Sunday, August 10, 2014

မိဘနှစ်ပါးကို သတ်ပြီး ချက်ပြုတ်စားသောက်တဲ့ သားမိုက်

Aug 10, 2014
ဟောင်ကောင်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးဟာ မိဘအရင်းကိုသတ်ပြီး တစ်စစီချက်ပြုတ် စားသောက်ပြီးတဲ့နောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲကို သိမ်းဆည်းထားခဲ့ တယ်လို့ သိရပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိ ချာယူရဲ့ လုပ်ရပ်ဟာ အရမ်း ရက်စက်လွန်းရာကျတာမို့ ဟောင် ကောင်မှာ ထင်ရှားကျော်ကြားတဲ့ မှုခင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်ဖို့ ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ 

ချာယူရဲ့ ထွက်ဆိုချက်တွေကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မိဘအရင်းတွေကို ခုတ်ထစ် သတ်ဖြတ်ခဲ့ပေမယ့် ယခု ဖြစ်ပွားတဲ့ဖြစ်ရပ် ဟာသူ့မှာအပြစ်မရှိကြောင်း ချာယူက ပြောဆိုခဲ့ပါတယ်။ချာယူကို သူ့ရဲ့မိဘတွေက အရမ်းချစ်ကြတယ်လို့ သူငယ်ချင်းဖြစ်သူတွေက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ချာယူကို သူ့ရဲ့မိဘတွေက အလုပ်တစ်ခုလုပ်ဖို့ တိုက်တွန်းရာကနေ အပြန်အလှန် စကားများခဲ့ကြပါတယ်။ ချာယူဟာ ဘ၀ကို ပေါ့ပေါ့ တွေးပြီး လူချမ်းသာတစ်ဦးလို ဖြတ်သန်းနေတာမို့ မိဘတွေက စိတ်ပူပြီး အလုပ်လုပ်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒီနောက် မိဘနှစ်ပါးက ချောင်ယူကို စွန့်ပစ်မှု ပြုလုပ်ခဲ့ပါ တယ်။ ဒါကို ချောင်ယူက မကျေနပ်ဘဲ သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ မိဘနှစ်ပါးကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ပါတယ်။ 

တကယ်တော့ ချာယူရဲ့ မိဘတွေဟာ အသက်အရွယ်ကြီးရင့်နေကြပြီး ဖခင်ဖြစ်သူက အသက် (၆၅)နှစ်၊ မိခင်ဖြစ်သူက အသက် (၆၂)နှစ်ရှိ နေပြီဖြစ်ပါတယ်။ တစ်နေ့မှာ ချောင်ယူဟာ မိဘနှစ်ပါးကို ဖိတ်ကြားပြီး နေ့လယ်စာခေါ်ကျွေးခဲ့ပါတယ်။ ဒါဟာ သတ် ဖြတ်ဖို့ စိတ်ကူးနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နေအိမ်ကိုရောက်လာတဲ့ မိဘနှစ်ပါးကို ချောင် ယူက အသက် (၃၆)နှစ်အရွယ် သူငယ်ချင်းတစ်ဦးရဲ့ အကူအညီရယူပြီး ခုတ်ထစ် သတ်ဖြတ် ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး စားသုံးမှု ပြုလုပ် ခဲ့တာပါ။ ဒီအမှုကို စစ်ဆေးနေတာ သုံးလ ကျော်သွားပြီဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ တရားခံတွေကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်နိုင်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ ဟောင်ကောင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ချောင်ယူနဲ့ သူငယ်ချင်းဖြစ်သူဟာ အမှုကျူးလွန်ဖို့ ကြိုတင်ကြံစည်ခဲ့တယ်လို့ အမှု စစ်အရာရှိတွေက ယူဆထားပါတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့ဆီမှာ ထက်မြက်လှတဲ့ ဓားတွေ၊ လွှတွေအပြင် ကြီးမားတဲ့ ရေခဲသေတ္တာတွေ၊ ချက်ပြုတ်စားသောက်ဖို့ မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ထမင်းပေါင်းအိုး တို့ကို ရှာဖွေသိမ်းဆည်းနိုင်တာကြောင့် ဖြစ်ပါတယ်။ ချောင်ယူဟာ သူ့ရဲ့ မိဘတွေပျောက်ဆုံးနေကြောင်း အမှုဖွင့်တိုင်ကြားရာကတစ်ဆင့် ဖြစ်စဉ်တစ်ခု လုံးကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ရှာဖွေတဲ့ အချိန်မှာ ရေခဲသေတ္တာထဲမှာ ဦးခေါင်းနှစ်လုံးကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအသားစတွေကို ရေခဲသေတ္တာထဲမှာ တွေ့ခဲ့ရတဲ့အပြင် ကြမ်းပြင်ပေါ်မှာလည်း သွေးစတွေ တွေ့ခဲ့ရပါတယ်။ နောက်ပြီး အချို့ခန္ဓာ ကိုယ်အပိုင်းအစတွေကို ဗူးတွေထဲမှာ သိမ်းဆည်းထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ဒီလိုရက်စက်တဲ့ အပြုအမူကို ပြုလုပ်ခဲ့ပေမယ့် ချောင်ယူကတော့ သူ့ကို အပြစ်မတင်သင့်ကြောင်း၊ သူဟာ မိဘနှစ်ပါးရဲ့ စွန့်ပစ်ခြင်း ကိုခံ ထားရတာဖြစ်ကြောင်း ရုံးတော်မှာ လျှောက်ထားခဲ့ပါတယ်။ ချောင်ယူဟာ မိဘတွေကို သတ်ဖြတ်ပြီး တဲ့နောက် ပျောက်ဆုံးတဲ့ပုံစံ ဖန်တီးကာ တိုင်ချက် ဖွင့်ပြီး တရုတ်ပြည်မကြီးကို သွားရောက်ကြတာဖြစ်တယ်လို့ သတင်းလွှင့်ခဲ့ ပါတယ်။ ဒီဖြစ်စဉ်ကို သေချာစီစဉ် ကျူးလွန်ခဲ့ကြောင်း သက်သေ အထောက် အထားတွေတွေ့ခဲ့ရပြီး၊ ချောင်ယူနဲ့ သူငယ်ချင်းဖြစ်သူတို့ရဲ့ ဆက်သွယ်မှုမှတ်တမ်းကိုလည်း သိမ်းဆည်းထားပါတယ်။တာဝန်ရှိသူတွေကလည်း ကြိုတင်ကြံစည်မှုသာ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ ချောင်ယူဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိလို့ ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့ခြင်းပုံစံဖြစ်အောင် ဖန်တီးနေ တာမို့ အမှုကို အပြန်အလှန် သုံးသပ်မှုတွေ ပြုလုပ်နေပြီး၊ လက်ရှိအချိန် အထိတော့ တရားရုံးမှာ စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

The Messenger News

No comments: