
မစ္စယွန်ဟီလီနှင့် တွေ့ဆုံစကားပြောမှုသည် ၁နာရီနှင့် ၄၅မိနစ်ခန့် အချိန်ရခဲ့သည်။သို့သော် ကြားမှ ဘာသာပြန်၏ အလုပ်ချိန်ကို ထည့်တွက်ပါက မိနစ်၅၀ခန့်သာ ပြောခဲ့ရသည်ဟု ဆိုရပါမည်။
မစ္စယွန်ဟီလီကတော့ သူထမ်းဆောင်လာသည့် တာဝန်အတိုင်း လူအခွင့်အရေးကို ဦးထိပ်ပန်ဆင် ပြောကြားသွားသည်။ရခိုင်ဖက်ကတော့ ကုလားမကောင်းကြောင်းနှင့် ရခိုင်တို့၏ ခံစားချက်၊ ဒုက္ဒဝေဒနာများကို ထုံးစံအတိုင်း ပြောကြားခဲ့သည်။ရခိုင်ဖက်မှ ပြောကြားချက်များကို မြို့မိ/ဖများက ခေါင်းဆောင်ပါသည်။
နာရီဝက်ကျော်ခန့် ဘာသာပြန် ကြားခံ၍ ပြောကြတော့ နှစ်ဖက်စလုံးသည် ကိုယ့်အမြင်နှင့်ကိုယ် မှန်နေသဖြင့် ရှေ့မရောက်နှိင် ဖြစ်နေကြလေပြီ။ထို့ကြောင့် မစ္စယွန်ဟီလီက ``ဒီလိုဆို… ကျွန်မတို့ ဘာလုပ်သင့်သလဲ´´ဟု အဓိပ္ပာယ်ရ စကားကို မေးလာပါသည်။မမေး၍လည်း မဖြစ်တော့ပါ။သူမက ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဟု ခံယူခွင့်ရှိရေး၊ လူသားများ ဖြစ်သည့်အတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရရှိရေး… စသည့်အရာများကို အခြေခံနေပြီး…… စစ်တွေမြို့မိ/ဖများကတော့ အမျိုးသားရေးကို ဦးထိပ်ပန်ဆင်၍ ရိုဟင်ဂျာလူမျိုး ဖြစ်ပေါ်လာရေးကို ရှေ့တန်းတင်နေသမျှ လူမျိုးစုနှစ်ခု၏ ငြိမ်းချမ်းရေးကို မည်သို့မျှ ရှေ့ရှူ၍မရဟု ပြောဆိုနေကြတာကို…။
ဒီအချိန်မှာ ကျွန်တော် သွေးတက်လာပါပြီ။
မစ္စယွန်ဟီလီက ``ဘာလုပ်သင့်သလဲ´´ဟု မေးနေပြီ။ကျွန်တော်တို့၏ မြို့မိ/ဖတွေ ဘာပြန်ပြောတော့မှာလဲ???
မစ္စယွန်ဟီလီက ``ဘာလုပ်သင့်သလဲ´´ဟု မေးနေပြီ။ကျွန်တော်တို့၏ မြို့မိ/ဖတွေ ဘာပြန်ပြောတော့မှာလဲ???







