲ့  ဘူးထစရာအခိုက်အတန့် လေး

နာမည်ကြီး အကျော်အမော် တစ်ဦးရဲ့  အကူ တစ်ဦးဖြစ်ရတာ တကယ့်ကို ခက်ခဲတဲ့ဘ၀ပါပဲ။ဒါပေမယ့် Kim Kardashian ရဲ့  အကူ နှစ်ဦးအတွက်ကတော့ သူတို့ ရဲ အလုပ်ဟာ တကယ့်ကို အဓိပ္ပါယ်အသစ်တစ်မျိုး သက်ရောက်သွားပါတယ်။

ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ နောက်ပိုင်းတင်သားအလှကြောင့် လူသိများတဲ့ ဖြစ်ရပ်မှန်အစီအစဉ်တင်ဆက်သူ Kim Kardashian ဟာ လှပတဲ့ ဓာတ်ပုံအလှရိုက်ကွင်းတစ်ခုမှာ ဓာတ်ပုံအရိုက်ခံနေစဉ် သူမရဲ့ အကူ အမျိုးသား ၂ဦးက သူမရဲ့ တင်ပါး နှစ်ဖက်ပေါ်မှာ သဲတွေ နဲ့ ပွတ်လိမ်းပေးနေရတာကို မြင်တွေ့ ခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် အကျော်အမော်ဟာ သိပ်မကြာခင်က ထိုင်းနိုင်ငံ ဖူးခက်ကျွန်းကို မိသားနဲ့ ခရီးထွက်နေတဲ့ အချိန်အတွင်းမှာ ရွှေရောင် ရေကူးဝတ်စုံလေးကို ၀တ်ဆင်ရင်း သူမရဲ့  ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ဖေါ်လှစ်ပြသရင်း ရိုက်ကူးထားတဲ့ ဒီဆွဲအားပြင်းတဲ့ ဓာတ်ပုံတွေကို တနင်္ဂနွေညတိုင်းမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသနေတဲ့ Keeping up with the Kim Kardashian ဆိုတဲ့ အစီအစဉ်မှာ ပြသခဲ့ပြီးဖြစ်ပါတယ်။

မွတ်စ်အစွန်းရောက် သမားများကို အမေရိကန် ဗုံးကြဲ တိုက်ခိုက်

အီရတ်နိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွများ အခြေစိုက် စခန်းများကို အမေရိကန် တိုက်လေယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များက ဗုံးကြဲတိုက်ခိုက်နေပြီး စစ်သွေးကြွများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းယူရန် အီရတ်နှင့် ကာ့ခ်တပ်ဖွဲ့ဝင်များက ပြင်ဆင်လျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ္မစ်နိုင်ငံတော် (IS) တပ်ဖွဲ့ဝင်များက အီရတ်နယ်မြေ အများစုကို ပြီးခဲ့သည့်နှစ်လအတွင်း အလျင်အမြန် သိမ်းပိုက်လာခြင်းကြောင့် အမေရိကန်သမ္မတ အိုဘားမားက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

မိဘနှစ်ပါးကို သတ်ပြီး ချက်ပြုတ်စားသောက်တဲ့ သားမိုက်

Aug 10, 2014
ဟောင်ကောင်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးဟာ မိဘအရင်းကိုသတ်ပြီး တစ်စစီချက်ပြုတ် စားသောက်ပြီးတဲ့နောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲကို သိမ်းဆည်းထားခဲ့ တယ်လို့ သိရပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိ ချာယူရဲ့ လုပ်ရပ်ဟာ အရမ်း ရက်စက်လွန်းရာကျတာမို့ ဟောင် ကောင်မှာ ထင်ရှားကျော်ကြားတဲ့ မှုခင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်ဖို့ ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ 

ချာယူရဲ့ ထွက်ဆိုချက်တွေကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မိဘအရင်းတွေကို ခုတ်ထစ် သတ်ဖြတ်ခဲ့ပေမယ့် ယခု ဖြစ်ပွားတဲ့ဖြစ်ရပ် ဟာသူ့မှာအပြစ်မရှိကြောင်း ချာယူက ပြောဆိုခဲ့ပါတယ်။ချာယူကို သူ့ရဲ့မိဘတွေက အရမ်းချစ်ကြတယ်လို့ သူငယ်ချင်းဖြစ်သူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ချာယူကို သူ့ရဲ့မိဘတွေက အလုပ်တစ်ခုလုပ်ဖို့ တိုက်တွန်းရာကနေ အပြန်အလှန် စကားများခဲ့ကြပါတယ်။ ချာယူဟာ ဘ၀ကို ပေါ့ပေါ့ တွေးပြီး လူချမ်းသာတစ်ဦးလို ဖြတ်သန်းနေတာမို့ မိဘတွေက စိတ်ပူပြီး အလုပ်လုပ်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီနောက် မိဘနှစ်ပါးက ချောင်ယူကို စွန့်ပစ်မှု ပြုလုပ်ခဲ့ပါ တယ်။ ဒါကို ချောင်ယူက မကျေနပ်ဘဲ သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ မိဘနှစ်ပါးကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ပါတယ်။ 

ကျားကလေးတွေကိုနို့တိုက်တဲ့မြန်မာပြည်မှအာဂအမျိုးသမီး


 Aug 3, 2014

ဒီဖြစ်ရပ်ဟာမြန်မာပြည်ကအမျိုးသမီးတဦးရဲ့အံ့ဩစရာမေတ္တာဖြူစင်ကြွယ်ဝမှူကိုထင်ဟပ်ဖော်ကျူးပြခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။မလှဌေးဟာရန်ကုန်တိရိစ္ဆာန်ဥယာဉ်မှာအလုပ်လုပ်နေသူဝန်ထမ်းတဦးဖြစ်ပါတယ်ကျားမိခင်ဟာသူမွေးထားတဲ့ကျားပေါက်ကလေးသုံးကောင်မှာတကောင်ကိုသတ်မိပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေကကျန်ကျားမလေးနဲ့ကျားထီးကလေးကို
မိခင်ကျားမကြီးနဲ့ခွဲပြီးထားပါတယ်။မလှဌေးဟာဟာဘယ်သူမှတော်ရုံမလုပ်နိုင်တဲ့လုပ်ရပ်တခုကိုလုပ်ဆောင်ခဲ့
ပါတယ်။