Monday, February 23, 2015

ရွှေပြည်သာမှာဖြစ်တဲ့ ရဲနဲ့ အလုပ်သမားတွေရဲ့အဖြစ်မှန်



ဘယ်မီဒီယာတွေမှာမှမဖော်ပြခဲ့တဲ့ မနေ့က ရွှေပြည်သာမှာဖြစ်တဲ့ ရဲနဲ့ အလုပ်သမားတွေရဲ့အဖြစ်မှန်ပါ။

တကယ်ကတော့ရဲတွေအရိုက်ခံရတာပါ။အင်းစိန်ဆေးရုံမှာ ဆယ့်ငါးယောက်တင်ထားရပါတယ်။
လေးယောက်ကစိုးရိမ်ရတဲ့အခြေအနေပါ။အလုပ်သမားတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပွန်းပဲ့ဒဏ်ရာဒဏ်ချက် အချို့တော့ရပါတယ်။No work,No pay ဥပဒေ အရ ဆန္ဒပြရင်မိသားစုအရေးအတွက် လုပ်ခ လစာမရမှာစိုးလို့ တချို့အလုပ်သမားတွေကလဲ ရတဲ့နည်းနဲ့ အလုပ်ဆင်းကြပါတယ်။စက်ရုံအတွင်းထဲမှာ ဆန္ဒမပြပဲအလုပ်ဆင်းတဲ့ အလုပ်သမားတွေ နဲ့နိုင်ငံခြားသားအယောက်တစ်ရာကျော်လောက် ပိတ်မိနေပြီး အစာငတ်ရေငတ်ဖြစ်တာ (၃၆)နာရီ ကျော်နေပါပြီ။ဒီနေ့ညအထိဆန္ဒပြအလုပ်သမားတွေအနေနဲ့ဆက်ပြီးပိတ်ဆို့ထားရင်တော့ အထဲကပိတ်မိနေတဲ့ အလုပ်သမားတချို့နဲ့ နိုင်ငံခြားသား တွေအတွက် အသက်အန္တရယ် ရှိလာပြီဖြစ်လို့ ရတဲ့နည်းနဲ့ကယ်ထုတ်ရတော့မယ်လို့သိရပါတယ်။


အလုပ်ရှင်နဲ့အလုပ်သမားကြား အလုပ်ခန့်အပ်စဉ်မှာ Employment Contract(EC)လို့ ခေါ်တဲ့ အလုပ်ခန့်သဘောတူညီချက်မှာ လုပ်ခလစာ တခါထဲ သတ်မှတ်ထားပြီးသားပါ။ အလုပ်ရှင်ကလဲစာချုပ်ထဲပါ့တဲ့အတိုင်းပေးဖို့သဘောတူပြီး အလုပ်သမားကလဲ ဖော်ပြပါလစာနဲ့
ကျေကျေနပ်နပ် အလုပ်လုပ်ပေးဖို့သဘောတူညီ ခဲ့တာပါ။
တကယ့် ဥပဒေ အတိုင်းသာဆိုရင် ဆန္ဒပြခွင့်တောင်မရှိပါဘူး။
ကိုယ်ဒီလစာနဲ့မလုပ်နိုင်ရင်တခြားအလုပ်ပြောင်းလုပ်ရုံပါပဲ။ဒါပေမဲ့ ထားပါတော့လေ။
အလိုဆန္ဒတွေမပြည့်ဝလို့ ဆန္ဒ ပြတယ်ဆိုလဲ အေးအေးချမ်းချမ်း ဆန္ဒ ထုတ်ဖော်တာမျိုးပဲဖြစ်သင့်ပါတယ်။
အလုပ်လာအပ်တဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားချင်း ပိတ်ဆို့ ချုပ်နှောင်ထားတာမျိုး ဘယ်နိုင်ငံ မှာမှ မရှိခဲ့ဖူးပါဘူး။

ကိုယ့်ဆန္ဒတစ်ခုထဲဘဲ ကြည့်ပြီး တပါးသူတွေရဲ့ အသက်အန္တရယ် ထိခိုက်လောက်အောင်
ကျွန်တော်တို့ မြန်မာတွေမေတ္တာတရားခေါင်းပါးကုန်ကြပြီလား?
အထဲက အပိတ်ခံထားရတဲ့လူတွေကတော့ ဘေးစက်ရုံတွေက ဆယ်ပေကျော်တဲ့ခြံစည်းရိုးတွေကိုကျော်ပြီး ပစ်ပေးတဲ့ ရေနဲ့ အစာအနည်းငယ်ကိုဝေစားပြီး အသက်ဆက်နေကြရပါတယ်။
ဆန္ဒပြအလုပ်သမားတွေသနားဖို့ကောင်းတယ်ဆိုရင်လဲအပိတ်ခံထားရတဲ့လူတွေကပိုသနားဖို့မကောင်းဘူး
လား?
အလုပ်သမားဝန်ကြီးဌာန ရဲ့ အဂတိလိုက်စားမှုနဲ့ ညံ့ဖျင်းမှုတွေကြောင့် ဓားစားခံဖြစ်ခဲ့ရပြီး ဆံပင်ဆွဲ ပါးရိုက်ခံရတဲ့ ရဲမေလေးတွေ အုတ်ခဲနဲ့အထုခံရ ဝါးဆစ်ဒုတ်တွေနဲ့အရိုက်ခံရတဲ့ ရဲသားလေးတွေရော
သနားဖို့မကောင်းကြဘူးလား?

ကျွန်တော့ အနေနဲ့တော့ အားလုံးအတွက် မေတ္တာ သုတ် (၂၇) ခေါက်ရွတ်ပြီး မေတ္တာ ပို့ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး။မင်းသိင်္ခ ရဲ့ လက်သုံးစကားလေး အတိုင်းပဲပေါ့။

"သဗ္ဗေ သတ္တာ ကမ္မ သကာ"
(ခပ်သိမ်းသောသူတို့သည်မိမိတို့ကံနှင့် မိမိတို့ဖြစ်ကုန်သည်)

အောင်နုင်

OppositEye မှ ကူးယူ ​ဖော်​ပြပါသည်

လောက်ကိုင်-တာရွေထန် လမ်းကြောင်းရှိ စစ်ရေးဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို တပ်မတော်က ပြန်လည်သိမ်းပိုက်


The Voice Weekly


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်အဖွဲ့က ယာယီခြေကုပ်ယူ ထားသည့် စစ်ရေးဗျူဟာအရ အရေးကြီးသော လောက်ကိုင်-ကွမ်းလုံ လမ်းကြောင်းပေါ်ရှိ တောင်ကုန်းများကို တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီလ ၂၂ ရက်နေ မွန်းလွဲပိုင်းမှ စတင်ကာ လေကြောင်း ပစ်ကူများရယူ၍ ပြန်လည် သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

လောက်ကိုင်-တာရွေထန် ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းများကို တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းမှ စတင်၍ ထိုးစစ်ဆင်ခဲ့ရာဖေဖော်ဝါရီလ ၂၂ ရက်နေ မွန်းလွဲပိုင်းတွင် ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး လမ်းပန်းဆက်သွယ်မှုများ ဘေးကင်းစွာ ပြန်လည်ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိပြီဖြစ်ကြောင်း တပ်မတော်မှ သိရသည်။

ယင်းတိုက်ပွဲအတွင်း တပ်မတော်မှ စစ်သည်လေးဦး ကျဆုံးခဲ့ပြီး အရာရှိ/စစ်သည် ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သည်များကို တပ်မတော် စစ်ဆေးရုံများသို့ ပို့ဆောင် ဆေးကုသပေးနေကြောင်း သိရသည်။

“ဒီနေ့မှာတော့ လောက်ကိုင်-တာရွေထန် ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းမှာ ရှိတဲ့ တောင်ကုန်းတွေကို ပြန်ရပြီ။ နောက်ထပ်လည်း နယ်မြေရှင်းလင်းရေးကို ဆက်တိုက် ဆောင်ရွက်သွားမှာပါ” ဟု တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

Sunday, February 22, 2015

ဖမ်းမိသူများကို လှောင်အိမ်ထဲထည့် အောင်ပွဲခံပြီး စီရင်သည့် အိုင်အက်စ် (သတင်းဓာတ်ပုံများ)

အစ္စလာမ္မစ် (အိုင်အက်စ်) အဖွဲ့ရဲ့ နောက်ဆုံးထုတ်ဝေလိုက်တဲ့ ဗွီဒီယိုဖိုင်မှာတော့ ဖမ်းဆီးထားတဲ့ ပတ်ရှ် မာဂါ ခေါ် အီရတ် ကာဒစ်ရှ် တပ်ဖွဲ့ဝင်တွေကို လှောင်အိမ်ထဲထည့်ပြီး အီရတ်နိုင်ငံ ကရစ်ကူခရိုင်က မြို့ထဲကို လှည့်လည်နေပါတယ်။
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
၉ မိနစ်ကြာ ဗွီဒီယိုဖိုင်မှာတော့ အိုင်အက်စ်နဲ့ နီးစပ်သူတဦးက လှောင်အိမ်တွေ ရှေ့မှာ မိုက်နဲ့ စကားပြောနေ တယ်လို့ ဒေးလီးမေလ်းသတင်းမှာရေးပါတယ်။
IS 2
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဒီနောက်မှာတော့ လိမ္မော်ရောင် ၀တ်ဆင်ထားတဲ့ ဓားစာခံ ၂၁ ဦးကို ဖမ်းဆီးထားသူတွေက မစီရင်မီ အင်တာဗျူး လုပ်ပြီး သူတို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး မေးမြန်းနေပါတယ်။
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဒီနောက် လှောင်အိမ်ထဲထည့်ထားတဲ့ အကျဉ်းသားတွေကို ပစ်ကပ်ကားတွေပေါ်ကို တင်ဆောင်ပြီး မျက်နှာကို ဖုံးထားတဲ့ လက်နက်ကိုင်တွေက စောင့်ကြပ်လိုက်ပါလာပါတယ်။
IS 5
လမ်းအပြည့် ကြည့်ရှုနေတဲ့သူတွေက ဒီကားတန်းကြီးကို အော်ဟစ်ထောက်ခံတာတွေ လုပ်ဆောင်နေပါ တယ်။
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဒီနောက်မှာတော့ သူတို့ကို ကားပေါ်ကနေ ခေါ်ဆောင်ပြီး စီရင်ဖို့ လုပ်ဆောင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
IS 7
ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)

ဓာတ်ပုံ (ဒေးလီးမေလ်း)
ဓာတ်ပုံ (ဒေးလီးမေလ်း)
လန်ဒန်တက္ကသိုလ်တခုက ဗွီဒီယိုမှာ ပါတဲ့သူတွေကတော့ အသတ်ခံရပြီလို့ ယူဆရကြောင်း ပြောဆိုပါတယ်။
DVB

ဒူဘိုင်းတွင် မိုးမျှော်တိုက်တစ်ခု၌ မီးလောင်မှုဖြစ်ပွား



အာရပ် စော်ဘွားများ ပြည်ထောင်စု နိုင်ငံ၊ ဒူဘိုင်းရှိ မိုးမျှော်တိုက်ကြီးတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်အစောပိုင်း၊ ဒေသစံတော်ချိန် (၂)နာရီခန့်က စတင်လောင်ကျွမ်းသော မီးသည် (၈၆)ထပ် တိုက်ကြီး၏ တိုက်ခန်း အတော်များများသို့ ကူးစက်ခဲ့သော်လည်း ကံအားလျော်စွာဖြင့် အသေအပျောက် မရှိခဲ့ဟု သိရှိရသည်။
သတင်းဌာနများက အဝါရောင် မီးတောက်ကြီးများ လောင်ကျွမ်းနေသည့် အဆောက်အအုံ အရှေ့မြောက်ဘက်ခြမ်း ပုံရိပ်ကို ထုတ်လွှင့် ပြသခဲ့ကြသည်။ မီးလောင်သည့် နေရာတစ်ဝိုက်မှ အပျက်အစီးများသည် အနီးရှိ လမ်းများ၊ ပလက်ဖောင်းများပေါ်သို့ ကျရောက်ခဲ့သည်။ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် အပျက်အစီးများသည် အဝေးထိ လွင့်စင်သွားခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။
ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူများက မီးလောင်မှုအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိကြောင်း သတင်းပေးပို့မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ဆိုသည်။ အနည်းဆုံး မီးသတ်ယာဉ် တစ်ဒါဇင်ခန့် ပူးပေါင်းငြှိမ်းသတ်ပြီးနောက် မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ မီးလောင်နေစဉ်အတွင်း မိုးမျှော်တိုက်၏ အနီးတဝိုက်ရှိ အဆောက်အအုံ နှစ်ခုတွင် နေထိုင်သူများကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။
မီးလောင်မှု ဖြစ်ပွားရာ မာရီနာ ဧရိယာသည် အထပ်မြင့် မျှော်စင်ကြီးများနှင့် ဟိုတယ်ကြီးများ တည်ရှိသည့် နေရာလည်း ဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်သည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရှိရသေးချေ။ The Torchဟု အမည်ပေးထားသည့် အဆိုပါ မိုးမျှော်တိုက်ကြီးကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံး လူနေ အဆောက်အအုံများ စာရင်းတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။
_Ref: USA Today
7day 

အဖေ့အမွေကို ဆက်ခံတဲ့ ဖြိုးဖြိုးအောင် အကြောင်း တစ်စေ့တစ်စောင်း



သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ၁၅ ယောက်ထဲမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်နေတဲ့
ကျောင်းသူကလေးကတော့ ဖြိုးဖြိုးအောင် လို့ ခေါ်တဲ့ မှော်ဘီ နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေပါတယ်။ တတိယနှစ် စာမေးပွဲ မဖြေဆိုနိုင်ခဲ့တဲ့ ဖြိုးဖြိုးအောင်ဟာ အမေရိကန်၊
တောင်ကိုရီးယား၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးပညာတွေ သင်ယူခဲ့သူ ဖြစ်ပါတယ်။

သူ့အဖေက ဗကပ ဒေါက်တာနေ၀င်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဗကသမှာ အတွင်းရေးမှူး ရာထူး ယူထားပြီး ပြည်တွင်းမှာ သပိတ်မှောက်တာတွေ၊ ဆန္ဒပြပွဲတွေကို စီမံနိုင်အောင် အမေရိကန်နိုင်ငံမှာ ယူဂျီသင်တန်းတွေကို စနစ်တကျ သင်ကြားထားသူ တစ်ယောက် ဖြစ်ပါတယ်။

အိုင်တီပညာကို ကန်ပိန်းမှာ စနစ်တကျအသုံးချနိုင်သူတစ်ဦး ဖြစ်တဲ့အတွက် စိန်ရတုခန်းမ လေးပွင့်ဆိုင်မှာ ဟန်းဖုန်းကို ကြည့်ပြီး အချေအတင် ဆွေးနွေးနိုင်ခဲ့ပါတယ်။

အမေရိကန်စင်တာမှာ သင်တန်းတွေ တက်ရောက်ခဲ့ပြီး လူငယ်များရဲ့ စကားစစ်ထိုးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ကျင့်ထားတဲ့အတွက် အမေရိကန်နိုင်ငံက ဒီမိုကရေစီအင်အားစုတွေအတွက် အထူးအားထားရသူ ဖြစ်ပါတယ်။

ပြည်ပမှာ ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ ဖြစ်ကြတဲ့ နိုင်အောင်၊ ခင်ဥမ္မာ၊ မိုးသီးဇွန်၊ ခက်မာ တို့နဲ့ ကွန်ရက်ချိတ်ဆက်ထားပြီး ပေါင်းကူး ဒေါက်တာကျော်သူက တဆင့် ပြည်ပအဖွဲ့အစည်းတွေဆီက အလှူငွေတွေ အများ အပြားရရှိလာအောင် ချိတ်ဆက်နိုင်သူ ဖြစ်ပါတယ်။

သိပ်နောက်ကျသွားပြီ ကိုးကန့်မဟုတ်သော တရုတ်နွယ်ဖွား ဖုန်ကြားရှင်


ဖုန်ကြားရှင် စခဲ့သော တိုက်ပွဲမီးလျှံက ကိုးကန့်ဒေသကို လောင်မြိုက်ခဲ့ပြီ ဖြစ်ပါသည်။
ဒေသခံပြည်သူတို့ နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ ထိုတိုက်ပွဲများ တွင် တပ်မတော်သားများ အသက်ဆုံးရှုံးခဲ့ကြရသလို ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။ သို့သော် ပေးဆပ် ရကျိုး နပ်ပါသည်။ လောက်ကိုင်ဒေသကို ဖုန်ကြားရှင်၏ ကိုးကန့်(တိမ်းရှောင်)အဖွဲ့ လက်အောက်သို့ မကျရောက် အောင် ကာကွယ်နိုင်ခဲ့သည်။ သို့အတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးကလည်း
လောက်ကိုင်တိုက်ပွဲများကို ဆင်နွှဲနေသော တပ်မတော်အပေါ် ယုံကြည်ထောက်ခံခဲ့ ကြသည်။ ဖုန်ကြားရှင်အဖွဲ့ကို အမြစ်ပြတ်တိုက်ဖို့အထိ တပ်မတော်အား တွန်းအား ပေးနေကြပါသည်။

ကိုယ့်နိုင်ငံထဲကနေ ထွက်ပြေးသွားတဲ့ ဖုန်ကြားရှင်လို သက်ကြားအို တစ်ယောက် ဦးဆောင်လာတဲ့ ကိုးကန့် (တိမ်းရှောင်) အဖွဲ့ရဲ့ တစ်ကျော့ ပြန်ကျူးကျော်လာမှုကို တပ်မတော်က လုံးဝခွင့်မပြုဘဲ အချိန်မီ ချေမှုန်းတိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုကို ထိပါးစော်ကားလာတာဖြစ်တဲ့အတွက် တပ်မတော်နဲ့ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်ကြခြင်းဖြစ်ပါသည်။ ကိုယ်မွှေးခဲ့သောမီးကို ကိုယ်ကိုယ်တိုင် ငြိမ်းအောင် မသတ်နိုင်တဲ့ ဖုန်ကြားရှင်ခမျာ အခြေ အနေ မဟန်မှန်းသိတော့ သမ္မတကြီးဆီ အိတ်ဖွင့်ပေးစာ ရေးပါရောလား။ ဘာတဲ့.. ကိုးကန့်လူမျိုး၏ အမျိုးသား ရေးသမိုင်း ပေးတာဝန်အရ MNDAA(ကိုးကန့်)သည် မိမိ၏ မွေးရာ ဇာတိသို့ ပြန်လှမ်းခဲ့ရပါသည် ဆိုပါလား။
သေခါနီးအဘိုးကြီး ဖုန်ကြားရှင်ရဲ့ စကားက တော်တော်ရယ်စရာ ကောင်းလွန်းသည်။ သူ့ကိုယ့်သူ ကိုးကန့်တိုင်းရင်းသား လို့ သုံးစွဲ လိုက်ပုံက အရှက်မရှိသော သူ့မျက်နှာကြီးကို မှန်ထဲပြန်ကြည့်စမ်းစေချင်သည်။

တော်တော်လည်း အရှက်မရှိတဲ့ တရုတ်ကြီး ဖုန်ကြားရှင်လို့ ပြောလိုက်ချင်သည်။ တကယ်တော့ ဖုန်ကြားရှင်ဟာ ကိုးကန့်တိုင်းရင်းသား မဟုတ်ပါ။ တရုတ်-မြန်မာ နယ်စပ် ဟုံစွေထူ ကျေးရွာမှာမွးဖွားခဲ့တဲ့ တရုတ်နွယ်ဖွားတစ်ယောက် သာဖြစ်ပါသည်။ သူကိုယ်တိုင်လည်း ကိုးကန့် တိုင်းရင်းသား မဟုတ်ဘူးဆိုတဲ့အကြောင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သူ့ရဲ့ကြေညာချက်မှာ ကမ္ဘာ တစ်ဝှမ်းက ကျွန်ုပ်နှင့်မျိုးတူ တရုတ်လူမျိုးများက ကျွန်ုပ်တို့ကြိုးစားမှုကို ဖြန့်ဝေပေးကြပါလို့ ထုတ်ဖော်ပြောဆိုခဲ့တာဟာ သူ့ကိုယ်သူ တရုတ်လူမျိုး တစ်ယောက်လို့ ခံယူထားတယ်ဆိုတာ ၀န်ခံတာ ပဲဖြစ်ပါတယ်။အခုမှ နိုင်ငံတော်နဲ့ လက်တွဲ မယ်လို့ လေသံပြောင်းလာတာ တပ်မတော်က အမြစ်ပြတ်တိုက်နေမှန်းသိလို့ သေရမှာကြောက်ပြီး သွေးရူးသွေးတမ်း လျှောက်ပြောနေခြင်းသာ ဖြစ်ပါသည်။

ဖမ်းဆီးမိ ကိုးကန့်​တပ်​မှ တရုတ်​​ကြေးစား စစ်​သားများ

ကိုးကန့်တပ်ဖွဲ့မှ ထွက်ပြေးလာသော တရုတ်နိုင်ငံသားနှစ်ဦး
ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်းဖြစ်ပွား နေသောတိုက်ပွဲများတွင် တရုတ် အစိုးရ၏ မူဝါဒအရပါဝင်ပတ် သက်မှုမရှိဟု ယုံကြည်သော်လည်း ကိုးကန့်တိမ်းရှောင်အဖွဲ့၌  တရုတ်ကြေးစားစစ်သားများပါ ၀င်နေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့လည်း ပါဝင်ပတ်သက်နေကြောင်း ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားလိုက်သည်။
တရုတ်ကြေးစား စစ်သား များနှင့်အတူ  ‘၀’ အဖွဲ့(UWSA)၊ မိုင်းလား အဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအောင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော်(TNLA)၊ SSA (၀မ်ဟိုင်း) တို့ ပါဝင်ပတ်သက်မှုရှိသည်ဟု ဒုတိယ ဗိုလ် ချုပ်ကြီးမြထွန်းဦးက ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော်ရှိကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဘုရင့်နောင်ရိပ်သာ၌ ပြုလုပ်သော ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်သည့် ရှင်းလင်းပွဲ၌ ဓာတ်ပုံ အထောက်အထားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ တရုတ်လူမျိုးတရားခံ ရှစ် ယောက်၊ အလင်းဝင်တွေ၊ ဒီထွက်ဆိုချက်တွေကို စိစစ်ဖော်ထုတ်ထားတဲ့အတိုင်း ဒီတပ်ဖွဲ့မှာ တရုတ်ကကြေးစားတွေပါဝင်တာ မှန်ကန်မှုရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်နိုင်ပါတယ်’’ဟုအဆိုပါ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ် ကြီး မြထွန်းဦးကဆိုသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍တရုတ်အစိုးရ၏ မူဝါဒအရပါဝင် ပတ်သက်မှု မရှိကြောင်း ယုံကြည်သော်လည်း အောက်ခြေတွင် ဆက်စပ်မှုများ ရှိနေကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ၎င်းက‘‘တစ်ခါ တိုက်ပွဲအတွင်းမှာ ကိုက် ၅၀အ တွင်းမှာ အနီးကပ်ကွပ်ကဲတဲ့အခါ မှာ အော်ဟစ်ပြီးပြောဆိုနေကြတဲ့၊ အမိန့်ပေးကွပ်ကဲနေကြတဲ့စကား သံတွေဟာ တရုတ်ဘာသာစကား နဲ့ပြောဆိုသံတွေ၊ ကချင်ဘာသာ စကားနဲ့ ပြောဆိုသံတွေ၊ ၀ဘာ သာစကားနဲ့ ပြောဆိုတဲ့အသံတွေ၊ နောက်အမျိုးသမီးအသံတွေကိုပါ ကျွန်တော်တို့ကြားနေရပါတယ်။ ဒါတွေဟာ တိုက်ပွဲမှာကိုယ်တိုင် ကိုယ်ကျပါဝင်ပြီးတော့ ဆင်နွှဲနေ ကြတဲ့ ကျွန်တော်တို့ အရာရှိစစ် သည်တွေဆီက ပြန်ပြီးတော့သိရှိ ရတဲ့ အနေအထားတွေ ဖြစ်ပါ တယ်’’ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ၂၀၁၄ ဧပြီအတွင်းက တမူးမြို့၊ (၃)မိုင်ရဲကင်းရှေ့၌ ဖမ်းဆီးရမိသော ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ရှစ်ဦးတွင် ကြေးစားစစ်သားနှင့်တရုတ်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတို့ ပါဝင်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ထုတ်ပေးထားသည့် လက်နက်များတွင် UWSAအဖွဲ့စက်ရုံမှ ထုတ်လုပ်သည့် ချေမှုန်းရေး ရိုင်ဖယ်များ ပါဝင်နေသည်ကိုလည်း ဓာတ်ပုံအထောက်အထားများဖြင့်ပြသခဲ့သည်။
သို့သော် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ တိုက်ပွဲများတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ပြောသည်။
‘‘ကိုးကန့်ဒေသမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာ ကျွန်တော်တို့ KIA တပ်ဖွဲ့တွေ မပါဘူးခင်ဗျ။ အဲဒီ လောက်အဝေးကြီးမှာသွားပြီးဖြစ် ဖို့ ကျွန်တော်တို့လုပ်ဖို့လည်း အဲဒီ လောက်အဆင်သင့်မဖြစ်ပါဘူး။ ပါဝင်စရာအကြောင်းလည်းမရှိပါ ဘူး။ သူတို့ရဲ့ပြောဆိုချက်ကတော့ ဘယ်အပေါ်မှာအခြေခံပြီးတော့ ပြောဆိုတာလဲဆိုတာတော့မသိ ဘူးလေ။ ကိုးကန့်တိုက်ပွဲမှာကျွန် တော်တို့ KIAတပ်ဖွဲ့ဝင်တွေမပါ ဘူးဆိုတာ လုံးဝအာမခံပါတယ်’’ ဟုပြောသည်။
ထို့အပြင် ၎င်းက ‘‘သူတို့စစ်ဆင်ရေးလုပ်ချင်တဲ့ အဖွဲ့အစည်းတွေကိုတော့ နာမည်တပ်ပြီးတော့ပြောမှာပေါ့လေ။ သူတို့ရှောင်ချင်တဲ့ အဖွဲ့အစည်းတွေကိုတော့ ဒါတွေကို ကွယ်ဝိုက်ပြီး ပေါ်ပေါ်ထင်ထင်  ပြောမှာမဟုတ်ပါဘူး။ ဒါသူတို့လုပ်နေကျကိစ္စပါ’’ ဟုဆိုသည်။
SSPP/SSA ကလည်း ၎င်းတို့ တပ်ဖွဲ့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မီဒီယာများသို့ ဖြေကြားထားသည်။
တရုတ်ကြေးစား စစ်သား များပါဝင်နေခြင်းနှင့်ပတ်သက်၍နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နက်အတွင်း ဖြစ်ပွားသည့် ကိစ္စဖြစ်သည့်အတွက် နိုင်ငံ၏ဥပဒေနှင့် စီရင်ဆုံးဖြတ်မည်ဖြစ်ကြောင်း တရုတ်အစိုးရသို့အကြောင်းကြား ထားကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးကဆိုသည်။
ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ကိုးကန့်တိမ်းရှောင်အဖွဲ့များဘက်မှပါဝင်ပတ်သက်နေသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် တာဝန်ယူရမည်ဖြစ်ပြီး မည်သို့ တာဝန်ယူမည်ဆိုသည်ကို ယင်းအဖွဲ့အစည်းများအပေါ် မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း သုံးသပ်မိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ယခုလ ၉ ရက်မှစ၍ ရှမ်း ပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် မြန်မာ့တပ်မ တော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ ဒဏ်ရာရရှိသော ကိုးကန့်တိမ်းရှောင်အဖွဲ့ဝင်များ ကို လက်ခံကုသပေးသည့် တရုတ် နိုင်ငံရှိ ဆေးရုံ၊ ဓာတ်ပုံများ၊ ကိုး ကန့်တိုက်ပွဲများကို ဖုန်ကြားရှင် ကိုယ်တိုင်နေထိုင်ကွပ်ကဲနေသည့် တစ်ဘက်နိုင်ငံရှိ ဟိုတယ် ၏ ဓာတ်ပုံများကိုလည်း ရှင်းလင်းပွဲတွင် ဓာတ်ပုံ အထောက်အထားများဖြင့် ပြသခဲ့သည်။
7day 

တရုတ်ကိုခေါင်းခဲစေတဲ့ မြန်မာ

စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ် (LYNN BO BO/EPA)
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားက တိုက်ပွဲများကြောင့် အရပ်သားများ အသက်ဘေး အတွက် တရုတ်နိုင်ငံသို့စစ်ပြေးဒုက္ခသည်များအဖြစ် အလုံးအရင်းဝင်ပြေးလာကြသည်။ ၁၀ ရက်ခန့်ဆက်တိုက်ဖြစ်ပွားနေသော လတ်တလောတိုက်ပွဲများကြောင့် လူထောင်ချီပြီး အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ရသည်။ အများစုကမူ နယ်စပ်ကိုကျော်ပြီး တရုတ်နိုင်ငံသို့ပြေးလာကြသည်။ တရုတ်အာဏာပိုင်များ၏ ခန့်မှန်းချက်အရ ဒုက္ခသည် ၃၀,၀၀၀ ခန့် တရုတ်နိုင်ငံတွင်း ဝင်ပြေးလာသည်ဟု ဆိုသည်။ အချို့ကလည်း ၅၀,၀၀၀ခန့်ရှိနိုင်မည်ဟု ခန့်မှန်းကြသည်။
အဆိုပါတိုက်ပွဲများသည် မြန်မာအစိုးရတပ်နှင့် MNDAA ခေါ် ကိုးကန့်ဒေသအခြေစိုက် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်တို့အကြား တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ ထိုတိုက်ခိုက်မှုများသည် မြန်မာ အစိုးရနှင့်တိုင်းရင်းသားပေါင်းစုံ တပ်ဖွဲ့များကြား စေ့စပ်ညှိနှိုင်းနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုပျက်စီးစေသည်။
အင်္ဂါနေ့တွင် သမ္မတဦးသိန်း စိန်က ကိုးကန့်ဒေသကိုအရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ သူ က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ထိုဒေသခံစစ်တိုင်းမှူးကို အုပ်ချုပ်စီရင်ခွင့်အာဏာပါ အပ်နှင်းခဲ့သည်။ မြန်မာအစိုးရ၏ ပြောကြားချက်အရ တိုက်ပွဲတွင်မြန်မာစစ်သား ၅၀ ကျဆုံးပြီး ၇၃ ဦးဒဏ်ရာရခဲ့၏။ ကိုးကန့်တပ်ဖွဲ့များဘက်ကမူ ကျဆုံးသူ ၂၆ ဦးရှိသည်ဟုဆိုသည်။
ယခုကဲ့သို့နယ်စပ် အခြေအနေမလုံမခြုံ ပြဿနာတက်နေ ခြင်းက တရုတ်အစိုးရကို သောကပွေစေသည်။ တရုတ်၏အဓိကအလေးထားမှုက ဒုက္ခသည်များ ရှိနေ သောနယ်စပ်ဒေသနှင့် ယူနန်ပြည်နယ်အေးချမ်းတည်ငြိမ်ရေးဖြစ်သည်။ တနင်္လာနေ့တွင် တရုတ်အစိုးရ နိုင်ငံခြားရေး ဌာနမှ ပြောခွင့်ရသူ ဟွာချွန်ယင်က တရုတ်အစိုးရသည် အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးအခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန်၊ တရုတ်ဘက်က လုံခြုံရေးကို မထိပါးရန် ထပ်တလဲလဲပြောဆိုခဲ့သည်ဟုဆိုသည်။
‘‘မြန်မာဘက်က ဆန္ဒအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တ ရုတ်အစိုးရက သူ့ရဲ့အကူအညီ ပေးမယ့်ကဏ္ဍကို ဆက်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ’’
တနင်္လာနေ့တွင် ယူနန်ပြည် နယ်မှတာဝန်ရှိသူများက နယ်စပ် ဒေသအခြေအနေတည်ငြိမ်နေပါသည်ဟုဆိုသည်။ မြန်မာနိုင်ငံဘက်တွင် တိုက်ပွဲများစတင်က တည်းက ယူနန်ပြည်နယ်က သူ၏နယ်စပ်ကင်းတပ်ဖွဲ့များကို အဆင်သင့်ပြင်ထားခဲ့သည်။
အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုအခြေခံပြီး နယ်စပ်ဒေသမှာ ဖြစ် ပွားနေသောအကြမ်းဖက်မှုများ၊ တိုက်ပွဲများ ရပ်တန့်လာအောင် တရုတ်နိုင်ငံကလုပ်ဆောင်နိုင်တာ အနည်းအကျဉ်းပဲရှိသည်။ ပြည်မအစိုးရကို ပြန်လည်တုံ့ပြန်ဖို့သာ ဖိအားပေးရေးဖြစ်သည်။
 သည်ပြဿနာက တရုတ် အတွက်တော့ ခက်ခဲရှုပ်ထွေး သည့်ပြဿနာအခြေအနေတစ်ခု ဖြစ်သည်။ တရုတ်တိုင်းရင်းသား လူမျိုးတစ်ခုဖြစ်သည့် ကိုးကန့် လူမျိုးများက သူတို့သည် မြန်မာ နိုင်ငံမှာ ခွဲခြားဆက်ဆံ ခံနေရ သည်ဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုတောင်းဆိုနေသည်။ ကိုးကန့် အဖွဲ့၏ အထွေထွေအတွင်းရေး မှူးထွန်းမြတ်လင်းက တရုတ်လူမျိုးများသည် မြန်မာပြည်မှာ ဒုတိယ တန်းစားနိုင်ငံသားများ အဖြစ်ဆက်ဆံခြင်းခံနေရသည်ဟု အေပီသတင်းဌာနအား ပြောကြားခဲ့သည်။
  ‘‘ကျွန်တော်တို့ ဘာသာ ကိုယ့်ကိစ္စတွေကို စီမံခန့်ခွဲနိုင်တဲ့ နေရာမှာ အမြင့်စားကိုယ်ပိုင်အုပ် ချုပ်ခွင့်လိုချင်တယ်။ ဒါပေမဲ့ မြန်မာကနေတော့ ခွဲမထွက်ချင်ပါ ဘူး’’ဟု သူကဆိုသည်။
ကိုးကန့်ခေါင်းဆောင်ဖုန် ကြားရှင်ကလည်း တရုတ်လူမျိုး များဆီ အိတ်ဖွင့်ပေးပြီး ကိုးကန့်လူမျိုးများကို ထောက်ခံပါရန် အသနားခံခဲ့သည်။
မြန်မာအပေါ် အမေရိကန် ၏သြဇာကြီးထွားလာမှုကို တုံ့ပြန် သည့်အနေဖြင့် တရုတ်သည် ကိုးကန့်သူပုန်များအား လက်နက် နှင့်အခြားအကူအညီများပေးနေ သည်ဟု စွပ်စွဲပြစ်တင်ခံနေရပါ သည်။ တရုတ်အစိုးရကတော့ ထိုစွပ်စွဲချက်များကိုငြင်းဆန်ပါ သည်။ တရုတ်အစိုးရနိုင်ငံခြားရေး ဌာန ပြောခွင့်ရသူဟွာချွန်ယင်က တရုတ်အစိုးရသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေး စား၍ တရုတ်မြေကိုသုံးပြီး နယ် စပ်ဒေသကို မတည်ငြိမ်အောင်လုပ်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ကိုးကန့်တပ်များကလည်း သူတို့သည် တရုတ်နိုင်ငံထံမှ လက်နက်ရသည်ဆိုသည့်အချက်ကိုငြင်းဆန်ခဲ့သည်။
ဟင်နီစတမ်ဆွန်စင်တာမှ သုတေသီယွမ်ဆန်က တရုတ် နိုင်ငံရေးအကြံပေးများက မြန်မာ အပေါ်တွင် မဟာဗျူဟာအရ အသာစီးရစေရန် နယ်စပ်ရှိတိုင်း ရင်းသားအုပ်စုများအား ထောက်ပံ့ အားပေးဖို့ တရုတ်အစိုးရကိုတိုက် တွန်းခဲ့ကြသည်ဟု ရေးသားခဲ့ဖူး သည်။ သို့ရာတွင် တရုတ်အစိုးရ တာဝန်ရှိသူများက ထိုအမြင်ကို ပြတ်ပြတ်သားသားပယ်ချခဲ့ကြ သည်ဟုဆိုသည်။
တရုတ်အနေဖြင့် ငြိမ်းချမ်း စွာဖြေရှင်းရေးကိုလိုလားပြီး မြန်မာပြဿနာကို ဝင်ပါကာ ဖြေရှင်းမည်မဟုတ်ဟု ယွန်ဆန်ကရေး သားဖူးသည်။ ဂလိုဘယ်တိုင်းမ် သတင်းစာအယ်ဒီတာ့အာဘော် တွင် မစွက်ဖက်ရေးမူဝါဒဖြင့် မြန်မာကိုချဉ်းကပ်ရန် တရုတ်အစိုးရကို အကြံပြုထားသည်။ ထို အာဘော်တွင် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် တရုတ်၏ တိုက်တွန်းအားပေးမှုကို သဘောတူသော်လည်း မြန်မာ၏ ပြည်တွင်းရေး ပဋိပက္ခတွင် တရုတ်အနေဖြင့် ပါဝင်ရန်မသင့်ဟု ပြော ကြားထားသည်။
ထို့အပြင် တရုတ်နိုင်ငံအနေ ဖြင့် ထိုပြဿနာကိုဖြေရှင်းရန် အခြားနည်းလမ်းတစ်ခု ရှာဖွေ မှာမဟုတ်ဘူးဟုလည်း အဆိုပါ သတင်းစာကသုံးသပ်ထားသည်။
  ‘‘မြန်မာအပေါ်ထားတဲ့ တရုတ်မူဝါဒပြောင်းလဲမယ်ဆိုတဲ့ စကားတွေက တလွဲပြောနေကြ တာပါ။ တရုတ်လူမှုအသိုင်း အဝိုင်းက ကိုးကန့်တိုင်းရင်းသား တွေအပေါ်ထားရှိတဲ့ သနားစိတ်နဲ့ နီးစပ်မှုက တရုတ်အစိုးရရဲ့မူဝါဒ ကိုဆုံးဖြတ်ပေးနိုင်မယ့်အရာတွေ မဟုတ်ပါဘူး’’ဟု ဂလိုဘယ်တိုင်းမ်သတင်းစာက ရေးသားထား ပါသည်။
(The Diplomat စာစောင်ပါ ဆောင်းပါးရှင် Shannon Tiezzi ၏ China's Myanmar headache ဆောင်းပါးကို ထား ထားမြင့် ဘာသာပြန်ဆိုသည်။)
7day 

တပ်မတော် စစ်ကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသော ကိုးကန့် သောင်းကျန်းသူများ အဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ကိုးကန့်သောင်းကျန်းသူများသည် လောက်ကိုင်မြို့သို့ ဆက်သွယ်သည့် လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ဆို့ကာ လောက်ကိုင်မြို့အား အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲပိုင်းမှစ၍ ကုန်းကြမ်း-လောက်ကိုင် လမ်းကြောင်းရှိ (၁၈) မိုင်လမ်းဆုံအနီး တစ်ဝိုက်တွင် အခြေပြုခံစစ်ယူ ထားသည့် ကိုးကန့်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်းများက ဝိုင်းပတ် ပိတ်ဆို့ရှင်းလင်းရာ စုစုပေါင်းတိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများ ယာယီခံစစ်ယူထားသည့် တောင်ကုန်း တစ်ကုန်းအား သိမ်းပိုက်ရရှိခဲ့၍ အလောင်းနှစ်လောင်း၊ အမ် (၂၂) ၃ လက်၊ ၄င်းကျည်အိမ် ၃ ခုနှင့် ကျည် ၁၅တောင့်တို့အား သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ တိုက်ပွဲများတွင် တပ်မတော်မှ စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာ ရစစ်သည်များအား တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ ဆက်လက်ပို့ဆောင် ၍ ဆေးကုသစေလျက် ရှိသည်။

ယနေ့တွင် တပ်မတော်စစ် ကြောင်းများက အဆိုပါ (၁၈) မိုင် လမ်းဆုံအနီး တစ်ဝိုက်ရှိ ကိုးကန့် သောင်းကျန်းသူများအား ဆက်လက် ရှင်းလင်းဆောင်ရွက် ရာ ကိုးကန့် သောင်းကျန်းသူများက စက်သေနတ်များ၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား၍ တပ်မတော်ကတိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် လေကြောင်းပစ်ကူနှစ်ကြိမ်ဆောင်ရွက်ခဲ့သည်။ တပ်မတော်က သောင်းကျန်းသူများအား ဝိုင်းပတ်ထိန်းချုပ် အမြစ်ပြတ် တိုက်ခိုက်နိုင်ရေး လိုအပ်သောစစ်ကူများ ထပ်မံဖြည့်တင်း၍ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ တိုက်ပွဲများတွင် တပ်မတော်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ လောက်ကိုင် ဒေသအတွင်း တပ်မတော် စစ်ကြောင်းများက ဆက်သွယ်ရေး လမ်းကြောင်းများ အား ဖြတ်တောက်ပိတ်ဆို့လျက်ရှိ သည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့ များအား ဆက်လက်တိုက်ခိုက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MYANMAALINNNEWS

ကိုးကန့်တိုက်ပွဲ ကြေးစားစစ်သားသုံးမှု စစ်တပ်အပြစ်တင်

 နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။ ဓာတ်ပုံ-ကျော်စွာမြင့် fc)
လက်ရှိ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်လက်နက်ကိုင် တွေဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့က ကူညီပေးနေတယ်လို့ မြန်မာအစိုးရက စွပ်စွဲလိုက်ပြီး ဒီအဖွဲ့တွေအနေနဲ့ လုပ်ဆောင်ချက်အပေါ်မှာ တာဝန်ယူ ရလိမ့်မယ်လို့ ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တရုတ်နိုင်ငံသား ကြေးစားတပ်သားတွေ အသုံးပြုနေတယ်လို့ ယုံကြည်ရတယ်လို့လည်း မြန်မာ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ ကိုးကန့် လက်နက်ကိုင်တပ်ဘက်ကတော့ အခုလို တိုက်ခိုက်နေရတာတွေဟာ ကိုးကန့်တိုင်းရင်းသားတို့ အတွက် တန်းတူညီမျှရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ နိုင်ငံရေး အခန်းကဏ္ဍတခုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းမှု ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲအချိန်မှာပဲ မြန်မာအစိုးရကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက စနေနေ့မှာ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကွန်းလုံမြို့နယ် တောက်ရွှေကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခု တိုက်ပွဲတွေ စတင်ခဲ့ရတာ ဖြစ်တယ်လို့ အစချီပြီး လက်ရှိ ကိုးကန့်လက်နက်ကိုင်တွေရဲ့ တိုက်ပွဲအခြေအနေတွေကို အထောက်အထားတွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

“သူတို့ဟာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်အားအမြောက်အများ အသုံးပြုသွားတယ်။ ဒေသခံတွေကို အကြောက်တရားနဲ့ သတင်းပေါက်ကြားမှုမရှိဖို့ ထိန်းချုပ်ထားနိုင်ကြောင်းလည်း သိရပါတယ်။… အဲဒီတော့ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်လူမျိုးထဲက (၈) ယောက် အလင်းဝင်တယ်။ ဒီထွက်ဆိုချက်တွေကို ကျနော်တို့ စိစစ်ဖော်ထုတ်ထားတဲ့အတိုင်း ဒီတပ်ဖွဲ့မှာ တရုတ်က ကြေးစားတွေပါဝင်နေတယ်ဆိုတာ မှန်ကန်မှုရှိတယ်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။”

အခု ကိုးကန့် တိုက်ပွဲတွေဟာ အချုပ်အချာအာဏာကို ထိပါးလာတာ ဖြစ်လို့ မြန်မာ စစ်တပ် အနေနဲ့ အစွမ်းကုန် ကာကွယ်သွားရမှာ ဖြစ်တယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုပြီး ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဘက်က ဝင်ရောက် ကူညီပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း လုပ်ဆောင်ချက်အတွက် တာဝန်ယူကြရမယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“အဲဒီတော့ ကျနော့အနေနဲ့ လောက်ကိုဒေသဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ တင်ပြလိုပါတယ်။ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ သောင်းကျန်းသူအဖွဲ့ဟာ လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရကို ဖြုတ်ချတယ်။ သူက အာဏာသိမ်းဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာခြင်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့တပ်မတော်အနေနဲ့ လုံးဝ လက်မခံပါဘူး။ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး။ မိမိတို့ရရှိထားတဲ့အထောက်အထားတွေအရ လောက်ကိုင်ဖြစ်စဉ်မှာ မိုင်းလားအဖွဲ့၊ ဝ-အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA-ဝမ်ဟိုင်းအဖွဲ့ ပါဝင်ပတ်သက်မှုများရှိနေကြောင်း သိရှိရတဲ့အတွက်ကြောင့် ဒီအတွက်ကိုလည်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာတော့ လတ်တလော စစ်အုပ်ချုပ်ရေး ကျင့်သုံးနေပြီး မြို့တွင်း တိုက်ပွဲတွေဆင်နွှဲနေရဆဲ ဖြစ်တယ်၊ အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့ သတင်းထောက်တွေကိုလည်း လောက်ကိုင်ဒေသကို လာရောက်ကြဖို့ကိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖိတ်ခေါ်သွားပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ကိုးကန့်ဒေသဘက်မှာတော့ နေရာသုံးနေရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က လေကြောင်း ကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်ပိုင်းကနေစတယ်။ ၉ နာရီခွဲလောက်ကနေ စမယ်ထင်တယ်။ ပြီးတော့ ၁၁ နာရီလောက်ကျတော့ တိုက်လေယာဉ်ရယ်၊ ရဟတ်ယာဉ်ရယ် တမျိုး နှစ်စီးစီ၊ စုစုပေါင်း လေးစီးလာတိုက်တယ်၊ ဗုံးကြဲတယ်။ တနေကုန်ပါပဲ၊ ပြီးတော့ ကျည်းတပ်တွေ ထိုးတက်တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ထပ်ပစ်တယ်။ ကျည်းတပ်တွေက ထိုးတက်တယ်။ အဲလိုပါပဲ။ တနေကုန်။ ဖုန်းရွှေကြားမှာပါပဲခင်ဗျာ၊ ခါတိုင်းဖြစ်နေတဲ့နေရာ။ ကုန်းကြမ်းမှာလည်း ဖြစ်သေးပါတယ်။ အဲဒါကတော့ သိပ်မပြင်းထန်ပါဘူး။ ဒီနေ့ တော်တော်များများဖြစ်တယ်။ နောက်တနေရာဖြစ်တယ်။ ကျနော် နေရာနာမည် မမှတ်မိဘူးဗျ။”

ဒါ့အပြင် ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောဆိုခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တို့ကို ကူညီထောက်ပံ့ပေးနေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဦးထွန်းမြတ်လင်းက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျနော်အတိအကျပြောချင်တာကတော့ ကျနော့်တပ်ထဲမှာ တရုတ်နိုင်ငံသားကို မရှိတာ။ ကြေးစားဆိုတာ ကျနော်တို့ ဘယ်သွားရှာရမလဲတောင် မသိဘူး။ အဲလောက်လည်း ကျနော်တို့ ငွေရေးကြေးရေးမတတ်နိုင်ပါဘူးခင်ဗျ။ တရုတ်ပြည်က - ကျနော်အတတ်ပြောလို့ရပါတယ်ခင်ဗျ။ တရုတ်ပြည်ကနေပြီးတော့မှ ကျနော်တို့ကို ထောက်ပံ့တာတို့၊ ကျနော်တို့ကို ကူညီတာတို့ လုံးဝမရှိပါဘူး။ နောက်တခုကတော့ မိုင်းလားတို့၊ ဝတို့နဲ့ကတော့ ဟိုးအရင်ကတည်းက မဟာမိတ်ပါခင်ဗျ။ ဒါပေမယ့်တခုတော့ရှိတယ်။ ဥပမာ- လက်နက်တွေ၊ ဘာတွေတော့ ထောက်ပံ့တာ၊ ကူညီထားတာတော့ မရှိပါဘူး။ မရှိပါဘူးခင်ဗျ။ ပြီးတော့ ဒီ အခု တပ်ပေါင်းစုပြောရမှာပေါ့နော်၊ ကျနော်တို့အဖွဲ့တွေကတော့ နဂိုရ်ကတည်းက ကျနော်တို့လည်း နဂိုရ်ကတည်းက UNFC အဖွဲ့ဝင်တွေဆိုတော့ နဂိုရ်ကတည်းကလည်း မဟာမိတ်ပါပဲခင်ဗျ။ အဲဒီတော့ ကျနော်တို့ ဒီဒေသထဲရောက်လာတာကတော့ TNLA ရယ်၊TA ရယ် ရှိပါတယ်ခင်ဗျ။ ဒေသအပြင်မှာကတော့ ဥပမာ KIA ဆိုရင် သံလွင်မြစ်အနောက်ခြမ်းမှာ သူ့ဧရိယာထဲမှာသူ လှုပ်ရှားနေပါတယ်ခင်ဗျ။ SSA လည်း အဲလိုပါပဲ။ ထိုနည်းလည်းကောင်းပါပဲ၊ သူတို့ဒေသမှာသူတို့ လှုပ်ရှားနေပါတယ်ခင်ဗျ။”

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ဟာ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေးပျက်၊ ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရပါတယ်။ MNDAA ဟာ ၂ဝ၁၄ ခုနှစ်မှာညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်လာခဲ့ပေမယ့် မြန်မာအစိုးရဘက်ကတော့ တရားဝင်အသိအမှတ် မပြုထားပါဘူး။ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ မြန်မာ့ တပ်မတော်ကြား ပဋိပက္ခတွေကို အမြန်ဆုံးရပ်ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုအနေနဲ့ မြန်မာအစိုးရက အသိအမှတ်ပြုပြီး နိုင်ငံရေးအရ ရပ်တည်ခွင့်ပေးဖို့ကိုလည်း UNFC က ကြေညာချက်ထုတ် တိုက်တွန်းထားပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kokant-presser-in-naypaya-taw-/2653287.html