ဘယ်မီဒီယာတွေမှာမှမဖော်ပြခဲ့တဲ့ မနေ့က ရွှေပြည်သာမှာဖြစ်တဲ့ ရဲနဲ့ အလုပ်သမားတွေရဲ့အဖြစ်မှန်ပါ။
တကယ်ကတော့ရဲတွေအရိုက်ခံရတာပါ။အင်းစိန်ဆေးရုံမှာ ဆယ့်ငါးယောက်တင်ထားရပါတယ်။
လေးယောက်ကစိုးရိမ်ရတဲ့အခြေအနေပါ။အလုပ်သမားတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပွန်းပဲ့ဒဏ်ရာဒဏ်ချက် အချို့တော့ရပါတယ်။No work,No pay ဥပဒေ အရ ဆန္ဒပြရင်မိသားစုအရေးအတွက် လုပ်ခ လစာမရမှာစိုးလို့ တချို့အလုပ်သမားတွေကလဲ ရတဲ့နည်းနဲ့ အလုပ်ဆင်းကြပါတယ်။စက်ရုံအတွင်းထဲမှာ ဆန္ဒမပြပဲအလုပ်ဆင်းတဲ့ အလုပ်သမားတွေ နဲ့နိုင်ငံခြားသားအယောက်တစ်ရာကျော်လောက် ပိတ်မိနေပြီး အစာငတ်ရေငတ်ဖြစ်တာ (၃၆)နာရီ ကျော်နေပါပြီ။ဒီနေ့ညအထိဆန္ဒပြအလုပ်သမားတွေအနေနဲ့ဆက်ပြီးပိတ်ဆို့ထားရင်တော့ အထဲကပိတ်မိနေတဲ့ အလုပ်သမားတချို့နဲ့ နိုင်ငံခြားသား တွေအတွက် အသက်အန္တရယ် ရှိလာပြီဖြစ်လို့ ရတဲ့နည်းနဲ့ကယ်ထုတ်ရတော့မယ်လို့သိရပါတယ်။
အလုပ်ရှင်နဲ့အလုပ်သမားကြား အလုပ်ခန့်အပ်စဉ်မှာ Employment Contract(EC)လို့ ခေါ်တဲ့ အလုပ်ခန့်သဘောတူညီချက်မှာ လုပ်ခလစာ တခါထဲ သတ်မှတ်ထားပြီးသားပါ။ အလုပ်ရှင်ကလဲစာချုပ်ထဲပါ့တဲ့အတိုင်းပေးဖို့သဘောတူပြီး အလုပ်သမားကလဲ ဖော်ပြပါလစာနဲ့
ကျေကျေနပ်နပ် အလုပ်လုပ်ပေးဖို့သဘောတူညီ ခဲ့တာပါ။
တကယ့် ဥပဒေ အတိုင်းသာဆိုရင် ဆန္ဒပြခွင့်တောင်မရှိပါဘူး။
ကိုယ်ဒီလစာနဲ့မလုပ်နိုင်ရင်တခြားအလုပ်ပြောင်းလုပ်ရုံပါပဲ။ဒါပေမဲ့ ထားပါတော့လေ။
အလိုဆန္ဒတွေမပြည့်ဝလို့ ဆန္ဒ ပြတယ်ဆိုလဲ အေးအေးချမ်းချမ်း ဆန္ဒ ထုတ်ဖော်တာမျိုးပဲဖြစ်သင့်ပါတယ်။
အလုပ်လာအပ်တဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားချင်း ပိတ်ဆို့ ချုပ်နှောင်ထားတာမျိုး ဘယ်နိုင်ငံ မှာမှ မရှိခဲ့ဖူးပါဘူး။
ကိုယ့်ဆန္ဒတစ်ခုထဲဘဲ ကြည့်ပြီး တပါးသူတွေရဲ့ အသက်အန္တရယ် ထိခိုက်လောက်အောင်
ကျွန်တော်တို့ မြန်မာတွေမေတ္တာတရားခေါင်းပါးကုန်ကြပြီလား?
အထဲက အပိတ်ခံထားရတဲ့လူတွေကတော့ ဘေးစက်ရုံတွေက ဆယ်ပေကျော်တဲ့ခြံစည်းရိုးတွေကိုကျော်ပြီး ပစ်ပေးတဲ့ ရေနဲ့ အစာအနည်းငယ်ကိုဝေစားပြီး အသက်ဆက်နေကြရပါတယ်။
ဆန္ဒပြအလုပ်သမားတွေသနားဖို့ကောင်းတယ်ဆိုရင်လဲအပိတ်ခံထားရတဲ့လူတွေကပိုသနားဖို့မကောင်းဘူး
လား?
အလုပ်သမားဝန်ကြီးဌာန ရဲ့ အဂတိလိုက်စားမှုနဲ့ ညံ့ဖျင်းမှုတွေကြောင့် ဓားစားခံဖြစ်ခဲ့ရပြီး ဆံပင်ဆွဲ ပါးရိုက်ခံရတဲ့ ရဲမေလေးတွေ အုတ်ခဲနဲ့အထုခံရ ဝါးဆစ်ဒုတ်တွေနဲ့အရိုက်ခံရတဲ့ ရဲသားလေးတွေရော
သနားဖို့မကောင်းကြဘူးလား?
ကျွန်တော့ အနေနဲ့တော့ အားလုံးအတွက် မေတ္တာ သုတ် (၂၇) ခေါက်ရွတ်ပြီး မေတ္တာ ပို့ရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး။မင်းသိင်္ခ ရဲ့ လက်သုံးစကားလေး အတိုင်းပဲပေါ့။
"သဗ္ဗေ သတ္တာ ကမ္မ သကာ"
(ခပ်သိမ်းသောသူတို့သည်မိမိတို့ကံနှင့် မိမိတို့ဖြစ်ကုန်သည်)
အောင်နုင်
OppositEye မှ ကူးယူ ဖော်ပြပါသည်

No comments:
Post a Comment