Monday, January 19, 2015

ဗုဒ္ဓဘာသာတွင် အဖြေရှိသော်လည်း ခရစ်ယန်တွင် အဖြေ မရှိသော မေးခွန်းအတွက် အကြပ်ရိုက်ရသည့် ဖိလစ်ပိုင်ရောက် ပုပ်ရဟန်းမင်းကြီး

ဘုရားသခင်က ကလေးတွေကို ဘာကြောင့် ပြည့်တန်ဆာဖြစ်ခွင့်ပေးရသလဲဟု ဖိလစ်ပိုင်သူလေးက ပုပ်ရဟန်းမင်းကြီးအား မျက်ရည်စက် လက်ဖြင့်မေးမြန်း

Written by  အေအက်ဖ်ပီ
မနီလာ၊(မဇ္ဈိမ)။    ။ဘုရားသခင်က အဘယ့်ကြောင့် ကလေးငယ်များကို ပြည့်တန်ဆာ ဖြစ်ခွင့်ပြု ရသလဲဟု အသက် ၁၂ နှစ်အရွယ် ဖိလစ်ပိုင် မိန်းကလေးငယ် တစ်ဦးက ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို ဇန်နဝါရီ ၁၈ ရက်က ငိုကြွေး ရင်းမေးမြန်း ခဲ့သည်။
pope--fransis
ယင်းနောက် ပုပ်ရဟန်း မင်းကြီးက ငိုကြွေးနေသော ကလေး မလေးကို ထွေးပွေ့နှစ် သိမ့်ခဲ့ပြီး လူအများကို လည်း ကလေး မလေးအပေါ် ကြင်နာထောက်ထား မှုကိုပြသ ကြရန်တောင်း ဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ ကက်သလစ်ကျောင်း တစ်ကျောင်းတွင်ပြုလုပ်သော ပုပ်ရဟန်း မင်းကြီးနှင့်တွေ့ ဆုံပွဲ  အခမ်းအနား အတွင်းအိမ်ခြေယာ မဲ့တစ်ဦးဖြစ် ခဲ့သည့် ဂလိုင်ဇဲလ် ပါလိုမာ ဆိုသူ ကလေး မလေးက သူ ၏စိတ်ခံ စားချက်ကို အထက်ပါအတိုင်း ဖွင့်ဟမေးမြန်း ခဲ့ခြင်းဖြစ်သည်။
''ကလေးများစွာဟာ သူတို့ မိဘတွေရဲ့ စွန့်ပစ်တာကို ခံရပါတယ်။ မူးယစ်ဆေး နဲ့ပြည့်တန်ဆာ လုပ်ငန်းတွေ မှာလည်း ကလေး အများအပြား ပတ်သက်နေရ ပါတယ်။ ဒီလိုကိစ္စတွေကို ဘုရားသခင်က ဘာကြောင့် ခွင့်ပြုနိုင် ရတာလဲ၊ ကလေးတွေမှာ ဘာအပြစ် မှမရှိပါဘူး'' ဟု ပါလိုမာက ပုပ်ရဟန်း မင်းကြီး ကိုပြော သည်။
မေးခွန်းမေးမြန်း ပြီးနောက် ပယ်လိုမာ သည် ဝမ်းနည်း ပက်လက် ငိုကြေးခဲ့ရာ ပုပ်ရဟန်းမင်းကြီးက သူ့ အားစက္ကန့် အနည်းငယ် ကြာပွေ့ဖက်နှစ် သိမ့်ပေးခဲ့ သည်။ ယင်းနောက် ပုပ်ရဟန်းမင်းကြီးသည် အင်္ဂလိပ် ဘာသာဖြင့်ပြောကြားမည့် မိန့်ခွန်းစကားအများစုကို စွန့်ပယ်ကာ စပိန်ဘာသာ စကားဖြင့် ထိခိုက်ကြေ ကွဲ စွာ မိန့်ခွန်းခြွေသွားခဲ့သည်။
''အဖြေမရှိ တဲ့မေးခွန်း တစ်ခု ကိုမေးသွားခဲ့တဲ့ တစ်ဦး တည်းသော ကလေးမလေးပါ။ သူမဟာသူပြောချင် တာကို စကားနဲ့တောင် မပြောနိုင် ရှာပါဘူး၊ မျက် ရည်တွေနဲ့ပဲ ဖော်ပြသွားရှာတာပါ'' ဟု ပုပ်ရဟန်း မင်းကြီး က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ် ၃ဝ,ဝဝဝ ခန့် ကိုပြော ကြားခဲ့သည်။
Mizzima

Sunday, January 18, 2015

မစ္စရန်ဟီးလီနဲ့ မစ္စတာဘန်ကီမွန်တို့ သိထားဖို့က ဖြစ်နေတဲ့ပြဿနာဟာ ရခိုင်တိုင်းရင်းသားလူမျိုးများနဲ့ ဘင်္ဂါလီရိုဟင်ဂျာများကြားက ပြဿနာ မဟုတ်ပါခင်ဗျာ

Sunday, January 18, 2015
ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်ခဲ့ပြီးတိုင်း“ဘင်္ဂါလီရိုဟင်ဂျာ” ပြဿနာကို အမြဲ မီးထိုးပေးပါတယ်။ သူတို့ ခြေလှမ်းတွေကို စောင့်ကြည့်ဖန် များလာတဲ့အခါ သူတို့ရဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာက နေပြည်တော်မှာ လုပ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် တက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ၊ သတိပေးစရာတွေ အများကြီး ရှိတဲ့အထဲက ဘင်္ဂါလီကိစ္စကို မီးထိုးပြီး ပြန်သွားပါတယ်။
ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် ထွက်လာပါတယ်။ တစ်ဖက်သတ် ဆန်လွန်းတဲ့ တိုက်တွန်းချက်ပါ။
၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ပထမဆုံး လာခဲ့ဖူးပါတယ်။ ဇန်နဝါရီ ၇ ရက်ကနေ ၁၆ ရက်အထိ ကြာမြင့်တဲ့ မစ္စရန်ဟီးလီရဲ့ ခရီးစဉ် အဆုံးသတ်မှာလည်း ဘင်္ဂါလီ ကိစ္စကိုပဲ မီးမွှေးပါတယ်။
ဇန်နဝါရီ ၁၆ ရက်၊ သူ မပြန်ခင် လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခရီးစဉ်အတွက် သတင်း ထုတ်ပြန်ချက်ကို သူကိုယ်တိုင် ဖတ်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်ရဲ့ သုံးပုံတစ်ပုံ နီးပါးက ရခိုင်ပြည်နယ် အခြေအနေနဲ့ ဘင်္ဂါလီ အရေးပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ် ကိုးရက်တာ ကာလမှာ သုံးရက်က ရခိုင်ပြည်နယ်မှာ အချိန်ကုန်ခဲ့ပါတယ်။
(၂)
ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ကျွန်တော်တို့ ထောက်ပြနေတာက သတင်း အမှားတွေ ရနေသလား ဆိုတဲ့ အချက်ပါ။ သတင်းအမှားကို မှားမှန်း သိပေမဲ့ သတင်းမှန် လုပ်ချင်သူတွေလည်း သူတို့ဆီမှာ ရှိနေပါတယ်။ စိုးရိမ်စရာပါ။
မစ္စရန်ဟီးလီက သူ့ရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဉ်အစမှာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေး သမားတွေနဲ့ ဦးစွာတွေ့ပါတယ်။ ပြဿနာ မရှိပါဘူး။
ရခိုင်က ပြန်လာပြီး ပုဂ္ဂလိက မီဒီယာသမား တစ်ချို့ကို တွေ့ချိန်မှာတော့ မေးခွန်း ထုတ်စရာ ပေါ်ပါတယ်။ ဘယ်လိုစံနှုန်း သတ်မှတ်ချက် ထားပြီး ရွေးချယ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပါ။
မစ္စရန်ဟီးလီးနဲ့ တွေ့ဆုံခဲ့တဲ့ မီဒီယာသမား ခြောက်ဦး ရှိပါတယ်။ ဦးသီဟစော၊ ဦးဆန်နီဆွေ၊ ဦးစည်သူအောင်မြင့်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ ဦးတိုးဇော်လတ် နဲ့ ဦးကျော်စွာမိုးတို့ ဖြစ်ပါတယ်။
သူတို့ကို ပြန်ပြီး ဆန်းစစ်တဲ့ အခါ ဦးသီဟစောက မြန်မာတိုင်းမ် ဂျာနယ်က ဖြစ်ပါတယ်။ ဦးဆန်နီဆွေက မဇ္ဈိမ သတင်းစာရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်ပါတယ်။ အရင် ထောက်လှမ်းရေး ခေတ်က ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်းမ် ဂျာနယ်ကို ပူးတွဲ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး အရင် ထောက်လှမ်းရေး အရာရှိချုပ်ရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေ (အငြိမ်းစား) ရဲ့ သား ဖြစ်ပါတယ်။ မဇ္ဈိမ သတင်းဌာနဆိုတာ တစ်ချိန်က မြန်မာအစိုးရ အတိုက်အခံ မီဒီယာတစ်ခု အဖြစ် အိန္ဒိယမှာ တည်ထောင်ခဲ့တာပါ။ အခုချိန်မှာ အဲဒီဂုဏ်ဒြပ် မရှိတော့ပါဘူး။
နောက်တစ်ဦးက ဦးစည်သူအောင်မြင့်ပါ။ သူ့ကို ဘယ်လို အနေနဲ့ ဖိတ်ကြားခဲ့သလဲ မသိပါ ဘူး။ မဇ္ဈိမ သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်တာမို့ မဇ္ဈိမ တစ်ခုတည်းက နှစ်ဦး တက်တယ်လို့ ယူဆရင်လည်း ရနိုင်ပါတယ်။ မသီတာ (စမ်းချောင်း) က PEN Myanmar ရဲ့ ဥက္ကဋ္ဌ၊ ပဲ့တင်သံ သတင်းဂျာနယ်ကို ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။ ဦးတိုးဇော်လတ်က DVB သတင်းဌာနကပါ။ ဦးကျော်စွာမိုးက ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းက အယ်ဒီတာ ဖြစ်ပါတယ်။
မစ္စရန်ဟီးလီ တွေ့ခဲ့တဲ့ မီဒီယာသမား အများစုက မွတ်ဆလင် အရေးကို စောင်းပေး ပြောကြသူတွေ ဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနဆိုရင် ဘင်္ဂါလီတွေ ဘက်ကချည်း ရပ်တည် ရေးသားလို့ လူထုကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတာ ရှိပါတယ်။
(၃)
သူတို့ ခြောက်ဦးထဲမှာ ပါတဲ့ ဦးစည်သူအောင်မြင့်က အထူး ပြောစရာ မလိုပါဘူး။ အစ္စလာမ်မစ် အစွန်းရောက်တွေ တည်ထောင်ထားတဲ့ မွတ်ဆလင် ဝါဒဖြန့်ချိရေး Mmedia က သူတို့ ဝက်ဘ်စာမျက်နှာမှာ နေရာပေး ဖော်ပြလောက်ရတဲ့ အထိ ဆောင်းပါးများစွာ ရေးခဲ့ပါတယ်။
၂ဝ၁၃ ခုနှစ်ထဲမှာ သူရေးခဲ့တဲ့ စာတွေအရ ဘင်္ဂါလီ အရေးမှာ ရခိုင် တိုင်းရင်းသားတွေကို အပြစ် ဖို့ချင်တဲ့ ရည်ရွယ်ချက်တွေ တွေ့ရပါတယ်။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့
“လောင်မြိုက်နေဆဲ ရခိုင်” ဆောင်းပါးမှာ ဒီအချက်ကို အထင်အရှား တွေ့ရပါတယ်။
၂ဝ၁၄ ခုနှစ်မှာတော့ ရခိုင် တိုင်းရင်းသားတွေကို အပြစ်ဖို့ချင် ရုံမကဘဲ အစွန်းရောက်သူတွေ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်အောင်ကိုပါ သူက ပုံဖော်လာပါတယ်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၃ ရက်ထုတ် မြန်မာတိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ရခိုင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ” ဆောင်းပါးနဲ့ ၂ဝ၁၄ ခုနှစ် ဧပြီ ၄ ရက်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြတဲ့ “ရခိုင် ဒီမိုကရေစီ ကျဆုံးခန်း” ဆောင်းပါးတွေမှာ ဒီအချက်ကို တွေ့လာ ရပါတယ်။
၂ဝ၁၅ ခုနှစ် ရောက်ချိန်မှာလည်း သူ့ဘက်က အမြင် ပြောင်းသွားခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်မှာ VOA မြန်မာပိုင်း သတင်းဌာန ဝက်ဘ်ဆိုက်မှာ ဦးစည်သူအောင်မြင့် ရေးသားခဲ့တဲ့ “နိုင်ငံတကာ မိသားစုရဲ့အသံကို နားထောင်ပါ”ဆိုတဲ့ အတွေးအမြင် ဆောင်းပါးကို ဖော်ပြပါတယ်။ ဒီဆောင်းပါးရဲ့ဆိုလိုရင်းက ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်ကို ထောက်ခံ ရေးသားတဲ့ သဘော ဆောင်ပါတယ်။
ဘင်္ဂါလီ အရေး ထောက်ခံ ရေးသားသူတွေ ကြားမှာ နေရာပေး ခံခဲ့ရပေမဲ့ ရခိုင် တိုင်းရင်းသားတွေ ကြားတော့ ဦးစည်သူအောင်မြင့်ရဲ့ ရေးသားချက်တွေက တစ်ဖက်သတ် စွပ်စွဲချက်တွေလို ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ရခိုင်ပြည်နယ်ကို ဦးစည်သူအောင်မြင့် ရောက်ဖူးသလား၊ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေ ကြားထဲသွားပြီး အသေးစိတ် လေ့လာ ဖူးသလားဆိုတာ မေးခွန်းထုတ်ရပါမယ်။
၂ဝ၁၂ ခုနှစ် ရခိုင် ပဋိပက္ခရဲ့ အမြင့်ဆုံး ရေချိန်၊ စစ်တွေမြို့ မီးဟုန်းဟုန်း တောက်နေချိန်မှာ ရခိုင်ပြည်နယ်ကို ကျွန်တော်သွားပြီး သတင်းယူခဲ့ပါတယ်။ နှစ်ဖက် အခြေအနေ၊ ကိုယ်စားပြု အသံတွေကို ရခဲ့ပါတယ်။ ရခိုင် တိုင်းရင်းသားတွေဟာ အစွန်း ရောက်သူတွေ မဟုတ်ပါဘူး။
(၄)
ဘင်္ဂါလီ အရေးမှာပဲဖြစ်ဖြစ်၊ တရုတ်အရေးမှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အမျိုးသား လုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွား ရှုထောင့် တစ်ခုတည်းကပဲ ရပ်တည်ပါတယ်။ သေချာတဲ့ အချက်က ဘင်္ဂါလီတွေဟာ မြန်မာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း၊ မီဒီယာ တစ်ချို့ဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ရဲ့ အကြံပြု ပြောဆိုချက်တွေကို နားထောင်လေ့ မရှိပါဘူး။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလမှာ မစ္စတာ ဘန်ကီမွန်က သတင်းဌာန ဆယ်ခုနဲ့ သီးသန့် သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ Eleven Media Group ကို မခေါ်ပါဘူး။ သူ့အတိုင်းပဲ မစ္စရန်ဟီးက ပုဂ္ဂလိက မီဒီယာ သမားတွေနဲ့ တွေ့ပါတယ်။ Eleven Media Group မပါပါဘူး။
ဒီအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေး အရာရှိကို မေးပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာ၊ စာဖတ် ပရိသတ် အားပေးမှု အများဆုံး ရထားတဲ့ မီဒီယာတစ်ခုကို ဘာကြောင့် မဖိတ်သလဲလို့ မေးပါတယ်။ ဖိတ်ကြားမှု တွေအတွက် ဘယ်လိုစံနှုန်း သတ်မှတ်သလဲဆိုတာ သိချင်တာပါ။
“ပြောလို့ မရပါဘူး” ဆိုတဲ့ တစ်ခွန်းက လွဲပြီး သူ့ဘက်က ပြန်ဖြေခဲ့တာ မရှိပါဘူး။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ ပြန်ကြားရေး တာဝန် ယူထားပေမယ့် လိုအပ်တဲ့ မေးခွန်းတိုင်း ပြန်ဖြေပေးလေ့ မရှိတာက ထုံးစံလို ဖြစ်နေတဲ့ အတွက် သူ့အဖြေကို မအံ့ဩမိပါဘူး။
(၅)
ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေ ခွဲခြား ဆက်ဆံခံရတယ် ဆိုတဲ့စကားကို ကုလသမဂ္ဂက အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ရခိုင် တိုင်းရင်းသားတွေလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခွဲခြား ဆက်ဆံခံရမှုကို ခံနေ ကြရတာပါပဲ။ ဒါက တစ်ချက် ဖြစ်ပါတယ်။
နောက်တစ်ချက်က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ က မြန်မာနိုင်ငံသား လုံးဝမဟုတ်တဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာ အဖြစ် ခေါ်ပါတယ်။ မြန်မာနိုင်ငံသား စာရင်း သွင်းစေချင်ပါတယ်။ ဒီဇင်ဘာက ထွက်ပေါ်ခဲ့တဲ့ ကုလသမဂ္ဂ တိုက်တွန်းချက်မှာ ဒီအချက် ပါဝင်ပါတယ်။
ဘင်္ဂါလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ မြန်မာအစိုးရကို တိုက်တွန်းတာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို မြန်မာ အစိုးရက တရားဝင် ထုတ်ဖော် ပြောကြား ထားပါတယ်။ ဘင်္ဂါလီ အသုံးအနှုန်းကို လက်ခံပေမယ့် သူတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်ပါတယ်။
မြန်မာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကလည်း အစိုးရနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိပါဘူး။
ဒါပေမဲ့ ကုလသမဂ္ဂက ဒါကို လက်မခံပါဘူး။
အခေါ်အဝေါ် အငြင်းပွားမှု ရှိနေပေမဲ့ အစီအရင်ခံစာ တင်သွင်းတဲ့ အခါ ရိုဟင်ဂျာလို့ပဲ သုံးစွဲမယ်လို့ မစ္စ ရန်ဟီးလီက ပြောပါတယ်။ အိမ်ရှင် နိုင်ငံဖြစ်တဲ့ မြန်မာ ပြည်သူ လူထုကလည်း မကြိုက်၊ ရခိုင် တိုင်းရင်းသား တွေလည်း မကြိုက်တဲ့ အသုံးအနှုန်းကို ဆက်သုံးမယ်လို့ သူက ဆိုခဲ့တာပါ။
ရိုဟင်ဂျာတွေကို ဘင်္ဂါလီလို့ သတ်မှတ် ပေးလိုက်ရင် သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေး အပါအဝင် အခွင့်အရေးများစွာ ဆုံးရှုံးသွားမယ်လို့ မစ္စ ရန်ဟီးလီက ပြောခဲ့ပါတယ်။
ရိုဟင်ဂျာ ဖြစ်ဖြစ်၊ ဘင်္ဂါလီ ဖြစ်ဖြစ် အခေါ်အဝေါ်ကို မငြင်းလိုတော့ပါဘူး။ ကြိုက်သလို ခေါ်နိုင်ပါတယ်။ အစိုးရက ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သတ်မှတ်ထားတယ်။ နိုင်ငံသား စိစစ်တဲ့အခါ ဘင်္ဂါလီလို့ ပြောသူကိုပဲ စိစစ်မယ်လို့ ဆိုထားပါတယ်။
နိုင်ငံသား စိစစ် ခံယူချင်တယ် ဆိုရင် ဘင်္ဂါလီလို့ ပြောရမှာပါပဲ။ ရိုဟင်ဂျာပြောရင် ချန်ထားမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရနဲ့ ရှင်းကြပါ။ ဒါပေမဲ့ ရိုဟင်ဂျာ ဖြစ်စေ၊ ဘင်္ဂါလီ ဖြစ်စေ မြန်မာနိုင်ငံသား ခံယူချင်တယ် ဆိုရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတိုင်း ဆုံးဖြတ်ခံရမှာ ဖြစ်ပါတယ်။
(၆)
သေချာတာက ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာ လူမျိုးဆိုတဲ့ အသုံးအနှုန်းတော့ ရှိခဲ့ဖူးပါတယ်။
မြန်မာ့ စွယ်စုံကျမ်း အတွဲ ၉၊ စာမျက်နှာ ၈၉ မှာ “မေယု နယ်ခြားခရိုင်” အကြောင်းကို ဖော်ပြခဲ့ပါတယ်။ မေယု နယ်ခြားခရိုင် ဆိုတာ တစ်ချိန်တုန်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အနောက် မြောက်ဒေသတွေ ပါဝင်တဲ့ ခရိုင် တစ်ခုကို ပြောတာပါ။ မေယု နယ်ခြားခရိုင် ဖော်ပြချက်မှာ စာပိုဒ်တစ်ခု ပါဝင်ပါတယ်။
“မေယု နယ်ခြားခရိုင်တွင် လူဦးရေ ၄ သိန်းကျော် ၅ သိန်းနီးပါး ရှိ၏။ များသောအားဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့်သာ အသက်မွေးကြသည်။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မှာ ရိုဟင်ဂျာ လူမျိုးဖြစ်၍ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီးစသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်လျက် ရှိသည်”ဆိုပြီး ဖော်ပြခဲ့တဲ့ စာပိုဒ် ဖြစ်ပါတယ်။
ဘင်္ဂါလီ လိုလားသူတွေဘက်က ဒီဖော်ပြချက်ကို ပြောဆိုပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ စာပိုဒ်ပါ ဖော်ပြချက်အရ ရိုဟင်ဂျာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလို့ မသုံးခဲ့ပါဘူး။ လူမျိုးလို့ပဲ သုံးခဲ့ပါတယ်။
မြန်မာ တိုင်းရင်းသား မျိုးနွယ်စုထဲမှာ ရိုဟင်ဂျာ မရှိပါဘူး။ သူတို့တွေက တစ်ဖက် နိုင်ငံကနေ ရောက်လာကြသူတွေပါ။ ကိုလိုနီခေတ်မှာ ဝင်လာခဲ့တယ်။ အင်အား ကြီးလာချိန်မှာ မွတ်ဆလင် ပြည်နယ် ထူထောင်ရေးအထိ တောင်းဆို ခဲ့ပါတယ်။ ဒါကတစ်ချက်ပါ။
နောက်တစ်ချက်က ၁၉၅၅-၅၆ ခုနှစ် ဖဆပလအစိုးရ ဦးနလက်ထက်မှာ ကြီးမားတဲ့ အမှားကို လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲရလိုဇောနဲ့ တစ်ဖက်နိုင်ငံက လူမျိုးခြားတွေကို မြန်မာနိုင်ငံထဲ ဝင်ခွင့် ပေးလိုက်တယ်။ ယာယီ နိုင်ငံသားလက်မှတ်၊ မှတ်ပုံတင်တွေကို အလွယ်တကူ ထုတ်ပေးပြီး ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးစေခဲ့ပါတယ်။ အဲဒီ ဒေသတွေမှာ ဖဆပလ အနိုင်ရခဲ့သလို ဘင်္ဂါလီ အမတ်တွေလည်း လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။
၁၉၆ဝ ပြည့်လွန် နှစ်တွေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ အရေအတွက် ငါးသိန်းနီးပါး ရှိလာခဲ့ပါတယ်။ သူတို့တွေရဲ့ စိမ့်ဝင်ပျံ့နှံ့မှုက ရခိုင် ပြည်နယ်အနှံ့ အထိ ရောက်ခဲ့ပြီး တဖြည်းဖြည်း အားကောင်း ခဲ့ကြပါတယ်။
၁၉၆၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး အသွင် ဘင်္ဂါလီ စာရင်း ကောက်ယူမှု၊ ၁၉၆၉ ခုနှစ်မှာ လုပ်ခဲ့တဲ့ မြတ်မွန် စစ်ဆင်ရေး၊ ၁၉၇၄ ခုနှစ်မှာ လုပ်တဲ့ စပယ် စစ်ဆင်ရေးတွေဟာ ဘင်္ဂါလီတွေကို စိစစ်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်မှာ စတင် လုပ်ဆောင်ခဲ့တဲ့ နဂါးမင်း စီမံချက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။
နဂါးမင်း စီမံချက် စစ်ဆင်ရေးကြောင့် ဘင်္ဂါလီပေါင်း ၁၅ဝဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် သွားပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပထမဆုံး ထုတ်ဖော် ပြောဆိုတာ ရှိလာပါတယ်။ သူတို့ အဆိုအရ ဘင်္ဂါလီ ၂၅ဝဝဝဝ ကျော် ဘင်္ဂါလားဒေ့ရှ်ဘက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုခဲ့သလို နိုင်ငံတကာ မီဒီယာ တစ်ချို့ကလည်း ဘင်္ဂါလီပေါင်း တစ်သိန်းနီးပါး သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၇၈ ခုနှစ် ဇူလိုင်လမှာ တိမ်းရှောင် ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ဟင်္သာ စီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဟင်္သာ စီမံချက်ကြောင့် ပြန်ဝင်လာတဲ့ ဘင်္ဂါလီ အရေအတွက် ၁၉ဝ,ဝဝဝ နီးပါး ရှိခဲ့ပါတယ်။ ထွက်ပြေးသွားသူ အရေအတွက်ထက် ပိုဝင်ခဲ့တာပါ။
(၇)
၁၉၈ဝ ပြည့်လွန် နောက်ပိုင်း လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ နေထိုင်နေသူ ဘင်္ဂါလီ အရေအတွက် က ငါးသိန်းကနေ ရှစ်သိန်းကြားမှာ ရှိနိုင်ပါတယ်။ သူတို့ထဲက ငါးသိန်းခန့်ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်လို့ ရနိုင်မှာပါ။ ဥပဒေနဲ့ လျော်ညီရင်တော့ နိုင်ငံသားဖြစ်ခွင့် ရှိပါမယ်။ ဒါပေမဲ့ အနည်းဆုံး သုံးသိန်းကတော့ နိုင်ငံသားဖြစ်နိုင်မှာ မဟုတ်ပါဘူး။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံ အတွက် အသင့်လျော်ဆုံး ဥပဒေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဘေးမှာ လူဦးရေ အဆမတန်များပြီး တိုးပွားနှုန်းမြင့်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့ ရှိနေပါတယ်။
ဒါကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကုလသမဂ္ဂက ပြင်ဖို့ တိုက်တွန်းနေပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က နှစ်ချက်ရှိပါတယ်။ ပထမအချက်က ရိုဟင်ဂျာတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို နိုင်ငံသား ခွင့်ပြုပေးဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာ ဒုတိယအချက် ဖြစ်ပါတယ်။
ကျွန်တော်တို့က အစိုးရလုပ်သမျှ အရာခပ်သိမ်း ထောက်ခံရေးသားနေသူတွေ မဟုတ်ပါဘူး။
လက်ရှိ အချိန်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှု ရပ်တန့်နေတာ၊ အဂတိ လိုက်စားမှု မထိန်းချုပ်နိုင်တာ၊ တရားစီရင်ရေး မဏ္ဍိုင် ယိုယွင်း ပျက်စီးပြီး ပြစ်မှုပြစ်ဒဏ် မျှတမှု မရှိ ဖြစ်နေတာ၊ ပြည်သူ လူထု ဆင်းရဲမွဲတေမှု မြင့်မားနေတာ၊ မရှိ ဆင်းရဲသား တောင်သူ လယ်သမားတွေ ဖိနှိပ်ခံနေရတာ၊ ဂျာနယ်လစ်တွေ ဖမ်းဆီး ထောင်ချ ခံနေရတာတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ရင်တော့ အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံက မှန်ကန် သင့်မြတ်တယ်လို့ ယူဆပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ရဲ့ ဘင်္ဂါလီအရေး ကိုင်တွယ်ဆောင်ရွက်မှုဟာ ၁ဝဝ ရာခိုင်နှုန်း အမှတ်ပြည့် မရရင်တောင် ၈ဝ ရာခိုင်နှုန်း မှန်ကန်ပါတယ်။ နောက်ပြီး သူတို့ ရဲ့ ကိုင်တွယ်မှုကို မြန်မာ ပြည်သူလူထုက ကျေနပ်ပါတယ်။
သမ္မတ ဦးသိန်းစိန် မဟုတ်လို့ ဘယ်သူပဲ အစိုးရအဖွဲ့ကို တာဝန်ယူယူ၊ ဘယ်ပါတီပဲ တက်လာ တက်လာ ဘင်္ဂါလီတွေ တိုင်းရင်းသား လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြောလို့၊ NLD က လုပ်ပေးမယ် ဆိုရင်လည်း တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် ဘင်္ဂါလီကို တိုင်းရင်းသား အဖြစ် စဉ်းစားမယ်ဆိုရင် ကြီးမားတဲ့ လူထု ဆန့်ကျင်မှုကို ခံရမှာပါ။
သမ္မတ ဦးသိန်းစိန် အစိုးရက အခုချိန်မှာ ဘင်္ဂါလီအရေး ကိုင်တွယ်ပုံ မှန်ကန်ပေမဲ့ ဒါကို မဲဆွယ် စည်းရုံးရေး စင်မြင့်အဖြစ် အသုံးချလို့ မရပါဘူး။
မကြာသေးမီ အချိန်က ယာယီ သက်သေခံလက်မှတ် (White Card) ကိုင်ထားသူတွေ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးဖို့ ခွင့်ပြုသင့်ကြောင်း သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက်ပေးတဲ့ သတင်း တစ်ရပ် ထွက်ခဲ့ပါတယ်။ ဒီလို ခွင့်ပြုလို့မရပါဘူး။
ယာယီ သက်သေခံလက်မှတ် ကိုင်ထားသူတွေကို မဲပေးစေချင်ရင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စိစစ်မှုခံယူရပါမယ်။ ဥပဒေနဲ့ ကိုက်ညီပြီး နိုင်ငံသားဖြစ်တယ် ဆိုရင် မဲပေးခွင့် ရှိပါလိမ့်မယ်။
(၈)
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂါလီ အရေးဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီကြားက ပြဿနာ မဟုတ်ပါဘူး။ မြန်မာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင် ပါတယ်။ ဖြစ်နေတဲ့ ပြဿနာ ဟာလည်း ဒေသဆိုင်ရာ ပြဿနာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။
ထပ်ပြောရရင် ဘင်္ဂါလီ အရေးဟာ ရခိုင်ပြည်နယ်အရေးနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံမှာရှိနေတဲ့ လူဦးရေ သန်း ၅ဝ ကျော်နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်လာပါပြီ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးကိစ္စ ဖြစ်ပါတယ်။
အခုချိန်မှာ ဘင်္ဂါလီ အရေအတွက် ရခိုင်ပြည်နယ်မှာ ငါးသိန်းကနေ ရှစ်သိန်းအထိ ရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံး ပျံ့နှံ့မှု အတိုင်းအတားအရ တစ်သန်းခွဲနဲ့ နှစ်သန်းကြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ ဘင်္ဂါလီတွေ ရှိနေပါတယ်။ ကချင် ပြည်နယ်မှာ ရှိနေသလို တနင်္သာရီတိုင်းမှာလည်း ရှိနေပါတယ်။ ကရင်ပြည်နယ်မှာ ရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေမှာလည်း ရှိနေပါတယ်။
မြန်မာ တစ်နိုင်ငံလုံး ဘင်္ဂါလီတွေ သန်းချီ ပျံ့နှံ့ နေထိုင်နေတဲ့ အချိန်မှာ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်ပါ ဆိုတဲ့ စကားကို ပြီးစလွယ် ပြောလို့ မရပါဘူး။ နိုင်ငံတစ်ခုရဲ့ လက္ခဏာ (identity) ပျောက်ဆုံး သွားနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ အနေနဲ့ လွယ်လွယ်လေး သဘောထားပြီး လုပ်ခိုင်းလို့ မဖြစ်နိုင်သလို ဖိအားပေး လုပ်ခိုင်းလို့လည်း ဖြစ်မှာ မဟုတ်ပါဘူး။
မစ္စ ရန်ဟီးလီက ရခိုင်ပြည်နယ်ရဲ့ ပြဿနာက နိုင်ငံတကာ အတွက်ပါ ရှုပ်ထွေးတဲ့ ပြဿနာလို့ ဆိုပါတယ်။ ဒါက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ချို့ကြောင့်ပဲ ရှုပ်ထွေးရတာပါ။ ကျွန်တော်တို့ နိုင်ငံ အတွက်တော့ ရှင်းပါတယ်။ နိုင်ငံရဲ့ အမျိုးသားရေး ဖြစ်တဲ့အတွက် ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် ဘယ်တော့မှ အသိမှတ်ပြု လက်ခံမှာ မဟုတ်ပါဘူး။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သိထားဖို့က ရိုဟင်ဂျာ ဖြစ်ဖြစ်၊ ဘင်္ဂါလီ ဖြစ်ဖြစ် သူတို့တွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူး ဆိုတာကို လက်ခံရပါမယ်။ ပြီးတဲ့နောက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ဆုံးဖြတ်တာကို နားလည် သင့်ပါတယ်။ ဒီအချက်နှစ်ခုကို သွေဖယ်ပြီး ဘင်္ဂါလီတွေကို မြှောက်ပေးနေရုံနဲ့ ပြဿနာ ပြေလည်မှာ မဟုတ်ပါဘူး။ မီးစတွေပဲ ဖြစ်နေပါလိမ့်မယ်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ မပြောပါနဲ့။ တကယ်လို့ ခေတ်မီအောင် ပြင်ဆင်ဖို့ လိုအပ်မယ် ဆိုရင်လည်း ဥပဒေပါ အခြေခံ အချက်တွေကို ပြင်လို့ မရနိုင်ပါဘူး။
ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီတွေ၊ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ ဘင်္ဂါလီတွေ အကုန်လုံး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ခံပြီးမှ နိုင်ငံသားဖြစ်ခွင့်ရှိပါမယ်။
(၉)
ဘင်္ဂါလီ ဒုက္ခသည်တွေနဲ့ ပတ်သက်တာကိုလည်း ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ရှစ်သိန်း နီးပါး ရှိနိုင်တယ်။ အနည်းဆုံး သုံးသိန်းက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။
ခိုးဝင် ဘင်္ဂါလီတွေ အပါအဝင် ဒုက္ခသည် စခန်းမှာရှိနေတဲ့ ဘင်္ဂါလီ အရေအတွက်က ၂ဝ၁၂ခုနှစ် ရခိုင် ပဋိပက္ခနောက်ပိုင်း တစ်သိန်း အထက်မှာ ရှိနိုင်ပါတယ်။
ကုလသမဂ္ဂ တိုက်တွန်းချက်မှာ နှစ်ချက် ပါဝင်ပါတယ်။ ပထမအချက်က ဘင်္ဂလီတွေကို နိုင်ငံသား အခွင့်အရေးပေးဖို့၊ ဒုတိယအချက်က နိုင်ငံတွင်း လွတ်လပ်စွာ သွားခွင့်ပြုဖို့ ဖြစ်ပါတယ်။
နိုင်ငံသား အခွင့်အရေးက နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ လျော်ညီရင် ရမှာပါ။ ဒီအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်ပါလိမ့်မယ်။ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်ပါလိမ့်မယ်။
နိုင်ငံသား ဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသား ဖြစ်ခဲ့ပြီဆိုရင် နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ကို အစိုးရက ခွင့်ပြုပေးရပါလိမ့်မယ်။
ရခိုင် ဒုက္ခသည် စခန်းက လူတွေကိုတော့ လွတ်လပ်စွာ သွားလာခွင့်ပြုပြီး ဘင်္ဂါလီ ဒုက္ခသည်စခန်းက လူတွေကိုတော့ ထိန်းချုပ် ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပါတယ်။ မတူပါဘူး။ ရခိုင် ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာ နိုင်ငံသား တိုင်းရင်းသားတွေပါ။
ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ရှိနေသူတွေက မြန်မာနိုင်ငံသား တိုင်းရင်းသား စစ်စစ်တွေ မဟုတ်ပါဘူး။ သူတို့ကို ဒုက္ခသည်စခန်း အပြင်ထွက်ခွင့် မပေးတာ သဘာဝကျပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း ဒီအတိုင်း တွေ့ရမှာပါ။ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတစ်ချို့ကို ကျွန်တော် ရောက်ဖူးပါတယ်။ အဲဒီစခန်းမှာ ရှိနေသူတွေလည်း သူတို့အတွက် သတ်မှတ်ပေးထားတဲ့ ဧရိယာက လွဲပြီး ပြင်ပ ထွက်ခွာခွင့် မရှိပါဘူး။ ဥပဒေမဲ့ လုပ်ဆောင်ပြီး ထွက်တာ တစ်ချို့ရှိပေမဲ့ ထိုင်းနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်တော့ တရားဝင် ပေးမထားပါဘူး။
ဒါတောင် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေဟာ ပြဿနာ ရှာတတ်သူတွေ မဟုတ်ပါဘူး။
ဒီနေရာမှာ ဒုက္ခသည်ချင်း အတူတူ လူ့အခွင့်အရေး စံနှုန်းကို တိုင်းတာတဲ့အခါ ချို့ငဲ့မှု ပုံရိပ်ကို ဦးစားပေး ပြောကြတာ မြင်တွေ့နေရပါတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း ဒီပုံရိပ်တွေကို ဖော်ပြပြီး ဘင်္ဂါလီ ဒုက္ခသည်တွေရဲ့ အခြေအနေ ဆိုးဝါးနေတယ် ဆိုတာ ပုံဖော်လေ့ ရှိပါတယ်။ အမှန်တော့ ဘင်္ဂါလီ ဒုက္ခသည် အချင်းချင်းကြားမှာကို လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိခဲ့ပါ တယ်။ ကုလသမဂ္ဂ အနေနဲ့ ဒါတွေကို ပိုပြီး အာရုံ စိုက်သင့်ပါတယ်။
နောက်တစ်ချက်က မြန်မာနိုင်ငံ ပြင်ပမှာ ရိုဟင်ဂျာ အမည်ခံပြီး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ အကြောင်း ဖြစ်ပါတယ်။ သူတို့တွေ ဘယ်သူတွေဆီက ထောက်ပံ့ကြေးငွေ ရပြီး ဘယ်လို ရပ်တည်နေတယ်၊ ဘာတွေ လုပ်နေလဲဆိုတာ ကျွန်တော်တို့ စုံစမ်းနေပါတယ်။ အချက်အလက်ပြည့်စုံတာနဲ့ ရေးသားသွားမှာ ဖြစ်ပါတယ်။
ဘင်္ဂါလီ ရိုဟင်ဂျာ မဟုတ်ပေမဲ့ အမည်ခံအဖွဲ့အစည်းဖွဲ့၊ ပြည်ပမှာ လှုပ်ရှားရင်း ချမ်းသာပြီးစည်းစိမ်ခံနေကြသူတွေ ရှိပါတယ်။ ဘင်္ဂါလီဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေဘဝက သူတို့နဲ့ယှဉ်ရင် မိုးနဲ့ မြေလိုပါပဲ။
(၁ဝ)
မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဘင်္ဂါလီ အရေးတစ်ခု တည်းကိုပဲ လွန်လွန်ကျူးကျူး အာရုံစိုက် နေတာဟာ ကုလသမဂ္ဂရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ သူတို့ ရောက်လာတဲ့ အကြိမ် တိုင်းမှာလည်း ဘင်္ဂါလီ အရေးကိုပဲ ဦးစားပေး ပြောလေ့ရှိပါတယ်။
ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ အရေးထက် ပိုပြီး အာရုံစိုက်ရမယ့် အချက်တွေ အများကြီး ရှိပါတယ်။
ကချင်ပြည်နယ်မှာ ပြည်နယ် လူဦးရေရဲ့ ၂ဝ ရာခိုင်နှုန်းက စစ်ဘေးသင့် ဒုက္ခသည်တွေ ဖြစ်နေပါပြီ။ ကချင်ဒုက္ခသည် စခန်းတွေကို ကုလသမဂ္ဂရဲ့ အကူအညီ မရောက်တာ အနည်းဆုံး အချိန် လေးလကျော် ငါးလထဲ ရောက်သွားပါပြီ။ ဒီမတိုင်ခင် ရောက်ရှိမှုတွေကလည်း ဒုက္ခသည် အရေအတွက်ကို မခြုံငုံမိပါဘူး။ ဆိုးဝါးတဲ့ ရာသီဥတု ဒဏ်အောက်မှာ အစာရေစာ မဝလင်ဘဲ ဆင်းရဲချို့ငဲ့စွာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံသား တိုင်းရင်း သား စစ်ပြေး ဒုက္ခသည်တွေကိုတော့ ကုလသမဂ္ဂက မျက်ကွယ် ပြုထားသလို ဖြစ်နေပါတယ်။
ထိရောက်ပြီး အကျိုးရှိနိုင်တဲ့ ကူညီ ထောက်ပံ့မှုတွေ လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ဒုက္ခသည်တွေဆီကို ထောက်ပံ့မှုတွေ မရောက်တာ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ကုလသမဂ္ဂရဲ့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ချက် မတွေ့ရတာ ထင်ရှားပါတယ်။
မစ္စရန်ဟီးလီရဲ့ မြန်မာနိုင်ငံ ဒုတိယ ခရီးစဉ်မှာ ကချင် ဒုက္ခသည်စခန်းတွေဆီ မရောက်ပါဘူး။ ရှမ်းပြည်နောက် မြောက်ပိုင်းက ဒုက္ခသည် စခန်းတွေဆီ သွားဖို့ အစီအစဉ်ရှိပေမဲ့ ဖျက်သိမ်း ခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ ဆိုတဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ ဖျက်ခဲ့တာပါ။ ဒါဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။
ငြိမ်းချမ်းစ ပြုနေပြီဖြစ်တဲ့ ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို အခုချိန်ထိ မလုပ်နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ အချိန် လေးနှစ်တာ ကာလအတွင်း ဘယ်သူကမှ မလုပ်နိုင်သေးတာပါ။ ဒီအတွက် ကုလသမဂ္ဂက မြေမြှုပ် မိုင်းရှင်းလင်းရေး အမြန်ဆုံး စနိုင်အောင် တွန်းအားပေး တာမျိုး မရှိပါဘူး။ ဒီအတွက် အကြောင်းပြချက်တော့ သူတို့မှာ ရှိနေမှာပါ။ ဝတ်ကျေ တန်းကျေ ပြောဆိုမှုတွေကိုတော့ စာ မဖွဲ့ကြပါနဲ့။
ရှမ်းပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ ဒေသတွေမှာ ကုလသမဂ္ဂ လုပ်မယ်ဆိုရင် ပီပီပြင်ပြင် လုပ်လို့ရတဲ့ လုပ်ငန်းတွေရှိပါတယ်။
ဒါပေမဲ့ ပေါ်လွင်တဲ့ ဆောင်ရွက်ချက်မျိုး မတွေ့ရပါဘူး။ လုပ်တာ တချို့ရှိပေမယ့် ဒေသခံတွေ လိုအပ်တာကို လုပ်တယ် ဆိုတာထက် ပရောဂျက် အမြန်ပြီးရေး ပုံစံမျိုးပဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ အများကြီးရှိပါတယ်။ လက်ရှိ အချိန်ဆိုရင် ရွေးကောက်ပွဲကို အာရုံစိုက်ရမယ့် အချိန်ပါ။
ဒီအတွက် ဝတ်ကျေတန်းကျေ ပြောဆိုမှုတွေ ရှိပေမယ့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု လုပ်ဖို့ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တွေကို ပြန်ကြည့်ရင် ဘင်္ဂါလီ အရေးကပဲ သာသာထိုးထိုး ဖြစ်နေပါတယ်။
(၁၁)
ဘင်္ဂါလီကိစ္စ တစ်ဖက်စောင်းနင်း နိုင်တဲ့ ပြောဆိုမှုတွေရဲ့ အကျိုးဆက်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဩဇာ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပုံရိပ် ထိခိုက်လာပါတယ်။ ကုလသမဂ္ဂဆိုတာ ဘင်္ဂါလီ မျက်နှာကိုပဲ ကြည့်တဲ့ အဖွဲ့အစည်းလို ဖြစ်လာပြီး အရေးပါ အရာရောက်တဲ့ အခန်းကဏ္ဍမှာ မရှိတော့ပါဘူး။
အခုလက်ရှိ ကုလသမဂ္ဂရဲ့အထွေထွေ အတွင်းရေးမှူးချုပ်က မစ္စတာ ဘန်ကီမွန် ဖြစ်ပါတယ်။ သူ့ရဲ့ ရာထူး သက်တမ်းက ၂ဝ၁၆ ခုနှစ်မှာ ကုန်ဆုံးပါမယ်။ သူ မတိုင်ခင် တာဝန်ယူခဲ့တဲ့ မစ္စတာ ကိုဖီအာနန် လက်ထက်မှာ ဘင်္ဂါလီ အရေး အာရုံစိုက်မှု အခုချိန်လောက် မပြင်းထန်ပါဘူး။ မစ္စတာ ဘန်ကီမွန် တာဝန်ယူချိန်မှာ သိသိသာသာ ပြင်းထန်လာပြီး တစ်ဖက်သတ် ကျတဲ့ စွပ်စွဲ ပြစ်တင်မှုတွေလည်း အများကြီး ဖြစ်ခဲ့ပါတယ်။
အခု မြန်မာနိုင်ငံကို လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီက မစ္စတာ ဘန်ကီမွန်လိုပဲ တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပါတယ်။ မစ္စ ရန်ဟီးလီ မတိုင်ခင်က သောမတ်စ် အိုဟေး ကွင်တားနား ဖြစ်ပြီး ဘင်္ဂါလီ အရေး တစ်ဖက်သတ် စွပ်စွဲချက်တွေကြောင့် နာမည်ပျက်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ မစ္စရန်ဟီးလီ မြန်မာနိုင်ငံကို ပထမဆုံး လာခဲ့ပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မှန်ကန် မျှတတဲ့ သုံးသပ်ချက်တွေ ထွက်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ လက်တွေ့မှာ ဖြစ်မလာဘဲ မစ္စတာကွင်တားနား ပုံစံအတိုင်း ဘင်္ဂါလီအရေးမှာ တစ်ဖက်သတ် ကောက်ချက်ဆွဲ၊ တွန်းအားပေးတာတွေ ဖြစ်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ဘင်္ဂါလီ အရေး မီးထိုးပေးမှုတွေက မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေးကို ထိခိုက်လာပါတယ်။ ဒါတင် မကပါဘူး။ အခုချိန်မှာ မြန်မာ-ကုလသမဂ္ဂ ဆက်ဆံရေး သာမကဘဲ မြန်မာ-တောင်ကိုရီးယား ဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်တဲ့ ဘက်ကို ဦးတည်လာပါပြီ။
သေချာတဲ့အချက်က ဘင်္ဂါလီအရေးဟာ ရခိုင် တိုင်းရင်းသားများ နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပြဿနာမဟုတ်ဘူး။ မြန်မာ တစ်နိုင်ငံလုံး အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို ဘယ်သူကမှ လာပြီး ဖိအားပေးလို့ မရပါဘူး။
Writer: နေထွန်းနိုင်
Eleven Media Group

မောင်တောသတင်း အပြည့် အစုံ


မောင်တောတွင် ရောက်ရှိနေသော
အမေရိကန် လထနိုင်ငံခြားရေးဝန်ကြီးမ သည်
ဗိုလ်မှူးရွာသို့ သွားရောက်ရာ ရခိုင်အိမ်များသို့ မ၀င်ဘဲ 
ဘင်္ဂလီကုလား ၊ မိန်းမ နှင့် ကလေးများနှင့်
ကွဲကွာနေသော ဆွေမျိုးများပြန်တွေ့သကဲ့သို့
ဖက်လှဲတကင်း နှုတ်ဆက် စကားဖောင်ဖွဲ့ကြသည်။
ပြီးနောက် ကုလားအိမ်တစ်ဆောင်ပေါ်သို့အတက်တွင်
လှေကားကျိုးကျပြီး ခြေထောက်ကွဲရှ ဒဏ်ရာရသွားသဖြင့်
လူ့အဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ကြောင်း
မောင်တောသားများ ပြောစကားအရသိရှိရသည် ။

မောင်တောရခိုင်တို့ဧ၊် ၁၈.၁.၂၀၁၅ နေ့အမေရိကန် လထနိုင်ငံခြားရေးဝန်ကြီးအဖွဲ့သို့ပြောစကားများ ။့

* အထူးမှတ်ချက် -( အမေရိကန် လထ ၀န်ကြီးမ ကတော့ ကုလားအိမ်အတက်တွင် လှေခါးကျိုးကျပြီး ခြေထောက်ကွဲဒဏ်ရာရသွား၍တွေ့ဆုံပွဲသို့မတက်ရောက်နိုင် ။ သူ့အဖွဲ့ဝင်များသာတက်ရောက် ။)
  • ® တည်ငြိမ်ရေး ၊လုံခြုံရေးနှင့် နှစ်ဘက်သဟဇာတဖြစ်ရေးတို့ကို
            ကြိုးစားတည်ဆောက်သော်လည်း ၊
            မော်လ၀ီများ သွေးထိုးလှုံဆော်မှုများကြောင့်
            ထင်သလောက်ခရီးမပေါက်နိုင် ။
  • ® ဖမ်းဆီးရမိသော RSO တို့အားစစ်ဆေးချက်အရ
             မောင်တောမှဘင်္ဂလီလူငယ်များ ဘင်္ဂလာဒေ့ရှ်နယ်မြေထဲရှိ
            RSO အခြေစိုက်စခန်းများသို့ သွားရောက်ကြပြီး
            စစ်သင်တန်းတက်ခြင်း ၊သတင်းပို့ ၊ ညွှန်ကြားချက်ယူခြင်းများ
            ပြုလုပ်နေကြကြောင်းသိရှိရ ။
  • ®မောင်တောနယ်မှ ကုလားများသည် အင်ဒိုနီးရှား ၊မလေးရှားတို့မှ 
            မူဆလင်တို့နှင့် မတူဘဲ ၊ အာဖဂန် ပါကစ္စတန် တို့မှ
           အစွန်းရောက် စစ်သွေးကြွမူဆလင်တို့နှင့် အဆက်အသွယ်
           ရှိသူများဖြစ်ကြသည် ။
  • ® မြန်မာနိုင်ငံထဲရောက်ရှိနေထိုင်သူတိုင်းသည် 
          ပြဌာန်းထားသောဥပဒေဘောင်များအတွင်းနေထိုင်နိုင်ကြရမည် ။
  • ® ခေတ်ကာလတစ်လျှောက်လုံး 
          ရခိုင်သတ်၍ ဘင်္ဂလီသေဆုံးခြင်းမရှိဘဲ
          ဘင်္ဂလီများသတ်ဖြတ်၍ ရခိုင်များသာအများအပြားသေဆုံးခြင်း
         ရှိကြောင်း ရဲစခန်းနှင့် တရားရုံးမှတ်တမ်းများက
          သက်သေခံနေပါသည် ။
  • ® ၂၀၁၂ ပဋိပက္ခကြောင့် ဒုက္ခသည်ဖြစ်ကြရသူများမှာ 
          ရခိုင်များသာဖြစ်ပြီး ၊ ဘင်္ဂလီဒုက္ခသည် တစ်ယောက်မျှမရှိ ။
         သို့သော် UNHCR က ယခုအချိန်ထိ ဘင်္ဂလီများကိုသာ
         တစ်ဘက်သတ်ပံ့ပိုးပေးလျက်ရှိသည် ။
  • ® ဘင်္ဂလီတို့ဧ၊် လုပ်ကြံဖန်တီးပေးပို့သည့် သတင်းမှားများကို
          နိုင်ငံတကာ မီဒီယာများက စီစစ်မှုမပြုဘဲ
          ဘင်္ဂလီအလိုကျ လိမ်ညာထုတ်လွှင့်မှုများကြောင့်
          ကမ္ဘာ့အလယ်တွင် ရခိုင်တို့ကို အကြမ်းဖက်သူများ ၊
          လူဆိုးများသဖွယ် ပုံရိပ်ဆိုးများ ဖြစ်ပေါ်ခဲ့ရ ။
          ဒုချီးရားတန်းကိစ္စသည် မီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုဧ၊်
         ထင်ရှားသော သာဓကဖြစ်သည် ။
  • ® ရခိုင်၌ ပဋိပက္ခဖြစ်ပေါ်စေသည့် 
           တရားမ၀င်ကျူးကျော်ဘင်္ဂလီများကို
          အမေရိကန် သို့မဟုတ် စာနာကြသည့်နိုင်ငံ များသို့
         ခွဲဝေ ခေါ်ယူသွားနိုင်ကြလျင် အကောင်းဆုံးဖြစ်မည် ။
( Than Tun Than )့

ဓာတ်ခဲမြိုချမိသည့် ကလေးငယ် ခွဲစိတ်မှု (၆၅)ကြိမ် ပြုလုပ်ပြီးနောက် စကားပြန်လည် ပြောဆိုနိုင်


လန်ဒန် ၊ ၁၈-၁-၂၀၁၅

အမေရိကန် ပြည်ထောင်စု တွင် လမ်းလျှောက် တတ်စ အရွယ်က ဓာတ်ခဲ တစ်လုံးကို မျိုချ မိခဲ့သည့် ကလေးငယ်သည် ခွဲစိတ်မှု (၆၅)ကြိမ် ပြုလုပ်ခဲ့ ပြီးနောက် ၄င်းအသက် ငါးနှစ်အရွယ် တွင် အသက်ရှူ လမ်းကြောင်းဖြင့် ပြန်လည် အသက်ရှူ နိုင်သကဲ့သို့ စကားကိုလည်း ပြန်လည် ပြောဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန် သတင်းဌာန တစ်ခု၏ ဇန်နဝါရီ ၁၇ ရက် ဖော်ပြချက် အရ သိရသည်။

အမ်မက်ရော့ခ်ျ အမည်ရှိ အဆိုပါ ကလေးငယ် သည် အရီဇိုးနား ပြည်နယ် ပီယိုရီးယားမြို့ မှဖြစ်ပြီး ၄င်း လမ်းလျှောက် တတ်စ အရွယ်တွင် ဒီဗီဒီပြစက် ၏ အဝေးထိန်း ကိရိယာ အတွင်းရှိ လီသီယမ် ဓာတ်ခဲကို မျိုချမိခဲ့ ရာမှ အသက်ရှူ လမ်းကြောင်း ပိတ်သွား ခဲ့သည့်အပြင် ၄င်း၏ အစာရေမျို မှာ လောင်သွား ခဲ့ရသည်ဟု သိရသည်။

လီသီယမ် ဓာတ်ခဲ အတွင်းရှိ အက်ဆစ်ဓာတ် ကြောင့် အမ်မက် ၏ အစာရေမျို တွင် အပေါက် နှစ်ပေါက် ဖြစ်ပွားခဲ့ပြီး အစာရေမျို ၏ လေးလက်မ ခန့်ကို ဖြတ်တောက် ဖယ်ရှားခဲ့ ရသည်။ ထို့အပြင် လီသီယမ် ဓာတ်ခဲ အတွင်းရှိ ပါဝင်ပစ္စည်း များကြောင့် အမ်မက် သည် အဆုတ် ပျက်စီး မှုကို ခံစားခဲ့ရပြီး အသက်နှစ်နှစ် မပြည့်မီ အချိန်တွင် X-Ray ရိုက်ကူးမှု အကြိမ်ပေါင်း ၂ဝဝ ခန့်ခံယူ ခဲ့ရသည် ဟု သိရသည်။

ခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ပြီး နောက်တွင် သားငယ် ကို ပုံမှန် ကလေးတစ်ဦး ဖြစ်စေချင် သည့် မိမိ၏ ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအချိန် တွင် သားငယ်သည် အစားအစာ များကို မည်ကဲ့သို့ မျိုချ ရမည်ကို ပြန်လည် သင်ယူလျက် ရှိပြီး အကူကိရိယာ များ မလိုအပ်ဘဲ ၄င်း ကိုယ်တိုင် အသက်ရှူ နေနိုင်ပြီ ဖြစ်ကြောင်း၊ ပီဇာတစ်ခု လုံးကို မည်သည့် အကူအညီမျှ မယူဘဲ ၄င်းကိုယ်တိုင် စားသောက် နိုင်ပြီ ဖြစ်ကြောင်း မိခင်ဖြစ်သူ ကာလာ က ပြောကြားသည်။

သားဖြစ်သူ ကြုံတွေ့ ခဲ့ရသည့် အဆိုပါ မတော်တဆမှု ကြောင့် အမ်မက် ၏ မိဘနှစ်ပါး သည် ကလေးငယ်များ လုံခြုံရေး နှင့် အမျိုးသား တံဆိပ် ထိန်းချုပ်မှု အဖွဲ့နှင့် ပူးပေါင်း ၍ နာရီ၊ ကင်မရာ နှင့် ဂဏန်း တွက်စက် ကဲ့သို့သော မိမိ တို့နေ့စဉ် အသုံးပြု နေသည့် အရာဝတ္ထုများ အတွင်း၌ ပါဝင်သော သေးငယ်သည့် ဓာတ်ခဲသည် မည်ကဲ့သို့ သော အန္တရာယ် များအား ဖြစ်ပေါ် စေနိုင်ကြောင်း ကို သတိပေး ပြောကြား မှုများ လုပ်ဆောင် ခဲ့ကြ သည်ဟု သိရသည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/01/blog-post_72.html

တရုတ်ထုတ် ကလေးအစားအစာအချို့ စားသုံးရန်မသင့်ဟု ကြေညာ

စားသုံးရန်မသင့်ဟု ကြေညာထားသည့် ကလေးအစားအစာ (ဓာတ်ပုံ – ကြေးမုံ)
တရုတ်နိုင်ငံထုတ် ကလေး အစားအသောက် ဆီးသီးထုတ်ယိုစုံ ၂ မျိုးနဲ့ အချိုရည် ၂ မျိုးတို့မှာ တားမြစ် ဆိုးဆေးတွေ သုံးထားတာ တွေ့ရလို့ စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေး ၀န်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ဆီးသီးထုတ် အမှတ်တံဆိပ် Miko-ko နဲ့ တွင်ကျယ်၊ အားဖျန်း အချိုရည် ၂ မျိုးတို့ဟာ စားသုံးဖို့ မသင့်ဘူးလို့ ဒီနေ့ထုတ်သတင်းစာတွေမှာ ဓာတ်ပုံတွေနဲ့ဖော်ပြ သတိပေးခဲ့တာပါ။

တားမြစ်ဆိုးဆေး သုံးထားတဲ့ အစားအသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့် ဈေးတန်းတွေမှာ စစ်ဆေးတွေ့ရှိရတာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဒီလို စားသုံးရန်မသင့်တဲ့ အစားအသောက်တွေ ကြေညာပေးခဲ့တာ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိပြီး တရုတ်မုန့်တွေလို့ ပြောရခက်ကြောင်း ပြောပါတယ်။

“အခု လောလောဆယ် ကျနော်တို့တွေ့ထားတာ ၂ ခုလောက်ရှိတယ်။ အထူးသဖြင့်တော့ စပ်ချောင်းလို မုန့်အုပ်စုတွေမှာ တရုတ်စာတွေနဲ့ ရေးထားတယ်၊ သို့သော်လည်း ပြည်တွင်းမှာထုတ်တာ ဖြစ်နေတယ်။ တံဆိပ်ပေါ်မှာ တရုတ်စာနဲ့ ရေးထားတိုင်း တရုတ်နိုင်ငံက သွင်းတယ်လို့ တိုက်ရိုက်ယူလို့ မရပြန်ဘူး။ အတိအကျပြောဖို့ခက်တယ်။ ဥပမာပြောရရင် အရပ်အခေါ် တရုတ်အစပ်ချောင်းလို့ ခေါ်နေတဲ့ဟာကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် တနေရာမှာ ထုတ်နေတာ တွေ့ခဲ့ဖူးတယ်။”

ကျန်းမာရေးဌာနက စားသုံးရန်မသင့်တဲ့ အစားအသောက်တွေကို စစ်ဆေးတွေ့ရှိတာနဲ့တပြိုင်တည်း သက်ဆိုင်ရာဈေးဌာနနဲ့ ပညာရေးဌာနတို့ကို ချက်ချင်းအကြောင်းကြားပြီး ဒီ အစားအသောက်တွေ ဖယ်ရှားစေတယ်လို့ ပြောပါတယ်။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုဖော်ပြထားပေမယ့် ဒီနေ့ထိ ဘယ်စားသောက်ကုန်ထုတ်လုပ်သူလုပ်ငန်းရှင် တဦးတယောက်ကိုမှ ဖမ်းဆီးအရေးယူတာ မတွေ့ရသေးပါဘူး။

ရန်ကုန်မြို့က ကျောင်းသားမိဘတဦးကတော့ သက်ဆိုင်ရာက နယ်စပ်က၀င်လာတဲ့ မုန့်ပဲသရေစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ သေချာစစ်ဆေးဖို့လိုတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆိုးဆေးသုံး စားသောက်ကုန်ထုတ်နေသူတွေကို ဖော်ထုတ်အရေးယူဖို့အပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့မှာ အဓိက တာဝန်ရှိပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်တယ်လို့ ကျောင်းသားမိဘတဦးက သုံးသပ် ပြောကြားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/77569

အထူးသတိပြုသင့်သော ဘင်္ဂလားဒေရှ် တပ်မတော်၏ ပူးပေါင်းစစ်ဆင်းရေး လေ့ကျင့်ခန်း


၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ဘင်္ဂလားဒေရှ် တပ်မတော်၏ မြစ်ကူးစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆောင်းရာသီ လေ့ကျင့်ခန်း)ကို ဘိုရာတီမြစ်တွင် ပြုလုပ်ခဲ့ပါသည်။ထိုလေ့ကျင့်ခန်းသို့ ဘင်္ဂလားဒေရှ်နိုင်ငံ ဝန်ကြီးချုပ်၏ ကာကွယ်ရေးဆိုင်ရာ အကြံပေး Maj; General-Tarique Ahmed Siddique,ဘင်္ဂလားဒေရှ်တပ်မတော် စစ်ဦးစီးအရာရှိချုပ်(ကြည်း) General-Iqbal Karim Bhuiyan,ရေတပ် ဒုတိယ ဦးစီးချုပ် General-Muhammad Enamul Bariတို့ တက်ရောက်ခဲ့ကျပါတယ်။
ထိုပူးပေါင်းလေ့ကျင့်ခန်းကို ဘင်္ဂလားဒေရှ် တပ်မတော်မှ အမှတ်(၅၅)ခြေလျှင်တပ်မမှ ဦးဆောင်ခဲ့ပြီး စစ်ဆင်ရေးမှုးအဖြစ် အမှတ်(၅၅)ခြေလျှင်တပ်မ၏ တပ်မမှုး Maj; General-SM Matiur Rahmanက ဦးစီးခဲ့သည်။
ရှေးဦးစွာ ဘင်္ဂလားဒေရှ်ကြည်းတပ်မှ မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ရန်သူ့ခံစစ်နေရာများကို အကဲကြည့်ခြင်းကို ဆောင်ရွက်ခဲ့သည်။ထိုနောက် ဘင်္ဂလားဒေရှ်လေတပ်၏ Mig-29Bတိုက်လေယာဉ် နှစ်စီးမှ ရန်သူ၏ ရေဒါနှင့် အမြောက်နေရာများအား ဗုံးကြဲ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။အမြောက်တပ်ဖွဲ့မှ WS-22MLRS အတွဲလိုက်ပစ်ဒုံးများ,Nora SPH ၁၅၅မမယာဉ်တင် အမြောက်များ,D-30 ဟောင်ဝဇ်ဇာ အမြောက်များဖြင့် ပစ်ခတ်ချေမှုန်းခဲ့ပါသည်။ထိုသို့ ခြေမှုန်းနေစဉ် ဘင်္ဂလားဒေရှ်လေတပ်၏ An-32လေယာဉ်နှစ်စီးမှ လေထီးစစ်သည် ၈၀ကို ရန်သူ၏ အနောက်ပိုင်း နေရာများအား ဖြတ်တောက်ရန် ဆင်းသက်ခဲ့သည်။တချိန်ထဲမှာပဲ ဘင်္ဂလားဒေရှ် သံချပ်ကာတပ်ဖွဲ့၏ BTR-80သံချပ်ကာလူသယ်ယာဉ်များသည် စစ်သည်များကို တင်ဆောင်ကာ မြစ်ကို ဖြတ်ကူးပြီး ချေမှုန်း တိုက်ခိုက်ခြင်းများ,ရန်သူ၏ ကာကင်းနေရာများအား Higgins Boats စက်လှေများဖြင့် စစ်သည်များကို သယ်ဆောင်၍ လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထို့နောက် အင်ဂျင်နီယာတပ်ဖွဲ့မှ မြစ်ဖြတ်ကူးရန် တံတားထိုးခြင်းကို ဆောင်ရွက်ခဲ့ပြီး MBT-2000တင့်များ,D-30ယာဉ်ဆွဲ အမြောက်များ,Nora-52 ယာဉ်တင်အမြောက်များကို မြစ်တစ်ဖက်ကမ်းသို့ ကူးစေပြီး ဆုတ်ခွာသွားသော ရန်သူကို Mi-17,Bell-206ရဟတ်ယာဉ်တို့မှ အထူးတပ်ဖွဲ့များအား တင်ဆောင်ကာ ဖြတ်တောက်ပိတ်ဆို့ခြင်းကို MBT-2000တင့်များဖြင့် ပူးပေါင်းကာဆောင်ရွက်ခဲ့သည်။
လေ့ကျင့်ခန်း၏ နောက်ဆက်တွဲဖြစ်သော စစ်ဘေးသင့် ဒုက္ခသယ် ၂၀၀၀၀ကျော်ကို အခမဲ့ကုသပေးခြင်း,လမ်း,ဗလီ,စာသင်ကျောင်းနှင့် လူသားခြင်းစာနာသော အကူအညီများပေးခြင်းတို့ကိုပါ တစ်ဆက်ထဲ ဆောင်ရွက်ခဲ့သည်။လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သော အမှတ်(၅၅)ခြေလျှင်တပ်မမှ ပြောခွင့်ရ အရာရှိ Lt;Col-Md Iftequr Rahmanက"ယခု ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းသည် ဘင်္ဂလားဒေရှ် တပ်မတော်၏ စစ်ရေးဆိုင်ရာ ကျွမ်းကျင်မူကို တိုးတက်စေမည် ဖြစ်ပြီး စစ်မြေပြင်အတွက် အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။ယခု စစ်ရေးလေ့ကျင့်ခန်းသည် မိမိတို့ တပ်မတော်အနေဖြင့် တကယ်ကြုံတွေ့လာရမည့် စစ်မြေပြင်နှင့် အနီးစပ်ဆုံး တူညီမူရှိသောကြောင့် စစ်မြေပြင် အတွေ့အကြုံကိုပါ ပေးစွမ်းနိုင်ပါတယ်။ထို့အပြင် မောင်းသူမဲ့ လေယာဉ်ငယ်များကိုလည်း အောက်ခြေတပ်များအထိပါ ထုတ်လုပ်ပေးထားနိုင်ပြီ ဖြစ်ကြောင်း"ပြောကြားခဲ့သည်။
ထိုလေ့ကျင့်ခန်းတွင် ဘင်္ဂလားတပ်မတော်မှ ကွန်မန်ဒို ၂၆၅ယောက်အပါအဝင် စစ်သည်အင်အား ၈၀၀၀ကျော်ကို အသုံးပြုခဲ့ပြီး WS-22MLRSအတွဲလိုက်ပစ်ဒုံးများ,D-30ဟောင်ဝဇ်ဇာအမြောက်များ,Nora-52ယာဉ်တင်အမြောက်များ,BTR-80သံချပ်ကာလူသယ်ယာဉ်များနှင့် MBT-2000တင့်ကားများကို အသုံးပြုခဲ့သည်။လေတပ်တွင် Mig-29Bတိုက်လေယာဉ်နှစ်စီး,An-32သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စီး,Mi-171Sh သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီး,Bell-206အပေါ့စားရဟတ်ယာဉ် နှစ်စီးတို့ ပါဝင်ခဲ့ပါတယ်။
ဘင်္ဂလားဒေရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၂၀၀၈ခုနှစ်က ရေကြောင်းဆိုင်ရာ အငြင်းပွားမူများကို ထိတ်တိုက်တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ ခုံရုံး၏ အဆုံးအဖြတ်ဖြင့် ပြီးဆုံးစေခဲ့သည်။ထို့အပြင် ၂၀၁၃ခုနှစ်အတွင်းက ဘင်္ဂလားဒေရှ်နိုင်ငံ အခြေစိုက် ဒါကာထရီဗြွန်းသတင်းစာမှ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီလူမျိုးများအား အီန္နိယနိုင်ငံပိုင် ကရှ်မီးယားဒေသကဲ့သို့ ခွဲထွက်ကာ ဘူးသီးတောင် မောင်းတောမှ စစ်တွေအထိ ခွဲထွက်ရန် တိုက်တွန်းရေးသားမူများ ရှိနေပေသည်။၂၀၁၄ခုနှစ် နှစ်လယ်ပိုင်းတွင် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့(RSO) အမည်ခံ ဘင်္ဂလီ အကြမ်းဖက်သောင်းကျန်းသူဟု ယူဆရသော သူနှစ်ဦးဝင်ရောက်လာမူကြောင့် မြန်မာ့တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တင်းမာသော အခြေအနေကို ရောက်ရှိခဲ့သည်။ထိုကိစ္စ မတိုင်မှီတွင် မြန်မာ့နယ်ခြားစောင့် ရဲတပ်ဖွဲ့များကို အမည်မသိဘင်္ဂလားဒေရှ်ဖက်မှ ဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံသည် နတ်မြစ်ကြောင်းကို နယ်နမိတ်အဖြစ် ပိုင်းခြားထားပါတယ်။ထို့အပြင် ပူးပေါင်းစစ်ဆင်ရေး၏ နောက်ဆက်တွဲဆောက်ရွက်သော ဒေသခံများအတွက် လမ်းဖောက်ပေးခြင်း,ဗလီတည်ပေးခြင်း,စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းမှာလည်း စဉ်းစားစရာ တစ်ခုဖြစ်ပေသည်။ယခု ပူးပေါင်းစစ်ဆင်ရေးမှာလည်း ဘင်္ဂလားဒေရှ်တပ်မတော် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ပူးပေါင်းစစ်ဆင်ရေးဖြစ်ပေသည်။မည်သို့ပင်ဆိုစေကာမူ ယခုပြုလုပ်သော ပူးပေါင်းစစ်ဆင်ရေးသည် အထူးပင် သတိထားစောင့်ကြည့်ရမည့် ဘင်္ဂလားဒေရှ်၏ ခြေလှမ်းတစ်ခုပင် ဖြစ်ကြောင်း Myanmar Airpowerမှ တင်ပြလိုက်ရပါသည်။
Myanmar Airpower/Abasayar Gyi

ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ မြစ်ကူးတိုက်စစ် လေ့ကျင့်ခန်းနှင့် လားရာ
---------------
၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် တပ်မတော် အမှတ် ၅၅ ခြေလျင်တပ်မက ဦးဆောင်ကာ မြစ်ကူး ချေမှုန်းရေး တိုက်စစ် လေ့ကျင့်ခန်းတစ်ရပ်ကို တပ်မမှူး ဗိုလ်ချုပ် မူတီးယားရာမန်က ကွပ်ကဲခဲ့တာဖြစ်ပါတယ်။
လေ့ကျင့်ခန်းမှာအထူးတပ်ဖွဲ့ဝင် ၂၅၀ အပါအ၀င် စစ်သည် ၈၀၀၀ ပါဝင်ပြီးBTR-80 သံချပ်ကာလူသယ်ယာဉ်များMIG-29 တိုက်လေယာဉ်များMBT-2000 ပင်မတိုက်ပွဲဝင်တင့်များNORA B-52 ယာဉ်တင်ဟောင်ဝစ်ဇာများD-30 ယာဉ်ဆွဲယောင်ဝစ်ဇာများအတွဲလိုက်ဒုံးပစ်စနစ်များMI-17 သယ်ပို့ရဟတ်ယာဉ်များBELL-206 အပေါ့စားရဟတ်ယာဉ်များပါဝင်ခဲု့ပါသည်။
ပထမဦးစွာ မောင်းသူမဲ့ လေယာဉ်များဖြင့် တဖက်ကမ်းရှိ ရန်သူ့ကမ်းခြေနေရာများအား ထောက်လှမ်းခြင်း စတင် ဆောင်ရွက်ခဲ့ပီး အဆိုပါ တရုတ်နိုင်ငံထုတ်ဟု ယူဆရသော မောင်းသူမဲ့ လေယာဉ်များအား တပ်ရင်းအဆင့်များထိ တပ်ဆင်ရန် စီစဉ်ထားရှိကြောင်း တပ်မ ၅၅ ၏ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အီတီကာရာမန်က ပြောကြားပါသည်။..
ထို့နောက် MIG -29 တိုက်လေယာဉ် ၂ စီးမှ မြစ်ကြောင်းခံစစ် နေရာများအား ဗုံးကြဲတိုက်ခိုက်ခြင်း လေထီးစစ်သည် ၈၀မှနောက်ပိုင်းနေရာများအားလေထီးဆင်း တိုက်ခိုက်ခြင်း ဟောင်ဝစ်ဇာများ MLRS များဖြင့် ပစ်ခတ်ချေမှုန်းခြင်း အထူးတပ်ဖွဲ့ဝင် ၂၆၅ ဦးမှာ BTR-80 APC များ Higgins Boats များအသုံးပြု မြစ်ဖြတ်ကူးကာ ကမ်းဦးခြေကုတ်ရယူ Amohibious Assault ပြုလုပ်ခြင်း……
အင်ဂျင်နီယာတပ်မှ မြစ်ကူးစစ်ဆင်ရေးအတွက် တံတားထိုးခြင်း စသည်များကို အဆင့်ဆင့် လေ့ကျင့်ခဲ့ပြီး တစ်ဖက်ကမ်းရှိ စစ်ဘေးခံ ဒုက္ခသည်များအား ဆေးဝါးကုသ စောင့်ရှောက်မှုများ ဗလီများ လူနေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း စသည့် လူသားခြင်း စာနာ ထောက်ထားမှုဆိုင်ရာ လေ့ကျင့်ခန်းများ လေ့ကျင့်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ဘက်မှ ထုတ်ပြန်ခဲ့ပါသည်။
တပ်မတော်တစ်ရပ်မှ စစ်ရေးလေ့ကျင့်ခြင်းဆိုသည်မှာ မဆန်းပေ…. သို့သော်လည်း ယခုတစ်ကြိမ်တွင် ဘင်္ဂလားဒေ့၇ှ် တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုသည် သတိထားစရာ ဖြစ်သည်။ အင်အားအမြောက်အများ အသုံးပြုခဲ့သလို မြစ်ကူး စစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်မှာ နတ်မြစ် သာခြားနေသည့် မြန်မာပြည်ကို ဦးတည်ကြောင်းမှာ ယုံမှား သံသယဖြစ်ရန် မ၇ှိပါ…
ထိုထက် ပိုမိုထင်ရှားသည့် အပြုအမူမှာ တစ်ဖက်ကမ်း၇ှိ ဒုက္ခသည်များအတွက် လူသားခြင်းစာနာသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဗလီများ အိမ်များ ဆောက်လုပ် တည်ထောင်ခြင်း စသည်တို့ကို လေ့ကျင့်ခြင်းမှာ တဖက်ကမ်း ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီဒုက္ခသည်များကို ဦးတည်သလားဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိပါသည်
စစ်အင်အားအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ရန်သူကို အထင်မသေးမိရန်နှင့် အတွင်းရန်များကို သတိထားရန်မှာ အရေးကြီးလှပေသည်။
အလှမ်းကျယ် အလယ်လပ်သည့် အခြေအနေမရောက်ရန် လိုပါသည်။ ၂၀၁၅ ခုနှစ်မြန်မာပြည် အခက်အခဲများကို အခွင့်ကောင်းယူ ၄င်းတို့၏ ကျောထောက်နောက်ခံ နိုင်ငံ အဖွဲ့အစည်းများ အားကိုယူကာ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ရခိုင်ပြည်နယ်အား ဒုတိယကရိုင်းမီးယား အခြေအနေ ဖန်တီးလာနိုင်ပါသည်။
ထို့ကြောင့် သွေးအေးလို့တော့ မနေသင့်ပါ ရန်သူ့အကြောင်း သင်သိသင့်ကြောင်းလည်း သင်သိမည်ဆိုရင်တိုက်ပွဲ၁၀၀ အောင်ပွဲ၁၀၀ နိုင်ပါလိမ့်မည်။
(ကြယ်နီ)


ရခိုင်ရောက် ကိုရီးယားသူ ကုလမင်းသမီး ဘာလဲ ဘယ်လဲ




- မင်းညီ ရေးသည်။

''ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် နဲ့ သူတို့က လက်ခံနေသမျှ ကာလပတ်လုံး ဒီကိစ္စက ဖြေရှင်းလို့မရ နိုင်ဘူး။ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံက အသိအမှတ်မပြုတဲ့ လူမျိုး တစ်မျိုးဆိုတာကို UN က လက်ခံဖို့လိုလိမ့်မယ်''

လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ချီးမြှင့်ခံထားရသူ၊ ဖဆပလ၊ မဆလနဲ့ စစ်အစိုးရခေတ်များအထိ တိုင်းပြည်ကို ကလောင် စွမ်းနဲ့ အလုပ်အကျွေးပြုခဲ့သူ၊ လက်ရှိတွင် စာနယ်ဇင်းကောင်စီ(ယာ ယီ)တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ အဘဖိုးသောကြာ (ခေတ်+မိုး )က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုစကားရပ်သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို စုံ စမ်းစစ်ဆေးရန် ရောက်ရှိနေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကိုရီးယားနိုင်ငံသူ မစ္စရန်ဟီးလီကို ဦးတည်ပြောဆိုလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။

မစ္စရန်ဟီးလီသည် ၂ဝ၁၄ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ပထမအကြိမ် လာရောက်ခဲ့သည်။ ထိုစဉ်က ဘင်္ဂါလီကို ရိုဟင်ဂျာအဖြစ်သာခေါ်ဆို မည်ဟု သူမ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ဝေဖန်သံများ ဆူညံပွက် ခဲ့ရသေးသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုံးကိုယ်တိုင် ''ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိဘူးဆိုတာ နိုင်ငံ တော်သမ္မတကြီးကိုယ်တိုင် ပြောထားပြီးသားပါ။ ဒါကြောင့် ဘင်္ဂါလီ တွေကို ရိုဟင်ဂျာလို့မသုံးဖို့ မစ္စရန်ဟီးလီကိုရော နိုင်ငံတကာကိုပါ တိုက်တွန်းပါတယ်''ဟု ပြောဆိုကန့်ကွက်ခဲ့သည်။

သို့သော် UN နှင့် EU အဖွဲ့တို့သည် ၂ဝ၁၄ အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution) တစ်ခု ရေးဆွဲခဲ့သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာ ၂၉ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြပြီး အဖွဲ့ဝင်နိုင်ငံအချို့အဖြစ် ထောက်ခံအတည်ပြုခဲ့သည်။ အဆိုပါအထွေ ထွေညီလာခံ ထောက်ခံချက်အရ ဘင်္ဂါလီကို အပြည့်အဝ နိုင်ငံသား ပေးရေးနှင့် ရိုဟင်ဂျာဟု တရားဝင် အသုံးပြုရေးအဆိုကို ကုလသမဂ္ဂ က ဆုံးဖြတ်အတည်ပြုခဲ့သည်။

ယင်းဖြစ်စဉ်တစ်ခုလုံးကိုကြည့်လျှင် မစ္စရန်ဟီးလီ တာဝန်ယူထားသည့် ကာလအပိုင်းအခြားတစ်ခုတွင် ဆက်တိုက်ပေါ်ပေါက်ခဲ့သော အကြောင်းတရားများဖြစ်သည်။

၂ဝ၁၅ ဇန်နဝါရီ ၇ရက်တွင် မစ္စရန်ဟီးလီသည် သူမ၏ ကုလ လူအခွင့်အရေး အထူးကိုယ်စားလှယ်တာဝန်ဖြင့်မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ရောက်ရှိလာပြန်သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများနှင့် မြန်မာပြည်သူတစ်ရပ်လုံးကလည်း သူမ၏ခြေလှမ်းများကို သတိဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

သို့သော် သူမ၏လုပ်ငန်းတာဝန်သည် မြန်မာနိုင်ငံတွင် ကြုံတွေ့ ရသမျှအခြေအနေကို ကုလသမဂ္ဂသို့တင်ပြရန်နှင့် အစိုးရအား အကြံ ပေးရန်သာရှိပြီး အမှန်တကယ် အရေးယူဆောင်ရွက်နိုင်သူတစ်ဦး မဟုတ်ကြောင်း Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ဆိုသည်။

''အထူးစုံစမ်းစစ်ဆေးရေးအရာရှိရဲ့တာဝန်က လူ့အခွင့်အရေး ကိစ္စဖြစ်လာရင် ဘာလုပ်သင့်လဲဆိုတာ တင်ပြပြီးတော့ အစိုးရကို အကြံ ပေးလို့ပဲရတယ်။ သူ့တွေ့ရှိချက်တွေကို မနှစ်က အစီရင်ခံစာမှာ တင် ပြခဲ့တယ်။ ဒါပေမဲ့ သူ့အကြံဥာဏ် ဘယ်လောက်ကောင်းကောင်း အစိုးရက မလုပ်ဆောင်ရင် ဘာမှမဖြစ်ဘူး။ Decision maker ဖြစ်တဲ့ အစိုးရကို ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပဲပေးလို့ရတယ်။ လုပ် တာ မလုပ်တာက အစိုးရသဘောပဲ''ဟု မစ္စရန်ဟီးလီ၏အနေအထား ကို ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စား လှယ်အဖြစ် အသီးသီးလာရောက်ခဲ့သည့် မစ္စတာကင်တာနားရော၊ မစ္စရန်ဟီးလီကိုပါ ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂါလီများ ဝင်ရောက် လာပုံ ၊ လူဦးရေတိုးပွားလာပုံနဲ့ ပဋိပက္ခဖြစ်ပွားပုံ အခြေအနေအရပ် ရပ်ကို အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း သူတို့က လက်မခံ၍ ယခု တစ်ကြိမ်တွင် အသံတိတ်နည်းဖြင့် ဆန္ဒပြတော့မည်ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယင်း၏သဘောထားကို မစ္စရန် ဟီးလီ ခရီးစဉ်မတိုင်ခင် ထုတ်ဖော်ပြောဆိုခဲ့သည်။

သူက ''အကြိမ်ကြိမ်ရှင်းပြလို့လဲ သူတို့က လက်မခံဘူး။ ရေးပြီး သား စာတမ်းပါအတိုင်း လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့က တုံဏှိဘာဝေနဲ့ ရှင်းရမယ်။ အသံတိတ်နည်းနဲ့ တွေ့ဆုံခြင်းကို ရှောင် ရမယ်''

ဘင်္ဂါလီတွေ မြန်မာပြည်ကို ဘယ်လိုရောက်လာကြလဲ
**********************************************************

၁၈၂၄ ခုနှစ် မတ် ၅ရက်တွင် ဖြစ်ပွားခဲ့သည့် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့များက တစ်စတစ်စ သိမ်းယူခဲ့သည်။ ၁၈၈၅ ခုနှစ် တစ်နိုင်ငံလုံးအား သိမ်းပိုက် ပြီးချိန်တွင် မြန်မာနိုင်ငံကို အိန္ဒိယတိုက်ငယ်အတွင်း သွတ်သွင်းပြီး ဘုရင်ခံတစ်ဦးတည်းဖြင့် အိန္ဒိယမှ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ထိုအခါ မြန်မာနှင့် အိန္ဒိယသည် တစ်နိုင်ငံတည်းဖြစ်နေပြီး နှစ်နိုင်ငံ လွယ်ကူ စွာ ကူးလူးသွားလာနိုင်ကြသလို အိန္ဒိယနိုင်ငံသားများစွာကိုလည်း မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဗြိတိသျှအစိုးရက ခေါ်သွင်း လာခဲ့ကြသည်။

''အဲဒီအချိန်မှာ ရန်ကုန်ကို မြို့ပြအဖြစ် တည်ခဲ့ကြတယ်။ နည်း ပညာ မတိုးတက်သေးတဲ့ခေတ်ဆိုတော့ ရန်ကုန်မှာ မိလ္လာစနစ် မရှိ သေးဘူး။ အဲဒီမိလ္လာတွေကို ကားတွေ၊ လူတွေနဲ့ပဲ လိုက်သိမ်းကြ တယ်။ အဲဒီအလုပ်ကို ဘယ်သူလုပ်လဲဆိုတော့ အိန္ဒိယကခေါ်သွင်း လာတဲ့ ဘင်္ဂါလီတွေလုပ်တာပဲ။ အဲဒီအချိန်ကတည်းက ဘင်္ဂါလီတွေ မြန်မာပြည်ထဲ စရောက်လာကြတာပဲ''ဟု အဘဖိုးသောကြာ(ခေတ်+ မိုး)က ဆိုသည်။

ယခင်က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် များကို မေယုခရိုင်ဟု ခေါ်တွင်ခဲ့ကြသည်။ ထိုစဉ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပါကစ္စတန်နိုင်ငံအဖြစ် တည်ရှိနေပြီး အရှေ့ပါကစ္စတန်ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်မှခွဲထွက် လိုက်သည်။ ယင်းသို့ ခွဲထွက်ချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ အင်မတန်ထူထပ်သလို စီးပွားရေးလည်း ဖွံ့ဖြိုးခြင်းမရှိပါ။ ဘင်္ဂလား ဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရခိုင်ပြည်နယ်သည် လူဦးရေလည်း နည်းပါးသည်။ ထို့ကြောင့် ဘင်္ဂလာဒေ့ရှ်မှ ဘင်္ဂါလီများကိုခေါ်သွင်း ပြီး လယ်သူရင်းငှား လုပ်ကိုင်ခိုင်းရာကတစ်ဆင့် ဘင်္ဂါလီများ ရခိုင် ဒေသတွင် အလုံးအရင်းနှင့် ရောက်ရှိခဲ့ရကြောင်း အဘဖိုးသောကြာ က ဆက်လက်ရှင်းပြသည်။

ဖဆပလအစိုးရ လက်ထက်တွင် ပညာတတ်ဘင်္ဂါလီများသည် မူဂျာဟစ် (ဘာသာရေးအတွက်စွန့်စားသူ) အဖွဲ့ကို ဖွဲ့စည်းပြီး လက် နက်ကိုင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ထိုအဖွဲ့ကို ဖဆပလအစိုးရက အမြစ်ပြတ်ချေမှုန်းလိုက်သော အခါ နောက်ပိုင်းတွင် ရိုဟင်ဂျာဟူသည့် အမည်ဖြင့် တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားမှုတစ်ရပ်ကို ထပ်မံ အသက်သွင်းခဲ့ပြန်သည်။ အမှန်စင်စစ် နိုင်ငံတစ်နိုင်ငံတွင် တိုင်းရင်း သားလူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ခွင့်ရနိုင်ရန်မှာ တိုင်းရင်းသားတစ်ခု ၏ စရိုက်လက္ခဏာဖြစ်သော ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အနုပညာ စသည့်အကြောင်းတရား အလုံးစုံပြည့်စုံရန် လိုအပ်ပေ သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ''၁၉၇၃နဲ့ ၁၉၈၃ခုနှစ် တွေက သန်းခေါင်းစာရင်း မှတ်တမ်းတွေကိုကြည့်ရင် တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားလူမျိုးတွေကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ နဲ့ နီပေါလို့ အတိအလင်းပြဋ္ဌာန်းထားတယ်။ ဒါ့အပြင် မြန်မာတိုင်းရင်း သား ၁၃၅မျိုးထဲမှာလဲ ရိုဟင်ဂျာဆိုတဲ့လူမျိုး လုံးဝထည့်ထားတာမရှိ ဘူး။ အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောနေတဲ့လူတွေဟာ ဘင်္ဂ လားဒေ့ရှ်ကနေတစ်ဆင့် မြန်မာနိုင်ငံကိုဝင်လာတဲ့ ဘင်္ဂါလီတွေပဲ''ဟု အခိုင်အမာပြောဆိုသည်။

ထိုသို့ သမိုင်းမှတ်တမ်း အခိုင်အမာရှိနေပါလျက်နှင့် ဘင်္ဂါလီကို ရိုဟင်ဂျာဟုခေါ်ဆိုရန် ကုလသမဂ္ဂက အဘယ်ကြောင့် ကြိုးပမ်းနေပါ သနည်း။ ထို့ပြင် မစ္စရန်ဟီးလီကိုယ်တိုင် အဘယ်ကြောင့် ဘင်္ဂါလီကို ရိုဟင်ဂျာဟုသာ သုံးနှုန်းသွားမည်ဟု အကြိမ်ကြိမ် ပြောဆိုနေပါ သနည်း။ ယင်းအနေအထားသည် ကုလသမဂ္ဂတွင် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဖိအားတစ်ခုရှိနိုင်ကြောင်းနှင့် ယင်းဖိအားမှာ မူဆလင် နိုင်ငံများမှ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် တိုက်ရိုက် သက်ဆိုင်နိုင်ကြောင်း အဘဖိုးသောကြာက သုံးသပ်သည်။

''ကုလသမဂ္ဂထဲမှာ မူဆလင်နိုင်ငံ ဘယ်နှနိုင်ငံပါလဲ။ ပါတဲ့နိုင်ငံ တွေကိုလဲ ပြန်ကြည့်လိုက်။ အားလုံး ပိုက်ဆံချမ်းသာတဲ့နိုင်ငံတွေချည်း ပဲ။ နပိုလီယံခေတ်ကဆိုရင် အရှေ့အလယ်ပိုင်းကိုပိုင်တဲ့လူဟာ ကမ္ဘာ ကို ပိုင်နိုင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီနိုင်ငံတွေက အချင်းချင်းသာ မတည့်တာ။ ဘာသာရေးနဲ့ပတ်သက်လာရင် ကျောချင်းကပ်နေတာပဲ။ အခု ဘင်္ဂါလီတွေကိုထောက်ပံ့နေတာလဲ ဒီနိုင်ငံတွေပဲ''။

သို့သော် လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးအောင်မျိုးမင်းက ''ငွေ ပေးတိုင်းတာ လိုက်လုပ်နေမယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီးက ပျက် သွားတာကြာပြီ''ဟု အဘဖိုးသောကြာ၏အမြင်နှင့်ပတ်သက်ပြီး မဖြစ် နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ သည် ဇန်နဝါရီ ၉ရက်က ရခိုင်ပြည်နယ် မြေပုံမြို့သို့ ရောက်ရှိခဲ့ပြီး ရခိုင်ဒေသခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။ ထိုသို့ တွေ့ဆုံရာတွင် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အတင်းဖိအားပေးသည့်ကိစ္စ၊ ရိုဟင်ဂျာဟု အသုံးပြုပြီး နိုင်ငံသားအဖြစ် တရားဝင်လက်ခံရန် အတင်းဖိအားပေးသည့် ကိစ္စများသည် ရခိုင် ပြည်နယ်၏ အခြေအနေကို ပိုမိုဆိုးရွားစေပြီး တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေကြောင်း မစ္စရန်ဟီးလီနှင့်တွေ့ဆုံစဉ် ကန့်ကွက်ပြောဆို ခဲ့သည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ''ရိုဟင်ဂျာလို့သုံးတော့ နိုင်ငံသားဖြစ်ခွင့် စိစစ်နေတဲ့ တာဝန်ရှိသူတွေ အနေနဲ့ အရမ်းအခက်အခဲဖြစ်တယ်။ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ လက်မခံရင် လျှောက်လွှာမတင်ဘူးဆိုပြီး လုပ်လာကြရော။ ကျွန်တော် တို့ကလဲ ဘင်္ဂါလီလို့ လျှောက်လွှာမတင်ရင် လက်မခံဘူး။ အခု ကုလ သမဂ္ဂကပါ ရိုဟင်ဂျာလို့ သုံးနေတော့ အားပေးအားမြှောက်လုပ်နေတဲ့ သဘော ဖြစ်နေတယ်။ သူတို့ ဒီလိုသုံးခြင်းအားဖြင့် မတည်မငြိမ်မှုတွေ ပြန်ပြီးဖြစ်လာနိုင်သလို နိုင်ငံသားဖြစ်ခွင့် စိစစ်တဲ့လုပ်ငန်းမှာလဲ အတား အဆီး အနှောင့် အယှက်ဖြစ်စေတယ်''လို့ ဒီမိုကရေစီတူဒေးသတင်း စာနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

လက်ရှိ ရခိုင်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်လာရောက်ပြီး အောက်ခြေအထိ ကွင်းဆင်းလေ့လာရန် လိုအပ်ကြောင်း တိုင်းရင်း သားများက လိုလားကြသည်။ ထိုသို့လေ့လာရာတွင်လည်း ဘင်္ဂါလီ တို့၏ အသံတစ်ခုတည်းကိုသာမဟုတ်ဘဲ ရခိုင်လူထု၏အသံ၊ ရခိုင် လူထု၏ ရပ်တည်ချက်ကိုပါ သိရှိအောင် လုပ်ဆောင်ကြရန်လိုပေသည်။ ယခုရက်ပိုင်းတွင် မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာ ကူညီထောက်ပံ့နေသူ ကမ္ဘာကျော် အမေရိကန် သူဌေးကြီး ဂျော့ဆိုရော့စ် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ သည်။ သို့သော် သူ၏ခရီးစဉ်တွင် ဘင်္ဂါလီများနေထိုင်ရာအခြမ်းဘက် သို့ အဓိကလည်ပတ်ခဲ့သဖြင့် ယင်းအနေအထားမှာ နိုင်ငံရေးအရ အမြတ်ထုတ်မှုများ ပါဝင်နိုင်ကြောင်း ပြောဆိုဝေဖန်မှုများရှိနေသည်။

သတင်းစာဆရာကြီး အဘဖိုးသောကြာ(ခေတ်+မိုး)က ''ဒီပြဿ နာတွေ ပြေလည်သွားဖို့ဆိုရင် နိုင်ငံရေးအရ ဝင်မစွက်ဖက်ဖို့လိုတယ်။ လူ့အခွင့်အရေးအနေနဲ့ လက်ခံပေးလို့ရပေမယ့် နိုင်ငံရေး၊ ဘာသာ ရေးပုံစံနဲ့ ဝင်စွက်ဖက်တာမျိုးတော့ လုံးဝ လက်ခံပေးလို့မရဘူး။ ၁၉၈၂ ခုနှစ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဥပဒေရှိတယ်။ အဲဒီဥပဒေ နဲ့ ဆန်ခါတိုက်ပြီး လိုသလို ပြင်ဆင်မှုတွေလုပ်ပြီး လက်ခံသွားရမယ်။ ဒါကို တစ်ဖက်က လက်မခံဘူး ဆိုရင်တော့ ဒီကောင်တွေကို အပြီး အပိုင် တိုက်ထုတ်လိုက်တော့''ဟု ဆိုသည်။

ကုလမသဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်များ မြန်မာ နိုင်ငံသို့ လာရောက်ရာတွင် အကြီးမားဆုံးအခက်အခဲတစ်ခုမှာ သွား လာရေးကိစ္စဟု ထောက်ပြပြောဆိုနေကြသည်။ အထူးသဖြင့် မစ္စတာ ကင်တားနား လက်ထက်တွင် သူ၏သွားလာရေးကို မြန်မာအစိုးရမှ စီစဉ်ပေးသောကြောင့် အစိုးရစီစဉ်ပေးသော ဒုက္ခသည်စခန်းမျိုးသာ သွားလာနိုင်ပြီး သူတွေ့လိုသူများနှင့် တွေ့ဆုံခွင့်ရရန် အခက်အခဲများ ရှိခဲ့သည်။ ထို့ပြင် ဗီဇာခွင့်ပြုရက်လည်း အလွန်တိုတောင်းသည်ဟုဆို ကြသည်။

သို့သော် မစ္စရန်ဟီးလီ တာဝန်ထမ်းဆောင်သည့် ယခင်နှစ် ကစပြီး သူမ၏ခရီးစဉ်ကို စိတ်တိုင်းကျ သွားလာခွင့်ပေးခဲ့သဖြင့် အဆင် ပြေတိုးတက်မှုများစွာ ရှိလာသည်။

မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ နှင့်ပတ်သက်ပြီး သူမ၏တွေ့ရှိချက်ကို လာမည့်မတ်လတွင် ကျင်းပ မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာတစ်စောင် တင်ပြသွားရန်ရှိသည်။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အစီရင်ခံစာ အတင်ခံရသည့်ကိစ္စရပ်မှာ ယခုချိန်မှ ပေါ်ပေါက်လာ သည့် ကိစ္စတစ်ခုမဟုတ်ဘဲ ၁၉၉၂ခုနှစ်ကတည်းက အဆိုပါအလေ့ အကျင့်မှာ တည်ရှိခဲ့ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးအောင် မျိုးမင်းက ဆိုသည်။

''ကျွန်တော်တို့နိုင်ငံကို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ်ခန့်ပြီး ကုလသမဂ္ဂမှာ အစီရင် ခံစာတင်တာ ၁၉၉၂ ခုနှစ်ကတည်းကပါ။ သမိုင်းမှာ အရှည်ကြာဆုံးပဲ။ အစိုးရက လိုက်မလုပ်ရင် အဲဒီအစီရင်ခံစာ ဘာမှလုပ်လို့မရဘူး။ ဘာတိုးတက်လဲလို့မေးရင် ၁၉၉၂ခုနှစ်မှာ အစီရင်ခံစာ နှစ်မျက်နှာပဲရှိတယ်။ အခုနောက်ပိုင်း မှာ ၁၅မျက်နှာအထိ တိုးလာတယ်။ ဒါပေမဲ့ ပြောင်းလဲမှုဖြစ်လားဆိုရင် မဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် အစိုးရပေါ် မှာ မူတည်နေလို့ပဲ''ဟုဆိုသည်။

ထိုသို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအနေဖြင့် အစီရင်ခံစာများ နှစ်စဉ်ထုတ် ပြန်ခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုတစ်စုံတစ်ရာကို လုပ်ဆောင်နိုင်ခြင်းမရှိပါ။အထွေထွေညီလာခံအစည်း အဝေးတွင် Naming and Shaming (နိုင်ငံအမည် ထုတ်ဖော်ခြင်းနှင့် အရှက်တကွဲဖြစ်အောင် ရှုတ်ချခြင်း) တို့ သာ လုပ်ဆောင်နိုင်သည်။ ယခု ၂ဝ၁၅ ခုနှစ်တွင် တင်သွင်းမည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော လူ့အခွင့်အရေး အစီရင်ခံစာအရလည်း ယခင်နှစ်များနည်းတူ အမည်ထုတ်ဖော်ခြင်းနှင့် အရှက်ခွဲခြင်းများသာ ပြုလုပ်နိုင်ပါသည်။

''မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေရှိနေတယ်ဆိုပြီး UN က လျှောက်ပြောနေတာ။ ၁၉၉ဝပြည့်နှစ်မှာ ဗလီ ၃ဝဝကျော်သွားပြီ။ ဗလီတစ်ခုကို မြန်မာငွေ သိန်း ၃ဝဝလောက်ရှိတယ်။ ဒါ့အပြင် အာရေဗီတက္ကသိုလ် ၂ဝဝ၊ အထက်တန်းကျောင်း ၁၇၅ဝ၊ အလယ်တန်းကျောင်း ၁၈၈ဝနဲ့ မူလတန်းကျောင်း ၂၃၁၉ဝ ရှိနေပြီ။ ဘယ် မှာလဲ ဘာသာရေးဖိနှိပ်မှု''ဟု အဘဖိုးသောကြာ(ခေတ်+မိုး)က ထောက်ပြသည်။

အထက်ပါ ပကတိအခြေအနေကို အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လက်မခံသမျှကာလပတ်လုံး ကုလသမဂ္ဂအစီရင်ခံစာကို မြန်မာပြည်သူများ ဘယ်သောအခါမှ လက်ခံကြမည်မဟုတ်သလို ကုလအဖွဲ့ကြီးပေါ် လည်း ယုံကြည်မှုကင်းမဲ့သွားနိုင်ကြောင်း သူက ဆက်ပြောသည်။

''ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဆိုပြီး ကင်တားနားပဲလာလာ၊ ရန်ဟီးလီပဲ အစီရင်ခံစာတင်တင်၊ လုပ်ချင် တာလုပ် ပြောချင်တာပြော၊ အဲဒီလူတွေကို မြန်မာပြည်သူတွေက ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ နောက်ဆုံး ကုလသမဂ္ဂကို မြန်မာပြည်သူတွေ စိတ်ပျက်ပြီး ယုံကြည်မှုကင်းမဲ့သွားဖို့ပဲ ရှိတယ်''။

#TheYangonTimes

ဦးတင်ဦး ဖြေရှင်းပေးရမဲ့ စစ်တွေ ဆန်ပြသနာမှ ပစ်ခတ်မှု

( ဗိုလ်ချူ့ ပ်စောဖြူ ( လေ-ငြိမ်း )-နဲ့  ( ဗိုလ်ချူ ပ် တင်ဦး -ငြိမ်း ) -တို့ ကို သက်ရှိထင်ရှား တွေ့ ရစဉ် )
၁၃-သြဂတ် စစ်တွေဆန်ပြသနာက လူသတ်သမားနှစ်ဦး ဘယ်သူဖြစ်မလဲ
မဆလ ခေတ်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကို ခေါ်တာ ။ ဗိုလ်ချူ ပ် ကြီးနေ၀င်းက -၁၉၆၂-ခုနှစ် မတ်လ--၂-ရက်မှာ အာဏာသိမ်းတယ် ။ ဇူလိုင်-ရ-ရက်နေ့ မှာ တက္ကသိုလ်ကျောင်းသားကို သတ်ဖြတ်ပြီး သမဂ္ဂအဆေက်အဦကို ဒိုင်းနမိုက်နဲ့  ဖြိုခွဲ လိုက်တယ် ။ ကျောင်းသားတွေ သေကြရတယ် ။ အဲဒီလို လူသတ်ပြီး အာဏာသိမ်းလာတာ ။ 

နောက်-၅-နှစ်ကြာမှာ စစ်တွေမှာ ဆန်ရှားပါးမှုဖြစ်တယ် ။ မြို့ သူမြို့ သားတွေက ဆန်ရောင်းပေးပါလို့  လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြတယ် ။ တမြို့ လုံးလိုလို လမ်းပေါ်ထွက်တာဖြစ်တယ် ။ ကုန်တန်း ( စက်ရုံစု )- ရွာလမ်းထိပ် မြဆန်စက်ရှေ့ ရောက်တော့ ဆန္ဒပြလူအုပ်ကို ဗိုလ်ချူ ပ်စောဖြူ က လာရောက်တားမြစ်တယ် ။ သူက လမ်းမတော်တောင်ရပ်ကွက် ဦးစံထွန်း ခေါ် ဦးလူဖြူ အိမ်ရှေ့ မှာ ပထမတကြိမ် ဆန္ဒပြသူတွေကို တားခဲ့ ပြီးပြီ ။ ( အသေးစိတ် သိချင်ရင် ကျွန်တော် ရေးတဲ့  ( ကျွန်တော့်ဘ၀နဲ့  နိုင်ငံရေးဝင်္ကဘာ ) -စာအုပ်ဖတ်ကြည့်ပါ ။ ) ဗိုလ်ချူ ပ် စောဖြူ က တိုင်းခွဲ ( ၁၃ )- ဥက္ကဋ္ဌ အဖြစ် မဆလပါတီကို တာဝန်ယူနေချိန်ဖြစ်တယ် ။ 

တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း စစ်ဋ္ဌါနချုူ ပ် -ပဲခူးက ကိုင်တယ် - အလယ်ပိုင်းတိုင်း စစ်ဦးစီးမှူးဟာ ဗိုလ်ချူ ပ် တင်ဦး ( ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချု ပ် နာယက ) ဖြစ်တယ် ။ ဗိုလ်ချူ ပ်စောဖြူ က ပုဒ်မ္မ ( ၁၄၄ ) -ကို ထုတ်ပြန်ထားပြီ ဆိုပြီး တားမြစ်ရင်းဘဲ အမိန့် စာကို ပေးဖတ်စေခဲ့ တယ် ။ ဒါပေမဲ့  ဘယ်လိုမှ ဆန္ဒပြလူအုပ်ကလဲ လမ်းပိတ်ထား ခံနေရတဲ့ အတွက် ရှေ့ လဲ မသွားရတော့သလို နောက်လဲ ပြန်ဆုပ်လို့ မရတော့တဲ့  အခြေအနေတွေ ဖြစ်သွားတယ်။ မကြာခင်  ဗိုလ်ချုပ်စောဖြူ  ပြန်သွားတယ်။ မရှေးမနောင်းခင်မှာ မြဆန်စက်ထဲက စစ်သားတွေက သေနတ်နဲ့  ပစ်တယ် ။ လူတွေ ရာနဲ့ ချီလို့  သေဆုံးကြရတယ်။

ဒါကို ခုအချိန်ထိ ပစ်မိန့် ပေးသူ ဆိုတာ ဘယ်သူလဲဆိုပြီး မေးခွန်းတွေ မေးနေကြတုံးဘဲ ဖြစ်တယ်။ ဗိုလ်ချူ ပ်စောဖြူ ကဘဲ လက်နက်မဲ့ လူအုပ်စုကို ပစ်သတ်ဖို့  ပစ်မိန့် ပေးခဲ့ တာလားဆိုပြီး မေးခွန်းတွေ မေးကြတယ် ။ ရခိုင်လူမျိုးဖြစ်တဲ့  ဗိုလ်ချူပ် စောဖြူ ( လေ ) ဟာ ပစ်မိန့် ပေးသူမဖြစ်နိုင်ဘူးလို့  ကျွန်တော်တို့  ထင်မှတ်ထားကြတယ်။ ဘာဖြစ်လို့ ဆိုတော့ သူ့ ညီ ဗိုလ်ကြီးထွန်းဝေဟာ အဲဒီအချိန်တုံးက စစ်တွေမြို့ သူမြို့ သားတွေဖက်က ရပ်တည်နေသူဖြစ်တယ်။ ပြီးတော့ ဗိုလ်ချူ ပ်စောဖြူ မှာ ဘာအာဏာမှ မရှိဘူးဆိုတာ သိကြတယ်။
ဒါဖြင့်ရင် အလယ်ပိုင်းတိုင်းမှူး ဖြစ်တဲ့  ဗိုလ်ချူ ပ်ကြီး တင်ဦးဘဲ လို့  မေးခွန်းထုတ်စရာဘဲ ရှိတော့တယ် ။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း-ပဲခူးကနေပြီး စစ်တိုင်းအဖြစ် ကိုင်တွယ် အုပ်ချူ ပ်နေချိန်ဖြစ်တယ် ။ စစ်အစိုးရအဖို့  စစ်ာအာဏာဟာ အလယ်ပိုင်းတိုင်းမှူး.ဆီကဘဲ စီးဆင်းလာနိုင်တာဘဲ ဖြစ်ဖို့ များတယ် ။
မည်သို့ ပင်ဖြစ်စေ သူတို့ နှစ်ဦးစလုံး ခုထိ အသက်ထင်ရှားရှိနေဆဲဖြစ်တယ် သမိုင်းကွင်းဆက်တခုပြတ်တောက်နေတာကို ပြန်လည်ဆက်စပ်ပေးဖို့  လိုအပ်လာချိန်ဖြစ်တယ် ။
လူကိုသတ်လို့  သေဆုံးကြပေမဲ့  သမိုင်းဆိုတာ သတ်လို့  မရဘူးဆိုတာပါဘဲ ။
ဒီတော့ -၁၃-သြဂတ် ဆန်ပြသနာမှာ လူတွေ ရာနဲ့ ချီလို့  သေစေအာင် ပစ်သတ်ဖို့  ဒီနှစ်ယောက်ထဲက ဘယ်သူ လူသတ်သမား ဖြစ်နိုင်သလဲ ။ တယောက်ယောက်တော့ ပစ်မိန့် ပေးခဲ့ တာဖြစ်တယ် ။ မဆလခေတ်က ဒီပုဂ္ဂို လ်
တွေဟာ လူတွေကို တကယ်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာ ။။။။။
ကျွန်တော်တို့  မေးတာ တရားလွန်ပါ့မလား ။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )