Monday, January 19, 2015

ဗုဒ္ဓဘာသာတွင် အဖြေရှိသော်လည်း ခရစ်ယန်တွင် အဖြေ မရှိသော မေးခွန်းအတွက် အကြပ်ရိုက်ရသည့် ဖိလစ်ပိုင်ရောက် ပုပ်ရဟန်းမင်းကြီး

ဘုရားသခင်က ကလေးတွေကို ဘာကြောင့် ပြည့်တန်ဆာဖြစ်ခွင့်ပေးရသလဲဟု ဖိလစ်ပိုင်သူလေးက ပုပ်ရဟန်းမင်းကြီးအား မျက်ရည်စက် လက်ဖြင့်မေးမြန်း

Written by  အေအက်ဖ်ပီ
မနီလာ၊(မဇ္ဈိမ)။    ။ဘုရားသခင်က အဘယ့်ကြောင့် ကလေးငယ်များကို ပြည့်တန်ဆာ ဖြစ်ခွင့်ပြု ရသလဲဟု အသက် ၁၂ နှစ်အရွယ် ဖိလစ်ပိုင် မိန်းကလေးငယ် တစ်ဦးက ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို ဇန်နဝါရီ ၁၈ ရက်က ငိုကြွေး ရင်းမေးမြန်း ခဲ့သည်။
pope--fransis
ယင်းနောက် ပုပ်ရဟန်း မင်းကြီးက ငိုကြွေးနေသော ကလေး မလေးကို ထွေးပွေ့နှစ် သိမ့်ခဲ့ပြီး လူအများကို လည်း ကလေး မလေးအပေါ် ကြင်နာထောက်ထား မှုကိုပြသ ကြရန်တောင်း ဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ ကက်သလစ်ကျောင်း တစ်ကျောင်းတွင်ပြုလုပ်သော ပုပ်ရဟန်း မင်းကြီးနှင့်တွေ့ ဆုံပွဲ  အခမ်းအနား အတွင်းအိမ်ခြေယာ မဲ့တစ်ဦးဖြစ် ခဲ့သည့် ဂလိုင်ဇဲလ် ပါလိုမာ ဆိုသူ ကလေး မလေးက သူ ၏စိတ်ခံ စားချက်ကို အထက်ပါအတိုင်း ဖွင့်ဟမေးမြန်း ခဲ့ခြင်းဖြစ်သည်။
''ကလေးများစွာဟာ သူတို့ မိဘတွေရဲ့ စွန့်ပစ်တာကို ခံရပါတယ်။ မူးယစ်ဆေး နဲ့ပြည့်တန်ဆာ လုပ်ငန်းတွေ မှာလည်း ကလေး အများအပြား ပတ်သက်နေရ ပါတယ်။ ဒီလိုကိစ္စတွေကို ဘုရားသခင်က ဘာကြောင့် ခွင့်ပြုနိုင် ရတာလဲ၊ ကလေးတွေမှာ ဘာအပြစ် မှမရှိပါဘူး'' ဟု ပါလိုမာက ပုပ်ရဟန်း မင်းကြီး ကိုပြော သည်။
မေးခွန်းမေးမြန်း ပြီးနောက် ပယ်လိုမာ သည် ဝမ်းနည်း ပက်လက် ငိုကြေးခဲ့ရာ ပုပ်ရဟန်းမင်းကြီးက သူ့ အားစက္ကန့် အနည်းငယ် ကြာပွေ့ဖက်နှစ် သိမ့်ပေးခဲ့ သည်။ ယင်းနောက် ပုပ်ရဟန်းမင်းကြီးသည် အင်္ဂလိပ် ဘာသာဖြင့်ပြောကြားမည့် မိန့်ခွန်းစကားအများစုကို စွန့်ပယ်ကာ စပိန်ဘာသာ စကားဖြင့် ထိခိုက်ကြေ ကွဲ စွာ မိန့်ခွန်းခြွေသွားခဲ့သည်။
''အဖြေမရှိ တဲ့မေးခွန်း တစ်ခု ကိုမေးသွားခဲ့တဲ့ တစ်ဦး တည်းသော ကလေးမလေးပါ။ သူမဟာသူပြောချင် တာကို စကားနဲ့တောင် မပြောနိုင် ရှာပါဘူး၊ မျက် ရည်တွေနဲ့ပဲ ဖော်ပြသွားရှာတာပါ'' ဟု ပုပ်ရဟန်း မင်းကြီး က အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ် ၃ဝ,ဝဝဝ ခန့် ကိုပြော ကြားခဲ့သည်။
Mizzima

No comments: