ဖေ့စ်ဘုတ်ထူထောင်သူ ဇူကာဘော့ က သူ၏ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ချာလီအက်ဒိုး
စာစောင်အားအကြမ်းဖက်သမားများကတိုက်ခိုက်ခဲ့ခြင်းအပေါ်သူ၏သဘောထားကိုဤသို့ရေးသားခဲ့
တမန်တော်မိုဟာမက်အား စော်ကားပြစ်တင်သော အကြောင်းအရာ စာသားများကို
ဖေစ်ဘုတ်မှတားမြစ်ပေးရန် လွန်ခဲ့သောနှစ်အနည်းငယ်က ငြင်းဆိုမိသည့်အတွက်ပါကစ္စတန် မှ အစွန်းရောက်တစ်ယောက် က ကျွန်တော်ကို သေမိန့်ပေးအောင် တောင်းဆိုခဲ့ဘူးသည် ။
တစ်ခါတစ်ရံတွင် စော်ကားမော်ကား သည့်သဘောဆောင်သည့်တိုင်အောင် ကွဲပြားခြားနားသော
အယူအဆများသည် ကမ္ဘာကြီးအား ပိုမိုကောင်းမွန်စေ၍ ပိုမိုစိတ်ဝင်စားစရာကောင်းစေပါသည် ဆိုသော အယူအဆအတွက် ဖေစ်ဘုတ်ကရပ်ခံသည် ။
ဖေစ်ဘုတ်သည်ကမ္ဘာတစ်ဝှမ်းလုံးကလူများ၏ အတွေးအခေါ်နှင့်အမြင်အယူအဆများဖလှယ်သည့်
နေရာဖြစ်ခဲ့ပါပြီ ။
နိုင်ငံအသီးသီးရှိဥပဒေများကို ကျွန်တော်တို့လိုက်နာပါသည် ၊ သို့သော် မည်သည့်အုပ်စု မည်သည့်နိုင်ငံကိုမျှ ကျွန်တော်တို့ဝေမျှနေသောအရာ များကိုထိန်းချူပ်ခွင့်မပေးပါ ။







