
မစ္စယွန်ဟီလီနှင့် တွေ့ဆုံစကားပြောမှုသည် ၁နာရီနှင့် ၄၅မိနစ်ခန့် အချိန်ရခဲ့သည်။သို့သော် ကြားမှ ဘာသာပြန်၏ အလုပ်ချိန်ကို ထည့်တွက်ပါက မိနစ်၅၀ခန့်သာ ပြောခဲ့ရသည်ဟု ဆိုရပါမည်။
မစ္စယွန်ဟီလီကတော့ သူထမ်းဆောင်လာသည့် တာဝန်အတိုင်း လူအခွင့်အရေးကို ဦးထိပ်ပန်ဆင် ပြောကြားသွားသည်။ရခိုင်ဖက်ကတော့ ကုလားမကောင်းကြောင်းနှင့် ရခိုင်တို့၏ ခံစားချက်၊ ဒုက္ဒဝေဒနာများကို ထုံးစံအတိုင်း ပြောကြားခဲ့သည်။ရခိုင်ဖက်မှ ပြောကြားချက်များကို မြို့မိ/ဖများက ခေါင်းဆောင်ပါသည်။
နာရီဝက်ကျော်ခန့် ဘာသာပြန် ကြားခံ၍ ပြောကြတော့ နှစ်ဖက်စလုံးသည် ကိုယ့်အမြင်နှင့်ကိုယ် မှန်နေသဖြင့် ရှေ့မရောက်နှိင် ဖြစ်နေကြလေပြီ။ထို့ကြောင့် မစ္စယွန်ဟီလီက ``ဒီလိုဆို… ကျွန်မတို့ ဘာလုပ်သင့်သလဲ´´ဟု အဓိပ္ပာယ်ရ စကားကို မေးလာပါသည်။မမေး၍လည်း မဖြစ်တော့ပါ။သူမက ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဟု ခံယူခွင့်ရှိရေး၊ လူသားများ ဖြစ်သည့်အတွက် လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရရှိရေး… စသည့်အရာများကို အခြေခံနေပြီး…… စစ်တွေမြို့မိ/ဖများကတော့ အမျိုးသားရေးကို ဦးထိပ်ပန်ဆင်၍ ရိုဟင်ဂျာလူမျိုး ဖြစ်ပေါ်လာရေးကို ရှေ့တန်းတင်နေသမျှ လူမျိုးစုနှစ်ခု၏ ငြိမ်းချမ်းရေးကို မည်သို့မျှ ရှေ့ရှူ၍မရဟု ပြောဆိုနေကြတာကို…။
ဒီအချိန်မှာ ကျွန်တော် သွေးတက်လာပါပြီ။
မစ္စယွန်ဟီလီက ``ဘာလုပ်သင့်သလဲ´´ဟု မေးနေပြီ။ကျွန်တော်တို့၏ မြို့မိ/ဖတွေ ဘာပြန်ပြောတော့မှာလဲ???
မစ္စယွန်ဟီလီက ``ဘာလုပ်သင့်သလဲ´´ဟု မေးနေပြီ။ကျွန်တော်တို့၏ မြို့မိ/ဖတွေ ဘာပြန်ပြောတော့မှာလဲ???
ကျွန်တော်ကတော့………
``မစ္စသည်… (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရန် ရောက်ရှိလာသူဖြစ်သည်။၎င်းဆုံးဖြတ်ချက်တွင် (1)ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဟု အသိအမှတ်ပြုရေး (2)ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကာ မြန်မာနှိင်ငံတစ်ဝှမ်း လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည်များကို ဆုံးဖြတ်ထားသည်။ယခု…မစ္စက ရခိုင်ပြည်နယ်တွင် လူမျိုးစုနှစ်ခု ငြိမ်းချမ်းအောင် ဘာလုပ်သင့်သလဲဟု မေးနေပြီ။ဒီတော့… `ဘာလုပ်သင့်သလဲ´ ဆိုပါက မစ္စတို့ ရိုဟင်ဂျာဖြစ်စေလိုတဲ့ ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာဟု မသတ်မှတ်မှီ (သို့) နိုင်ငံသားဖြစ်ခွင့် မရရှိမှီကပင် မစ္စတို့ပြောသည့် လူ့အခွင့်အရေးအတိုင်း ဘင်္ဂါလီတွေ မြန်မာနှိင်ငံတစ်ဝှမ်း လွတ်လွပ်စွာ သွားလာနေထိုင်ခွင့်ရအောင် မြန်မာ့အစိုးရထံ `ဖိအားပေး´ တောင်းဆိုသင့်ပါသည်။ဤကိစ္စသာ ဖြစ်မြောက်လာပါက ကျန်သည့်အရာများပါ နောက်ဆက်တွဲ၌ အလိုလို အဆင်ပြေလာနှိင်ပါမည်´´ဟု ပြောလိုက်ချင်သည်။
သို့သော်… တကယ့်ပြောဖြစ်ခဲ့တာက ဤသို့မဟုတ်။အာဏာပိုင်အစိုးရ ပြောရမည့်၊ အာဏာပိုင်အစိုးရ ပြောသင့်သည့် မျိုးချစ်စိတ် အရင်းတည် စကားများကိုသာ ကျွန်တော်တို့ ရခိုင်ဖက်က မစ္စယွန်ဟီလီကို `အမုန်းခံကာ´ ပြောခဲ့ကြသည်။ပြောဖြစ်နေသည့် စကားများသည် ရခိုင်ဒေသ၊ ရခိုင်လူမျိုးအကျိုးထက် ဗုဒ္ဓဘာသာမြန်မာလူမျိုး၊ ဗုဒ္ဓသာသနာ အကျိုးကိုသာ ဦးတည်စေသည်။
လက်ရှိအချိန်တွင် ရခိုင်တို့သည် ရခိုင်ပြည်ဝန်ကြီးချုပ် ကိုယ်တိုင်ကပင် ``ကျွန်တော်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပါသဖြင့် ရခိုင်တို့၏ ဝန်ကြီးချုပ်သာမဟုတ် အခြားတစ်ဖက်ရှိ ဘင်္ဂါလီတို့၏ ဝန်ကြီးချုပ်လည်း ဖြစ်ပါသည်´´ဟု ပြောထားခြင်းကို ခံရပြီးဖြစ်သည်။ပြည်နယ်ဝန်ကြီးချုပ်ပင် ဤသို့ဆိုက ပြည်ထောင်စုအစိုးရမှာ နေသာသပ လေညာကသာ ဖြစ်မည်။

တစ်ဖန် ပြည်ထောင်စုအစိုးရကပင် ကြောက်နေရသည့်…… ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကလည်း စစ်တွေမြို့မိ/ဖနှင့် လူမှုအဖွဲ့အစည်းတွေကို ``ခင်ဗျားတို့ မကြောက်ဘူးချည်း ပြောနေ၍မရ၊ ကြောက်သင့်ကလည်း ကြောက်ရပါမည်´´ဟု ပြောထားပြီးဖြစ်သည့်…… နှိင်ငံတကာဖိအား (သို့) ကုလသမဂ္ဂ ဆုံးဖြတ်ချက်များသည်လည်း လူ့အခွင့်အရေးကိုသာ ဦးတည်သည်။
မှန်သည်/မှားသည်၊ သမိုင်းကဘယ်လို၊ အင်္ဂလိပ်လက်ထက်မှာလည်း ရိုဟင်ဂျာမရှိခဲ့၊ ကမ္ဘာ့သမိုင်းပညာရှင်များလည်း ရိုဟင်ဂျာကို လက်မခံ၊ စတာတွေကို `ဂရုမထားပါ´။သူတို့မှာက လူ့အခွင့်အရေးသာ အဓိက ဖြစ်သည်။ဤကိစ္စဖြင့်သာ သူတို့၏ လုပ်ငန်းယန္တယားကို ဦးတည် လည်ပတ်သည်။အသားမဲသည်၊ ဖြူသည်၊ လှသည်၊ မလှ၊ အိမ်ရှင်၊ ဧည့်သည်၊ သမိုင်း၊ ပထဝီ၊ သိပ္ပံ စတာတွေ ဘာမှမရှိ။လူ့အခွင့်အရေးသာ အဓိက။
ဤသည်မှာပင် မြန်မာနှိင်ငံလို သန်းခေါင်စာရင်း ကောက်မည်ဆိုလည်း နှိင်ငံတကာမှ ဒေါ်လာငွေတွေကို လက်ဖြန့်တောင်းရ၊ ဟိုကိစ္စဆိုလည်း လက်ဖြန့်တောင်းရ၊ ဒီကိစ္စဆိုလည်း ဒေါ်လာငွေကို မျှော်လိုက်ရ၊ လုပ်နေသည့် နိုင်ငံမျိုးကိုတော့ သူတို့လိုချင်သလို အတင်းအကျပ် စိတ်ကြိုက် လုပ်စေလိုမည်၊ ခိုင်းစေလိုမည်သာ ဖြစ်သည်။
ဘင်္ဂါလီများဖက်၌မူ မစ္စယွန်ဟီလီတို့ကဲ့သို့ ပုဂ္ဂိုလ်များသည် ကျေးဇူးရှင်များဖြစ်သည်။သူမ ရောက်လာသည်နှင့် ကလေးတွေက အင်္ကျီမပါဘဲ ရှေ့မှရပ်ကာ သနားစဖွယ် ရပ်စောင့်ပြမည်။လူကြီးတွေက မျက်နှာချိုသွေးမည်။ပြောသမျှကို ခေါင်းညိတ်နှိင်မည်။ခေါင်းညိတ်နေ၍လည်း ဘာမှနစ်နာစရာမရှိ။
ရခိုင်ဖက်၌မူ မစ္စယွန်ဟီလီလို ပုဂ္ဂိုလ်မျိုးကို ဘယ်လိုလက်တွဲနှိင်မလဲ ဆိုသည်ထက် ဘယ်လိုဖဲ့လိုက်ရမလဲ? ဘယ်လိုပြောပစ်ရမလဲ? ဟုသာစဉ်းစားသည်။ခံရသည့်ဖက်မို့ ရန်လုပ်မည့် ကိစ္စကိုသာ စိတ်ရောက်သည်။ဘင်္ဂါလီတို့ကတော့ ဘယ်ဖက်ကကြည့်ကြည့် အရင်း (သို့) အမြတ်ချည်းသာမို့ ရန်မလုပ်ဘဲ မိတ်ဖွဲ့ဖို့သာ အမြဲစိတ်ကူးသည်။
ဤပုံစံအတိုင်း သွားနေပါက ကျွန်တော်တို့ ရခိုင်တွေ ရှုံးမည်။ယခုလည်း ရှုံးနေပြီ။နောက်တွင် ဒီထက်မက မလှန်နှိင်အောင် ရှုံးပါမည်။ယခု မစ္စယွန်ဟီလီနှင့် တွေ့ဆုံကြရာတွင် `စကားနှိင်လုပွဲ´ ရှူဒေါင့်မှကြည့်လျှင် ရခိုင်နှိင်သည်။မစ္စယွန်ဟီလီနှင့်မှ မဟုတ်။ ဟိုတုန်းကပင် လာရောက်ခဲ့သူများနှင့်လည်း `စကားနှိင်လုပွဲ´ ရှူဒေါင့်မှကြည့်လျှင် အနှိင်ရခဲ့သည်ချည်းသာ။သို့သော်……
`နည်းဗျူဟာ´ ရှူဒေါင့်မှကြည့်လျှင် ကျွန်တော်တို့ ရှုံးသည်။ယွန်ဟီလီတို့လို လူများသည် ကျွန်တော်တို့ ရခိုင်တွေကို အမြင်ကတ်မည်။ရန်လိုသည့် လူမျိုးဟု မြင်မည်။ပမာမခန့်နှိင်သည်ဟု ထင်မည်။ဘင်္ဂါလီတွေကိုတော့ သနားစဖွယ် လူတွေဟု မြင်မည်။ပြောသမျှကို မျက်နှာငယ်ငယ်၊ မျက်ရည်တစမ်းစမ်းဖြင့် ခေါင်းညိတ် နာခံတတ်သူများဟု ထင်မည်။ယွန်ဟီလီတို့လည်း `လူ´တွေဘဲကို။`လူ´လို စိတ်တော့ ရှိမည်ပေါ့။
ဘင်္ဂါလီများက သူတို့အကျိုးအတွက်သာ အပြည့်အဝ တောင်းဆိုနေကြချိန်တွင် ကျွန်တော်တို့သည် ကိုယ့်ရခိုင်အကျိုးထက် အစိုးရပြောရမည့် စကားများကိုသာ အမုန်းခံ၍ ပြောနေကြသည်။အိုးထက် စလောင်းက ပိုပူနေသည်။သို့သော် အိုးသည် စလောင်းကို ဖမ်းမည်ဆိုတိုင်း အမြဲရှေ့က။
မစ္စယွန်ဟီလီက ``ဒီလိုဆို… ကျွန်မတို့ ဘာလုပ်သင့်သလဲ´´ဟု မေးလာချိန်တွင် ဘာလုပ်သင့်ပါသည်ဟု တိတိကျကျ အဖြေတစ်ခုကို ကျွန်တော်တို့ မပြောနှိင်ခဲ့ပါ။ဤသို့မပြောနှိင်ခဲ့ဘဲ ပြောဖြစ်ခဲ့သည်များကို ယေဘုယျခြုံပြောရလျှင် ကုလားမကောင်းကြောင်းနှင့် နှိင်ငံတစ်ခု၏ အမျိုးသားအကျိုးစီးပွား၊ အမျိုးသား လုံခြုံရေးများကိုသာ ရှေ့တန်းတင်၍ ပြောဖြစ်နေခဲ့ကြပါသည်။
အမှန်ဆိုလျှင် လူ့အခွင့်အရေးကို ဤမျှလောက် ရှေ့တန်းတင်တတ်သည့် လူများအား ``ဘင်္ဂါလီတွေကို ရိုဟင်ဂျာဟု အသိအမှတ်မပြုမှီ၊ နှိင်ငံသားမဖြစ်မှီကပင် `လူ့အခွင့်အရေးအရ´ ဘင်္ဂါလီတွေ မြန်မာနှိင်ငံတစ်ဝှမ်း လွတ်လပ်စွာ သွားလာခွင့်ကို ရရှိစေရန် မြန်မာအစိုးရဖြင့် ဦးစွာလုပ်ကြည့်ကြရအောင်´´ဟု စားပွဲဝိုင်းတွင် မိမိတို့နှင့် လုံးဝမဆိုင်သည့်သဖွယ် ထိုင်နားထောင်နေကြသည့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ မျက်နှာကို မထောက်ဘဲ ပြောချလိုက်သင့်၏။
ဘင်္ဂလီတွေဟာ နှိင်ငံသားတောင် မရသေးဘဲနဲ့ မြန်မာနှိင်ငံတစ်ဝှမ်းကို ဘယ်လိုသွားလာခွင့် ရနှိင်မလဲကွ! နွားလိုရေးမနေပါနဲ့ဟု ကျွန်တော့်ကို မပြောပါနဲ့။ယခု မဖြစ်နှိင်တာ၊ မမျှော်လင့်တာ၊ မရှိခဲ့တာတွေကိုဘဲ အရှိလုပ်ကာ ရှင်းနေကြရ၊ ပြောနေကြရပြီ မဟုတ်ပါလား???
မစ္စယွန်ဟီလီနှင့် တွေ့ဆုံပွဲမှ ကျွန်တော်ခံစားမိသည့် အမြင်အချို့ကတော့… ကျွန်တော်တို့သည် `မှန်သည်ဆိုတိုင်း´ ကမ္ဘာနှင့်ချီသည့် လူ့အခွင့်အရေးသမားများကို ကိုယ့်အစိုးရကို ပြောနေသလို ကျောက်ခဲဖြင့်ပစ်သကဲ့သို့ `ပက်´ကနဲ ပြောလိုက်ရရုံဖြင့် နှိင်သည်ဟု ထင်မှတ်နေ၍ မရတော့ပါ။ဗျူဟာပြောင်းရပါတော့မည်။ သူတို့တွေ ဦးထိပ်ပန်ဆင် လွန်းအားကြီးသည့် လူ့အခွင့်အရေး ဆိုသည့်အရာမှ မိမိတို့ရခိုင်လူမျိုးအတွက် အချက်ကျပြီး အစိုရအတွက် အခက်ဖြစ်စေမည့်၊ အစိုးရခေါင်းသာ ကျရောက်စေမည့်၊ မိမိတို့ ရခိုင်တွေ ခေါင်းလွတ်စေမည့်၊ အရာများကိုလည်း ရွေးချယ် လုပ်ဆောင်ရပါတော့မည်။
နှိင်ငံတော်ကို အုပ်ချုပ်နေသည့် အစိုးရက ဒိုင်လူကြီးဖြစ်နေပြီး ရခိုင်လူမျိုးကသာ ရှေ့တန်းထွက်နေရသည့် ဤပဋိပက္ခကြီးကို ဗျူဟာပြောင်းရပါတော့မည်။အစိုးရ ပြောရမည့်စကားကို မိမိတို့ မပြောတော့ဘဲ… မိမိတို့ ကိစ္စအတွက်သာ မိမိတို့ ပြောဆိုရန် လိုအပ်လာပါပြီဟု ထင်မြင်ယူဆမိပါသည်။
မည်သို့ပင် ဆိုစေကာမူ သူတို့တွေက ကိုယ့်အစိုးရတောင် ကြောက်နေရသည့် ကုလသမဂ္ဂ မဟုတ်ပါလား? ကိုယ့်အစိုးရတောင် ကြောက်ပါသည်ဆိုပါမှ ကိုယ်တို့လည်း လက်တွဲနှိင်သည့် အရာတွေမှာ လက်တွဲဆောင်ရွက်နှိင်အောင် ပေါင်းထားရမည်ပ!
HADAYA
No comments:
Post a Comment