
( ဗိုလ်ချူ့ ပ်စောဖြူ ( လေ-ငြိမ်း )-နဲ့  ( ဗိုလ်ချူ ပ် တင်ဦး -ငြိမ်း ) -တို့ ကို သက်ရှိထင်ရှား တွေ့ ရစဉ် )
၁၃-သြဂတ် စစ်တွေဆန်ပြသနာက လူသတ်သမားနှစ်ဦး ဘယ်သူဖြစ်မလဲ
မဆလ ခေတ်ဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကို ခေါ်တာ ။ ဗိုလ်ချူ ပ် ကြီးနေ၀င်းက -၁၉၆၂-ခုနှစ် မတ်လ--၂-ရက်မှာ အာဏာသိမ်းတယ် ။ ဇူလိုင်-ရ-ရက်နေ့ မှာ တက္ကသိုလ်ကျောင်းသားကို သတ်ဖြတ်ပြီး သမဂ္ဂအဆေက်အဦကို ဒိုင်းနမိုက်နဲ့  ဖြိုခွဲ လိုက်တယ် ။ ကျောင်းသားတွေ သေကြရတယ် ။ အဲဒီလို လူသတ်ပြီး အာဏာသိမ်းလာတာ ။
နောက်-၅-နှစ်ကြာမှာ စစ်တွေမှာ ဆန်ရှားပါးမှုဖြစ်တယ် ။ မြို့ သူမြို့ သားတွေက ဆန်ရောင်းပေးပါလို့  လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြတယ် ။ တမြို့ လုံးလိုလို လမ်းပေါ်ထွက်တာဖြစ်တယ် ။ ကုန်တန်း ( စက်ရုံစု )- ရွာလမ်းထိပ် မြဆန်စက်ရှေ့ ရောက်တော့ ဆန္ဒပြလူအုပ်ကို ဗိုလ်ချူ ပ်စောဖြူ က လာရောက်တားမြစ်တယ် ။ သူက လမ်းမတော်တောင်ရပ်ကွက် ဦးစံထွန်း ခေါ် ဦးလူဖြူ အိမ်ရှေ့ မှာ ပထမတကြိမ် ဆန္ဒပြသူတွေကို တားခဲ့ ပြီးပြီ ။ ( အသေးစိတ် သိချင်ရင် ကျွန်တော် ရေးတဲ့  ( ကျွန်တော့်ဘ၀နဲ့  နိုင်ငံရေးဝင်္ကဘာ ) -စာအုပ်ဖတ်ကြည့်ပါ ။ ) ဗိုလ်ချူ ပ် စောဖြူ က တိုင်းခွဲ ( ၁၃ )- ဥက္ကဋ္ဌ အဖြစ် မဆလပါတီကို တာဝန်ယူနေချိန်ဖြစ်တယ် ။
တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း စစ်ဋ္ဌါနချုူ ပ် -ပဲခူးက ကိုင်တယ် - အလယ်ပိုင်းတိုင်း စစ်ဦးစီးမှူးဟာ ဗိုလ်ချူ ပ် တင်ဦး ( ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချု ပ် နာယက ) ဖြစ်တယ် ။ ဗိုလ်ချူ ပ်စောဖြူ က ပုဒ်မ္မ ( ၁၄၄ ) -ကို ထုတ်ပြန်ထားပြီ ဆိုပြီး တားမြစ်ရင်းဘဲ အမိန့် စာကို ပေးဖတ်စေခဲ့ တယ် ။ ဒါပေမဲ့  ဘယ်လိုမှ ဆန္ဒပြလူအုပ်ကလဲ လမ်းပိတ်ထား ခံနေရတဲ့ အတွက် ရှေ့ လဲ မသွားရတော့သလို နောက်လဲ ပြန်ဆုပ်လို့ မရတော့တဲ့  အခြေအနေတွေ ဖြစ်သွားတယ်။ မကြာခင် ဗိုလ်ချုပ်စောဖြူ ပြန်သွားတယ်။ မရှေးမနောင်းခင်မှာ မြဆန်စက်ထဲက စစ်သားတွေက သေနတ်နဲ့  ပစ်တယ် ။ လူတွေ ရာနဲ့ ချီလို့  သေဆုံးကြရတယ်။
ဒါကို ခုအချိန်ထိ ပစ်မိန့် ပေးသူ ဆိုတာ ဘယ်သူလဲဆိုပြီး မေးခွန်းတွေ မေးနေကြတုံးဘဲ ဖြစ်တယ်။ ဗိုလ်ချူ ပ်စောဖြူ ကဘဲ လက်နက်မဲ့ လူအုပ်စုကို ပစ်သတ်ဖို့  ပစ်မိန့် ပေးခဲ့ တာလားဆိုပြီး မေးခွန်းတွေ မေးကြတယ် ။ ရခိုင်လူမျိုးဖြစ်တဲ့  ဗိုလ်ချူပ် စောဖြူ ( လေ ) ဟာ ပစ်မိန့် ပေးသူမဖြစ်နိုင်ဘူးလို့  ကျွန်တော်တို့  ထင်မှတ်ထားကြတယ်။ ဘာဖြစ်လို့ ဆိုတော့ သူ့ ညီ ဗိုလ်ကြီးထွန်းဝေဟာ အဲဒီအချိန်တုံးက စစ်တွေမြို့ သူမြို့ သားတွေဖက်က ရပ်တည်နေသူဖြစ်တယ်။ ပြီးတော့ ဗိုလ်ချူ ပ်စောဖြူ မှာ ဘာအာဏာမှ မရှိဘူးဆိုတာ သိကြတယ်။

ဒါဖြင့်ရင် အလယ်ပိုင်းတိုင်းမှူး ဖြစ်တဲ့  ဗိုလ်ချူ ပ်ကြီး တင်ဦးဘဲ လို့  မေးခွန်းထုတ်စရာဘဲ ရှိတော့တယ် ။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းခွဲ ( ၁၃ ) -ကို အလယ်ပိုင်းတိုင်း-ပဲခူးကနေပြီး စစ်တိုင်းအဖြစ် ကိုင်တွယ် အုပ်ချူ ပ်နေချိန်ဖြစ်တယ် ။ စစ်အစိုးရအဖို့  စစ်ာအာဏာဟာ အလယ်ပိုင်းတိုင်းမှူး.ဆီကဘဲ စီးဆင်းလာနိုင်တာဘဲ ဖြစ်ဖို့ များတယ် ။
မည်သို့ ပင်ဖြစ်စေ သူတို့ နှစ်ဦးစလုံး ခုထိ အသက်ထင်ရှားရှိနေဆဲဖြစ်တယ် သမိုင်းကွင်းဆက်တခုပြတ်တောက်နေတာကို ပြန်လည်ဆက်စပ်ပေးဖို့  လိုအပ်လာချိန်ဖြစ်တယ် ။
လူကိုသတ်လို့  သေဆုံးကြပေမဲ့  သမိုင်းဆိုတာ သတ်လို့  မရဘူးဆိုတာပါဘဲ ။
ဒီတော့ -၁၃-သြဂတ် ဆန်ပြသနာမှာ လူတွေ ရာနဲ့ ချီလို့  သေစေအာင် ပစ်သတ်ဖို့  ဒီနှစ်ယောက်ထဲက ဘယ်သူ လူသတ်သမား ဖြစ်နိုင်သလဲ ။ တယောက်ယောက်တော့ ပစ်မိန့် ပေးခဲ့ တာဖြစ်တယ် ။ မဆလခေတ်က ဒီပုဂ္ဂို လ်
တွေဟာ လူတွေကို တကယ်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာ ။။။။။
ဒီတော့ -၁၃-သြဂတ် ဆန်ပြသနာမှာ လူတွေ ရာနဲ့ ချီလို့  သေစေအာင် ပစ်သတ်ဖို့  ဒီနှစ်ယောက်ထဲက ဘယ်သူ လူသတ်သမား ဖြစ်နိုင်သလဲ ။ တယောက်ယောက်တော့ ပစ်မိန့် ပေးခဲ့ တာဖြစ်တယ် ။ မဆလခေတ်က ဒီပုဂ္ဂို လ်
တွေဟာ လူတွေကို တကယ်ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြတာ ။။။။။
ကျွန်တော်တို့  မေးတာ တရားလွန်ပါ့မလား ။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment