Saturday, March 21, 2015

အာဏာခွဲဝေယူရေး အရေးကြီး အဆိုတင်

တိုင်းရင်းသားတွေ တင်တဲ့ အဆိုတွေကို အစိုးရက ထိရောက်အောင်လုပ်တာ မရှိလို့ ဒေါ်ဒွဲဘူဆို
၂၀ဝ၈ ဖွဲ့စည်းပုံအရ သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်းတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တွေမှာ အာဏာ ခွဲဝေမှု၊ သယံဇာတ နဲ့ အခွန် အကောက်ခွဲဝေမှုတွေ ပီပီပြင်ပြင် ဖြစ်လာအောင် ဥပဒေ၊ နည်း ဥပဒေတွေကို လိုအပ်သလို ပြင်ဆင် ပြဌာန်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၂၀ ရက်နေ့က တင်သွင်းခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရကို တိုက်တွန်း ထားတဲ့ ဒီအရေးကြီး အဆိုကို တိုင်းရင်းသား ဒေသတွေက ကိုယ်စားလှယ်တွေက တင်သွင်းတာ မဟုတ်ဘဲ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

Friday, March 20, 2015

အောင်တံခွန်(၃) ခရီးသည်များရဲ့ ကယ်တင်ရှင် သူရဲကောင်း သားအဖ သုံးယောက်

အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်စဉ်က ခရီးသည်များအား သက်စွန့်ဆံဖျားကယ်ဆယ်ခဲ့ကြသူများအချို့ကိုဖော်ပြအပ်ပါသည်။
၎င်းတို့မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာအုပ်စုမှ စက်လှေပိုင်ရှင်
ဦးကျော်ဆန်းမြင့်၊ သား အောင်မျိုးသန်း နှင့် သား သန်းကျော်မြင့် တို့ဖြစ်ကြသည်။
သူတို့သည် အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ရာ အနီးရှိ မျောက်ကြိမ်ကျွန်းတွင် စခန်းချ၍ ကျောက်ပုဇွန်ပိုက်ချနေကြသူများဖြစ်ကြသည်။
မျောက်ကြိမ်ကျွန်းတွင် ရေလုပ်သားများခေတ္တနေသည့် တဲ(၇) ဆောင်ခန့်သာရှိပြီး၊ ထိုနေ့က ရေလုပ်သားတို့၏ စက်လှေများသည် သောင်တင်နေခဲ့သည်။ သို့သော်လည်း သင်္ဘောနစ်မြုပ်မှုကို သိလျင်သိချင်း စက်လှေကို တွန်းချပြီး ခရီးသည်များအား ကယ်ဆယ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့မှာသားအဖ သုံးဦးမှ ကယ်ဆယ်ခဲ့သော ခရီးသည်များမှာ ---
ကျော်ဆန်းမြင့်မှ အမျိုးသမီး ၇၀ ဦး၊ ကျား ၃၅ ဦး၊
ဦးသန်းအောင်မှ ကျား ၃၅ ဦး၊ အမျိုးသမီး ၃၀ ဦး တို့ကို အသီးသီး ကယ်ဆယ်ခဲ့ကြသည်။
၎င်းသားဖ သုံးဦးသည်ကား အမှန်တကယ် ကယ်ဆယ်ရေး သူရဲကောင်းများဖြစ်ကြသလို မြန်မာ့လူအဖွဲ့အစည်းအတွက် အလွန်တရာမှ စံပြထိုက်သောသူများလည်းဖြစ်ကြသည်။ ဂုဏ်ပြုချီးကျူးထိုက်သူများလည်း ဖြစ်ကြပေသည်။
ထို့ကြောင့် ယင်းသားဖ သုံးယောက်အား ဂုဏ်ပြု ချင်သူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်သည်။
ဆက်သွယ်ရန်
___________
၀၉၄၉၂၁၈၃၄၇
၀၉၄၉၆၅၀၈၅၅
၀၉၄၉၅၈၂၇၂၄
Sources: Tuntunnaing Ksng
(ကိုထွန်းထွန်းနိုင်အားမေးမြန်း၍ ထပ်မံဖြည့်ရေးအပ်ပါသည်။)

Thursday, March 19, 2015

ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးမပေးဘဲ တချီလိတ် ခရိုင်အတွင်း ကုမ္မဏီများရွှေ ဆက်တူးဖော်နေ

မတ်ခ်ျလ ၁၈ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသတွင် ကုမ္မဏီမှ လျော်ကြေးပေးမည်ဆိုသည့် ကတိအတိုင်း ပြီးဆုံးအောင်မပေးဘဲ ရွှေဆက်လက် တူးဖော်နေ ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

နားဟိုင်းလုံဒေသတွင် ရွှေတူးဖော်မှုကြောင့်ပျက်စီးသွားသော လယ်ယာမြေများ ပကတိ အတိုင်းပြန်လည်စိုက်ပျိုးနိုင်အောင် ရွှေတူးဖော်နေသော ကုမ္မဏီကြီးများမှပြန်လည်ပြုပြင် ပေးရန်၊ နှစ်နာဆုံးရှုံးသွားသော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် သျှမ်းပြည်နယ်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ မှာကြားချက်အတိုင်း ကုမ္မဏီများက မလိုက်နာဘဲ လယ်ယာပြုပြင်မှု ၁ ရာခိုင်နှုန်းခန့်မျှသာ ပြုလုပ်ပေးကြောင်း၊ လျော်ကြေးလည်း ပေးတော့မည်မဟုတ်တော့ကြောင်း ဒေသခံ စိုင်းခက်က သျှမ်းသံတော်ဆင့်အားပြောသည်။

“စိုင်းစိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ ကုမ္မဏီတို့က ရွှေတူးဖော်မှု ရပ်နားသွားပြီ။ စိုင်းတစ် ကုမ္မဏီလည်း ရပ်ထားတယ်လို့ကြားတယ်။ ကျန်တဲ့ကုမ္မဏီကြီး ၁၀ ခုလောက်က မရပ်ဘူး။ လယ်ယာမြေတွေထဲက သဲတွေကို စက်ကြီးနဲ့ကော်ပြီး လယ်ကွင်းထဲမှာဘဲပုံထားတယ်။ လယ်ပြင်တောင်မထုတ်ပေးဘူး။ ဒေသတခုလုံးနဲ့ကြည့်ရင် ၁ ရာခိုင်နှုန်းတောင်မရှိဘူး အဲလိုလုပ်ပေးတာ။ အခုအဲတာရပ်ထားပြီး ရွှေတွေဆက်တူးနေပြန်ပြီ၊ ပေးဖို့ကျန်တဲ့ လျော်ကြေးလဲ ပေးတော့မှာမဟုတ်တော့ဘူးတဲ့” ဟု စိုင်းခက်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုသို့ ကုမ္မဏီက ပြုလုပ်သည့်အပေါ် ဒေသခံများစုပေါင်းပြီး ဖေဖော်ဝါရီလ ၂၄ ရက်က တာချီလိတ်သို့သွားရောက် တင်ပြခဲ့ပြီးနောက် မတ်ခ်ျလ ၁၄ ရက်နေ့က မြို့နယ်ခွဲ အုပ်ချုပ် ရေးအာဏာပိုင် ဦးထွန်းထွန်းဝင်းနှင့်အတူ ဒေသတွင်း လ၀က ၊ စိုက်ပျိုးရေး၊ လုံခြုံရေး အာဏာပိုင်များ ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း တစုံတရာပြောဆိုခြင်း မရှိခဲ့ပေ။

လယ်ယာမြေဆုံးရှုံးခဲ့ရသော လယ်သမားများအား ထိုက်တန်သောလျော်ကြေး ပေးဆောင်ရန်၊ ရွှေတူးဖေါ်မှု လုပ်ငန်းအားလုံးရပ်တန့် ရန် ယမန်နှစ်က ဦးစိုင်းအိုက်ပေါင်းက ဒေသတွင်း ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားခဲ့သည်။

ကုမ္မဏီများက ၂၀၀၇ ခုနှစ် ကတည်းစ၍ နားဟိုင်းလုံဒေသ၌ ရွှေတူးဖော်မှုစတင်ခဲ့ရာ ဒေသခံများ၏ လယ်ယာမြေ ဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

တရုတ်လျော်ကြေးကိစ္စ မြန်မာအတည်မပြု


ကိုးကန့်ဒေသ စစ်ရေးပဋိပက္ခကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ သေဆုံးသူ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုတွေကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၇ သောင်း လျော်ကြေးပေးဖို့ မြန်မာဘက်က ကမ်းလှမ်းအဆိုပြုထားတယ်ဆိုပြီး တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြန်မာဘက်က ဖြစ်ရပ်မှန်စုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ သေဆုံးထိခိုက်မှုတွေအတွက် တောင်းပန်ပေးဖို့ကိုလည်း တရုတ်စစ်ကော်မရှင် ဒုဥက္ကဌက မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တယ်လီဖုန်းကဆင့် ပြောခဲ့တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

မြန်မာဘက်က လျော်ကြေးပေးမယ်ဆိုတဲ့ အဆိုပြုထားတဲ့ကိစ္စကို မြန်မာအစိုးရ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အတည်မပြုပါဘူး။ မြန်မာအစိုးရအနေနဲ့ ဒီဖြစ်ရပ်ကို တရုတ်အာဏာပိုင်တွေနဲ့ပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဗွီအိုအေကို တုံ့ပြန်ပါတယ်။ ကိုဝင်းမင်းက ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ နှစ်ဘက် နိုင်ငံခြားရေးဌာနတွေ ညှိနှိုင်းနေတုန်းပဲလို့ ပြောသွားပါတယ်။

မေး။             ။ ဟုတ်ကဲ့ ဦးရဲထွဋ်၊ တရုတ်ဖက်ကနေပြီးတော့ မြန်မာအစိုးရကို ဖြစ်ခဲ့တဲ့ ပြဿနာအတွက် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေကို တောင်းပန်ပေးဖို့ စနေနေ့က တရုတ်စစ်ကော်မရှင်က ပြောထားတဲ့ ကိစ္စလေ။

Wednesday, March 18, 2015

ကိုးကန့်ဒေသ အစိုးရ ထိုးစစ်တိုးမြှင့်


နေပြည်တော်၊ မတ် - ၁၆

လောက်ကိုင်မြို့ အရှေ့ဘက်ရှိ ပွိုင့် - ၁၂၁၉ တောင်ကုန်းတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား မတ် ၁၅ ရက် ညနေပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အား အချို့က လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အတူ ပါစင်ကျော်ရွာမှ ဘီပီ-၁၃၇ သို့ သွားသော ကားလမ်းကြောင်း တစ်လျောက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကားလမ်းမြောက်ဘက်ခြမ်းရှိ ပွိုင့်-၁၄၆၈ တောင်ကုန်းအနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါ တောင်ကုန်းတွင် ခံစစ်ယူ ပြင်ဆင်ထားသော ကိုးကန့်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းများက ဆက်လက် တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ ၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် ၅ ဦး ဒဏ်ရာ ရရှိခဲ့၍ ဒဏ်ရာ ရရှိသူများအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia


Sunday, March 15, 2015

ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုံးဖောက်ခွဲဖျက်ဆီးခဲ့စဉ်က ကူညီခဲ့ရသူတစ်ယောက်အကြောင်း



တာလီဘန်တပ်မှုးများက ၎င်း၏ မွေးရပ်မြေ (အာဖဂန်နစ္စတန်နိုင်ငံ)၊ ဘာမီယန်ပြည်နယ်အတွင်းရှိ လွန်စွာထင်ရှားကျော်ကြားလှသော ဗုဒ္ဓဆင်းတုတော်များကို ဗုံးခွဲဖျက်ဆီးရန် ၎င်းအားအမိန့်ပေးစဉ်က မီယာဇာ ဟူစိန် (Mirza Hussain) ၏ အသက်မှာ ၂၆ နှစ်မျှသာ ရှိသေးသည်။
တစ်ချိန်က ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူ ရုပ်ပွားတော်မြတ်ဖြစ်ပြီး ရှေးဟောင်းကျောက်ပန်းပုလက်ရာများနှင့် လွန်စွာသပ္ပါယ်လှသော ဘာမီယန်ဆင်းတုတော်များသည် ဖောက်ခွဲဖျက်ဆီးမှုတစ်ခုအတွင်းမှာပင် အပြီးတိုင်ပျောက်ကွယ်သွားခဲ့ရသည်။ ယင်းဖောက်ခွဲမှုအပေါ် တစ်ကမ္ဘာလုံးကလည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ယင်းဖြစ်ရပ်သည် နောင်တစ်ချိန် အစ္စလမ္မစ်နိုင်ငံအဖွဲ့မူဆလင်အကြမ်းဖက်သမားများက အီရတ်ရှိ ရှေးဟောင်းအမွေအနှစ်များအား မီးရှို့၊ ဖျက်ဆီးခြင်းများ၏ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့သည်။
ယခုဆိုလျှင် ဗုဒ္ဓဆင်းတုတော်မြတ်များအား ဖျက်ဆီးခဲ့သည်မှာ ၁၄ နှစ်တိုင် ရှိခဲ့ပြီ။ ထိုကြားထဲ အာဖဂန်နစ္စတန်၌ အဖြစ်အပျက်များစွာ ဖြစ်ခဲ့သည်။ သို့သော် မီယာဇာ ဟူစိန်၏ မှတ်ဥာဏ်ထဲတွင်မှာမူ ထိုအဖြစ်အပျက်က ပြက်ပြက်ထင်ထင် ရှိနေဆဲဖြစ်သည်။
"ပထမမှာ သူတို့က တင့်ကားတွေက အမြောက်တွေနှင့် ထုတယ်။ ဒါပေမယ့် ထူးခြားဟန်မတူတော့ ဖောက်ခွဲရေးပစ္စည်းတွေထောင်ပြီး ဖျက်ဆီးဖို့ ကြိုးစားတယ်" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
ထိုသို့အနေအထားဖြစ်လာသည်တွင် တာလီဘန်မှ ၎င်းတို့သိမ်းပိုက်ထားသော မိမိတို့ ဒေသခံလူများကို ချွေးတပ်ဆွဲသည်။ မိမိသည်လည်း အခြားသော နယ်ခံများနှင့်အတူ တာလီဘန်တို့၏ ချွေးတပ်ဆွဲခြင်းကို ခံခဲ့ရသည်ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
မစ္စတာဟူစိန် အပါအဝင် ဘာမီယန်စီးတီး၌ နေထိုင်ကြသူအများစုမှာ ရှီးဟိုက်မူဆလင်များဖြစ်ကြပြီး ဆွန်နီမူဆဘးလင်များဖြစ်ကြသော တာလီဘန်တို့က ၎င်းတို့ ရှီးဟိုက်များကို ရန်သူများအဖြစ် သို့မဟုတ် ကာဖိရ်များအဖြစ် ရှုမြင်သတ်မှတ်ကြသည်။
တာလီဘန်တို့မှ ဘာမီယန်တောင်တန်းပြည်နယ်ကို လပေါင်းများစွာကြာအောင် တိုက်ပွဲဆင်နွှဲပြီးမှ ၁၉၉၉ မေလတွင် သိမ်းယူနိုင်ခဲ့သည်။ နယ်ခံများစွာမှာ ထွက်ပြေးသွားခဲ့ကြပြီး အဖမ်းခံရသော နယ်ခံများစွာလည်း ရှိခဲ့သည်။

"ကျွန်တော်က ချွေးတပ်သား ၂၅ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ ဒီအမှုမှာ တာလီဘန်တွေရဲ့ လက်ချက်တွေချည်းပါပဲ။ တာလီဘန်တွေထဲမှာ ဒီကိစ္စ လုပ်မယ့်သူမမြင်တော့ ကျွန်တော်တို့အရပ်သားတွေကို ချွေးတပ်ဆွဲခဲ့တာပါ။ ကျွန်တော်တို့ကိုခိုင်းတယ်ဆိုတာက ပလိုင်းထဲကဖား၊ ဘယ်အချိန်သတ်စားစား ဆိုတဲ့အနေအထားရှိနေလို့ပါ" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
တစ်ချိန်က လွန်စွာကြီးကျယ်ခမ်းနားခဲ့သော ဘာမီယန်ရုပ်ပွားတော်မြတ်များ ကိန်းဝပ်တော်မူခဲ့ရာ ကျောက်ကမ်းပါးစွန်းကို နောက်ကျောပေးရင်း မီယာဇာ ဟူစိန်မှ ဖြစ်ပျက်ခဲ့ပုံကို ဇာတ်ကြောင်းပြန်ပြောပြနေသည်။ တာလီဘန်တို့က ဒိုင်းနမိုက်နှင့် လက်နက်ကြီးများ ယူဆောင်လာပြီး ဖောက်ခွဲခဲ့သည်ဟု ဟူစိန်က ပြောကြားသည်။
"တာလီဘန်တွေက ဖောက်ခွဲရေးပစ္စည်းတွေကို ကားနှင့်သယ်လာတယ်။ နောက် ကျွန်တော်တို့က ဒီပစ္စည်းတွေကို ရုပ်တုတွေဆီကို ကုန်းပိုးသယ်ရတယ် ဒါမှမဟုတ် ပွေ့သယ်ရတယ်။ ဗုံးအကြီးကြီးတွေဆိုရင် ပျဉ်ပြားတစ်ချောင်းမှာ ပူးချည်ပြီး ဝိုင်းထမ်းပို့ရတယ်" ဟု မီယာဇာ ဟူစိန်မှ ပြောကြားသည်။
၂၀၀၁ ခုနှစ်၊ နွေဦးရာသီအစောပိုင်း၊ မနက်ခင်းစောစောစီးစီး၌ အလုပ်လုပ်နေကြရသော ၎င်းတို့သည် အစောင့်တာလီဘန်စစ်သားတို့၏ လက်ချက်ဖြင့် သို့မဟုတ် ပေါက်ကွဲမှုအတွင်း သေသွားနိုင်ကြောင်း သဘောပေါက်ပြီး သေဖို့ရန်လည်း ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
"ချွေးတပ်သားတစ်ယောက်က ခြေတစ်ဖက်မသန်ဘူး။ ဆိုတော့ ဖောက်ခွဲရေးပစ္စည်းတွေကို မသယ်နိုင်တော့ဘူး။ ဒီအချိန် ကျွန်တော်မြင်လိုက်ရတာက တာလီဘန်က သူ့ကို ပစ်သတ်လိုက်တယ်။ ပြီးတော့ အခြားချွေးတပ်သားတစ်ယောက်ကို သူ့အလောင်းကို ကန်ချခိုင်းလိုက်တယ်" ဟု ၎င်းက ပြောကြားသည်။
မီယာဇာ ဟူစိန်၏ ပြောကြားချက်အရဆိုလျှင် ရုပ်ပွားတော်မြတ်ဘေးပတ်ပတ်လည်၌ ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်မှုသည် သုံးရက်တိုင်အောင် ကြာမြင့်ခဲ့သည်။ စနစ်တံဝါယာကြိုးများကို ရုပ်ပွားတော်များနှင့် မလှမ်းမကမ်းရှိ ဗလီတစ်ခုအတွင်းသို့ သွယ်တန်းပေးထားရသည်။ ထိုဗလီအတွင်းမှနေ၍ တာလီဘန်တို့က "အလ္လာဟူ အက္ကဘာ" အော်ဟစ်ရင်း စနစ်တံကို မီးရှို့ကာ ရုပ်ပွားတော်မြတ်များကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြသည်။
"ဖောက်ခွဲမှုကြီးဖြစ်ပွားတော့ ရုပ်ပွားတော်မြတ်ရှေ့မှာ မီးတော်တွေ မီးခိုးတွေ ဖုံးလွှမ်းသွားတယ်။ လေထဲမှာလည်း ယမ်းနံတွေ ယမ်းမှုန်တွေ လွင့်ပျံနေတယ်" ဟု မီယာဇာ ဟူစိန်က အတိတ်ကို ပြန်ပြောပြသည်။
တာလီဘန်တပ်မှုးများက ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးရုံသာမကပဲ ကျောက်ကမ်းပါးယံ တစ်ခုလုံးကိုပါ ဖြိုဖျက်လိုခဲ့ကြသည်။ သို့ရာတွင် ဖောက်ခွဲရေးပစ္စည်းများက အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ခြေထောက်တော်များကိုသာ ဖောက်ခွဲနိုင်ခဲ့သည်ဟု မီယာဇာ ဟူစိန်က ပြောကြားခဲ့သည်။
‪#‎တာလီဘန်တို့‬၏အောင်ပွဲခံမှုများ
နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်တားမြစ်မှု နှင့် ပြစ်တင်ရှုတ်ချမှုများ တစ်သံတည်းပြုခဲ့ကြသော်လည်း တာလီဘန်များက ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
မီယာဇာ ဟူစိန်မှ နောက်ထပ်သော ဗုံးများ၊ ဖောက်ခွဲရေးပစ္စည်းများ တာလီဘန်တို့မှ မည်သို့ယူဆောင်လာခဲ့သည့်အကြောင်း အမှတ်တရ ပြန်ပြောပြခဲ့သည်။ ထိုပစ္စည်းများမှာ ဆပ်ပြာနှင့် ဆင်ဆင်တူပြီး ပျော့စိစိ ခံစားရသည်ဟု ဆိုသည်။
"အဲဒီကစပြီး တာလီဘန်တွေက ဗုဒ္ဓရုပ်ပွားတော်တွေကို အပြီးအပိုင်ဖောက်ခွဲဖို့ တစ်နေ့ကို ဗုံး နှစ်လုံး သို့မဟုတ် သုံးလုံး နေ့စဉ်ခွဲတယ်" ဟု မီယာဇာ ဟူစိန်မှ ပြောကြားသည်။
"ဒိုင်းနမိုက်တွေ တပ်ဆင်လို့ရဖို့ ရုပ်တုတော်မှာ အပေါက်တွေ ဖောက်ရတယ်။ ကျွန်တော်တို့မှာ ပစ္စည်းကောင်းကောင်း မရှိဘူး။ လုပ်ငန်းစဉ်က ၂၅ ရက် ကြာသွားတယ်"
တာလီဘန်တို့မှ ချွေးတပ်သားများကို ထမင်းအနည်းငယ်သာ ကျွေးသည်။ လုပ်ငန်းတောက်လျှောက် အင်္ကျီတစ်ထည်တည်းကိုသာ မချွတ်တမ်း ဝတ်ဆင်ခဲ့ရပြီး အသည်းခိုက်အောင် အေးချမ်းလှသည့်ညများအတွင်း စောင်ပါးတစ်ထည်နှင့်သာ ကွေးခဲ့ရသည်ဟု ဆိုသည်။
ရုပ်ပွားတော်မြတ်များကို အပြီးအပိုင် ဖျက်ဆီးပြီးသောအခါ တာလီဘန်များက ပျော်ပွဲရွှင်ပွဲများကို အောင်ပွဲခံ ဆင်နွှဲကြသည်။
"တာလီဘန်တွေက လက်နက်ကြီးတွေကို လေထဲပစ်ကြတယ်။ ကကြခုန်ကြတယ်။ နွားငါးကောင်ကို ဆွဲလာပြီး လည်လှီးသတ်ယဇ်ပူဇော်ကြတယ်" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
ယခု မီယာဇာ ဟူစိန်သည် ဘာမီယန်၌ စက်ဘီးပြင်သမားအဖြစ် အသက်မွေးနေသည်။
ယခုအချိန်၌ မြို့တွင်း၌ နေရသည်မှာ လုံခြုံမှုရှိကြောင်း၊ အာဖဂန်အစိုးရနှင့် နိုင်ငံခြားအလှူရှင်များမှ ဗုဒ္ဓရုပ်ပွားတော်များကို ပြန်လည်တည်ဆောက်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ ဖျက်ဆီးဖောက်ခွဲရေး၌ ၎င်းပါဝင်ခဲ့ရသည့်ဖြစ်ရပ်အတွက် နောင်တရရုံသာ တတ်နိုင်ခဲ့သည်ဟု ပြောကြားသည်။
"ကျွန်တော် အဲဒီအချိန်တုန်းကလည်း နောင်တရတယ်။ အခုလည်း နောင်တရတယ်။ ကျွန်တော်အမြဲတမ်း နောင်တရနေမှာပါ။ ဒါပေမယ့် ကျွန်တော် မလုပ်ပဲမနေရဲခဲ့ဘူး။ ကျွန်တော့်မှာ ရွေးစရာမရှိခဲ့ဘူး။ ကျွန်တော်မလုပ်ခဲ့ဖူးဆိုလျှင် တာလီဘန်တွေက ကျွန်တော့်ကို သတ်မှာ"
မီယာဇာ ဟူစိန်၏ဆန္ဒဖြစ်သည့် ရုပ်ပွားတော်မြတ်များ ပြန်လည်တည်ဆောက်ရေးမှာ ပြည့်ဖွယ်မရှိပေ။ အနည်းဆုံးတော့ လတိတလော အနာဂတ်၌ ဖြစ်လာဖွယ် မရှိသေးပေ။
ရုပ်ပွားတော်မြတ်များ -- အနည်းဆုံးတစ်ဆူကို ပြန်လည်တည်ဆောက်မည်လော (သို့တည်းမဟုတ်) တာလီဘန်တို့ ဖျက်ဆီးခဲ့သည့်အတိုင်း အများမြင်သာအောင် သတိပေးစရာတစ်ခုအဖြစ် ထားရှိမည်လော ဆိုသည့်အပေါ် ဆွေးနွေးငြင်းခုံမှုများမှာ နှစ်များစွာတိုင် ကြာမြင့်နိုင်ပေသည်။
- ဘာမီယန်ပြည်နယ်၌ မြင့်မြတ်သော ဗုဒ္ဓဘာသာထွန်းကားစဉ် ၆ ရာစုနှစ်က တည်ဆောက်ခဲ့သည်။
- အေဒီ ၆၉၂ တွင် တရုတ်လူမျိုး ခရီးသွားဧည့်သည် ရွှန်စန်းမှ ဘာမီယန်သည် ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် လွန်စွာစည်ကားသော အရပ်ဒေသဖြစ်ပေ၏ဟု ၎င်း၏မှတ်တမ်း၌ ဖော်ပြခဲ့သည်။
- အထင်ရှားဆုံးသော ဆင်းတုတော်နှစ်ဆူမှာ ၅၅ မီတာ နှင့် ၃၇ မီတာ ဥာဏ်တော်ရှိသည်။
- ရုပ်ပွားတော်များမှာ ကျောက်တောင်ကမ်းပါးစွန်းမှ ထိုးထွက်လျက် တည်ရှိသည်။
- ကာဖိရ်များကိုးကွယ်သော ရုပ်တုများဖြစ်သည်၊ အစ္စလာမ်၌ ရုပ်တုများကို မထားရှိရဟူ၍ တာလီဘန်တို့မှ ၂၀၀၁ ခုနှစ် မတ်လ၌ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
http://m.bbc.com/news/world-asia-31813681 ပါ The man who helped blow up the Bamiyan Buddhas ကို ဘာသာပြန်ဆိုပါသည်။

ကမ္ဘာ့မူဆလင်ဦးရေ ၁.၄ ဘီလီယံ၌ သန်း ၈၀၀ သည် စာမတတ်သူများဖြစ်

မူဆလင်တိုင်းပြည်များ၏ နှစ်စဉ် GDP သည် $ ၂ ထရီလီယံအောက်၌သာ ရှိသည်။ အမေရိက တစ်နိုင်ငံတည်းပင်လျှင် ကုန်စည်နှင့်ဝန်ဆောင်မှုတန်ဖိုးပေါင်း $ ၁၀.၄ ထရီလီယံ တန်ဖိုးရှိသည်။ တရုတ် $ ၅.၇ ထရီလီယံ၊ ဂျပန် $ ၃.၅ ထရီလီယံ နှင့် ဂျာမဏီ $ ၂.၁ ထရီလီယံ ရှိသည်။ အိန္ဒိယ GDP တောင်မှ $ ၃ ထရီလီယံ အထက်ရှိသည်ဟု ခန့်မှန်းရသည်။
ရေနံသူဌေး ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကူဝိတ်နှင့် ကာတာနိုင်ငံများ၏ ပေါင်းစု ကုန်စည် နှင့် ဝန်ဆောင်မှုများ (အများစု ရေနံ) မှာ $ ၄၃၀ ဘီလီယံတန်ဖိုးရှိသည်။ နယ်သာလန်တစ်နိုင်ငံတည်းပင်လျှင် ထို့ထက် ပိုမြင့်မားသော GDP ရှိပြီး ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော ထိုင်းသည်ပင် ကုန်စည် နှင့် ဝန်ဆောင်မှုများ တန်ဖိုး $ ၄၂၉ ဘီလီယံ ရှိသည်။
မူဆလင်များသည် ကမ္ဘာ့လူဦးရေ၏ ၂၂ ရာနှုန်းရှိပြီး ကမ္ဘာလုံးဆိုင်ရာ GDP တွင်မူ ၅ ရာနှုန်းအောက်သာ ရှိသည်။ ထို့အပြင် မူဆလင်နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ GDP ရာနှုန်းမှာလည်း အချိန်နှင့်အမျှ ကျဆင်းလျက်ရှိသည်။ အာရပ်နိုင်ငံများမှာ အဆိုးဆုံး ဖြစ်ပုံရသည်။ ကုလသမဂ္ဂ၏ အာရပ်ဖွံ့ဖြိုးမှု အစီရင်ခံစာ (Arab Development Report) အရ အာရပ်အမျိုးသမီးထု၏ ထက်ဝက်သည် စာမဖတ်တတ်ကြ။ အာရပ်လူမျိုး ၅ ယောက်လျှင် တစ်ယောက်မှာ အမေရိကန် ၂ ဒေါ်လာအောက်ဝင်ငွေဖြင့် နေထိုင်နေရသည်။ အာရပ်လူဦးရေ၏ ၁ ရာနှုန်းသာလျှင် ကိုယ်ပိုင်ကွန်ပြူတာရှိသည်။ ၀.၅ ရာနှုန်းသာလျှင် အင်တာနက် အသုံးပြုကြသည်။ အာရပ်လူထု၏ ၁၅ ရာနှုန်းမှာ အလုပ်အကိုင် မရှိကြ။ ရှေ့လာမည့် နှစ် ၂၀ ၌ အာရပ်ကမ္ဘာ၏ တစ်ဦးတစ်ယောက်ချင်းဝင်ငွေသည် တစ်နှစ်လျှင် ၀.၅ ရာနှုန်းသာ တိုးတက်မှုရှိနိုင်သည်။ ထိုပမာဏသည် ဆာဟာရသဲကန္တာရ အာဖရိကနိုင်ငံများပြီးလျှင် ကမ္ဘာပေါ်၌ အဆိုးဝါးဆုံးဖြစ်သည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမှာ အီသီယိုးပီးယား၊ ဆီယာရီလီယွန်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန် နှင့် မိုဇမ်ဘစ်ခ် နိုင်ငံများဖြစ်သည်။ ဆင်းရဲဆုံးနိုင်ငံများထဲမှ အဆင်းရဲဆုံးတိုင်းပြည်များတွင် အနည်းဆုံး မူဆလင်အများစုနေထိုင်သည့် နိုင်ငံ ၆ နိုင်ငံ ပါဝင်သည်။

Friday, March 13, 2015

ကျောင်းသား ၁၇ ဦး ပြန်လွှတ်၊ ကျောင်းသားခေါင်းဆောင်အချို့ကို ၀ရမ်းထုတ်

မတ်လ ၁၂ ရက်က သာယာဝတီထောင်မှ ပြန်လွတ်လာသော ဆန္ဒပြကျောင်းသူ မရည်မိုမိုအောင်က မိဘများအားခြံရံ၍ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
သာယာဝတီထောင် အတွင်း ဖမ်းဆီးခံထားရသည့် ပင်မ ကျောင်းသားသပိတ်စစ် ကြောင်းထဲမှ ကျောင်းသား ၁၇ ဦး အား မတ်လ ၁၂ ရက်တွင် ပြန် လွှတ်ပေးခဲ့ပြီး ဖမ်းဆီးမခံရဘဲ တိမ်းရှောင်နေသော ကျောင်း သားခေါင်းဆောင်များကို ၀ရမ်း ထုတ်လိုက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ပြန်လည်လွတ်မြောက်လာ သည့် ကျောင်းသားများမှာ ရန် ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည် နယ်တို့မှ တက္ကသိုလ်ကျောင်း သား ၁၂ ဦးနှင့် ကျောင်းသူ ၅ ဦး  တို့ဖြစ်ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
‘‘ဒီနေ့ ၁၇ ယောက်ကို လွှတ် လိုက်တယ်။ ကျန်တဲ့သူတွေကို တော့ စိစစ်ရေးအဖွဲ့က စစ်ဆေး ပြီးတော့ ပြန်လွှတ်သွားဖို့ရှိတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးဝင်းစိန်က ပြောသည်။တိမ်းရှောင်နေသော ပင်မ သပိတ် ကျောင်းသားခေါင်း ဆောင် အရေအတွက် အတိအ ကျ မပြောသော်လည်း ၎င်းတို့ ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ၀ရမ်း ထုတ်လိုက်ကြောင်း မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက 7 Day Daily အား အတည်ပြုပြောကြားသည်။
     သာယာဝတီထောင်တွင် ဖမ်းဆီးထားသည့် ကျောင်းသားများနှင့် ၀န်းရံသူများအနက် အမှန်တ ကယ်တက္ကသိုလ်တက်ရောက်နေ သည့် ကျောင်းသားများကို စိစစ် ၍ မိဘများထံသို့ အကြောင်းကြား ကာ သာယာဝတီခရိုင် အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့် မတ်လ ၁၂ ရက်တွင် ကျောင်းသား၊ ကျောင်း သူ ၁၇ ဦးကို စတင်ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်လွတ် မြောက်လာသည့် ကျောင်းသား များကဆိုသည်။
‘‘ပြန်လွှတ်ပေးတဲ့နေရာမှာ ငြိမ်းစုစီကို နောက်မလုပ်ပါဘူးဆို ပြီးတော့ ပုဒ်မ ၁၈ ကို လက်မှတ် ထိုးရတယ်။ ပြီးတော့ ဒီအမှုကနေ လုံးဝလွတ်ကင်းပါတယ်ပြောပြီး တော့ လွှတ်ပေးတယ်’’ဟု ပြန် လည်လွတ်မြောက်လာသည့် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မရည်မိုမို အောင်ကပြောသည်။
လက်ပံတန်းမြို့၌ ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ၀င်ရောက် ဖြိုခွင်းရာ NNER မှ အဖွဲ့ဝင် ကိုရဲဝင်းနှင့် ကိုမော်စီတို့ ဖမ်းဆီးခံခဲ့ရပြီး ယင်းညကတည်းက တာဝန်ရှိသူများနှင့်သွားရောက်ညှိနှိုင်း၍ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း NNER အဖွဲ့ဝင် ဒေါက်တာ ညို ညိုသင်းက 7 Day Daily အားပြောသည်။
ရဲတပ်ဖွဲ့က သပိတ်ခေါင်း ဆောင်များနှင့် ကျောင်းသား၊ အရပ်သား စုစုပေါင်း ၁၂၇ ဦးကိုဖမ်းဆီး၍ ပုဒ်မငါးခုဖြင့် တရား စွဲထားပြီး မတ်လ ၁၁ ရက်က ဖမ်း ဆီးခံထားရသော သံဃာ ၁၀ ပါး ပြန်လွှတ်ပေးခဲ့ကာ မတ်လ ၁၂ရက်တွင် ကျောင်းသား ၁၇ ဦးအားစိစစ်၍ ပြန်လွှတ်ပေးနေခြင်းဖြစ် သည်။

ကိုးကန့် လောက်ကိုင်ဒေသ မတည်ငြိမ်သေး

လောက်ကိုင်တိုက်ပွဲပြမြေပုံ သတင်းဓာတ်ပုံ- MOI (Ministry of Information)
လောက်ကိုင်တိုက်ပွဲပြမြေပုံ သတင်းဓာတ်ပုံ- MOI (Ministry of Information)
ရှမ်းပြည်နယ် လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက်ခြမ်း ဖုန်းရှမ်းဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
“ဒီနေ့လည်း သူတို့ ဗုံးပါ ကြဲပါတယ်။ ကုန်းကြမ်းဒေသမှာ။ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်ဖြစ်မှာပေါ့ဗျာ။ ကုန်းကြမ်းတောင်ဘက် မှာ လေယာဉ်သုံးမျိုးလုံးသုံးတယ်ဗျ။ ဗုံးကြဲလေယာဉ်လည်းသုံးတယ်။ ပြီးတော့ fighter လည်းသုံးတယ်။ ပြီးတော့ ဟယ်ရီကော့ပတာလည်း သုံးတယ်။ လောလောဆယ် အဲဒီမှာ ဗုံးကြဲနေတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာတော့ ရှိပါတယ်။ ကျတာ မရှိဘူးဗျ၊ ကျနော်သိသလောက်ကတော့။ တဘက်ကတော့ ကျနော်ကြားတာကတော့ ကျတာလည်းရှိတယ်။ ဒဏ်ရာရတာလည်းရှိတယ်လို့ ပြောပါတယ်ခင်ဗျ။”
ဒီကနေ့ထုတ် မြန်မာအစိုးရသတင်းစာတွေမှာတော့ လောက်ကိုင်မြို့က နေအိမ်နှစ်လုံးကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်နဲ့ မူးယစ်ဆေးဝါး တွေ ဖမ်းမိခဲ့ပြီး လောက်ကိုင်မြို့အနီးတ၀ိုက်မှာ ကိုးကန့်တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်တာကြောင့် အစိုးရတပ်ဖက်က ပြန်လည်တိုက်ခိုက် ခဲ့ရကြောင်းဖေါ်ပြထားပါတယ်။ လောက်ကိုင်မြို့ကအခြေအနေတွေဟာ အရင်လိုပုံမှန် ပြန်မဖြစ်သေးပဲ မြို့ခံတွေ စိုးရိမ်နေရဆဲပဲလို့ ကိုးကန့် တပ်ဖွဲ့ရဲ့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
“ကျနော်ကြားသိသလောက်တော့ နည်းပါတယ်၊ ပြန်တာ၊ ညကျတော့ သူတို့ အဲဒီမှာ လောက်ကိုင်မှာ မအိပ်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ပြန်တဲ့လူတွေ၊ လူငယ်တွေပေါ့။ အထူးသဖြင့်၊ လူငယ်တွေကလည်း အသတ်ဖြတ်ခံရတာတွေလည်းရှိတယ်။ အရင်တုန်းကလောက် မများပေမယ့် ရှိတယ်။ ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာလည်း သတ်ဖြတ်ခံရတာ ရှိသေးတယ်ဗျ။ အဲဒါကြောင့်မို့လို့ပါ၊ ညဆို ပိုစိုးရိမ်ရပါတယ်။ နေ့ပိုင်းလာပြီးတော့ ခနပြန်ပြီးတော့ အိမ်ကြည့်ပြီးတော့ ဒုက္ခသည်စခန်းကိုပဲ ပြန်သွားကြတယ်လို့ ပြောကြပါတယ်။ အဲဒီတော့ သွားလာတာတွေ တော်တော်လေးကို အဆင်မပြေဘူးဖြစ်ပါတယ်။”
ဒီလို အခြေအနေတွေကြောင့် ကိုးကန့်ဒေသခံ ဒုက္ခသည်တွေဟာ တရုတ်ပြည်ဖက်ခြမ်း နမ်ဆမ်းဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေရဆဲဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
“ကျနော်သိသလောက်ကတော့ တရုတ်ပြည်၊ နန်ဆမ်မြို့နယ်မှာ၊ မြို့နယ်မှာပေါ့နော- အဲဒီမှာပဲ ဒုက္ခသည်စခန်းတွေ ရှိတယ်ပြောတယ်။ အရင်တုန်းကတော့ တရုတ်ပြည်ဘက်က လုပ်ထားပေးတယ် ပြောတယ်။ အခုကျတော့ တရုတ်ရဲ့ကြက်ခြေနီအသင်းက လာပြီးတော့ အဓိကတာဝန်ယူပြီးတော့ လုပ်နေတယ်ပြောတယ်ဗျ။ အဲဒီမှာ နေနေကြတယ်။ ကျနော်ကြားတာတော့ နေရာထိုင်ခင်းလည်းပေးပါတယ်။ အစားအသောက်တွေလည်း ပေးပါတယ်။”
လက်ရှိအနေအထားတွေအပေါ် လေ့လာချက်အရ ရှေ့ဆက်တိုက်ပွဲအခြေနေတွေ တိုးမြင့်လာမယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။
“အခု တပ်မ (၁၆) ကလည်းရောက်နေပြီ။ အဲဒီတော့ တော်တော်လေးကို များနေပါပြီ။ ကျနော်တို့ ကိုးကန့်ဒေသထဲမှာ တပ်မတွေကိုက အများကြီဖြစ်နေပြီ။ တကခ တွေကော။ တပ်မတော်ဘက် ကနေပြောတာတော့ အပြတ်ချေမှုန်းမယ်လို့တော့ ကြိမ်းမောင်းထားပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ခုခံရုံပဲရှိပါတယ်။”
အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ခြုံခို တိုက်ခိုက်မှုကြောင့် အစိုးရတပ် စစ်သည် ၃ဦး ကျဆုံးပြီး အရာရှိ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ကိုးကန့်တပ်ဖွဲ့က ကမ်းလှမ်းထားပေမယ့် ခုချိန်ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

Tuesday, March 10, 2015

ထိုင်းရွှေဆိုင်ဖောက်ထွင်းသူ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

Thai News1
ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထပူရီခရိုင် ဘန့်ဘိုးထောင်းမြို့နယ်မှာ ထိုင်းဘတ်ငွေ ၁၄ သန်းတန်ဖိုးရှိ ရွှေထည်ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက်က ယောင်ဝရတ်လို့ခေါ်တဲ့ ရွှေဆိုင်ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပြီး အဓိက တရားခံဖြစ်တဲ့ မြန်မာအလုပ်သမား ကိုချိုင်း ( ယာယီအလုပ်သမားကဒ်ပါ အမည် သက်ဇင်ဝင်း အဘ ဦးမြင့်အောင်) နဲ့ သူ့ဇနီး မမုဆ တို့ကို မတ်လ ၉ ရက် ည ၇ နာရီကျော်အချိန် ထိုင်းမြောက်ပိုင်းဒေသအစပ် ဥဒရာဒစ်ခရိုင် တလွန်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ခရိုင်ရဲမှူး အဒီးဆဒ် နွဲ့ပရဆစ်က သတင်းထောက်တွေကို ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့ ရွှေဆိုင်ဖောက်ထွင်းသူကို ရှာဖွေဖမ်းဆီးဖို့ အထက်က ညွန်ကြား ချက်အရ ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုတားဆီးစစ်ဆေးစဉ် မှန်လုံးကားတစီးပေါ် ပါလာတဲ့ တရားခံကို ဖမ်းမိတာဖြစ်ကြောင်း၊ အဲဒီကားပေါ်မှာ အခြားမြန်မာနိုင်ငံသား ၇ ဦးပါ ပါလာပြီး တရားခံ ၂ ဦးမှာ မသင်္ကာဖွယ်ရှိတဲ့အတွက် သတင်းပို့ထားတဲ့ ဓာတ်ပုံနဲ့ တိုက်ကြည့်ပြီး သူတို့အိတ်ကို စစ်ဆေးရာမှာ အလေးချိန် ၅ ကီလိုလောက်ရှိတဲ့ ရွှေထည်တွေ ဖမ်းမိတာလို့ ရဲမှူးက ပြောပါတယ်။
ကိုချိုင်းက ရွှေဆိုင်အနောက်ဘက် အုတ်တံတိုင်းကနေ အိမ်ဝင်းထဲဝင်ပြီး ခေါင်မိုးကနေတဆင့် ဖောက်ထွင်းဝင်ရောက်ကြောင်း သူဟာ အဲဒီရွှေဆိုင်အနောက်တန်းလျားမှာ ငှားနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ကာ အခြား အပေါင်းပါ ၃ ဦးနဲ့ ဖောက်ထွင်းမှု ကျူးလွန်ပြီး ထိုင်းနယ်စပ် မယ်ဆိုင်ကနေ မြန်မာပြည်တာချီလိတ်ကိုပြန်ဖို့ ကားငှားလာရမှာ ခုလိုဖမ်းဆီးခံရတာလို့ ထွက်ဆိုဝန်ခံသွားပါတယ်။
ဒီမတိုင်ခင် မတ်လ ၉ ရက် မနက် ၆ နာရီက နွန်ထပူရီခရိုင် နဲ့ ချွန်းပူရီခရိုင် ပူးပေါင်း ရဲတပ်ဖွဲ့အင်အား ၇၀ ဟာ ကိုချိုင်းရဲ့ ဆွေမျိုးတွေရှိရာ ချွန်းပူရီခရိုင် ဘန်လပွန်းမြို့က ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို ၀င်ရောက်စီးနင်းပြီး ကိုချိုင်းရဲ့ အဖေနဲ့ သူငယ်ချင်း ၃ ဦးတို့ကို ဖောက်ထွင်းရာပါပစ္စည်း ရွှေဆွဲကြိုး ၁၁ ကုံး၊ လက်စွပ် တစ်ကွင်းတို့နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။
ဒီဖောက်ထွင်းမှုမှာ ရွှေဆွဲကြိုး ၅၀၂ ကုံး၊ ရွှေလက်ကောက် ၁၆၇ ကုံး၊ ရွှေလက်စွပ် ၂၂ ကွင်း အလေးချိန် ဘတ် ၆၀၀ ကျော် နဲ့ တယ်လီဖုန်းတစ်လုံးတို့ ပါဝင်ကာ ကာလတန်ဖိုး စုစုပေါင်း ဘတ်ငွေ ၁၄ သန်းရှိကြောင်း၊ အခင်းဖြစ်တဲ့ ညက သူတို့မိသားစုတွေ အပေါ်ထပ်မှာ ရှိနေပြီး အိမ်ထဲမှာ လူရှိနေတဲ့အတွက် ရှိုးကေ့စ်ထဲက ရွှေတွေကို မီးခံသေတ္တာထဲ မသိမ်းမိကြောင်း၊ မနက်မိုးလင်းတဲ့အခါမှ ရွှေတွေအဖောက်ခံရမှန်း သိရတာလို့ ဆိုင်ပိုင်ရှင် နိုင်းချိုင်းယားမွန်း ယင့်ဆကွန်း က ရဲတပ်ဖို့ကို တိုင်ကြားခဲ့ပါတယ်။
ရွှေဆိုင်နဲ့ လမ်းပေါ်မှာ တပ်ထားတဲ့ စီစီကင်မရာတွေကနေတဆင့် တရားခံတွေကို စုံစမ်းဖမ်းဆီး နိုင်ခဲ့တယ်လို့ ရဲအရာရှိတွေကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – thairath, the nation
DVB