သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ၁၅ ယောက်ထဲမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်နေတဲ့
ကျောင်းသူကလေးကတော့ ဖြိုးဖြိုးအောင် လို့ ခေါ်တဲ့ မှော်ဘီ နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေပါတယ်။ တတိယနှစ် စာမေးပွဲ မဖြေဆိုနိုင်ခဲ့တဲ့ ဖြိုးဖြိုးအောင်ဟာ အမေရိကန်၊
တောင်ကိုရီးယား၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးပညာတွေ သင်ယူခဲ့သူ ဖြစ်ပါတယ်။
သူ့အဖေက ဗကပ ဒေါက်တာနေ၀င်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဗကသမှာ အတွင်းရေးမှူး ရာထူး ယူထားပြီး ပြည်တွင်းမှာ သပိတ်မှောက်တာတွေ၊ ဆန္ဒပြပွဲတွေကို စီမံနိုင်အောင် အမေရိကန်နိုင်ငံမှာ ယူဂျီသင်တန်းတွေကို စနစ်တကျ သင်ကြားထားသူ တစ်ယောက် ဖြစ်ပါတယ်။
အိုင်တီပညာကို ကန်ပိန်းမှာ စနစ်တကျအသုံးချနိုင်သူတစ်ဦး ဖြစ်တဲ့အတွက် စိန်ရတုခန်းမ လေးပွင့်ဆိုင်မှာ ဟန်းဖုန်းကို ကြည့်ပြီး အချေအတင် ဆွေးနွေးနိုင်ခဲ့ပါတယ်။
အမေရိကန်စင်တာမှာ သင်တန်းတွေ တက်ရောက်ခဲ့ပြီး လူငယ်များရဲ့ စကားစစ်ထိုးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်လေ့ကျင့်ထားတဲ့အတွက် အမေရိကန်နိုင်ငံက ဒီမိုကရေစီအင်အားစုတွေအတွက် အထူးအားထားရသူ ဖြစ်ပါတယ်။
ပြည်ပမှာ ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ ဖြစ်ကြတဲ့ နိုင်အောင်၊ ခင်ဥမ္မာ၊ မိုးသီးဇွန်၊ ခက်မာ တို့နဲ့ ကွန်ရက်ချိတ်ဆက်ထားပြီး ပေါင်းကူး ဒေါက်တာကျော်သူက တဆင့် ပြည်ပအဖွဲ့အစည်းတွေဆီက အလှူငွေတွေ အများ အပြားရရှိလာအောင် ချိတ်ဆက်နိုင်သူ ဖြစ်ပါတယ်။
အဖေဖြစ်သူ ဒေါက်တာနေ၀င်းလိုပဲ နီတဲ့ ရဲဘော်တစ်ယောက်ဖြစ်အောင် ဗကသဥက္ကဌ ကျော်ကိုကိုတို့နဲ့ အလေးနီပြုခြင်း၊ ရဲဘော်ဖြိုးအဖြစ် ခေါ်တွင်ခြင်း၊ တူ-တံဇဉ်တံဆိပ် တွင်ကျယ်လာအောင် မြှင့်တင်ခြင်း
တို့ ကြောင့် နာမည်ကြီး ထင်ရှားလာသူ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ကတည်းက NLD ပါတီ ခေါင်းဆောင်များနဲ့ ရင်းနှီးသူတစ်ဦး ဖြစ်ပြီး ကန်ပိန်းတွေကို လျှို့ဝှက်စွာ ဆောင်ရွက်
တတ်သူ ဖြစ်ပါတယ်။
ဗကပ ရဲဘော်နီ ဖြိုးဖြိုးအောင်ဟာ လက်ရှိကျောင်းသားလှုပ်ရှားမှုကို အထွေထွေအုံကြွမှုဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားဖို့ ကြွေးကြော်ထားသူ ဖြစ်ပါတယ်။
ရှေ့သို့ သတင်းမီဒီယာ

No comments:
Post a Comment